← Chapters

ဝင်ခွင့်ပြိုင်ပွဲစတင်ပြီ....

Vol. 29 Ch. 398

ဝင်ခွင့်ပြိုင်ပွဲစတင်ပြီ....

Vol. 29 Ch. 398

ကြယ်တစ်ပွင့်ခန်းမ၏ ပွဲကြည့်စင်နေရာတွင် လီလော့သည်လည်း အခြားသူများနှင့်အတူ ကျယ်လောင်စွာ အော်ဟစ်အားပေးခံနေရသည်။

"ကြိုးစားထား အစ်ကိုလော့!"

"အစ်ကိုကြီးလော့... မင်းက ကြယ်တစ်ပွင့်ခန်းမရဲ့ ကြယ်တစ်ပွင့်ဖြစ်ကြောင်း သူတို့ကို ပြပါ!"

"......."

ချင်ဇူလုကို တရားဝင် အနိုင်ယူပြီးသည့်နောက်တွင် ပထမနှစ်ကျောင်းသားများကြားတွင် လီလော့ကို ချွင်းချက်မရှိ လက်ခံလိုက်ကြပြီဖြစ်သည

ကြယ်တစ်ပွင့်ခန်းမ၏ ဧရိယာသည် အလွန်ဆူညံနေသောကြောင့် ကြယ်နှစ်ပွင့် ခန်းမမှ လူအုပ်များပင် လှမ်းကြည့်နေကြသည်။ သူတို့သည် ငယ်ရွယ်သူများထက် စိတ်ပိုင်းဆိုင်ရာအရရော အစဉ်အလာအရပါ အားသာချက်များကို ဆုပ်ကိုင်ထားသော်လည်း၊ ရဲချူတင်းတို့အဖွဲ့ လီလော့တို့ကို ရှုံးသွား စီနီယာဆိုပြီး မည်သူမျှမာန်မတက်ဝံ့ကြတော့ပေ။

လီလော့သည် ယခုအချိန်တွင် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့်သာဖြစ်သော်လည်း၊ တတိယအဆင့်များကိုအနိုင်ယူနိုင်ပြီဖြစ်သည်။

ဆိုလိုတာက ကြယ်နှစ်ပွင့်ခန်းမကြီးတစ်ခုလုံးမှာဆို ဇူရွှမ်းတစ်ယောက်ကသာ လီလော့နှင့်ယှဉ်နိုင်လိမ့်မည်....

ကြယ်တာယာခရီးရှည်ကောလိပ် ၏ သမိုင်းတွင် ဤကဲ့သို့ တောက်ပသော မှတ်တမ်းမျိုးရှားပါးလွန်းလှသည်။

ယခုဆိုလျှင် မျိုးဆက်သစ်တွေထဲတွင် လီလော့ကို ထူးချွန်သူအဖြစ် သတ်မှတ်ရုံမှတပါးအခြားမရှိနိုင်တော့ပေ။

ထို့အပြင် လီလော့သည် ဇူရွှမ်းကိုတောင် လှည့်မကြည့်ခဲ့သော နတ်ဘုရားမလေးကျန်းချင်းအာ၏ အနာဂတ်သတို့သားလောင်းလည်းဖြစ်နေသေးသည်။

"ခေါင်းဆောင်....ငါတို့ကောလိပ်အနိုင်ရမယ်မဟုတ်လားဟင်....."

ပိုင်မျန်မျန်က လီလော့ကိုမေးလိုက်သည်။

"ရလဒ်ကို မဆုံးဖြတ်ခင်မှာ ပြောဖို့ခက်တယ် အပြာရောင်ချောက်နက်ကောလိပ်က ငါတို့ကောလိပ်ထက် အခြေခံအုတ်မြစ် နည်းပါးတယ်ဆိုပေမယ့် ဒီအတိုင်းထိုင်နေမယ့်သူတွေမှမဟုတ်တာ.....ဖျက်မြင်းတစ်ကောင်နှစ်ကောင်လောက်တော့ပါလာနိုင်တယ်.....ဒါပေမယ့်.... ငါတို့ အရမ်းကြောက်နေဖို့ မလိုပါဘူး...ရလဒ်ကိုစောင့်ကြည့်ကြတာပေါ့....."

ကြယ်နှစ်ပွင့်ခန်းမ အဖွဲ့ဝင်များအပြင် အခြားသော ခန်းမများတွင်လည်း တစ်ပြေးနေသော တိုက်ခိုက်ရေးသမားများ ရွေးချယ်ထားပြီးဖြစ်သည်။ ကြယ်လေးပွင့်ခန်းမအတွက် ကုန်းရှန်ကျွင်း၊ ကြယ်သုံးပွင့်ခန်းမအတွက် ကျန်းချင်းအာနှင့်ကြယ်တစ်ပွင့်ခန်းမအတွက် လီလော့တို့ဖြစ်သည်။

လီလော့ ပိုင်မျန်မျန် နှင့် စကားစမြည်ပြောနေစဉ် ဘယ်ဘက်စကြ်န်ကို ကြည့်လိုက်သည့်အခါ မရင်းနှီးသောအဖွဲ့တစ်ဖွဲ့သွားလာနေသည်ကို မြင်လိုက်ရသည်။ သူတို့၏အလယ်တွင် မြင်ဖူးပြီးသားဖြစ်သော

ကျောက်ဟွေရင်းကိုပါတွေ့လိုက်ရသည်။

ဒါဆို သူတို့က အပြာရောင်ချောက်နက်ကောလိပ်ကအဖွဲ့တွေပေါ့.......

သူမသည် လီလော့ကြည့်နေသည်ကို သတိထားမိပုံရပြီး သူ့ဘက်သို့ လှည့်လိုက်သည်။ သူတို့ မျက်လုံးချင်းဆုံသွားပြီးနောက် ကျောက်ဟွေရင်းက အေးမြသောအပြုံးဖြင့်တစ်ချက်ပြုံးပြလိုက်ပြီး အကြည့်လွှဲသွားခဲ့သည်။

လီလော့သည် တိုက်ပွဲမစတင်မီကတည်းက ဆွဲဆောင်မှုရှိတဲ့ ပြိုင်ဘက်ကို အနိုင်ယူထားလိုက်ပြီလား......

“ခေါင်းဆောင်က စစ်မတိုက်ဘဲ စစ်ပွဲကိုအနိုင်ရဖို့ စီစဉ်နေတာလား...ဒါက အထင်ကြီးစရာပဲနော်....”

ရှင်းဖူ အားကျနေဟန်ဖြင့် သက်ပြင်းချလိုက်သည်။

မြွေမြွေချင်း ခြေမြင်ဆိုသလို ပိုက်မျန်မျန်ကတော့ရှင်းဖူထက်ပင်လူကဲခတ်တော်နေသေးသည်။

"စီနီယာကျောက်က စိတ်ခံစားမှုကိုလှည့်စားတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူပါ...စီနီယကျန်း ဒါမှမဟုတ် မင်းသမီးကြီးကသာ သူနဲ့ယှဉ်နိုင်မယ်လို့ ထင်တယ်...."

လီလော့က သူမကို လက်မထောင်ပြလိုက်သည်။

"မျန်မျန်ကတော်လိုက်တာ....ကျောက်ဟွေရင်းကို ရုပ်ရည်ကြည့်ပြီးလျှော့တွက်တဲ့ သူတွေက အရိုးတောင် မကျန်အောင် မျိုချခံရလိမ့်မယ်....."

ပိုင်မျန်မျန် တခစ်ခစ်ရယ်နေ၏။....

"ဟုတ်တယ်....သူဘယ်လောက်တော်တော်..ခေါင်းဆောင်က ထက်မြက်တော့ သူ့ရဲ့လှည့်ကွက်တွေကိုအကုန်သိနေတယ်....."

လီလော့ ဝမ်းသာအားရ သက်ပြင်းချလိုက်သည်။ မျန်မျန်သည် အကောင်းဆုံး အားပေးသူဖြစ်သည်။

တောင်တန်းများတစ်လျှောက် ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး အားလုံး၏အကြည့်များသည် အမြင့်ဆုံးစင်မြင့်ဆီပေါ်ရှိ ခရမ်းဝတ်ရုံဝတ်ဆင်ထားသူ လူတစ်စုထံတွင်သာကပ်ငြိနေကြသည်။

၎င်းတို့သည် ကြယ်တာယာခရီးရှည်ကောလိပ် ၏ ခရမ်းအဆင့်နည်းပြများဖြစ်သည်။

၎င်းတို့နောက်တွင် ယုဟုန်ရှီနှင့်အိမ်တော်သခင်များအပါအဝင် ရှပြည်ထောင်စု၏ ထိပ်တန်းအင်အားစုများရှိနေကြသည်။ ကိုယ်စားအုပ်ချုပ်သူဘေးတွင် ထိုင်နေသော ဧကရာဇ်ငယ်လေးကိုပါ လီလော့တွေ့လိုက်ရသည်။

နောက်ဆုံးတွင် ဒုကျောင်းအုပ်စုရှင်းသည် အိမ်ရှင်များ၏ ကိုယ်စားလှယ်ဖြစ်သည့်အတွက် အပြာရောင်ချောက်နက်ကောလိပ် ၏ လက်ထောက်ကျောင်းအုပ်ဖြစ်သော ချွဲ့ဂျီဇီနှင့်စကားစမြည်ပြောဆိုနေကြသည်။ကျောင်းအုပ် ဖန်ချန်ယွမ်ကတော့ ထုံးစံအတိုင်း လူလုံးထွက်မပြနိုင်ခဲ့ပေ။

ကျောင်းသားအများအပြားသည် ကျောင်းတစ်ခုလုံးအတွက် အရေးကြီးဆုံးအခမ်းအနားတစ်ခုတွင် ကျောင်းအုပ်ကြီးကိုမမြင်ရသဖြင့် စိတ်မကောင်းဖြစ်နေကြသည်။

ကိုယ်စားအုပ်ချုပ်သူက လူအုပ်ကြီး၏ စိတ်ပျက်ညည်းညူသံကို နားထောင်နေပြီး...

"ဒုကျောင်းအုပ်... ကျောင်းအုပ်ဖန်က အထဲမှာ ရှိနေတုန်းပဲလား....."

ယုဟုန်ရှီအပါအဝင် ရှပြည်ထောင်စု အကြီးအကဲများအားလုံးက သူ့မေးခွန်းကို စိတ်ဝင်တစား နားစွင့်နေကြသည်။ဖန်ချန်ယွမ်သည် ရှပြည်ထောင်စု အသန်မာဆုံးသူဖြစ်သည်ဟု လူတိုင်းသိကြသည်။

စုရှင်းက စိတ်မကောင်းဖြစ်နေဟန်နှင့်ခေါင်းယမ်းလိုက်သည်။

“ကျောင်းအုပ်ကြီးက နှစ်ပေါင်းများစွာ အနားယူခွင့် မရခဲ့ပါဘူး....”

"ဒါ စိတ်မကောင်းစရာပဲ...ဒဏ္ဍာရီဆန်တဲ့ကျောင်းအုပ်ကြီးကို မတွေ့ရတာ နှစ်အနည်းငယ်ကြာပြီ....."

“ သူ မြန်မြန် လွတ်မြောက်နိုင်မယ်ဆိုတာ စိတ်ချပါ”

"ဟုတ်ပါပြီ....ကျောင်းအုပ်ကြီးဖန်က ရှပြည်ထောင်စုရဲ့ တစ်ဉီးတည်းသော ဘုရင်အဆင့်ကျွမ်းကျင်သူမဟုတ်လား.....ကျုပ်လည်း အဆင့်တက်ဖို့ သူ့ဆီမှာ မေးမြန်းစရာလေးတွေရှိနေတယ်....."

ဒုကျောင်းအုပ်စုရှင်းက စင်မြင့်ပေါ်ရှိ ဗဟိုနေရာသို့ မလှမ်းမီ သဘောကျစွာ ခေါင်းညိတ်ပြလိုက်သည်။ သူမသည် အပြာရောင်ချောက်နက်ကောလိပ်မှ ဧည့်သည်တော်များအား ဂါရဝပြုခြင်းနှင့် ကြိုဆိုစကားများ ပြောကြားခဲ့ပြီးနောက်.....

"ဒီဝင်ခွင့်ပြိုင်ပွဲက ကြယ်တာယာခရီးရှည်ကောလိပ်ကို ရှန့်ပိန်းတွေ့ဆုံပွဲမှာ ယှဉ်ပြိုင်ဖို့ နေရာပေးမှာလားဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဒီတိုက်ပွဲအတွက် အသန်မာဆုံး ကိုယ်စားလှယ် ခုနစ်ယောက်ကို စေလွှတ်ထားတဲ့အတွက် အကောင်းဆုံး လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်....အဝေးကလာတဲ့ ဧည့်သည်တွေကိုလည်း အထူးကျေးဇူးတင်ပါတယ်....."

"အချိန်တန်ပြီ....ရှန့်ပိန်းတွေ့ဆုံပွဲအတွက် ဝင်ခွင်ပြိုင်ပွဲတရားဝင်စတင်ပြီးဖြစ်ကြောင်း ကြေငြာပါရစေ....."

"စည်းမျဉ်းတွေအရ၊ အမြင့်ဆုံးကနေ အနိမ့်ဆုံးအထိ တိုက်ပွဲတွေ ဆင်နွှဲရလိမ့်မယ်... ပထမပွဲက ကြယ်လေးပွင့်ခန်းမ ကိုယ်စားလှယ်တွေကြားမှာ ဖြစ်လိမ့်မယ်။"

လူအုပ်ကြီးက ကြွေးကြော်ပြီး ထောက်ခံကြသည်။

"ကုန်းရှန်ကျွင်း !"

"ကုန်းလွမ်းယု !"

လက်ရှိ ကြယ်တာယာခရီးရှည်ကောလိပ်၏ အသန်မာဆုံး ကျောင်းသား နှစ်ယောက် အနေဖြင့် ကျောင်းသား များကြားတွင် ၎င်းတို့၏ ဂုဏ်သတင်းမှာ တုနှိုင်းမမှီနိုင်ပေ။

ချန်ပီယံနှစ်ဦးသည် ကျောက်တုံးစင်မြင့်တစ်ခုဆီသို့ တက်လာခဲ့သည်။

ကုန်းရှန်ကျွင်းနှင့် မင်းသမီး.....

တစ်ဖက်မှာတော့ သူတို့ရဲ့ ပြိုင်ဘက်တွေကလည်း သူတို့ကိုရင်ဆိုင်ဖို့ ထွက်လာခဲ့ကြသည်။

ကျုံးနန်နှင့်လျန်ခွန်း.....

လေးယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြတယ်။

နောက်တစ်ခုကတော့ သူတို့ရဲ့ ပြိုင်ဘက်တွေကို ဆုံးဖြတ်ဖို့ မဲနှိုက်ရွေးချယ်ရလိမ့်မညိ။

နှစ်ဖက်စလုံးသည် လုပ်ငန်းစဉ်နှင့် ရင်းနှီးပြီးသားဖြစ်သောကြောင့် ကျောက်စ်မ်းသေတ္တာထဲမှ မဲလိပ်များကို တစ်ယောက်ပြီးတစ်ယောက် နှိုက်ယူလိုက်ကြသည်။

ဖတ်ကြည့်ပြီးနောက် အားလုံး မျက်နှာပျက်သွားကြလေသည်။

မင်းသမီး၏ ပြိုင်ဘက်က ကျုံးနန်ဖြစ်နေလေသည်။

ကြယ်လေးပွင့်ခန်းမက ကျောင်းသားတွေ စိုးရိမ်တကြီး ကြည့်နေကြသည်။ မင်းသမီးသည် အပြာရောင်ချောက်နက်ကောလိပ်၏ အကြီးမြတ်ဆုံး လူသားဒိုင်းကာနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ဒီကာအကွယ်ကို ဖြိုခွင်းဖို့ သူ့မှာ တကယ်ပဲ အစွမ်းရှိသလား။

မဟုတ်ရင် ပထမပွဲက သရေရလဒ်နဲ့ပြီးဆုံးသွားလိမ့်မယ်......

All Chapters