လိပ်တစ်ကောင်ကိုအပြတ်နှံမယ်.....
Vol. 29 Ch. 401
အစိမ်းရောင်လွမ်၏ ရွှင်မြူးသော အော်သံသည် ၎င်း၏ အသံတုန်ခါမှုနှင့်အတူ လေထုကို တုန်လှုပ်စေခဲ့သည်။ ထို့နောက် ၎င်း၏နှုတ်သီးမှအစိမ်းရောင်မီးတောက်များပေါ်ထွက်လာပြီး ကျုံးနန်၏ အနီးတစ်ဝိုက်ရှိ ဧရိယာကျယ်ဝန်းကိုဝန်းရံလိုက်သည်။
အစိမ်းရောင် မီးတောက်များသည် အခြားသောမီးတောက်များနှင့်အတူဘဲ တမူ ထူးခြားသည်။ လေဓာတ်၏အနှစ်သာရကို အပူစွမ်းအားများ ဖမ်းစားထားသကဲ့သို့ သူတို့ဆီသို့ ပေါ့ပါးသော အလင်းရောင်တစ်ခုဖြင့် ရှေ့သို့ လွင့်ပျံလာသည်။မီးတောက်များသည် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို လောင်ကျွမ်းစေခဲ့သည်။
သစ်တောအတွင်း၌ အပူချိန် တဖြည်းဖြည်း မြင့်တက်လာသည်။
ယခုဆိုလျှင် ကျုံးနန်သည် သည် မီးပင်လယ်ထဲတွင် နစ်မြှုပ်နေသကဲ့သို့ပင်....
သူသည် ယခုအချိန်တွင် ပြင်းထန်သော စွမ်းရည်အဆင့်နှင့် မီးတောက်များ၏ တကယ့်ခြိမ်းခြောက်မှုကို အာရုံခံနေရပါသည်။ မင်းသမီးက သူ့အားကိုင်တွယ်ဖြေရှင်းရန် ဤလျှို့ဝှက်နည်းပညာကို အထူးပြင်ဆင်ထားသည်။ မီးတောက်များသည် မြန်ဆန်လွန်းပြီး ရှောင်တိမ်းဖို့အတွက်လည်း ကျယ်ပြန့်လွန်းသည်။ သူ့ရဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ထိပ်တိုက်ရင်ဆိုင်ဖို့သာပင်....
သို့ပေမယ့်...
အမှန်ပင် သူသည် ဉာဏ်ရည်ထက်မြက်မှု ကင်းမဲ့ခဲ့သည် ။
ကျုံးနန်သည် လက်နှစ်ဖက်ကို ရင်ဘတ်တွင်ယှက်ကာ မျက်လုံးမှိတ်လိုက်ပြီး သူ့ခြေဖဝါးအောက်တွင် အဖြူရောင်စွမ်းအားများ ဖွဲ့စည်းလာကာ သစ်ပင်၊ သစ်ရွက်၊ ပန်းပွင့်အစရှိသဖြင့် အဖြူရောင်စွမ်းအင်များနှင့် ထိမိသမျှ အရာအားလုံး ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
နေရာ၏အလယ်ဗဟိုတွင် ကျုံးနန်ကိုဗဟိုပြု၍ မီတာများစွာကျယ်သော ဧရိယာသည် ကျောက်သားများအဖြစ်သို့ ပြောင်းလဲသွားသည်။
ဘုန်းးးးးးး
အစိမ်းရောင် မီးတောက်များကလည်း အဆက်မပြတ် တောက်လောင်နေ၏။
ကျုံးနန်က အံတင်းတင်းကြိတ်ပြီး မတ်တပ်ရပ်နေသော်လည်း တုန်လှုပ်ခြင်းအလျင်းမရှိပေ။
"ခိုင်မြဲသောလွမ်ပညာရပ်...."
ရုတ်တရက် ကျုံးနန်သည် မီးခိုးရောင်အလင်းတန်းများနှင့်အတူ လေထုထဲသို့ ခုန်တက်သွားသည်နှင့်တစ်ပြိုင်နက် ကျောက်သားများကွဲအက်ကာ အမှုန့်ဖြစ်သွားပြီး မီတာဒါဇင်များစွာမြင့်သော မီးခိုးရောင်လိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဧရာမလိပ်ကြီးသည် ငြိမ်သက်စွာရပ်နေပြီး ၎င်း၏ရှေးဟောင်းလိပ်ခွံထဲမှနေ၍ အေးစက်သောအမူအရာဖြင့်စိုက်ကြည့်နေ၏။
အစိမ်းရောင် မီးတောက်များကလည်း ကောင်းကင်ပေါ်ကနေ မီးသီးမိုးပေါက်များသဖွယ်ကျဆင်းလာပြီး မြေပြင်တခွင်ကို လောင်ကျွမ်းစေသည်။
ကျောက်သားလိပ်ကြီးသည်။ တစ်လက်မမျှ မတက်ဘဲ ငြိမ်သက်စွာ ရပ်နေပြီး မီးဒဏ်ကိုကြံ့ကြံ့ခံနေ၏။
ပွဲကြည့်စဉ်မှ ကျောင်းသားများ ထိုမြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်သွားကြသည်။ ယခင်က စိမ်းလန်းစိုပြေခဲ့သော တောအုပ်တစ်ခုသည် ယခုအခါတွင် အစိမ်းရောင်မီးတောက်များ တောက်လောင်နေပြီး ဤတောမီးအလယ်တွင်၊ ကျောက်သားလိပ်တစ်ကောင်သည် မလှုပ်မယှက် ရပ်နေ၏။
လီလော့သည်လည်း အခြားသူများနည်းတူ အံ့အားသင့်နေခဲ့သည်။
"ဒါက ကောင်းကင်နစ်မြုပ်ခြင်းအဆင့်ရဲ့ စွမ်းအားလား?"
အစိမ်းရောင်မီးပင်လယ်နှင့်ကျောက်သားလိပ်ကြီးတို့သည် လီလော့၏ကိုယ်ပိုင်စွမ်းရည်ထက် သာလွန်သော စွမ်းအားပမာဏကို ပြသခဲ့သည်။
သူသည် ယခုအချိန်တွင် ဆရာသခင်အဆင့် တစ်ယောက်အနေဖြင့် မလုံလောက်သလိုပင်ခံစားနေရသည်။
သို့တိုင် လုံးဝ စိတ်ဓာတ်မကျခဲ့ပေ။ ကောင်းကင်နစ်မြုပ်ခြင်း စစ်သူကြီးအဆင့်သည် ယခုအချိန်တွင် ဝေးကွာသော အိပ်မက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သုံးနှစ်အတွင်း သူရောက်ရှိနိုင်မည်ဟု ယုံကြည်ချက်အပြည့်ရှိသည်။
ဒါမှမဟုတ် သေခြင်းတရားနှင့်ရင်ဆိုင်ရလိမ့်မည်။
"ခေါင်းဆောင်...ကျုံးနန် ဒါကို ခံနိုင်ရည်ရှိမယ်လို့ ထင်လား" ပိုင်မျန်မျန်က တိုးတိုးလေးပြောပြီး ညှို့အားပြင်းတဲ့ မျက်လုံးတွေနဲ့ တိုက်ပွဲအခြေနေကိုစောင့်ကြည့်နေသည်။
အပြင်ကနေတောင်အစိမ်းရောင်မီးတောက်များ၏အပူဒဏ်ကို ခံစားနေရသလို ဖြစ်နေသဖြင့် ကျုံးနန်အတွက် စာနာစိတ်ဝင်နေမိသည်။သေချာတာကတော့ ကျုံးနန်
အနိုင်ရမယ်လို့ မမျှော်လင့်ထားပေမယ့် သူ့အခြေအနေက တကယ်ကို ဆိုးရွားလှပါသည်။
မီးတောက်များအလယ်တွင် လိပ်ကြီးတစ်ကောင် အသည်းအသန်ရုန်းကန်နေသည်မှာ အံ့ဖွယ်မြင်ကွင်းတစ်ခုလိုပင်.....
လီလော့က မီးတောက်များကို ဂရုတစိုက်ကြည့်နေပြီး...
"ဒီတိုက်ပွဲသာ သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်ရင် ဘယ်သူအနိုင်ရမယ်ဆိုတာ ပြောဖို့ခက်တယ်.... ဒါပေမယ့် ဒါက အချိန်ကိုက်တိုက်ပွဲဆိုတော့ မင်းသမီးရဲ့ အစိမ်းရောင်
မီးတောက်တွေက အံ့မခန်းပဲ.... ဒါပေမယ့် ကျုံးနန်ရဲ့ ဂုဏ်သတင်းက ဒီမီးတောက်တွေထက်တောင် ပိုပျံ့နှံ့သွားနိုင်တယ်လို့ထင်မိတယ်.... မင်းသမီးကဒီလှုပ်ရှားမှုနဲ့ သူ၏ စွမ်းအားကို စမ်းသပ်နေတာ... ကျုံးနန်တစ်စက်လေး သတိလွတ်သွားတာနဲ့ သူ့ရဲ့ ပြီးပြည့်စုံတဲ့ ခုခံကာကွယ်မှု ပြိုပျက်သွားမှာပဲ...ဒီလိုသာဆို မင်းသမီးအနိုင်ရဖို့သေချာသွားပြီ......"
"ဒါပေမယ့် ကျုံးနန်လို ရှုံးပွဲမရှိခဲ့တဲ့သူက လွယ်လွယ်နဲ့ ယိမ်းယိုင်သွားလိမ့်မယ် လို့ မင်းထင်လား...."
ပိုင်မျန်မျန် ခေါင်းခါလိုက်သည်။
ပရိသတ်ရဲ့ အားပေးမှုတွေက အသံတိတ်သွားပြီး အားလုံးက လိပ်ကြီး ကျရှူံးမယ့်အချိန်ကို စောင့်ကြည့်နေကြသည်။ တိုက်ခိုက်ရေးသမားတွေရဲ့ အနေအထားက ကျောင်းသားတွေကို ကျုံးနန်ကို အားပေးချင်စိတ် ဖြစ်စေခဲ့ပြီး ကြယ်တာယာခရီးရှည်ကောလိပ်ကျောင်းသားများရဲ့ နှလုံးသားတွေကိုတောင် လှုပ်ရှားသွားစေခဲ့သည်။
"အပြာရောင်ချောက်နက်ကောလိပ်က သူ့အတွက် အရမ်းဂုဏ်ယူရမယ်..." လို့ ဒုကျောင်းအုပ်စုရှင်းက အပြာရောင်ချောက်နက်ကောလိပ်၏ ဒုကျောင်းအုပ် ချွဲ့ဂျီဇီကိုပြောလိုက်သည်။
ချွဲ့ဂျီဇီက ပြုံးလိုက်ပြီး....
"ဒီကလေးက ကျောက်ဟွေရင်းလောက် မပါးနပ်ဘူး.... ဒါပေမယ့် ခရမ်းအဆင့် နည်းပြတွေက သူ့အနာဂတ်ကို အတောက်ပဆုံးလို့ ထင်နေကြတယ်..."
စုရှင်း ခေါင်းညိတ်သဘောတူသည်။
ကျောက်သားလိပ်ကြီး၏ အားနည်းချက်ကို ရှာဖွေရင်း ဟိန်းဟောက်သံနှင့် မီးတောက်သံမှလွဲ၍ အားလုံး တိတ်ဆိတ်သွားကြသည်။
ထိခိုက်မှုမရှိခဲ့ပေ။ မီးတောက်များကြောင့် လိပ်ခွံ၏ အပေါ်ယံကျောက်သားများကိုသာ ပျက်စီးစေခဲ့ပြီး ကျောက်တုံးများနှင့် ဖုန်မှုန့်များ အခွံမှ ကွာကျသွားသည်။
ကြီးမားသော အပိုင်းအစများ ကြွေကျလာပြီး မီးလောင်ဒဏ်ရာများ ပိုမိုနက်ရှိုင်းလာကာ အားနည်းချက်များအဖြစ် ပြောင်းလဲလာသည်။
ကျုံးနန်သည်မီးတောက်များကြားတွင် မလှုပ်မယှက်ရုပ်တုတစ်ခုလို ရပ်နေ၏။
သို့တိုင် မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းသွားကြောင်း ကျွမ်းကျင်သူများ သိကြသည်။ ၎င်းတို့သည် ကြာရှည်စွာ မတည်တံ့နိုင်ပေ။
အစကတည်းက ရလဒ်ကို ဆုံးဖြတ်ပြီးသားပင်...
အချိန် တရွေ့ရွေ့ကုန်ဆုံးနေ၏။
လိပ်ကြီးသည် အားပျော့သွားကာ နောက်ဆုံးတွင် ကန့်သတ်ချက်သို့ ရောက်သွားခဲ့ပြီး ချက်ချင်းဆိုသလို အဖြူရောင်ပြာများအဖြစ်သို့ ပြိုကျသွားသည်။
ထိုအခါ ကျုံးနန်သည် အစိမ်းရောင် မီးတောက်များဖြင့် ဝန်းရံနေဆဲ တိမ်တိုက်ထဲတွင် ပေါ်လာသည်။
ပွဲကြည့်နေသူများ စိတ်ပူနေသလောက် ကျုံးနန်ကတော့ အေးအေးဆေးဆေးနှင့် မီးထဲသို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ကျုံးနန် နင်းလိုက်သည့်အခါ မီးတောက်များငြိမ်းကျသွားလေ၏။
ခဏအကြာတွင် မီးတောက်များ လုံးလုံး ငြိမ်းသွားပြီး မြေပြင်ပေါ်တွင် အနက်ရောင်စွန်းထင်းများသာ ကျန်ရစ်ခဲ့လေသည်။
ကျုံးနန်က မီးလောင်ပြင်ထဲကနေ လေထုထဲတွင် လွင့်မျောနေဆဲ မင်းသမီးကို မော့ကြည့်လိုက်သည်။
"တိုက်ပွဲအတွက် ကျေးဇူးတင်ပါတယ်...."
မင်းသမီးက တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြန်ပြုံးပြပြီး ကုန်ဆုံးသွားသည့် အမွှေးတိုင်ကိုလှမ်းကြည့်လိုက်သည်။
တိုက်ပွဲက ပြီးသွားခဲ့ပြီ.....
ဒေါင်!
စစ်မြေပြင်အနှံ့ အချက်ပေးမောင်းသံလွင့်ပျံလာသည်။
ပထမပွဲ.... သရေ.....