ကောင်းကင်ပုလဲခုနှစ်သွယ်....
Vol. 29 Ch. 400
"ကောင်းကင်ပုလဲခုနစ်လုံးသွယ်သ.. ပထမမင်းသမီးမှာ အရည်အချင်းနဲ့ အခြေခံအုတ်မြစ် နှစ်ခုစလုံးရှိတယ်......"
လီလော့အပါအဝင် လူတိုင်းက သူမ၏ စွမ်းအားပြသမှုကို အလွန်သဘောကျခဲ့ကြသည်။
ကောင်းကင်နစ်မြုပ်ခြင်း အဆင့်ကို အဆင့်နှစ်ခုထပ်မံခွဲခြားထားသည်။
ကောင်းကင်ပုလဲအဆင့်...
ကောင်းကင်ပဲ့တင်ထပ်သံအဆင့်.....
ပဲ့တင်ထပ်သံစွမ်းအားများသည် ကောင်းကင်နစ်မြုပ်ခြင်းအဆင့်တွင် မင်းသမီးဖန်တီးလိုက်သည့် ပုလဲပုံသဏ္ဍာန်များအဖြစ် သဘာဝအတိုင်း ပေါင်းစည်းသွားသောကြောင့် ၎င်းကိုကောင်းကင်ပုလဲအဆင့်ဟုခေါ်သည်။ ပဲ့တင်ထပ်သံစွမ်းအားများသည် ဤပုလဲများကို ဖြစ်ပေါ်စေသောအခါ အရင်ကထက်ပင် ပိုမိုအားကောင်းလာသည်။
ကောင်းကင်ပုလဲများသည် ပေါင်းစည်းထားသော စွမ်းအင်ကိုယ်ထည်ဖြစ်သောကြောင့် ၎င်းတို့ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်ကို ပြတ်သားစွာ တုံ့ပြန်ကြသည်။ တိုက်ပွဲတွင် အသုံးပြုသူကို ပိုမိုသန်မာစေသည်။
ကောင်းကင်ပုလဲအဆင့်တွင် ပုလဲကိုးလုံးပါသည်ဟု ဆိုကြသည်။ ဆိုလိုသည်မှာ လူတစ်ယောက်က ကောင်းကင်ပုလဲကိုးလုံးကို အမြင့်ဆုံးအဆင့်ထိ ဖန်တီးနိုင်သည်ဟု ဆိုလိုသည်။ ဒါပေမယ့် အဲ့ဒီအဆင့်ကို ရောက်နိုင်သူရှားပါးလွန်းပါသည်။ ကောင်းကင်ပုလဲတစ်လုံးစီကို ဖန်တီးခြင်းသည် လူတစ်ဦး၏ အရည်အချင်းနှင့် အလားအလာကို ပြင်းထန်စွာ စမ်းသပ်ရုံသာမကဘဲ များပြားသောကျင့်ကြံရေး အရင်းအမြစ်များစွာလည်း လိုအပ်ပါသည်။ ထို့ကြောင့် ကောင်းကင်ပုလဲအဆင့်ကို ကျင့်ကြံသူအများစုသည် ပုလဲငါးလုံးခန့်ရောက်သည်နှင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သို့တက်လှမ်းရန် ရွေးချယ်ခဲ့ကြသည်။ စစ်မှန်သော သတ္တိရှိသူများသာ ကောင်းကင်ပုလဲများ ပိုမိုစုစည်းနိုင်စေမည့် ရှည်လျားသောလမ်းကြောင်းကို ရွေးချယ်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏စွမ်းရည်ကို အမြင့်ဆုံးမြှင့်တင်မည်ဖြစ်သည်။
ဟုတ်ပါတယ်.... သူတို့ရဲ့နောက်ဆုံးအောင်မြင်မှုက ကောင်းကင်ပုလဲငါးလုံးနှင့် အဆင့်တက်သွားသူတွေထက် ပိုလေးနက်တဲ့အခြေခံအုတ်မြစ်နဲ့ စွမ်းအားများကိုရရှိနိုင်လိမ့်မည်။
ကောင်းကင်ပုလဲအဆင့်သည် အခြေခံအားဖြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်အတွက် ကြိုတင်ပြင်ဆင်သည့်အဆင့်ဖြစ်သည်။
ထို့ကြောင့် မင်းသမီး၏ ကောင်းကင်ပုလဲခုနစ်သွယ်ကို အံ့သြနေကြခြင်းဖြစ်သည်။ ၎င်းသည် သူမ၏ ရည်မှန်းချက်နှင့် နောက်ထပ် လျှောက်လှမ်းမည့်လမ်းကြောင်းကိုမီးမောင်းထိုးပြနေခြင်းသာပင်.....
သူမ၏ပုလဲခုနစ်လုံးကို ထုတ်ဖော်ပြသသည့်အချိန်မှစ၍ ၎င်းသည် တိုက်ပွဲ၏အစကို အလေးအနက်ထား၍ အချက်ပြလိုက်ခြင်းဖြစ်သည်။
ဝုန်းးးးးးးးးးးး
သဘာဝစွမ်းအင်များသည် သူမ၏ ကောင်းကင်ပုလဲများ ပတ်လည်တွင် သဘာဝအတိုင်း စုရုံးလာကာ ပုလဲခုနစ်လုံးဖြင့် မောင်းနှင်နေသော သဘာဝစွမ်းအင်မုန်တိုင်းတစ်ခုအဖြစ်စတင်ဖွဲ့စည်းနေပြီ။
မင်းသမီး၏ မျက်နှာသည် အာရုံစူးစိုက်မှုနှင့်အတူ တင်းမာနေပြီး လက်ချောင်းများကို အနည်းငယ်ကွေးကာ ကျုံးနန်ဆီသို့ ပြတ်ပြတ်သားသား ညွှန်ပြလိုက်သည်။
သူမ၏နောက်က ကောင်းကင်ပုလဲခုနစ်လုံးသည် ရှေ့သို့တိုးလာပြီး သူမ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်ကာ သူမ၏လက်ချောင်းထိပ်သို့ စီးဆင်းသွားသည်။
သူမ၏ လက်ချောင်းထိပ်များသည် တောက်ပသော အစိမ်းရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။
"လွမ်ရဲ့ တောင်ပံမုန်တိုင်း."
လွမ်၏အော်သံသည် စိမ်းလန်းသော စွမ်းအင်ချည်မျှင်လေးများအဖြစ် ကောင်းကင်ကို လွှမ်းခြုံသွားပြီး မုန်တိုင်းတစ်ခုသဖွယ်ဖြန့်ကျက်နေလေ၏။
ထင်ရှားသည်မှာ မင်းသမီးသည် ကျုံးနန်၏အထူးခံစစ်ကို ဖြုတ်ချရန် အထူးလှုပ်ရှားမှုကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
မင်းသမီး၏ လှုပ်ရှားမှုကြောင့် ကျုံးနန်၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများထင်ဟပ်လာပြီး အသက်ပြင်းပြင်းရှူကာ ပဲ့တင်ထပ်သံစွမ်းအားတွေကို စုစည်းကာ ပုလဲခုနှစ်လုံးဖန်တီးလိုက်လေသည်။
သို့သော် သူဖန်တီးထားသော သတ္တမမြောက် ကောင်းကင်ပုလဲသည် အခြားခြောက်ခုနှင့် နှိုင်းယှဉ်ပါက သိသိသာသာ တောက်ပနေပါသည်။
သူသည် မြေပြင်ကို ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်ပြီး....
"ကောင်းကင်ကိုးလွှာ ကျောက်တုံး ကန့်လန့်ကာ!"
ဝုန်းးးးးး
ကမ္ဘာမြေကြီးသည် နာခံမှုဖြင့် မြင့်တက်လာပြီး ကျုံးနန်၏ ၏ရှေ့တွင် ကျောက်သားအလွှာများတစ်လွှာပြီးတစ်လွှာဖွဲ့စည်းကာ အပြန်အလှန်အားဖြည့်ကြသည်။ ၎င်းတို့အား တောက်ပသော အဖြူရောင် စွမ်းအား ကြိုးများဖြင့် ချိတ်ဆက်ထားပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ အသည်းအေးစေလောက်သည်။
အစိမ်းရောင်အလင်းတန်းများ ကျောက်သားနံရံနှင့်တိုက်မိသွားသောအခါ တခဏချင်းမှာပဲ ကျောက်သားအလွှာသုံးခု ပြိုကျသွားလေသည်။
နောက်ထပ် ခြောက်လွှာ ကျန်နေသေးသည်။
သို့သော်လည်း ဒါဟာ အစပဲ ရှိပါသေးသည်။ ပထမအကြိမ် ရိုက်ခတ်မှုမှ ဖုန်မှုန့်များနှင့် အညစ်အကြေးများကြောင့် တိမ်တိုက်များ ပျောက်ကွယ်သွားချိန်တွင်၊ အတားအဆီးတစ်ခုစီကို ဖယ်ရှားရန်အတွက် နောက်ထပ်အလင်းတန်းသုံးလုံး ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်စွာ အော်ဟစ်သံနှင့်အတူ၊ မကြာမီ ကျန်ရှိသော အတားအဆီးများ ပြိုလဲသွားကာ ကျုံးနန်၏ ခန္ဓာကိုယ်ဆီသို့ ဉီးတည်မေသော နောက်ဆုံး အလင်းတန်းတစ်ခု ရှိနေသေးသည်။
အစိမ်းရောင်အလင်းတန်း သူ့ဆီသို့ တိုးဝင်လာနေသည့်အတွက် ကျုံးနန်သည် လေးလံသော ခြေဖြင့် နောက်ပြန်ဆုတ်လိုက်ပြီး သူ့ခြေဖဝါးသည် တောင်ကြီးနစ်ဝင်သွားသလို မြေကြီးထဲသို့ နစ်ဝင်သွား၏။
သူသည် ကျောက်သားအကာအကွယ်ရှိနေသောလက်နှစ်ဖက်ဖြင့် အစိမ်းရောင်အလင်းတန်းကို ကာကွယ်လိုက်သောလည်း
ရွှီးးးးးးး
အစိမ်းရောင်အလင်းတန်းသည် သူ့လက်နှစ်ဖက်ကို ထိမှန်ပြီး အရှိန်ပြင်းပြင်းနှင့် နောက်ပြန်ဆုတ်သွားခဲ့သည်။ သူသည်လည်း မီတာနှစ်ရာခန့်နောက်ဆုတ်ပေးလိုက်ရသည်။
မြေပြင်ပေါ်တွင် တူးမြောင်းအသေးစားနှစ်ခူသဖွယ်ခြေရာများကျန်ရစ်ခဲ့လေသည်။
သို့တိုင် ကျုံးနန်သည်အထိတ်တလန့် အရိပ်အယောင် မပြသေးဘဲ သူ့လက်ဖျံမှာ အက်ကြောင်းတစ်ခု ပေါ်လာသော်ကြောင့် အဖြူရောင် ပဲ့တင်ထပ်သံ စွမ်းအားများဖြင့်အလျင်အမြန်ဖာထေးနေရသည်။
ဝိုးးးး
ကြည့်ရှုနေသူတိုင်းလေအေးတစ်သုတ်ရှိုက်သွင်းမိလိုက်ကြသည်။ ကျုံးနန်သည် တကယ်သန်မာသူဖြစ်သောကြောင့်သာ မင်းသမီး၏ အကောင်းဆုံးတိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ပြီး အန္တရာယ်ကင်းစွာ ပေါ်ထွက်လာနိုင်သည်ဟု တွေးလိုက်မိသည်။
အပြာရောင်ချောက်နက်ကောလိပ်၏ကျောက်သားနံရံကြီးကို မည်သူမျှ ဖြိုဖျက်နိုင်မည့်ပုံမရပေ။
ကျုံးနန်ဘက်က အခုချိန်ထိ ထိုးစစ်တစ်ခုမျှ မပြုလုပ်ရသေးပေ။ သူ့ရဲ့ ကျွမ်းကျင်မှု အားလုံးကို ခံစစ်မှာ အာရုံစိုက်ထားပြီး သူ့ရဲ့ ပန်းတိုင်က အနိုင်ရဖို့ မဟုတ်ဘဲ ပြိုင်ဘက်ကို အားကုန်သည်အထိ အချိန်ဆွဲထားဖို့သာပင်.....
မီတာဝက်ရှည်သော အမွှေးတိုင်တစ်ချောင်းကို ခိုင်မြဲစွာစိုက်ထားသည့် စင်မြင့်ပေါ်ရှိ ကြေးအိုးကို ကျောင်းသားများ မကြာခဏ ကြည့်လိုက်သည်။ အမွှေးတိုင် ကုန်သွားသည်နှင့် သရေပွဲအဖြစ်ကြေငြာရတော့မည်။
မင်းသမီးသည် ပရိသတ်များကဲ့သို့ ကြောက်ရွံ့မှုမျိုး ခံစားမနေရပေ။ သူမ၏မျက်လုံးများသည် အရာအားလုံးကိုကြိုသိနေသလို တည်ငြိမ်နေခဲ့သည်။ အထူးသဖြင့် သူမ၏ သတင်းရင်းမြစ်များသည် ကြယ်တာယာခရီးရှည်ကောလိပ်မှ ပေးစွမ်းနိုင်သည်ထက် ကျော်လွန်နေသောကြောင့်ဖြစ်သည်။ ကျုံးနန်၏ တိုက်ပွဲမှတ်တမ်းများကို လေ့လာသောအခါတွင် ယခုမြင်နေရသည့် ခံစစ်စွမ်းရည်များကို ကောင်းစွာမှတ်တမ်းတင်ထားသည်ကို သူမတွေ့ခဲ့ရသည်။
သို့တိုင် သူမသည်လည်း ပြင်ဆင်လာခဲ့သည်။
ဘယ်သူက ပိုခံနိုင်ရည်ရှိလဲဆိုတာ စမ်းသပ်ကြည့်ကြတာပေါ့.....လွယ်လွယ်နဲ့ အရှုံးပေးမယ့်သူတော့ မဟုတ်ဘူး......
အာရုံစူးစိုက်မှုဖြင့် မျက်ခွံများ တဖျပ်ဖျပ်ခတ်ကာ သူမ၏နောက်ကွယ်မှ ကောင်းကင်ပုလဲခုနစ်လုံးကဲ့သို့ပင် စိမ်းလန်းသောလွမ်ရုပ်သည် သူမ၏ခြေရင်းအောက်တွင် ပေါ်လာပြန်သည်။ ယခုတစ်ခါတွင် ပုလဲများသည် အစိမ်းရောင်လွမ်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ဝှစ်.......
ကောင်းကင်ပုလဲတစ်ခုစီနှင့်ပေါင်းစပ်လိုက်သည့်အခါ အစိမ်းရောင်လွမ်သည် ပို၍အသက်ဝင်လာပြီး ယခင်ကထက်လည်းပိုအားကောင်းလာသည်။
မင်းသမီးသည် အစိမ်းရောင်လွမ်၏ ဦးခေါင်းပေါ်တွင် အတိအကျရပ်နေပြီး၊ သူမ၏ချယ်ရီရောင်နှုတ်ခမ်းများကိုဖွင့်ဟကာ တစ်စုံတစ်ခုကိုရေရွတ်လိုက်လေသည်။
"လျှို့ဝှက်သောအစိမ်းရောင်လွမ်ပညာရပ် ..... လွမ် လောင်ကျွမ်းခြင်း....."