← Chapters

မုန်တိုင်းနတ်ဆိုးလှံတံ.....

Vol. 29 Ch. 403

မုန်တိုင်းနတ်ဆိုးလှံတံ.....

Vol. 29 Ch. 403

ဘုန်းးးး

သူ့ရဲ့စိန်ခေါ်မှုကို ကုန်းရှန်ကျွင်း လက်ခံလိုက်တာနဲ့ လျန်ခွန်းရဲ့ ခန္ဓာကိုယ်ထဲကနေ လျှပ်စီးကြောင်းတွေ ထွက်ပေါ်လာပြီး လေထုထဲခုန်တက်လိုက်လေသည်။ထိုအခါ တိမ်မည်းများသည် မည်သည့်နေရာမှ စတင်ပေါ်ပေါက်လာသည်မှန်းမသိဘဲ စတင်စုဝေးလာသည်။

အားကောင်းသော လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် ကျဆင်းလာသော်လည်း ကုန်းရှန်ကျွင်းကိုရည်ရွယ်နေခြင်းမဟုတ်ဘဲ လျန်ခွန်းပေါ်သို့ ဆင်းသက်လာခဲ့သည်။

ဘုန်းးးးးးးး

လျှပ်စီးကြောင်းကြောင့် လျန်ခွန်း၏ ကောင်းကင်ပုလဲခြောက်လုံး တုန်လှုပ်သွားပြီး ယခင်ကထက် ပိုမိုတောက်ပလာခဲ့သည်။

လျန်ခွန်းက အသက်ပြင်းပြင်းရှူရင်း သူ့မျက်လုံးတွေက စွမ်းအားတွေ တောက်လောင်နေတာကြောင့် နဂိုကထက်ပင်တင်းမာနေ၏။

လှံနက်ဆီသို့ ခွန်အားအပြည့်ဖြင့် စီးဆင်းနေသော လျှပ်စီးကြိုးငယ်များသည် ယခုအခါ ပို၍ပင်ထူထဲလာကြသည်။ ကောင်းကင်ပုလဲခြောက်လုံးသည် လှံနက်ထဲသို့ ဝင်လာပြီး ၎င်းပတ်ပတ်လည်ရှိ လေထုသည်လည်းပုံပျက်သွားသည်။

လျန်ခွန်းသည် ရာစုနှစ်၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုအတွက် အားဖြည့်လုပ်ဆောင်နေသည်မှာ ရှင်းရှင်းလေးပင်.....

တစ်ဖက်တွင်မူ...ကုန်းရှန်ကျွင်းသည် အနှောင့်အယှက်မဖြစ်အောင် ငြိမ်နေပြီး လျန်ခွန်းကို ပြင်ဆင်ရန် လုံလောက်စွာအချိန်ပေးနေခဲ့သည်။

အကယ်၍ ကုန်းရှန်ကျွင်းသာ အဆုံးတွင် အနိုင်ရခဲ့ပါက၊ သူသည် တိုက္ပြဲကို အနိုင်ယူရုံသာမက တက်ရောက်လာသူတိုင်း၏ နှလုံးသားနှင့် ချီးကျူးမှုကိုလည်း ရရှိမည်ဖြစ်သည်။

ကုန်းရှန်ကျွင်းသည် ထိုရလဒ္ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။

အချိန်တိုအတွင်း လျန်ခွန်းသည် ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုကို စတင်လိုက်သည်။ သူသည်လက်နက်ထဲသို့ ပို့လွှတ်ထားသာလျှပ်စီးကြောင်းများကို သေချာစွာထိန်းချုပ်လှည့်ပတ်နေပြီး လွ်ပ္စီး အနည်းငယ်သည် သူ့ထံမှ လွတ်ထွက်သွားပြီး မြေပေါ်သို့ ခုန်တက်သွားသည်။

ထိုတိုက္ကြက္က အမာခံခုနှစ်ဉီးထဲမှ တစ်ဉီးဖြစ်သော ကုန်းရှန်ကျွင်းကိုပင် တုန်လှုပ်ခြောက်ခြားစေနိုင်စေသဖြင့် သာမန်ကျောင်းသားများအနေဖြင့် ဘာဖြစ်မည်ကို စိတ်ကူးတောင် ယဉ်နိုင်ကြမည်မဟုတ်ပေ။

ဤတိုက်ခိုက်မှုသည် ၎င်းတို့အား လောင်ကျွမ်းပြာကျစေနိုင်လောက်သည်။

ဖျစ်စ်စ်စ်.....

ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အဖြူရောင်အခိုးအငွေ့များ လျန်ခွန်း၏ ၏ အံကြိတ်နေသော သွားကြားထဲမှထွက်ပေါ်လာပြီး သူ၏လှံသည် စွမ်းအားကြီးမားပြီး လွ်ပ္စီးလက္သလို ဖြတ်ကျော်ကာ လေထဲတွင် လျှပ်စီးကြောင်းပုံသဏ္႑ာန်ဖြစ် ပေါ်လာစေသည်။

ထိုပုံသဏ္႑ာန်မှာ ပေပေါင်းများစွာရှည်လျားပြီး လက်လေးချောင်းပါရှိသည်။ ၎င်း၏အသွင်အပြင်အစစ်အမှန်ကို မှောင်ရိပ်ထဲတွင် ဖုံးကွယ်ထားသော်လည်း ၎င်းမှဖြာထွက်နေသော ကြီးကျယ်ခမ်းနားသော ရောင်ဝါသည် နတ်ဆိုးတစ်ကောင်နှင့်ထပ်တူကျနေသည်။

ဒီတိုက်ခိုက်မှုကို ငါက မုန်တိုင်းနတ်ဆိုးရဲ့ လှံလို့ခေါ်တယ်.....ဒါပေမယ့် ဒီစွမ်းအားက မင်းကို အများကြီး ထိခိုက်ဖို့ မလုံလောက်ဘူးဆိုတာ ငါသိတယ်"

လျန်ခွန်းက ထိုသို့အော်ဟစ်လိုက်သည်။

"ဆိုတော့..."

လွံနက္ကို ဆုပ်ကိုင်ထားသော လက်သည် ရုတ်တရက် ပေါက်ကွဲသွားပြီး သူ့လက်ချောင်းများမှ သွေးများကလည်း အခိုးအငွေ့များအဖြစ် ပျောက်ကွယ်သွားခဲ့ပြီး ၎ကို လှံအတွင်းသို့ စုပ်ယူလိုက်ရာ ရုတ်တရက် အနက်ရောင်မှ အနီရောင်သို့ အရောင်ပြောင်းသွားခဲ့သည်။

၎င်းပေါ်ရှိ လျှပ်စီးကြောင်းသည်လည်း ဖြူပြာရောင်မှ နတ်ဆိုးဆန်သောအနီရောင်သို့ ပြောင်းလဲသွားခဲ့သည်။

လှံ၏အော်ရာသာ်လည်း နှစ်ဆတိုး၍ တောက်ပလာသည်။

ရုတ်တရတ် ဆိုးသွမ်းတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်သွားပြီး ပရိသတ်တွေကြား ကြောက်လန့်မှုများလည်း မြင့်တက်သည်။

သူ့လက်ချောင်းတွေကို စတေးပြီးတဲ့အခါမှာတော့ လျန်ခွန်းရဲ့နောက်ကွယ်က မုန်တိုင်းနတ်ဆိုးက လွံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီးခြေတစ်လှမ်းရှေ့တိုးလာလေ၏

ထိုအခိုက်အတန့်တွင် အချိန်များရပ်တန့်နေသလိုပင်ခံစားလိုက်ရသည်။

ဘုန်းးးးးးးး

သွေးလျှပ်စီးကြောင်းများ လေထုထဲတွင်လင်းလက်သွားသည်နှင့်အမျှ မိုးခြိမ်းသံတစ်ခု လေထုတစ်ခွင်ပျံ့နှံ့နေသည်ယ

အရှိန်ပြင်းပြင်းဖြင့် ရွေ့လျားနေသော လျန်ခွန်းကို ပရိသတ်အနည်းငယ်ကသာ ခြေရာခံနိုင်ခဲ့သည်။ အမ်ားစုကေတာ့ အနီရောင်လျှပ်စီးကြောင်းတစ်ခုကိုသာမြင်တွေ့နေရသည်။

အနီရောင်လျှပ်စီးက သူ့ရဲ့လမ်းကြောင်းမှာရှိတဲ့ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး ဤသည်မှာ လျန်ခွန်း စုဆောင်းခဲ့သော ပြင်းထန်သည့်စွမ်းအားများဖြစ်ကာ ၎င်းအတွက် သူ့လက်ကိုပင် စတေးခဲ့လေသည်။

ကုန်းရှန်ကျွင်းက တည်ငြိမ်စွာဖြင့် သူ့ဆီသို့ ဉီးတည်လာနေသော လှံတံ၏အော်ရာများကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"အပြာရောင်ချောက်နက်ကောလိပ်ရဲ့ မြင့်မြတ်တဲ့လှံသမားပီသပါပေတယ်.... "

ဝုန်းးးးးးးးး

"ဒါပေမယ့်....မလုံလောက်သေးဘူး...."

ကုန်းရှန်ကျွင်း၏ မျက်လုံးများသည် ငွေရောင် စွမ်းအားများဖြင့် တောက်ပနေပြီး သူ့မျက်ဝန်းများသည် အရွယ်အစားကြီးမားသော နဂါးကြီး၏မျက်လုံးနှင့်တစ်ထပ်တည်းကျလောက်အောင်တူညီနေသည်။ သူ့လက်ထဲတွင် ငွေလှံသည် အရည်အဖြစ်သို့ ပုံသဏ္႑ာန်ပြောင်းသွားပြီး နောက်ဆုံးတွင် သူ့အရေခွံအောက်သို့ လှံတက်တူးအဖြစ် မနစ်မြုပ်မီ သူ့လက်မောင်းတစ်ဝိုက်တွင် ရစ်ပတ်ထားသော ငွေရောင်နဂါးအသေးစားလေးအဖြစ် ပြောင်းလဲသွားသည်။

ကုန်ရှန်ကျွင်းသည် ငွေရောင်အလင်းတန်းဖြင့် တောက်ပနေသော ထိုလက်ချောင်းကို မြှောက်လိုက်သည်။

"နဂါးဝိဉာဉ်လက်သည်းစွယ်......"

ဝေါင်းးးးးးးးးးးး

ကုန်းရှန်ကျွင်း၏လက်ချောင်းမှ ငွေရောင်အလင်းတန်းများ ထွက်လာပြီး နဂါး၏ အံမခန်းသောဟိန်းဟောက်သံနှင့်အတူ သူ၏လက်ချောင်းထိပ်မှ တောက်ပြောင်နေသော အကြေးခွံများနှင့် အစွယ်များပါရှိသော နဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။

နဂါးဝိညာဉ်နှင့် မုန်တိုင်းနတ်ဆိုးလှံတံတို့တွေ့ဆုံကြရာဝယ်........

ဘုန်းးးးးးးးးးးးးးး

သက်ရောက်မှု ကြီးမားလွန်းသဖြင့် တိုက်ပွဲကွင်းပြင်တစ်ခုလုံး ရစရာမရှိအောင်စုတ်ပြတ်သတ်နေလေပြီ။

နောက်ဆက်တွဲငလျင်သည် ပင့်ကူအိမ်များကဲ့သို့ အပြင်ဘက်သို့ ဖြာထွက်ကာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော အက်​ကြောင်းများအဖြစ်ကျန်ရစ်ခဲ့သည်။

အလွန်ပြင်းထန်သော လှုပ်ခတ်မှုသည် ပွဲကြည့်ပရိသတ်များထံသို့အဖျားခတ်လာနိူင်သဖြင့် ခရမ်းအဆင့်နည်းပြများက ကြိုတင်ကာကွယ်ပေးနေရသည်။

အားလုံးက ကွင်းပြင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

ငွေရောင်နှင့် အနီရောင် စွမ်းအင်တို့ တစ်ခုနှင့်တစ်ခု လောင်ကျွမ်းတိုက်စားနေသည်နှင့်အမျှ၊ ငွေနဂါးဝိညာဉ်သည် ပထမဦးစွာ မှိနိဖျော့လာနေသည်။

ထိုမြင်ကွင်းကြောင့် ကြယ်တာယာခရီးရှည်ကောလိပ် ကျောင်းသားများ ထိတ်လန့်တုန်လှုပ်သွားကြသည်။

ကုန်းရှန်ကျွင်း ဒီတိုက်ခိုက်မှုကို မရင်ဆိုင်နိုင်တော့ဘူးလား.......

ငွေနဂါးဝိညာဉ်ကို ဖြတ်ကျော်သွားပြီးနောက် သွေးလှံသည် ကုန်းရှန်ကျွင်းကို တည့်တည့် ချိန်ရွယ်ကာ ရှေ့သို့ ဆက်သွားခဲ့သည်။သို့သော်လည်း ကုန်းရှန်ကျွင်းကတော့ဘအပြုံးမပျက်ခဲ့ပေ။

သူသည် လက်နှစ်ဖက်ကို ယှက်ထားကာမြေပြင်ပေါ်တွင် ငြိမ်သက်စွာ ရပ်လိုက်ပြီး တဖြည်းဖြည်းနီးကပ်လာသောသွေးလှံကလည်း စွမ်းအင်ကုန်ဆုံးမှုကြောင့် မူလအနက်ရောင်အဖြစ်သို့အရောင်ပြောင်းသွားခဲ့လေပြီ........

သို့သော်လည်း ကုန်းရှန်ကျွင်း၏ နဖူးကို တည့်တည်မတ်မတ်ဉီးတည်ပြီးပျံသန်းလာနေဆဲပင်....

ကလန်.....

ကုန်ရှန်ကျွင်း၏မျက်ခုံးပေါ်တွင် ဖြူဖျော့ဖျော့ အစက်အပြောက်တစ်ခု ပေါ်လာပြီး အနက်ရောင်လှံသည်လည်း အောက်ဘက်သို့ လွင့်ထွက်သွားသည်။

ကုန်းရှန်ကျွင်းက လှံကို ပေါ့ပေါ့ပါးပါးဖမ်းထားလိုက်ပြီး ပွတ်သပ်နေလေ၏။

ထိုအချိန်တွင် လျန်ခွန်းကတော့ မြေပြင်ကိုထိလုမတတ် ခေါင်းငုံ့ထားကာ ပြတ်သားသောကြေငြာတစ်ခုကြေငြာလိုက်လေသည်။

"ငါရှုံးပြီ........"

All Chapters