← Chapters

အကြီးအကဲများစုဝေးခြင်း....

Vol. 29 Ch. 397

အကြီးအကဲများစုဝေးခြင်း....

Vol. 29 Ch. 397

ဝင်ခွင့်ပြိုင်ပွဲကျင်းပမည့်နေ့သို့ရောက်လာခဲ့ပြီ......

ယနေ့တွင် ရှမြို့တော်၏ လူဉီးရေတစ်ဝက်လောက်က

အနီးနားမှာရှိတဲ့ ကျောင်းဝင်းကို အာရုံစိုက်နေကြပြီး၊ မြို့ရဲ့အမြင့်ဆုံး အထက်တန်းလွှာ တော်တော်များများဟာ သူတို့ရဲ့ ချိတ်ဆက်မှုကနေတဆင့် ထိုင်ခုံနေရာများကို ဝယ်ယူထားကြသည်။

အဆက်အစပ်မရှိသူများကတော့ မြို့အနှံ့တွင် ထားရှိပေးထားသည့် အထူးစက်ကိရိယာများမှတစ်ဆင့် ပွဲစဉ်များကို တိုက်ရိုက်ကြည့်ရှုနိုင်ကြသည်။

ဝင်ခွင့်ပြိုင်ပွဲများသည် ရှပြည်ထောင်စု၏တစ်နှစ်တာအကောင်းဆုံးပြိုင်ပွဲဆိုလည်းမမှားနိုင်ပေ။

နံနက်ခင်း၏ ပထမဆုံးသော နေရောင်ခြည်သည် မိုးကုပ်စက်ဝိုင်းကို ထိုးဖောက်ဝင်ရောက်ကာ မြေပြင်ပေါ်သို့ကျဆင်းလျှက်ရှိသည်။

ဝင်ခွင့်ပြိုင်ပွဲကို အနောက်တောင်တန်းတွင် ကျင်းပမည်ဖြစ်ပြီး အနိမ့်မှအမြင့်သို့ ထွင်းထုထားသောကျောက်သားလှေကားများကိုပွဲကြည့်ရန် ထိုင်ခုံများကိုသတ်မှတ်ပေးထားသည်။

တိုက်ပွဲအတွက် အထူးပြုလုပ်ထားသော

ကွင်းပြငမရှိသော်လည်း သစ်တောများ၊ ရေကန်များနှင့် စိမ့်ကန်များအပါအဝင် မတူညီသော မြေမျက်နှာသွင်ပြင်များ ရှိနိုင်ပါသည်။

လီလော့၊ပိုင်မျန်မျန်နှင့်ရှင်းဖူတို့ ရောက်ရှိလာချိန်တွင် အတော်များနေပြီဖြစ်ပြီး မျက်နှာများကိုပင်ခွဲခြားမမြင်နိုင်တော့ပေ။

"လီလော့...."

အဝင်ဝတွင် လုချင်းအာ၏ ရင်းနှီးသောအသံကိုကြားရပြီး လှည့်ကြည့်လိုက်သည့်အခါ ဆွဲဆောင်မှုရှိသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ယုဟုန်ရှီကိုပါ မြင်လိုက်ရသည်။

လုချင်းအာတို့သားအမိကိုတွေ့ရသည့်အတွင်မအံ့သြမိသော်လည်း မျက်နှာစ်ိမ်းအချို့ကိုပါ ထိုသားအမိနှင့်အတူမြင်လိုက်ရသည့်အတွက် အံ့သြနေမိသည်။

ယုဟုန်ရှီ၏ညာဘက်တွင် ဂျိယန်အိမ်တော်၏အိမ်တော်သခင် ဇူချင်းဟောင်ရှိနေပြီး သူနှင့်အတူ ဇူရွှမ်းပါရှိနေသေးသည်။

ဒူဇီမောင်နှမများသည်လည်း အနက်ရောင်ဝတ်လုံနှင့် ဖော်ရွေမှုမရှိသော အမူအရာဖြင့် ရပ်နေကြသော်လည်း ၎င်းတို့ရှေ့တွင် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသောသက်လတ်ပိုင်းလူကြီးတစ်ယောက်ရှိနေသည်။

လီလော့ ထိုသူကို တစ်ခါမှ မမြင်ဖူးပေမယ့် သူဘယ်သူလဲဆိုတာ ချက်ချင်းသိလိုက်သည်။

ဒူဇီအိမ်တော်၏အိမ်တော်သခင် ဒူယန်....

စီချိုးယင်းကိုလည်းသူတို့နှင့်အတူတွေ့နေရပြီး သူ့ရှေ့မှာ ရွှေဝတ်စုံဝတ်ဆင်ထားသူတစ်ယောက်ရှိနေသည်။ ထိုသူသည် ဒူယန်နှင့် သက်တူရွယ်တူဖြစ်သော်လည်း ဒူယန်ထက်စာရင်ပို၍ဖော်ရွေယဉ်ကျေးပုံရသည်။

ကျင်းချွဲ့အိမ်တော်သခင်...စီချင်း.....

ဤသည်မှာ အလွန်အစွမ်းထက်သော အကြီးအကဲများစုဝေးနေခြင်းဖြစ်သည်။ အိမ်တော်ငါးခုရှိသည့်အနက် အိမ်တော်သခင် သုံးယောက်ပွဲတက်လာခြင်းကိုကြည့်လျှင် ဝင်ခွင့်ပြိုင်ပွဲဘယ်လောက်အရေးကြီးမှန်း ခန့်မှန်းနိုင်ပါသည်။

အကြီးအကဲများသည် အချင်းချင်း စကားပြောနေကြသော်လည်း လုချင်းအာ လှမ်းအော်လိုက်သောအခါ သူတို့အားလုံး သူတို့ဘက်သို့ လျှောက်လာနေသော လူငယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

လီလော့ သူတို့ဆီသို့ လျှောက်လာစဉ်တွင် အတတ်နိုင်ဆုံး ခေါင်းမော့ထားပါသည်။ မည်သို့ပင်ဆိုစေ မိဘတွေမရှိသည့်အတွက် လော့လန်အိမ်တော်ကိုကိုယ်စားပြုသည့် အိမ်တော်သခင်တစ်ပါးအနေဖြင့် နှိမ့်ချနေစရာမလိုပေ။

အိမ်တော်သခင်သုံးယောက်သည် လီလော့ကိုကြည့်နေရင်းကနေ ဂန္တဝင်တွင်မည့် ဇနီးမောင်နှံကို သတိရမိလိုက်ကြသည်။

သူတို့နှစ်ယောက်အကြောင်းတွေးရင်း... သတိထားစရာတစ်ခုက သူတို့မျက်လုံးထဲ ဝင်လာသည်။

လီတိုင်ရွှမ်နှင့်တိုင်တန်လန်တို့ရှိစဉ်အခါက ရှပြည်ထောင်စု၏ မြို့စားအဆင့်များအားလုံးဖိနှိပ်ခံခဲ့ရသည်မဟုတ်လော.....

"ဉက္ကဌယု... အိမ်တော်သခင်..."

လီလော့က သူတို့ကို ခပ်အေးအေး နှုတ်ဆက်လိုက်သည်။

ဂျိယန်အိမ်တော်ရဲ့ အိမ်တော်သခင်ဇူချင်းဟောင်က အသိအမှတ်ပြုသည့်အနေဖြင့် ပြုံးလိုက်ပြီး..

"တစ်နှစ်မပြည့်ခင်မှာ ဒီကောင်လေး လီလော့က ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ထိပ်တန်း တိုက်ခိုက်ရေးသမား ဖြစ်နေပြီပဲ... မကြာခင် လော့လန်အိမ်တော်မှာ နဂါးအသစ်တစ်ကောင် ပေါ်လာတော့မယ်ခင်တယ်....ဟဲဟဲ..... ဒီလိုဆိုတော့လည်း လီတိုင်ရွှမ်တို့လင်မယားရှိစဉ်တုန်းကလို လော့လန်အိမ်တော်ရဲ့ရွှေရောင်နေ့ရက်တွေပြန်ရောက်လာတော့မှာပေါ့......"

လော့လန်အိမ်တော် ကျဆင်းသွားချိန်တွင်အခြားအိမ်တော်များအားလုံး ဆက်တိုက်ဆိုသလို မြင့်တက်လာခဲ့သည်။ထိုကြောင့် လော့လန်အိမ်တော် အောင်မြင်လာမည်ကိုမည်သူမျှမတွေ့ချင်ကြပေ။လီလော့နှင့်ကျန်းချင်းအာတို့သာလီတိုင်ရွှမ်နှင့်တိုင်တန်လန်တို့၏ခြေရာကိုနင်းနိုင်မည်ဆိုလျှင်အခြားသောအိမ်တော်များ ခေါင်းဖော်နိုင်တော့မည်မဟုတ်ပေ။

လီလော့က ဇူချင်းဟောင်ကို ခပ်အေးအေးသာပြန်ကြည့်နေလိုက်တော့သည်။ အမှန်တော့ ထိုစကားလုံးများထဲတွင် ဖုံးကွယ်ထားသော ငြိုငြင်မှုကို နားမလည်နိုင်လောက်အောင်တုံးအနေသူမဟုတ်ပေ။ လော့လန်အိမ်တော်၏နောက်ကျောတွင် ကြီးမားသောပစ်မှတ်တစ်ခုရှိနေပြီဖြစ်သော်လည်း ဇူချင်းဟောင်က စကားလုံးများဖြင့် မီးပုံထဲဆီလောင်းနေပြန်သည်။

ယုတ်မာသောခွေးအိုကြီးပင်တကား.....

"ဇူချင်းဟောင်.... မင်းဘာတွေရှည်ရှည်ဝေးဝေးတွေးနေတာလဲ....လီလော့ကညအခုမှဆရာသခင်အဆင့်ပဲရှိသေးတာ.....ဘာလဲ လီတိုင်ရွှမ်ဆီမှာရိုက်ခံထားကတဲ့စိတ်ဒဏ်ရာကိုမမေ့နိုင်သေးဘူးလား....."

ကျင်းချွဲ့အိမ်တော်သခင် စီချင်း၏စကားများကြောင့် ဇူချင်းဟောင် အတော်မျက်နှာပျက်သွားလေ၏။

" မဆိုင်တာဝင်မပါနဲ့....."

"အမြင်မတော်ရင်တော့ဝင်ပါရမှာပဲ...."

လီလော့သည် ဇူချင်းဟောင် ၏ ကဲ့ရဲ့ခြင်းကြောင့် မခံချိမခံသာဖြစ်နေရသော်လည်း စီချင်း၏ စွက်ဖက်မှုကြောင့်အတော်​လေးနေသာထိုင်သာရှိသွားခဲ့သည်။

အိမ်တော်ကြီးငါးခု၏ ရှုပ်ထွေးလှသော လှည့်ကွက်များကြားတွင် အားလုံး၏ပစ်မှတ်ဖြစ်နေသော လော့လန်အိမ်တော်ကို ကူညီနေသည့်ကျင်းချွဲ့အိမ်တော်သည် အကျိုးလို၍ညောင်ရေလောင်းနေသူများဖြစ်ကြောင်း လီလော့နားလည်နေပြီဖြစ်သည်။

"တော်ကြတော့...လီတိုင်ရွှမ်နဲ့တိုက်တန်လန် မသေသေးဘူး......"

ယုဟုန်ရှီ၏ ခပ်ပြတ်ပြတ်စကားသံက အားလုံးကိုပါးစပ်ပိတ်သွားစေခဲ့သည်။

၎င်းတို့နှစ်ဦးသေဆုံးကြောင်း အတည်မပြုရသေးသည့်အချက်မှာ အားနည်းနေသော်လည်း ယခုနှစ်များတစ်လျှောက်လုံး လော့လန်အိမ်တော် လုံးဝမပျက်စီးသွားသည့်အကြောင်းရင်းဖြစ်သည်။

မြင့်မြတ်သောစစ်တလင်းသည် အလွန်အန္တရာယ်များသော်လည်း ၎င်းတို့နှစ်ဦး အသက်ရှင်လျက် ပေါ်ထွက်နိုင်ခဲ့ပါက ရှပြည်ထောင်စုတစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မည်။

ထို့အပြင် ယခင်က မရှိခဲ့ဖူးသော ယုဟုန်ရှီ ထံမှ ခုခံမှုအရိပ်အမြွက် အနည်းငယ်ကိုလည်း ခံစားခဲ့ရသည်။ အရင်က သူမဟာ လော့လန်အိမ်တော်နဲ့ပတ်သတ်ရင်အမြဲအေးစက်နေခဲ့တာမဟုတ်လား? သူတို့နှစ်ယောက်ဟာ အရင်တုန်းက ဆက်ဆံမှုသိပ်မရှိခဲ့ပါဘူး...လီလော့ နာမည်ကြီးလာပြီးကတည်းကဘာတွေပြောင်းလဲသွားခဲ့တာလဲ....လုချင်းအာ ကြောင့်လား.....

မည်သို့ပင်ဆိုစေကာမူ သူမသည် ရှပြည်ထောင်စု၏ငွေကြေးဆိုင်ရာ စွမ်းအား၏ ဗဟိုချက်ဖြစ်ခဲ့ပြီး တုံ့ပြန်ရန်လည်း သတ္တိမရှိခဲ့ပေ။ ထို့​ကြောင့် အိမ်တော်သခင်သုံးဉီးစလုံး လှည့်ထွက်ပြီး ပြိုင်ပွဲကွင်းထဲကို လျှောက်သွားကြလေသည်။

"မင်း ကြီးထွားလာတာမြန်တယ်...ဒါပေမယ့် အိမ်တော်ကိုကာကွယ်နိုင်ဖို့အလှမ်းဝေးနေသေးတယ်....."

" ကျွန်တော် နားလည်ပါတယ်... အစွမ်းကုန်ကြိုးစားမှာပါ.... "

"လီတ်ိုင်ရွှမ်နဲ့ ယှဉ်ရင် မင်းက ပိုပြီး သီးသန့်ဆန်တယ်.... မင်းရဲ့ ဗလာ နန်းတော်ကြောင့် အစမကောင်းခဲ့ပေမယ့် အခုလိုအောင်မြင်လာပြီဆိုတော့ ထပ်ပြီးဖုံးကွယ်မနေနဲ့တော့....ဒါ့အပြင် ကျန်းချင်းအာကို မျိုးဆက်သစ်တွေထဲမှာ ထူးချွန်သူတစ်ယောက်လို့ သတ်မှတ်ထားပေမယ့် မင်းသူမကို အရှုံးပေးလိမ့်မယ်လို့ ငါမထင်ပါဘူး... မင်းအကောင်းဆုံးကြိုးစားပါ....လော့လန်အိမ်တော်မှာ ယောက်ျားတွေထက် သန်မာတဲ့မိန်းမတွေ အမြဲရှိနေတယ်...ဒီအစဉ်အလာကို မင်းကစပြီးချိုးဖောက်ဖို့အချိန်တန်ပြီ...."

ပြောချင်ရာပြောပြီးသည်နှင့် ယုဟုန်ရှီ လှည့်ထွက်သွားသည်။

လုချင်းအာက သူ့ကို လှမ်းကြည့်လိုက်ပြီး....

"ကံကောင်းပါစေ..လီလော့ ...!"

လီလော့ ထိုသားအမိနှစ်ယောက်ကိုကြည့်ပြီးအတော်စိတ်ရှုပ်နေလေပြီ။

ယုဟုန်ရှီက သူ့ကို ကူညီခဲ့တာလား... ဒါမှမဟုတ် သူနဲ့ ကျန်းချင်းအာ ယကြားမှာ တစ်ခုခုကို နှိုးဆော်ဖို့ ကြိုးစားနေတာလား...

အမျိုးသမီးများသည် အမှန်တကယ်ပင် ရှုပ်ထွေးပွေလီသော သတ္တဝါများဖြစ်သည်

All Chapters