← Chapters

ပွဲစဉ်နှစ်.....

Vol. 29 Ch. 402

ပွဲစဉ်နှစ်.....

Vol. 29 Ch. 402

ပထမတိုက်ပွဲပြီးဆုံးသွားချိန်တွင် ပွဲကြည့်စဉ်တစ်ခုလုံးတိတ်ဆိတ်စွာသွားလေ၏။ မင်းသမီးနှင့်ကျုံးနန်တို့သည် လူအုပ်ကြီးရှေ့တွင် အကြာကြီး ငြိမ်သက်စွာ ရပ်နေပြီး မှင်သက်မှုကိုကနေ နိုးထလာဖို့အချိန်တခဏတော့ယူလိုက်ရသည်။

ကြီးကျယ်ခမ်းနားသော စွမ်းရည်များကြောင့် မင်းသမီးကြီးရော ကျုံးနန်ပါ အထင်ကြီးလေးစားခံခဲ့ရသည်ါ

သရေပွဲနဲ့ ပြီးဆုံးခဲ့ပေမယ့်လည်း အပြစ်ရှာမတွေ့ခဲ့ပေ။ သူတို့နှစ်ယောက်လုံး အကောင်းဆုံး ပြင်ဆင်မှုတွေ လုပ်ခဲ့ကြပြီး အကောင်းဆုံးစွမ်းရည်တွေ ဖလှယ်ခဲ့ပြီး ပိုမိုမြင့်မားသော အသစ်အသစ်များကို ယူဆောင်လာခဲ့ကြသည်။

"ကောင်းကင်နစ်မြှုပ်ခြင်းအဆင့် တိုက်ပွဲတွေက တကယ်ကို ထူးခြားလွန်းတာပဲ"

ထိုသို့ပြောနေရင်း လီလော့ ပင့်သက်ရှိုက်လိုက်မိသည်။

ရလဒ်ကို အနည်းနှင့်အများ ခန့်မှန်းနိုင်သော်လည်း အသည်းတထိတ်ထိတ်နှင့် ကြည့်ရှုရခြင်းမှာလည်း ခံစားမှုတစ်မျိုးလေးပင်..... ဤတိုက်ပွဲသာ ​သေခြင်းရှင်ခြင်းတိုက်ပွဲဖြစ်ခဲ့ပါလျှင် အခြားသော ဝှက်ဖဲချပ်များကို ထုတ်သုံးကြလိမ့်မည်။

ကျုံးနန်သည် သူ၏ရှုံးပွဲမရှိဂုဏ်ပုဒ်ကိုထိန်းထားနိုင်ခဲ့ပြီး မင်းသမီးကလည်း သာမန်ထက်ထူးခြားသော စွမ်းအားကို ပြသခဲ့ပြီး ကြယ်တာယာခရီးရှည်ကောလိပ်ကို ဂုဏ်တက်စေသည်။

လူအုပ်ကြီး တဖြည်းဖြည်း ငြိမ်သက်သွားပြီးနောက် ရုတ်တရတ် အော်ဟစ်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာပြသည်။

ဒီတစ်ခေါက် အားပေးခံရသူက ကုန်းရှန်ကျွင်းပင်......

ကုန်းရှန်ကျွင်းတစ်ယောက် ပူလောင်နေသော စစ်မြေပြင်ဆီသို့ ဖြည်းညှင်းစွာ ဆင်းလာသည်ကို လီလော့ မြင်လိုက်ရသည်။

သူသည် အဖြူရောင်၀တ်စုံ ၀တ်ဆင်ထားပြီး ထုံးစံအတိုင်း ချောမောပြီး ဆွဲဆောင်မှုရှိသည့်အပြင် ကြယ်တာယာခရီးရှည်ကောလိပ်၏အမာခံခုနှစ်ဉီးစာရင်းဝင်ဖြစ်သောကြောင့် မိန်းကလေးများက သဲသဲလှုပ်အားပေးနေကြသည်။

တည်ကြည်မြင့်မြတ်သည့် ကိုယ်ယောင်ကိုယ်ဝါများဖြာထွက်နေသော ကုန်းရှန်ကျွင်းကို တော်ဝင်အကြီးအကဲများက ခေါင်းညိတ်အသိမှတ်ပြုနေကြ၏။

"ကိုယ်စားအုပ်ချုပ်သူကတော့ ဂုဏ်ယူစရာသားတစ်ယောက်ရထားတာပဲ....."

ဂျိယန်အိမ်တော်သခင် ဇူချင်းဟောင်၏စကားကို ဒူဇီအိမ်တော်သခင် ဇူယန်က သဘောတူသည့်အနေဖြင့်ခေါင်းညိတ်လိုက်ပြီး......

"ဒီလိုထူးချွန်တဲ့ မျိုးဆက်သစ် လူငယ်လေးက ခင်ဗျားအတွက် ကြီးမြတ်တဲ့ ဆက်ခံသူ ဖြစ်လာမည်မှာ သေချာတယ်...."

ကိုယ်စားအုပ်ချုပ်သူက သူတို့ကို နွေးထွေးစွာ ပြုံးပြလိုက်ပြီး....

"ချီးကျူးလွန်းနေပါပြီ.... ဒါတွေအားလုံးက ကောလိပ်ရဲ့ ပြုစုပျိုးထောင်မှုတွေကြောင့်ပဲလေ....ဒီလိုသာမဟုတ်ရင် ရှန်ကျွင်း ဒီလောက်ထိထူးချွန်လာမှာမဟုတ်ဘူး...."

"ချီးကျုးလွန်းနေပြန်ပါပြီ "... လို့ ဒုကျောင်းအုပ်စုရှင်းက ပြုံးပြီး ပြန်ဖြေလိုက်သည်။

"ကုန်းရှန်ကျွင်းရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ကြိုးစားမှုကို နည်းပြတွေနဲ့ ရွယ်တူတွေကတောင် မှတ်သားထားကြပါတယ်.... အခုလိုချီးကျူးမှုခံရတာက ကံကောင်းရုံသက်သက်နဲ့ ရရှိခဲ့တာ မဟုတ်ပါဘူး...."

ထိုအခါ ....ဧကရာဇ်ငယ်လေးက မျက်မှောင်ကြုတ်လိုက်သည်။

“အစ်မလည်း အရမ်းတော်တာပဲ” ဟု ကျယ်လောင်စွာအော်လိုက်လေသည်။

တခြားသူတွေက အနည်းငယ် အံ့သြသွားသော်လည်း ခေါင်းညိတ်လိုက်ကြသည်။

"မှန်ပါတယ်.... အရှင်မင်းကြီး....မင်းသမီးရဲ့ ထူးချွန်မှုက ငါတို့ရဲ့နှလုံးသားအားလုံးကို ဖမ်းစားထားနိုင်တယ်ဆိုတာ ဘယ်သူ သံသယရှိနိုင်မှာလဲ...."

ထိုအချိန်တွင် အပြာရောင်ချောက်နက်ကောလိပ်မှ လျန်ခွန်းက တိုက်ပွဲကွင်းပြင်ထဲသို့ရောက်နေခဲ့ပြီ.....

သူသည် အနက်ရောင်ကို ၀တ်ဆင်ထားပြီး အဖြူရောင်ဝတ်ဆင်ထားသော ကုန်းရှန်ကျွင်းနှင့်ယှဉ်လိုက်သည့်အခါ အရာရာဆန့်ကျင်ဘက်ဖြစ်နေလေ၏။

ကြယ်တာယာခရီးရှည်ကောလိပ်မှ မိန်းကလေးများ သူ့ထံမှ မျက်လုံးလွှဲသွားကြသည်။

ထိုအပြုအမူကို ကျင့်သားရနေပြီးဖြစ်သောကြောင့် လျန်ခွန်းသည် ပြိုင်ဘက်ကိုသာ ခပ်တင်းတင်း စိုက်ကြည့်နေသည်။

လျန်ခွန်းသည် ယဉ်ကျေးပျူငှာသော နှုတ်ဆက်မှုများကိုဘေးချိတ်ထားပြီးလက်ကို လှည့်၍ ရှည်လျားသော အနက်ရောင်လှံတစ်ချောင်းကို ထုတ်ကာ စွမ်းအားများထုတ်ဖော်လိုက်လေသည်။

လျန်ခွန်း၏အနက်ရောင်လှံသည် စွမ်းအင်များဖြင့် တုန်ခါနေပြီး ၎င်း၏ ရိုးတံပေါ်တွင် အာရုံကိုဖမ်းစားနိုင်သော ရွှေတံဆိပ်တစ်ခု ရှိသည်။

ဤအရာသည် ရွှေမျက်လုံးအဆင့် အဖိုးတန်ပစ္စည်းတစ်ခုဖြစ်သည်။

ဘုန်းးးးးး

လျန်ခွန်း၏ပတ်ပတ်လည်တွင် လျှပ်စီးစွမ်းအားများပေါက်ကွဲထွက်ကာ လျှပ်စီးမုန်တိုင်းတစ်ခုစတင်ဖြစ်ပေါ်လာသည်။ ထိုလျှပ်စီးမုန်တိုင်းအလယ်တွင် စွမ်းအားပြင်းထန်သော ကောင်းကင်ပုလဲ​ခြောက်လုံးရှိနေသည်ယ

လျှပ်စီးကြောင်းများသည် ထူးခြားသောအပြာရောင်နှင့်အဖြူရောင်များရောယှက်နေပြီး ၎င်းတို့ထဲတွင် နတ်ဆုံးမျက်နှာတစ်ခုကို ဝိုးတဝါးတွေ့မြင်နေရသည်။

လျန်ခွန်းသည် ပြိုင်ဘက်ကို စမ်းသပ်ရန် ရည်ရွယ်ချက်မရှိဘဲ စတင်တိုက်ခိုက်ဖို့သာစိုင်းပြင်းနေသည်။

ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အစပြုမှုကို ရင်ဆိုင်ရင်း၊ ကုန်းရှန်ကျွင်းကလည်း အနည်းငယ်ပြုံးကာ သူ့ကိုယ်ပိုင် ငွေလှံကို ဆွဲထုတ်လိုက်သည်။

ကုန်းရှန်ကျွင်း၏လက်နက်ကလည်း လျန်ခွန်း၏လက်နက်လို ရွှေမျက်လုံးအဆင့်အဖိုးတန်ရတနာတစ်ခုသာပင်......

ကုန်းရှန်ကျွင်းထုတ်ဖော်လိုက်သော

ငွေဖြူရောင် ပဲ့တင်ထပ်သံ စွမ်းအားများသည် ကြီးမားသော ငွေရောင်နဂါးတစ်ကောင်အဖြစ်စတင်ရုပ်လုံးပေါ်ဖွဲ့စည်းနေခဲ့သည်။

ငွေရောင် နဂါးကြီးရဲ့ လှပတဲ့အကြေးခွံတွေက အသက်ရှုကြပ်လောက်အောင်ဖိအားများပေးစွမ်းနေပြီး ချွန်မြသောလက်သည်းများကလည်း လူတစ်ယောက်ရဲ့အသက်ကို အသာအယာနှုတ်ယူနိုင်စွမ်းရှိပုံရသည်။

လီလော့က အရွယ်အစားကြီးမားသော နဂါးကြီးကို စိတ်ဝင်တစား ကြည့်နေသည်။ ရှင်းပါတယ်၊ ဒါက ကုန်းရှန်ကျွင်း ယရဲ့ ပဲ့တင်ထပ်သံပါပဲ.....

အဆင့်ရှစ်အဆင့်မြင့်... ငွေနဂါးပဲ့တင်ထပ်သံ.....

လီလော့အတွက် အစစ်အမှန်နဂါးတစ်ကောင်ကို အမှန်တကယ်မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ကုန်းရှန်ကျွင်းသည် ထိုနေရာတွင် မရပ်လိုက်သေးဘဲ သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များသည် ပိုမိုအားကောင်းလာကာ၊ ထို့နောက်တွင် ကောင်းကင်ပုလဲခုနစ်လုံးသည် သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး ငွေရောင်အလင်းတန်းများဖြင့် လင်းလက်တောက်ပနေ၏။

၎င်းတို့သည် မင်းသမီး၏ပုလဲများထက်ပင် တောက်ပနေလေသည်။

ကောင်းကင်ပုလဲခုနစ်လုံးသည် မယုံနိုင်လောက်အောင် အစွမ်းထက်ပြီးသားဖြစ်သော်လည်း၊ ဤအရာသည် ကုန်းရှန်ကျွင်း၏ စွမ်းအားပြည့်မဟုတ်သေးကြောင်း တစ်နည်းနည်းဖြင့် သံသယဝင်နေမိသည်။

အမှန်ဆိုလျှင်၊ သူသည် လျန်ခွန်းလိုပြိုင်ဘက်ကို တွန်းလှန်ရန် သာမာန်ထက်လွန်ကဲသောယုံကြည်မှု လိုအပ်သည်။

လီလော့ ကုန်းရှန်ကျွင်းကို အကဲခတ်နေစဉ်တွင် ပြိုင်ပွဲဝင်နှစ်ယောက်ကတော့ စတင်တိုက်ခိုက်နေပြီဖြစ်သည်။

"ကြယ်တာယာခရီးရှည်ကောလိပ်ကကျောင်းသား ကုန်းရှန်ကျွင်း ကျုပ်က အပြာရောင်ချောက်နက်ကောလိပ်က လျန်ခွန်းဆီကနေ တချို့အရာတွေသင်ယူချင်ပါတယ်....."

လျန်ခွန်းသည် ကုန်းရှန်ကျွင်း၏ ထက်မြက်သော အသွင်အပြင်ကို ကြောက်ရွံ့ခြင်းမရှိဘဲ ထက်မြက်သော ပြိုင်ဘက်ကို ကြည့်လိုက်သည်။ သူသည် လှံကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး စူးစူးဝါးဝါး အသံကြီးဖြင့်......

"တစ်ကွက်ပဲ....."

"ဟမ်?"

"ငါ့ရဲ့တိုက်ခိုက်မှု တစ်ကွက်ကို ခံနိုင်ရည်ရှိမယ်ဆို ငါရှုံးပေးမယ်......"

ကုန်းရှန်ကျွင်း ရယ်နေ၏။

"မင်းက စွန့်စားရတာကြိုက်တယ်ပေါ့..... ဒီတိုက်ပွဲမှာ သရေရဖို့ ကြိုးစားနေတာလား..... ဒါက အပြာရောင်ချောက်နက်ကောလိပ် ရဲ့ အစီအစဉ်ပဲလား..."

ကုန်းရှန်ကျွင်းက သူ့ကို ပြုံးပြပြီး ငွေရောင်လှံကို တင်းတင်းဆုပ်ကိုင်ထားကာ....

"မင်းဟာ ငါတို့ရဲ့ အဝေးက ဧည့်သည်တွေပဲ

.... ကျောင်းနဲ့ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ အိမ်ရှင်အနေနဲ့ မင်းရဲ့ တောင်းဆိုမှုကို ငါဖြည့်စည်းပေးမယ်....."

"ဒါဆို သူငယ်ချင်း... ငါ့ဆီလာခဲ့...."

All Chapters