ကြယ်သုံးပွင့်ခန်းမ တိုက်ပွဲများစတင်ပြီ......
Vol. 29 Ch. 404
လျန်ခွန်းသည် နောက်ဆုံးတွင် မျှော်လင့်ထားသည့်အတိုင်း ရှုံးနိမ့်ခဲ့သည်။
ထိူုအခါမှသာ ကြယ်တာယာခရီးရှည် ကောလိပ်မှ ကျောင်းသားအများအပြား ၎င်းတို့၏ နဖူးမှ ချွေးအေးများကို သုတ်ကြသည်။ "ငါတို့ ခန့်မှန်းထားတဲ့အတိုင်းပဲ" လို့ ရဲရင့်တဲ့ အပြုံးတွေနဲ့ ပြောနိုင်ပေမယ့် လျန်ခွန်းကလည်း အားနည်းသူတစ်ယောက်မဟုတ်ခဲ့ပေ။
ကြယ်တာယာခရီးရှည်ကောလိပ်သည် ကြယ်လေးပွင့်ခန်းမ၏ ရလဒ်များဆိုးဝါးမည်ကိုစိုးရိမ်စိတ်ဝင်ခဲ့ကြသည်။
ကံကောင်းထောက်မစွာဖြင့် ကုန်းရှန်ကျွင်း သည် ကြယ်တာယာခရီးရှည်ကောလိပ်၏ အသန်မာဆုံး ကျောင်းသားအဖြစ် ပေါ်ထွက်လာခဲ့ပြီး အားကိုးရတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်အဖြစ် အောင်ပွဲဆွတ်ခူးနိုင်ခဲ့သည်။
ယခုအချိန်သည် အားပေးရမည့်အချိန်ဖြစ်သည်။ ကြယ်တာယာခရီးရှည်ကောလိပ်၏ ကျောင်းသားများသည် ဝင်ခွင့်ပြိုင်ပွဲအတွက် ၎င်းတို့၏ပထမဆုံးအနိုင်ရရှိမှုကြောင့် အတိုင်းအဆမရှိပျော်ရွှင်နေကြသည်။
လီလော့ကတော့ ကုန်းရှန်ကျွင်း အကြောင်းကိုသာ တွေးနေခဲ့သည်။
ဒီစီနီယာက အနိုင်ရရုံတင်မကဘူး... သူ၏ကျော်ကြားမှုကိုနောက်တစ်ဆင့်မြှင့်တင်နိုင်ခဲ့ပြီ.....
နှိုင်းယှဥ်ကြည့်လျှင် မင်းသမီး၏ပွဲစဉ်သည် မှုန်ဝါးလုနီးပါးဖြစ်နေသည်။ ကျုံးနန်နှင့်တိုက်ခိုက်ရသည်မှာ ပိုမိုခက်ခဲကြောင်း သိရှိထားသော်လည်း ရလဒ်သည် ဖြစ်စဉ်ထက် တခါတရံတွင် ပို၍အရေးပါနေတတ်သည်။
မင်းသမီးကြီးက သရေပွဲရလဒ်သာ ရရှိခဲ့သော်လည်း ကုန်းရှန်ကျွင်းက အနိုင်ရခဲ့သည်။
မင်းသမီးကို အားနည်းသည်ဟု မည်သူမျှ မပြောဝံ့ကြသော်လည်း ကုန်းရှန်ကျွင်းနှင့် တူညီသောအဆင့်တွင်ရှိသည်ဟု လက်ခံနိုင်ကြမည်မဟုတ်ပေ။
"စီနီယာကုန်းက တကယ်ကို သန်မာတယ်"
ပိုင်မျန်မျန် သည်ပင်လျှင် လေးစားမှုအပြည့်နှင့်ချီးကျုးနေသည်။
"နောက်တစ်ပွဲက စီနီယာကျန်း ဖြစ်မှာမယ်ထင်တယ်.... အရမ်းစိတ်လှုပ်ရှားနေပြီ.... စီနီယာကျန်း အစစ်အမှန်တိုက်ခိုက်တာ တစ်ခါမှ မတွေ့ဖူးဘူး....."
"အိုးးး ငါကတော့ခဏခဏတွေ့ဖူးတယ်....ဒါပေမယ့် ငါချည်းပဲခံနေရတာ....."
လီလော့၏အပြောကြောင့် ပိုင်မျန်မျန်
တခစ်ခစ်ရယ်သည်။ ဒါကြောင့် သူ့ခေါင်းဆောင်က စိနီယာကျန်း နဲ့ မကြာခဏ လေ့ကျင့်နေတာပေါ့.....
"ခေါင်းဆောင်၊ ကြယ်သုံးပွင့်ခန်းမပွဲစဉ်ကို ဘယ်လိုထင်လဲ..." ရှင်းဖူက မေးသည်။
လီလော့ ခဏလောက်စဉ်းစားလိုက်ပြီး.....
"ကြယ်လေးပွင့်ခန်းမရဲ့ပွဲစဉ်မှာ အပြာရောင်ချောက်နက်ကောလိပ်က အတွက်မှားသွားခဲ့တယ်....ကျုံးနန်ကို ကုန်းရှန်ကျွင်းနဲ့ပြိုင်ခိုင်းရင် သေချာပေါက် ကုန်းရှန်ကျွင်း အနိုင်လိမ့်မယ်..... နောက်ပြီး မင်းသမီးကလည်း လျန်ခွန်းကိုအနိုင်ရမယ်ဆို နှစ်ပွဲအနိုင်နဲ့အတော်လေးအခြေနေကောင်းနေပြီ.....ကြယ်သုံးပွင့်ခန်းမအတွက်ပွဲစဉ်မှာ ကျန်းချင်းအာကို ကျောက်ဟွေရင်းနဲ့တွဲပေးဖို့များတယ်.....ဒူဇီဟုန်လျန်က ယန်တိုင်ကိုအသာအယာအနိုင်ယူနိုင်တယ်.....အကယ်၍ ကျန်းချင်းအာသာ ယန်တိုင်နဲ့ပြိုင်ရမယ်ဆို တစ်ပွဲနိုင်တစ်ပွဲရှုံး ရလဒ်ထွက်လာလိမ့်မယ်....ဒူဇီဟုန်လျန် ကျောက်ဟွေရင်းကို မနိုင်လောက်ဘူး....... "
လီလော့က ကျောက်ဟွေရင်း၏တိုက်ခိုက်မှုကို အရင်က မတွေ့ဖူးပေမယ့် သူတို့ရဲ့မတော်တဆတွေ့ဆုံမှုကနေတဆင့် ကိုယ်ရည်ကိုယ်သွေးကိုအကဲခတ်နိုင်ခဲ့သည်။ ထိုကဲ့သို့ ထက်မြက်သော မိန်းကလေးကို ကျန်းချင်းအာကသာ ဖယ်ရှားပစ်နိုင်သည်။ ဒူဇီဟုန်လျန်သာဆိုလျှင် ကျောက်ဟွေရင်း လှည့်စားသမျှ လှိမ့်ပိန့်ခံနေရလိမ့်မည်။
ပိုင်မျန်မျန် ခေါင်းညိတ်လိုက်သည်။
" စီနီယာကျန်းကလည်း ကျောက်ဟွေရင်းနဲ့လည်း တွေ့ချင်တယ်...... ရင်ခုန်စရာကောင်းတဲ့ တိုက်ပွဲဖြစ်လိမ့်မယ်....."
လီလော့လည်း ထိုအချက်ကို သဘောတူသည်။
ဟင်းးးဟင်းးး ငန်းဝတုတ်နဲ့မြေခွေးမ တိုက်ခိုက်ကြရင်ဘယ်လိုတောင်စိတ်လှုပ်ရှားစရာကောင်းလိုက်မလဲ.......
"ခေါင်းဆောင်၊ မင်းက နောက်ဆုံးပွဲပဲ.... မင်း ပြိုင်ရောပြိုင်ရပါ့မလား......"
ရှင်းဖူက ရုတ်တရက် မေးလိုက်ပြန်သည်။
"ငါတို့က အရေးအပါဆုံးအဆင့်ဖြစ်လို့ ကြယ်တစ်ပွင့်ခန်းမကို နောက်ဆုံးမှပြိုင်ခိုင်းတာကွ....ပြိုင်ရမလားမပြိုင်ရမလား မသေချာပေမယ့် မင်းရဲ့သွားတွေကိုတော့သေချာပေါက်ရိုက်ချိုးပေးချင်နေပြီ....."
" ငါက မင်းပွဲဆူအောင် လုပ်တာကိုမြင်ချင်သေးလို့မေးမိတာပါ....."
ရှင်းဖူ သိသိသာသာ သက်ပြင်းချလိုက်သည့်အခါ လီလော့ မျက်လုံးပြူးသွားသည်။
"မင်းပြောတာကိုသာယုံလိုက်မိရင် ငါ့လောက်တုံးတဲ့သူရှိမှာမဟုတ်တော့ဘူး....."
အပြာရောင်ချောက်နက်ကောလိပ်အတွက် စီစဉ်ထားပေးသောနေရာတွင်.....
အနီရောင် ၀တ်စုံ ဝင်ဆငိထားသော မိန်းကလေးသည် ထိုင်ခုံမှ မတ်တပ်ထရပ်လိုက်ပြီး....
"တစ်ပွဲသရေ၊ တစ်ပွဲရှုံး.....ကောင်းပြီ..ဒါက အဆိုးဆုံးတော့မဟုတ်သေးဘူး....."
"စီနီယာကျောက်..... ငါတို့ အခု ကြယ်သုံးပွင့် ခန်းမကိုယ်စားလှယ်တွေထဲမှာ ဘယ်သူ့ကိုလွှတ်မလဲရွေးနေကြပြီ....."
လုကျန်းက တောက်ပသော အပြုံးဖြင့် ပြောသည်။
ကျောက်ဟွေရင်း ရယ်လိုက်သည်။
"ဒါဆို ဒူဇီဟုန်လျန်နဲ့တွေ့ပါစေလို့ ဆုတောင်းပါတယ် ဒါဆို ကျန်းချင်းအာကို ဒုက္ခရောက်စေလိမ့်မယ်....."
"ကျန်းချင်းအာနဲ့ပွဲမှာတောင် မင်းအတွက်အခွင့်အရေးရှိနေမှာသေချာပါတယ်"
ကျောက်ဟွေရင်း နှုတ်ခမ်းစူလိုက်ပြီး....
"သူ့မှာ ကောင်းကင်ဘုံကလက်ဆောင်ပေးထားတဲ့ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံရှိတယ်......ဒီလို လူကိုလွယ်လွယ်လှည့်စားလို့ရမယ်ထင်နေလား....."
ထိုအချိန်တွင် ခပ်ပိန်ပိန်လူငယ်တစ်ဉီး သုမဆီရောက်လာခဲ့သည်။၎င်းမှာ ကြယ်သုံးပွင့်ခန်းမ ကိုယ်စားလှယ် ယန်တိုင် ဖြစ်သည်။
နှစ်ယောက်သား မဲနှိုက်ရွေးချယ်ဖို့အတွက် စင်မြင့်ဆီသို့ ဦးတည်သွားကြသည်။
ကျန်းချင်းအာနှင့်ဒူဇီဟုန်လျန်တို့ ထိုနေရာတွင် စောင့်နေပြီဖြစ်သည်။
"ဟေ့ ကျန်းချင်းအာ နေကောင်းရဲ့လား"
ကျောက်ဟွေရင်းက ကျန်းချင်းအာကိုမြင်လိုက်တာနဲ့ အားလုံးကြားအောင် အော်ပြီးနှုတ်ဆက်လိုက်သည်။
ကျန်းချင်းအာ က သူမကို ကြည့်ရုံမျှသာကြည့်ပြီး ခေါင်းညိတ်ပြသည်။
"ကျန်းချင်းအာ...နင်အခုထိ စိတ်ခုနေတုန်းလား..... မင်းရဲ့စေ့စပ်ထားသူနဲ့ မနေ့ကမှတွေ့ခဲ့တာပါ....ပြီးတော့ အဲ့တုန်းကအခြေနေကလည်း နားလည်မှု လွဲနေတာပါ.... သူ့ကို စိတ်မဆိုးပါနဲ့...သူ ငါ့ကိုကူညီပေးခဲ့ရုံလေးပါ...."
ကျောက်ဟွေရင်းက အပြစ်ကင်းစွာ မျက်တောင်ခတ်လိုက်ပြီး သူမ၏လေသံတွင်
ရိုးသားမှုနှင့် တောင်းပန်တိုးလျှိုးမှုတို့အပြည့်အဝရောယှက်နေသယောင်ထင်ရသည်။
ဒူဇီဟုန်လျန် သူတို့နှစ်ယောက်ကို စိုက်ကြည့်ရင်း မျက်လုံးပြုးနေလေပြီ.....
ဘာတွေဖြစ်နေတာလဲ? စေ့စပ်ထားသူဆိုတာ... လီလော့လား? လီလော့နဲ့ ကျောက်ဟွေရင်း လွန်ခဲ့တဲ့ နှစ်ရက်က ဘာလုပ်ခဲ့တာလားလဲ.....ကျောက်ဟွေရင်းက တကယ်လှပတဲ့မိန်းကလေးတစ်ယောက်ဆိုတော့ လတ်တလောနာမည်ကြီးနေတဲ့ လီလော့ကိုမျက်စိကျသွားတာများလား...ဒါမှမဟုတ်ကျန်းချင်းအာကိုရန်စချင်လို့သက်သက်ဆွပေးနေတာလား....ဘာပဲဖြစ်ဖြစ် ပျော်ပျော်ကြီးစောင့်ကြည့်ရတာပေါ့.....
သို့သော်လည်း ကျန်းချင်းအာက ငါးစာကိုကောင်းစွာရှောင်ရှားခဲ့လေသည်။
"ငါတို့အိမ်ရဲ့ လီလော့ နင့်ဘက်ကစိတ်ဝင်စားနေရင်တောင် ခွင့်ပြုပေးဖို့မဖြစ်နိုင်ဘူး.....ဒါပေမယ့် လော့လန်အိမ်တော်မှာ တင်းကျပ်တဲ့ စည်းကမ်းတွေ ရှိတယ်။ မင်းအိမ်ထဲဝင်ချင်ရင် အစေခံမိန်းကလေးတစ်ယောက်အနေနဲ့ ဝင်ရလိမ့်မယ်... မင်းကောင်းကောင်းကြိုးစားနိုင်ရင် ကိုယ်လုပ်တော်လောက်တော့ဖြစ်လာမှာပေါ့...."
ကျောက်ဟွေရင်း စိတ်ထဲတွင်အတော် တုန်လှုပ်သွားသည်။ ငါက.. လီလော့အတွက် အစေခံမိန်းကလေးလုပ်ပေးရမယ်....ဘယ်လိုဟာသမျိုးလဲ....
"ဖြစ်နိုင်ပါ့မလား ...လီလော့ တကယ်ကို ကြင်နာတတ်ပြီး အရည်အချင်းလည်းရှိတယ်.... သူကတော့ နောင်တစ်ချိန်မှာ ရှပြည်ထောင်စုမှာ အကြီးမြတ်ဆုံးသူတစ်ယောက်ဖြစ်လာမှာပါ.... ယောက်ျားလေးတွေမှာ ဇနီးမယားအနည်းငယ်နဲ့ကိုယ်လုပ်တော် တော်တော်များများရှိတာက ပုံမှန်ပါပဲလို့ မနေ့ကတင် သူ ပြောခဲ့သေးတယ်.. ရှပြည်ထောင်စုမှာနေရင် သူငါ့အတွက် အခန်းချန်ထားပေးမှာပါ....."
"ထင်းသိုလှောင်ခန်းကလည်း အခန်းတစ်ခုပါယဲလေ..." ဟု ကျန်းချင်းအာက ထောက်ပြသည်။
"မင်းဘယ်အခန်းရလဲဆိုတာ မင်းဘယ်လောက်ကောင်းလဲဆိုတဲ့အပေါ်မူတည်တယ်..."
ကျောက်ဟွေရင်း ရုတ်တရက် ရယ်မောလိုက်သည်။
"အဓိကအခန်းကို ဘယ်သူရမှာလဲဆိုတာ ဒီတိုက်ပွဲနဲ့ဆုံးဖြတ်နိုင်မယ်လို့ ဆိုလိုတာလား...."
"မဟုတ်ဘူး...ဒီတိုက်ပွဲက မင်းအတွက် ကိုယ်လုပ်တော်အခန်းမှာနေရမလား....ခင်းသိုလှောင်ခန်းမှာနေရမလားဆိုတာဆုံးဖြတ်ပေးမှာ......"
ကျန်းချင်းအာက စိတ်ရှည်လက်ရှည် ရှင်းပြနေ၏။
"ဒီမယ်...ကျန်းချင်းအာ...နင်ဘာပဲပြောပြော လီလော့ရဲ့စကားကိုပဲအတည်ယူနိုင်မယ်....နင်က လီလော့ကိုယ်စားဆုံးဖြတ်ပေးနေရအောင် လော့လန်အိမ်တော်မှာ လီလော့က ရုပ်သေးရုပ်အဆင့်ပဲရှိနေလို့လား....."
ကျန်းချင်းအာ၏ ရွှေရောင်မျက်လုံးများက သူမကို အကြာကြီး အေးဆေးစွာ စူးစမ်းလေ့လာပြီးနောက် သူမသည် ရှေ့သို့လှမ်းကာ ကျောက်စ်ိမ်းသေတ္တာထဲမှ စာလိပ်တစ်ခုကိုနှိုက်ယူပြီးဖြန့်ကြည့်လိုက်သည်။
စာလိပ်ပေါ်တွင်....တစ် ဟူသောအက္ခရာကိုရေးထွင်းထားသည်။
ကျောက်ဟွေရင်းက နောက်ကလိုက်သွားပြီး စာလိပ်ကို မျက်လုံးမှိတ်ကာ ထုတ်ယူလိုက်သည်။
ထိုစာလိပ်ပေါ်တွင် "တစ်" ဟုရေးထားသဖြင့် လူအုပ်ထဲမှ ကျယ်လောင်စွာအားပေးသံများဆူညံကုန်လေ၏။
ကြယ်သုံးပွင့်ခန်းမရဲ့ ပထမဆုံးပွဲကတော့ ကျန်းချင်းအာ နဲ့ ကျောက်ဟွေရင်းတို့ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ကျန်းချင်းအာက သူမကို တည်ငြိမ်စွာကြည့်လိုက်ပြီး......
"ကျောက်ဟွေရင်း နင်အရိုက်ခံဖို့ အဆင်သင့်ဖြစ်ပြီလား...."