← Chapters

ဆုလာဘ်....

Vol. 29 Ch. 396

ဆုလာဘ်....

Vol. 29 Ch. 396

ကျန်းချင်းအာ၏ စကားကြောင့် လီလော့ အံ့အားသင့်သွားသည်။

"ဟုတ်လို့လား... လုချင်းအာက အဲ့လောက်ထိမလုပ်ဖူးပါဘူး"

ကျန်းချင်းအာ မသိမသာနှာခေါင်းရှုံ့လိုက်လေသည်။

ဘာမှမဟုတ်ဘူးတဲ့လား... လုချင်းအာ သူ့ဆီလာပြီး လီလော့နဲ့ စေ့စပ်ထားတာဖျက်သိမ်းဖို့ အကြံပြုခဲ့တယ်.... ပြီးတော့ သူမနှင့်လီလော့ကြားမှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာမရှိတာကြောင့် ဒီစေ့စပ်ပွဲက ဝန်ထုပ်ဝန်ပိုးသက်သက်ပဲလို့လဲပြောသွားခဲ့သေးတယ်.....အဲ့ဒါနဲ့ ယှဉ်လိုက်ရင် ကျောက်ဟွေ့ရင်းရဲ့အရည်ထူမှုက ဘာမှ ပြောလောက်စရာမရှိဘူး.....

ကျန်းချင်းအာလို မာနကြီးသူတစ်ယောက်က ဒီအကြောင်းကို လီလောကို ဘယ်တော့မှ အသိပေးမည်မဟုတ်ပေ။ ဖြစ်ပေါ်လာတဲ့ တကယ့်ပြဿနာတွေကို သူမကိုယ်တိုင်သာရင်ဆိုင်ဖြေရှင်းမည့်လူစားမျိုးပင်.....

"ကျောက်ဟွေ့ရင်း လုပ်ချင်တာကို ငါသိတယ်၊....သူ့ကိုယ်သူ တော်လှပြီထင်အောင် ဟန်ဆောင်နိုင်တဲ့အတွက်လည်း ဝမ်းသာတယ်.....ဖားလေး ငါးလေးပျော်အောင်မ်ိုးရွာပေးလိုက်စမ်းပါ....ပြိုင်ပွဲကျမှကောင်းကောင်းရိုက်ချပေးလိုက်မယ်....ဒါဆိုပွဲသိမ်းပြီလေ......."

ကျန်းချင်းအာက လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ရင်း ဘာမှမထူးခြားသလို ပြောလိုက်သည့်အတွက်လီလော့ အနည်းငယ် ထိတ်လန့်သွားသည်။ သူသည် မိန်းကလေးနှစ်ယောက်ကြား စစ်တုရင်ကစားရာတွင် နယ်ရုပ်တစ်ခုသာသာဖြစ်နေသည်လော......

"ဒီကစားနည်းတွေက နင့်ကိုဘယ်လောက်သန်မာစေနိုင်မှာမို့လို့လဲ....."

လီလော့က ငြီးတွားလိုက်သည်။

ကျောက်ဟွေ့ရင်း သန်မာသော်လည်း လီလော့သည် ကျန်းချင်းအာကိုတော့ လုံးဝယုံကြည်မှုရှိသည်။

"ခြင်္သေ့တောင်မှ ယုန်တွေကိုဖမ်းဖို့ အစွမ်းကုန်ကြိုးစားတယ်..... စွမ်းအားကိုအတတ်နိုင်ဆုံးချွေတာရမယ်....

ကျောက်ဟွေ့ရင်းက လိမ္မာပါးနပ်တဲ့သူပါ.... ပညာရှိတွေလုပ်တဲ့အမှားက တခြားသူတွေထက်ပိုကြီးတယ်.... "

ကျန်းချင်းအာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"ဒါတောင် သူက ငါ့လုပ်ရပ်ကို မယုံကြည်ရလောက်အောင် ထက်မြက်တယ်... မယုံလည်း အရေးမကြီးဘူး..... ဒါက အကာအကွယ်လေးတစ်ခုပါပဲ..... တကယ့်ရလဒ်က ငါတို့ရဲ့ အရည်အချင်းတွေပေါ်မှာ မူတည်နေတယ်လေ......."

"သူ့ကြောင့် စိတ်မပျက်စေရဖို့မျှော်လင့်ရမှာပဲ....အခုဆို ဒူဇီဟုန်လျန်ငြိမ်နေတဲ့အတွက် ကြယ်သုံးပွင့်ခန်းမမှာပြိုက်ဘက်မရှိဘူးဖြစ်နေတယ်....ပျင်းစရာသိပ်ကောင်းလွန်းတယ်.....အခုလို စိတ်လှုပ်ရှားစရာလေးတွေရှိတုန်း ပျော်စရာရှာထားရမယ်....."

လီလော့ သူမ၏ ပျင်းရိမှုကို အံ့သြနေမိသည်။ ယင်းသည် သူမ၏ မဆုတ်မနစ်သော မိမိကိုယ်ကို ပိုမိုကောင်းမွန်အောင် ကြိုးပမ်းခြင်း၏ ရလဒ်ဖြစ်သည်။ထိပ်ဆုံးမှာနေရတာ အမြဲတမ်း အထီးကျန်နေခဲ့တယ်......

"ဝင်ခွင့်ပြိုင်ပွဲကို အနိုင်ရဖို့ ငါတို့ဘက်မှာအခွင့်ရေးဘယ်လောက်ရှိတယ်ထင်လဲ...."

လီလော့က သူမကို မေးသည်။

သူမသည် လှပသောလက်ချောင်းတစ်ချောင်းကို လက်ဖက်ရည်ခွက်တွင်နှစ်ပြီး စားပွဲပေါ်တွင် တောက်ပြောင်သောစကားလုံးများအဖြစ်သို့ ပြောင်းလဲရန် အလင်းစွမ်းအင်ကို အသုံးပြုခဲ့သည်။

"ကြယ်လေးပွင့်ခန်းမ ကိုယ်စားလှယ်တွေက ဆုံးဖြတ်ထားပြီးသား.... ကုန်းရှန်ကျွင်းနဲ့ မင်းသမီးကြီး.... အမာခံခုနှစ်ယောက်ရဲ့အသန်မာဆုံးနှစ်ယောက်က အဲဒီ့မှာ အောင်ပွဲနှစ်ပွဲရလိမ့်မယ်လို့ နင်ထင်လား"

လီလော့က မေးစေ့ကို ပွတ်သပ်လိုက်ပြီး....

"ထင်သလား...?"

ကုန်းရှန်ကျွင်း၏စွမ်းအားကို မမြင်ဖူးသော်လည်း မင်းသမီး၏ စွမ်းအားကိုတော့ လက်တွေ့ခံစားဖူးခဲ့ပါသည်။ တကယ်လို့ ကုန်းရှန်ကျွင်းက သူမထက်တောင် သန်မာနေတယ်ဆိုရင် အပြာရောင်ချောက်နက်ကောလိပ်ရဲ့ ကိုယ်စားလှယ်နှစ်ယောက်ကို ဖြုတ်ချနိုင်မှာ သေချာပါသည်။

ကျန်းချင်းအာက ခေါင်းခါလိုက်သည်။

"နင် ...ကျုံးနန်ကို လျှော့တွက်လိုက်တာပဲ....သူ့ရဲ့ တိုက်ပွဲရမှတ်တွေကို ငါအရင်ကတည်းက ခွဲခြမ်းစိတ်ဖြာပြီးပြီ...အပြာရောင်ချောက်နက်ကောလိပ်ကိုဝင်ပြီးကတည်းက သူ့မှာရှုံးပွဲမရှိဘူး....."

လီလော့၏ မေးရိုး ပြုတ်ကျလုမတတ်ဖြစ်သွားလေသည်။

"ရှုံးပွဲမရှိဘူး......"

သူ့တုံ့ပြန်မှုကို သူမက ပြုံးလိုက်ပြီး....

"သူ့ရဲ့တိုက်ပွဲအများစုဟာ သရေပွဲနဲ့ ပြီးဆုံးသွားတာတွေချည်းပဲ..... အဆင့်တူတွေထဲမှာ သူ့ရဲ့ ခံစစ်ကို ဘယ်သူမှ မချိုးဖျက်နိုင်ခဲ့ဘူး..... ငါတို့ရဲ့အမာခံခုနှစ်ဉီးထဲက ဝမ်ချောင်​တောင်သူ့ရဲ့ ခံစစ်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး..... ."

လီလော့က မယုံကြည်နိုင်စွာ ခေါင်းခါလိုက်သည်။ စီနီယာဝမ်ချောင်သည် ကြယ်တာယာခရီးရှည်ကောလိပ် ၏ အသန်မာဆုံး ခုခံသူအဖြစ် ချီးကျူးခံခဲ့ရသည်။ ပြီးတော့ သူက ကျုံးနန် ထက်တောင် အားနည်းနေတာလား.....

"ကုန်းရှန်ကျွင်းသာ ကျုံးနန်နဲ့တွေ့ရင်၊ သရေကျဖို့ 40% ရှိတယ်... မင်းသမီးကြီးဆိုရင် 60%......ကြယ်လေးပွင့်ခန်းမက အကောင်းဆုံးမျှော်လင့်နိုင်တာက တစ်ပွဲအနိုင်နဲ့ တစ်ပွဲသရေပဲ"

"ကြယ်သုံးပွင့်ခန်းမအတွက်တော့ ငါအနိုင်ရဖို့ အခွင့်အလမ်းက 90% ကျော်တယ်... ဒူဇီဟုန်လျန်က သိပ်တည်ငြိမ်တာ မဟုတ်ဘူး.... ဒါပေမယ့် အပြာရောင်ချောက်နက်ကောလိပ် ဘက်ကကြယ်သုံးပွင့်ခန်းမအတွက် ထူးချွန်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ငါက ဒူဇီဟုန်လျန်ရဲ့ပွဲကို ငါးဆယ့်ငါးဆယ်လို့ သတ်မှတ်တယ်.....“

" ကြယ်နှစ်ပွင့်ခန်းမက ဒီနှစ်အတွက် တကယ့် ကိုဖုန်းဆိုးမြေလိုဖြစ်နေတယ်.....ဒါကြောင့်မို့ဆိုးဆိုးဝါးဝါးမဖြစ်ဖို့သာမျှော်လင့်ထားရမယ်...."

"ကြယ်တစ်ပွင့်ခန်းမအတွက်.... နင်ဘယ်လိုထင်လဲ"

သူမ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

လီလော့ သူမ၏မေးခွန်းကို တွေးတောလိုက်သည်။

"သူမတူအောင်ချောမောပြီး ဆွဲဆောင်မှုရှိရုပ်ရည်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု အားလုံးကိုခြုံငုံသုံးသပ်လိုက်ရင် ... ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ကြယ်တစ်ပွင့်ခန်းမ ကိုယ်စားလှယ်မှာ အနိုင်ရဖို့ အခွင့်အရေးတွေအများကြီးရှိတယ်လို့ပဲထင်နေမိတယ်....."

ကျန်းချင်းအာက သူ့ကို စိုက်ကြည့်နေသည်။

ဝင်ခွင့်ပြိုင်ပွဲကို အလှမယ်ပြိုင်ပွဲလို့ခင်နေတာလား.... ဒီလိုသာဆိုရင် တကယ့်ကိုရူးချင်စရာပဲ.....

လီလော့ အနည်းငယ်ရယ်မောပြီးနောက် လေးနက်စွာဖြင့်.....

"ငါ လုညီနောင်ကိုတစ်ခါမှမမြင်ဖူးဘူး.... ဒါပေမယ့် သူတို့က နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်စေတယ်.... မျက်ကန်းယုံကြည်ချက်နဲ့ အနိုင်ရမယ်လို့တထစ်ချမပြောနိုင်ပေမယ့် အကောင်းဆုံးကြိုးစားခဲ့ပါ့မယ်....."

သူမသတိပေးရင်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"ဒီလောက်ဆိုစိတ်အေးနိုင်ပါပြီ..... ကမ္ဘာကြီးက ကျယ်ပြောပြီး နေရာတိုင်းမှာ မသိနိုင်တဲ့ အံ့ဖွယ်အရာတွေ ရှိတယ်...နင့်ရဲ့ ပဲ့တင်ထပ်သံနှစ်ခုနဲ့တောင် နင့်ကို ယှဉ်ပြိုင်နိုင်တဲ့ တခြားသူတွေ သေချာပေါက် ရှိနိုင်တယ်...လုကျန်းနဲ့လုကန်ကိုကြည့်ရတာ ရက်စက်မယ့်ပုံပဲ.... အပြာရောင်ချောက်နက်ကောလိပ်မှာ လက်တွေ့သမားတွေပိုများတယ်....."

"ကြယ်တစ်ပွင့်ခန်းမပွဲမှာ သူတို့ရဲ့ ဝှက်ဖဲတွေကို ထည့်ထားနိုင်သလား"

"ဘယ်သူမှ ဂရုမစိုက်မိတဲ့အခါ အံ့အားသင့်စရာအချက်က အလုပ်ဖြစ်တယ်

.. အပြာရောင်ချောက်နက်ကောလိပ်က ရှန့်ပိန်းတွေ့ဆုံပွဲအတွက် နှစ်ပေါင်းများစွာ အချိန်ပေးခဲ့ရတာကို မမေ့လိုက်နဲ့.... သူတို့က ပျမ်းမျှအားဖြင့် ကြယ်တာယာခရီးရှည်ကောလိပ်ထက် အနည်းငယ် အားနည်းတဲ့အတွက် ဝှက်ဖဲမရှိရင် သူတို့အနိုင်ရဖို့ ခက်လိမ့်မယ်...."

လီလော့ ခေါင်းညိတ်လိုက်သည်။

"ငါ သတိထားပါ့မယ်....."

နှစ်ယောက်သား စကားစမြည်ပြောဖြစ်ကြပြီး မကြာခင်မှာ နေဝင်သွားပြီဖြစ်သည့်အတွက် ကျန်းချင်းအာ ပြန်ဖို့ပြင်လိုက်သည်။

လီလော့က သူမကို တံခါးဝအထိလိုက်ပို့ရင်း လရောင်အောက်တွင် လှချင်တိုင်းလှပနေသောကျန်းချင်းအာကြောင့် အသက်ရှူရပ်လုမတတ်မှင်သက်နေခဲ့မိသည်။

ကျန်းချင်းအာက သူ့အား စိုက်ကြည့်ရင်း ပြုံးလိုက်သည်။

"ငါက ကျောက်ဟွေ့ရင်းထက် ပိုလှလို့လား.... "

"ကွာခြားချက်က တိမ်တွေနဲ့ ရွှံ့တွေလို ကြီးတယ်လို့ ပြောရင် ငါ လိမ်နေတယ်လို့ ထင်မေလိမ့်မယ်....ဒါပေမယ့် သူမရဲ့ ပျားရည်ထောင်ချောက်က ငါ့အဝတ်တွေကို မချွတ်ခင် ဆီးချိုရောဂါဖြစ်သွားစေလိမ့်မယ်...."

လီလော့၏ အပြောချိုချိုများကြောင့် သူမ ရယ်မောလိုက်ပြီး......

"လျှာစောင်းကတော့ ထက်ပါ့...."

ထွက်သွားဖို့ သူမ လက်ပြလိုက်သည့်အခါ

လီလော့က သူမ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားလိုက်သည်။ ကျန်းချင်းအာ အနည်းငယ်ရင်ခုန်သွားသော်လည်း မရုန်းထွက်ဘဲ ရွှန်းရွှန်းစားစားပြန်ကြည့်နေလေ၏။

"ဘာပြောစရာရှိသေးလို့လဲ...."

"အဟမ်း... အခုဆို ငါက ကြယ်တစ်ပွင့်ခန်းမ ကိုယ်စားလှယ် ဖြစ်လာပြီ...."

"ငါသိတယ်လေ...?"

"လွန်ခဲ့တဲ့နှစ်ရက်က ချင်ဇူလုကို ငါအနိုင်ယူခဲ့တယ်..."

"ဒါလည်း ငါကြားမိပါတယ်..."

"ဒါဆို ငါ အခု ကြယ်တာယာခရီးရှည်ကောလိပ် မှာရှိတဲ့ ကြယ်တစ်ပွင့်ခန်းမမှာ အသန်မာဆုံးသူဖြစ်လာပြီ.... ကျန်းချင်းအာ...နင်အရင်ကပေးခဲ့တဲ့ ကတိကို မှတ်မိသေးလား....ငါ ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ကြယ်တစ်ပွင့်ခန်းမမှာ ပထမဆုံးဖြစ်လာရင် နင် ငါ့ကို ဆုပေးမယ်လို့ မင်းပြောခဲ့တယ်လေ...!"

"အခု လုပ်နိုင်ခဲ့ပြီ.... ငါ့ဆုက ဘယ်မှာလဲ"

လီလော့သည် သူမ၏ အံ့သြနေသော မျက်နှာကို ကြည့်ကာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။

"ထားလိုက်တော့...နင်နောက်နေတာမလား....ပြန်တော့....."

သူ့နှုတ်ထွက်သံကိုကြားတော့ ကျန်းချင်းအာ လည်း အနည်းငယ် စိတ်ဆိုးသွားသည် ။

"ငါတကယ်မစဉ်းစားရသေးဘူး... နင် ဘာလိုချင်လဲ...."

လီလော့က သူ့မေးစေ့ကို ပွတ်သပ်ရင်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာ ကျန်းချင်းအာ၏လှပသောမျက်နှာကို တစိမ့်စိမ့်ကြည့်ကာ သူ့အခွင့်အရေးကို ချိန်ဆလိုက်သည်။

သူမသည် သူ၏ စိုက်ကြည့်ခြင်းကြောင့် အနေခက်နေပုံမရပေ။

သူတို့ရဲ့ ဆက်ဆံရေးက နက်နဲလွန်းတယ်... လီလော့ရဲ့ တိုးတက်မှုသို့မဟုတ် လှုပ်ရှားမှုတွေကို ယခုအချိန်အထိ လိုက်မမှိနိုင်သေးဘူး.....

သို့သော် သူမ၏ စိတ်ဆန္ဒက လီလော့အား စိတ်ပျက်သွားကာ သက်ပြင်းတစ်ချက်ချလိုက်ပြန်သည်။

"အခု ဘာဖြစ်နေတာလဲ?" ကျန်းချင်းအာက စိတ်မရှည်စွာ မေးလိုက်သည်။

"ချင်းအာ...နင် ငါ့ကို ပြောမထွက်အောင်လုပ့နေတာပဲ..... " လီလော့က ညည်းညူလိုက်သည်။

"ဘာလဲ? ငါက ရုန်းထွက်ရမှာလား ဒါမှမဟုတ် တွန်းလှန်ရမှာလား?နင် နာကျင်သွားမှာကို ငါ ပိုစိုးရိမ်တယ်...နင်သိရဲ့လား....."

သူမ၏အဖြေကြောင့် လီလော့နှလုံးသားတစ်ခုလုံး တင်းကြပ်သွားလေ၏။

"ချင်းအာ.... ငါတို့မှာအရင်တုန်းက ရှုပ်ထွေးတဲ့ဆက်ဆံရေးရှိခဲ့ဖူးတယ်၊ ဒါပေမယ့် ငါအရမ်းကြိုးစားခဲ့တဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းခြင်းအပါအဝင် ငါတကယ်လိုချင်တဲ့အရာကို နင်သိလား...."

ကျန်းချင်းအာက သူ့ကို အနီးကပ်ကြည့်သည်။

လီလော့သည် ယမန်နှစ်ကထက် သာလွန်ကောင်းမွန်သော အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့သည်။ထျန်ရှုစီရင်စမှ ဗလာနန်းတော်လူငယ်သည် ယခု ရှပြည်ထောင်စုတစ်ဝှမ်းရှိမျိုးဆက်သစ်များထဲတွင် အကြီးမြတ်ဆုံးသူတစ်ဦးဖြစ်လာခဲ့သည်။

သူ့အဆင့်နဲ့ နီးစပ်ဖို့ သူ အရမ်းကြိုးစားခဲ့ရပါသည်။ သူ့အလားအလာကို ဘယ်သူကမှ သံသယမဝင်တော့ဘဲ သူတို့ကို ဘယ်သူကမှ လိုက်မဖက်တဲ့ လက်တွဲဖော်လို့ မခေါ်ကြတော့ပေ။

"ချင်းအာ....ငါ ဘာဆုမှ မလိုပါဘူး....ငါတို့ရဲ့အတိတ်က ရှုပ်ထွေးပွေလီတဲ့ ခံစားချက်တွေကို ချန်ထားစေချင်တယ်..... ငါ့ကို သမီးရည်းစားဖြစ်ဖို့ပိုးပန်းနေသူတစ်ယောက်လို မသတ်မှတ်ပေးနိူင်ဘူးလား....."

"သေချာ စဉ်းစားကြည့်ပါ.... နင့်ကိုစိတ်ဝင်စားလို့ပိုးပန်းနေသူတွေကို နင်ဘယ်လိုတုံ့ပြန်သလဲ...."

ကျန်းချင်းအာကခပ်မြန်မြန်စဉ်းစားလိုက်သည်။

"သူသေလိမ့်မယ်...."

"အမ်.... သေ...သေချာရဲ့လား... ?"

"ဟားးးဟားးးး...လီလော့ နင်ဘာပြောချင်လဲ ငါသိတယ်.....ပြီးခဲ့တဲ့နှစ်မှာ နင့်ရဲ့တိုးတက်မှုကို ငါအံ့အားသင့်ခဲ့ရဖူးတယ်.... အရင်ကပြောခဲ့သလိုပဲ နင်က ငါအပါအဝင် ဘယ်သူနဲ့မှ မလိုက်ဖက်ဘူး....ဒါပေမယ့် နင် တခြားသူကိုခေါ်လာမှာကိုလည်း လက်မခံနိုင်ဘူး..... "

လီလော့ ပြန်မဖြေခင်မှာပဲ သူမက ဆက်ပြောသည်။

"ဒါပေမယ့် နင်ဘာပဲလုပ်လုပ် ငါတို့မှာ ဘာပဲဖြစ်နေဖြစ်နေ နင်ဟာ အခွင့်အရေးအရှိဆုံးနဲ့ အကောင်းဆုံးလုပ်နိုင်တဲ့သူဆိုတာ သေချာပါတယ်...."

ကျန်းချင်းအာ၏ အဖြေများသည်လီလော့ အတွက် ခါးသီးသော တုံ့ပြန်မှုတစ်ခုဖြစ်ခဲ့

သည်။ အနည်းဆုံးတော့ အခုချိန်မှာ လက်တွေ့ဆန်ဖို့ လမ်းကြောင်းမှန်ပေါ်ရောက်နေခဲ့ပါပြီ.......

သူမ၏ ရွှေရောင်မျက်လုံးများတွင် အရိပ်အယောင်အချို့ဖြတ်သန်းသွားပြီး.....

"လီလော့....နင်ပြောသလို ငါတို့ကြားမှာ အတိတ်က အရမ်းနက်နဲလွန်းတယ်.... ငါဘေးဖယ်ထားလို့မရပေမယ့် ကြိုးစားနိုင်တယ်...ပြီးတော့ နင့်ကို ငါပေးနိုင်တဲ့ အရမ်းရိုးရှင်းတဲ့ကတိတစ်ခုရှိတယ်...."

"ဘာလဲ?"

"နင် ငါ့ထက် သန်မာတဲ့နေ့မှာ ငါတို့ စေ့စပ်ပွဲကို ဖျက်လိုက်မယ်....."

All Chapters