မင်းသမီးကြီးနှင့်ကျုံးနန်....
Vol. 29 Ch. 399
မင်းသမီးကြီးနှင့်ကျုံးနန်တို့၏ပွဲစဉ်ဖြင့် ဝင်ခွင့်ပြိုင်ပွဲကိုစတင်မည်ဖြစ်သောကြောင့် ကျောင်းသားအများအပြားက စိုးရိမ်နေကြသော်လည်း ၎င်းတို့၏ ကိုယ်စားလှယ်ကိုထောက်ခံအားပေးဖို့ အလျင်အမြန်စုရုံးလိုက်ကြသည်။
"ကြိုးစားထား....."
" မင်းသမီးကြီးက ငါတို့ကောလိပ်ရဲ့အလှပဆုံးကြယ်ပွင့်လေး......."
နားနေဆောင်တွင်ထိုင်နေသည့် မင်းသမီးကြီးသည်သူမကို အားပေးသူများကို ကြင်နာသောအပြုံးဖြင့် အသိအမှတ်ပြုပေးခဲ့သည်။ ဒီနေ့မှာတော့ ရိုးရှင်းတဲ့ ခရမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားသော်လည်း တော်ဝန်ဆန်မှုကိုဖုံးဖိမရပေ။
သာမာန်တိုက်ခိုက်ရေးဝတ်စုံဝတ်ဆင်ထားသောသူမသည် ယနေ့တွင် ရှပြည်ထောင်စု၏ တော်ဝင်မင်းသမီးတစ်ပါးမဟုတ်ဘဲ ကြယ်တာယာခရီးရှည်ကောလိပ်၏ကျောင်းသူတစ်ယောက်အဖြစ် ဝင်ခွင့်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
မင်းမျိုးမင်းနွယ်ရဲ့ ရွှေတံဆိပ်မပါရင်တောင်မင်းသမီးကြီးက စိုပြည်တဲ့အလှကို ပိုင်ဆိုင်ထားပြီး ကြယ်တာယာခရီးရှည်ကောလိပ်တွင် ကျန်းချင်းအာရောက်မလာခင်အထိ အလှသရဖူဆောင်းထားနိုင်ခဲ့သူတစ်ဉီးပင်....
"မင်းသမီးက လှပရုံသာမက ဆွဲဆောင်မှုလည်းရှိတယ်နော်..."
ပိုင်မျန်မျန်ပင်လျှင် မိန်းမချင်း ချီးကျူးရသည်အထိမင်းသမီးကြီးကလည်း လှပပါသည်။
ပိုင်မျန်မျန်၏အပြောကို လီလော့က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။မင်းသမီးက တကယ်ကို ထူးခြားတဲ့ အမျိုးသမီးတစ်ယောက်ပင်... သူမသည် တော်ဝင်အဆင့်အတန်းရှိသော်လည်း ကျောင်းတွင် သူမနှင့် ရင်းနှီးသော ခံစားချက်မျိုး ရှိခဲ့သည်။ စကားပြောကောင်းသည့်အပြင် သဘောကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ တခြားမိန်းကလေးတွေနဲ့ မတူဘဲ သူမ၏ တည်ငြိမ်မှုနှင့် အေးမြသော သဘောသဘာဝသည်လည်း သူမ၏ အားသာချက်ဖြစ်သည်။
ကြယ်တာယာခရီးရှည်ကောလိပ်၏ ရှုထောင့်မှကြည့်လျှင် ကုန်းရှန်ကျွင်းသည် ကျုံးနန်ကို အကောင်းဆုံး ရင်ဆိုင်သူဖြစ်သည်။ သူက အာမခံချက်မရသေးပေမယ့် ကျောက်သယးနံရံလိုအားကောင်းလှသည့်ကျုံးနန်ကို ဖြတ်ကျော်ဖို့ အခွင့်အရေးပိုများသည်မဟုတ်လော....အကယ်၍အနိုင်မရခဲ့လျှင်တောင် သရေပွဲဖြစ်သတ်မှတ်နိုင်ပါသေးသည်။
အပြာရောင်ချောက်နက်ကောလိပ် ၏ ကြီးမားသော အငွေ့အသက်များသည် ၎င်းတို့ရောက်လာသည်နှင့်အမျှ အားကောင်းလာခဲ့သည်။
သို့သော်လည်း ဤတိုက်ပွဲအတွက် ကြီးမားသောမျှော်လင့်ချက်ရှိခဲ့သည်။ လီလော့အတွက်ကတော့ ကောင်းကင်နစ်မြုပ်ခြင်း စစ်သူကြီးအဆင့်တွေကြားက တိုက်ပွဲကို ကိုယ်တိုင်တွေ့မြင်နိုင်သည့်အတွက် တကယ့်ကို အားရစရာပင်....
မင်းသမီးကြီးသည် သူမ၏ ဖီးနစ်သဏ္ဍာန်
မျက်လုံးများဖြင့် ပြိုင်ဘက်လူငယ်လေးကိုကြည့်လိုက်ပြီး...
"စီနီယာကျုံးနန်....ရှင့်ဆီက အများကြီး သင်ယူရဖို့ မျှော်လင့်ပါတယ်...."
ကျုံးနန်က ရိုးရှင်းစွာ ခေါင်းညိတ်လိုက်ပြီး....
" ယဉ်ကျေးပျူငှာမှုအတွက် မင်းသမီးကို ကျေးဇူးတင်ပါတယ်" ဟု ငြီးငွေ့လုမတတ် အသံဖြင့် ခပ်တိုးတိုး ရေရွတ်နေသည်။
"ဒီပွဲက ငါ့တို့အပြာရောင်ချောက်နက်ကောလိပ်ရဲ့ အနာဂတ်နဲ့ သက်ဆိုင်တယ်၊ ဒါကြောင့် ငါ အကောင်းဆုံး ကြိုးစားမယ်....."
"ဒါဆိုလည်း စလိုက်ကြရအောင်....."
ဒေါင်!
တိုက်ပွဲစတင်ချိန်ကို အချက်ပြရန် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
ကျုံးနန်နှင့်မင်းသမီးကြီးတို့နှစ်ယောက်စလုံးသည် ဤပွဲအတွက် စစ်မြေပြင်ဖြစ်မည့် နေရာဆီသို့ ခုန်ဆင်းသွားကြသည်။
ကောင်းကင်နစ်မြုပ်ခြင်းအဆင့်များသည်
ကမ္ဘာကြီးနှင့် ဆက်စပ်မှု ပိုမိုနက်ရှိုင်းလာကာ အလိုအလျောက် လေထဲသို့ ဖြတ်သန်းနိုင်ကြသည်။ ဤသည်မှာ ကောင်းကင်နစ်မြုပ်ခြင်းအဆင့်နှင့်ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်ကြားမှ အဓိကကွာခြားချက်တစ်ခုဖြစ်သည်။ သူတို့နှစ်ယောက် သစ်တောတစ်ခုထဲသို့ ခုန်ဆင်းခဲ့ကြခြင်းဖြစ်သည်။
မင်းသမီးက ပါးလျသောလက်ကို မြှောက်လိုက်သောအခါ သဘာဝစွမ်းအင်များက သူမ၏အမိန့်ကို နာခံကာ သေးငယ်သော စွမ်းအင်စီးကြောင်းများအဖြစ် သူမဆီသို့ စီးဆင်းသွားပြီး သူမ၏အနောက် မီတာတစ်ရာအကွာတွင် ဖြန့်ကျက်ထားသည့် အစိမ်းရောင်လွမ်သတ္တဝါ ပုံစံအဖြစ် ပေါင်းစည်းသွားကြသည်။
တောင်ပံတစ်ချက်ခတ်လိုက်ရုံဖြင့် တောအုပ်တစ်ခုလုံးလှုပ်ရှားသွားလောက်သည်အထိအစိမ်းရောင်လွမ်ကကြီးမားလွန်းလှသည်။
ဒါ သူမရဲ့ အဖွင့်လှုပ်ရှားမှုလား.....
လီလော့ မျက်လုံးကျွတ်ကျလုမတတ်ဖြစ်နေရှာသည်။
ကောင်းကင်နစ်မြုပ်ခြင်းစစ်သူကြီးအဆင့်အဆိုတာဒါမျိုးလား.....ကောင်းကင်ဘုံကပ်ဘေးတွေကိုတောင်ဆင့်ခေါ်နိုင်တယ်ပေါ့....သူတို့နဲ့ယှဉ်ရင် ဆရာသခင်အဆင့်ဆိုတာ ပုရွက်ဆိတ်သာသာပါပဲလား.....
ဝေါင်းးးးးးးးး
အစိမ်းရောင်လွမ်သည် တိုက်ခိုက်ဖို့အတွက် စိတ်အားထက်သန်နေပြီး မင်းသမီးက လက်ချောင်းများကို ရှေ့သို့ညွှန်လိုက်သောအခါ တောင်ပံများပေါ်တွင် အလင်းတန်းများလင်းလက်လာပြီးရှေ့သို့ပျံတက်သွားလေ၏။
ဝေါင်းးးးးးးးး
အစိမ်းရောင်လွမ်သည်ပျံသန်းရာလမ်းတစ်လျှောက်တွင် သဘာဝစွမ်းအင်များကိုဆက်လက်စုပ်ယူနေပြီး တောအုပ်တစ်ခုလုံးကိုထောင်းထောင်းကြေစေခဲ့သည်။
ထိုသတ္တဝါသည် တောင်တန်းတစ်ခုလုံးကို
ဖျက်စီးနိုင်လောက်အောင် အားကောင်းနေပုံရသည်။
ကြည့်ရှုသူများသည် ထိုမြင်ကွင်းကြောင့် ဉီးရေပြားများပင် ကျိန်းစပ်လာသည်။
သူ့အပေါ်ကျရောက်နေသော အစိမ်းရောင်လွမ်ကို ကျုံးနန်က မျက်တောင်မခတ်ဘဲစိုက်ကြည့်နေ၏။သူသည် သစ်ပင်တစ်ပင်၏ထိပ်တွင်ရပ်နေကာ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ခံနိုင်ရည်စွမ်းအားကို စုဆောင်းနေသည်။
မီးခိုးရောင်သန်းနေသော အဖြူရောင် ပဲ့တင်ထပ်သံစွမ်းအားသည် လေထုထဲတွင် စုပုံလာပြီး မကြာမီတွင် အစိမ်းရောင်လွမ်၏ တောင်ပံများကဲ့သို့ ကျယ်ဝန်းသော ကျောက်နံရံတစ်ခု ဖြစ်ပေါ်လာသည်။
ဝေါင်းးးးးးး
အစိမ်းရောင်လွမ်နှင့်ကျောက်သားနံရံတို့ တိုက်မိသောအခါ ပထမအလွှာက ကျောက်သားတွေကို ချက်ချင်း ကြေမွသွားစေပြီး
ဒုတိယအလွှာက ကျောက်တုံးသားကို ဖုန်မှုန့်အဖြစ်သို့ ဖြိုခွဲခဲ့သည်။ တစ်လွှာပြီးတစ်လွှာပြိုကွဲနေသော်လည်း ကျောက်သားနံရံများက အဆုံးမရှိသည့်ပင်လယ်ပြင်တစ်ခုလိုဖြစ်နေသည်။
ဤသို့ဖြင့်မင်းသမီး၏ ပထမဆုံးတိုက်ခိုက်မှုကို ပိတ်ဆို့ထားနိုင်ခဲ့သည်။
သူမ ထိုရလဒ်ကို အေးအေးဆေးဆေး လက်ခံခဲ့ပါသည်။ကျုံးနန်သာ အစိမ်းရောင်လွမ်၏တိုက်ခိုက်မှုကိုပင် မခုခံနိုင်ခဲ့ပါက၊ သူ၏ဂုဏ်သတင်းသည် အတုအယောင်သာဖြစ်လိမ့်မည်။
တိုက်ပွဲက အစပဲရှိသေးသည်။
မင်းသမီး၏ သွယ်လျသောလက်ချောင်းများ လှုပ်ရှားလာသည်နှင့်အမျှ အစိမ်းရောင်လွမ်၏ အတောင်ပံများသည် သူမနောက်တွင် ဖြန့်ကြက်ထားပြီး အစိမ်းရောင်လေပြင်းဓားသွားများ ကျုံးနန်ကိုယ်ပေါ်သို့ မိုးစက်များသဖွယ်ကျဆင်းလာသည်။
သို့တိုင်အောင် ကျုံးနန် မလှုပ်ရှားသေးဘဲ ပဲ့တင်ထပ်သံစွမ်းအားများကိုစုစည်းကာ ဓားမိုးများကိုကာကွယ်ပေးနိုင်သည့် ကျောက်သားအမိုးခုံးနံရံတစ်ခုကိုဖန်တီးလိုက်ပြန်သည်။
သူ့ ပတ်ပတ်လည်တွင် ဓားမိုးကြောင့် သစ်ပင်များအကုန်ပြိုလဲကုန်ကြပြီ......
အဖျက်စွမ်းအားက မယုံနိုင်လောက်အောင်အားကောင်းလွန်းလှသည်။
သူမရဲ့ တိုက်ခိုက်မှုက ကျုံးနန်အပေါ် သက်ရောက်မှုမရှိဘူးဆိုတာကို မြင်လိုက်ရတော့ မင်းသမီးက မျက်လုံးများကိုမှိတ်ထားရင်း ပဲ့တင်ထပ်သံ စွမ်းအားကို ထပ်မံစုဆောင်းလိုက်တော့သည်။
ဤတစ်ကြိမ်တွင် သူမသည် သူမ၏ ပဲ့တင်ထပ်သံစွမ်းအားကို မြင်သာထင်သာရှိသော ပုံသဏ္ဍာန်များအဖြစ် ပြောင်းလဲနေသည်။
ထိုအခါ သူမနောက်မှာ အလင်းလုံးလေးများ ပေါ်လာပြီး အလင်းလုံးတစ်ခုစီတိုင်း၏အတွင်းပိုင်းတွင် အစိမ်းရောင်တောက်ပနေသော ပြင်းထန်သည့်စွမ်းအားများပြည့်နှက်နေလေ၏။
မင်းသမီးလေး၏အနီးတစ်ဝိုက်တွင် စက်ဝိုင်းတစ်ခုသဏ္ဍာန်ပျံဝဲနေသော အလင်းလုံး ခုနှစ်ခုတိတိရှိနေသည်ါ
ပွဲကြည့်စင်မြင့်ပေါ်တွင်၊.......
မြို့စားကြီးများပင်လျှင် ဤကျွမ်းကျင်မှုနှင့် စွမ်းအားများကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေကြသည်။
မင်းသမီး ဖန်တီးခဲ့သော ကောင်းကင်ပုလဲခုနစ်လုံးသွယ်တွင် နည်းနည်းလေးမျှ လျှော်တွက်၍မရသော စွမ်းအားများပါဝင်နေသည်မဟုတ်လော........