ကျန်းချင်းအာနဲ့ကျောက်ဟွေရင်း......
Vol. 29 Ch. 405
ကြယ်သုံးပွင့်ခန်းမ၏ပထမဆုံးတိုက်ပွဲ....
ကျန်းချင်းအာနှင့်ကျောက်ဟွေရင်း......
ဤပွဲစဉ်သည် ကျောင်းနှစ်ကျောင်းစလုံးအတွက် အလွန်စိတ်ဝင်စားစရာကောင်းပြီး ကျောင်းသားများအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။ ဒါက ကြယ်လေးပွင့်ခန်းမ ပွဲစဉ်တွေထက်တောင် ပိုစိတ်လှုပ်ရှားစရာကောင်းနေသေးသည်။
ခွန်အားအရဆိုလျှင် ဤမိန်းကလေးနှစ်ယောက်သည် မင်းသမီး၊ ကုန်းရှန်ကျွင်း၊ကျုံးနန် သို့မဟုတ် လျန်ခွန်းတို့လောက် မသန်မာခဲ့ပေ။ ဒါပေမယ့် ရုပ်ရည်ကတော့ ငြင်းလောက်စရာမရှိအောင်သာလွန်နေသည်။
ပွဲကြည့်စင်မြင့်ပေါ်တွင် သက်ကြီးရွယ်အိုအချို့သည် ညောင်းညာနေသော ကျောပြင်များနှင့် ခပ်ဖြောင့်ဖြောင့်ထိုင်နေကြပြီး အားလုံးက ကျန်းချင်းအာကို ကြည့်နေကြသည်။
လီလော့သည် လော့လန်အိမ်တော်၏သခင်ဖြစ်သော်လည်း၊ လီတိုင်ရွှမ်နှင့်တိုင်တန်လန် တို့ပျောက်ကွယ်သွားကတည်းက ကျန်းချင်းအာတစ်ယောက်တည်းသာ လော့လန်အိမ်တော်ကို ထိန်းသိမ်းထားကြောင်းလူတိုင်းသိကြသည်။
သူမရဲ့အသွင်အပြင်နဲ့သူမရဲ့ ခွန်အားက ထူးခြားသည့်အပြင် လော့လန်အိမ်တော်ကို အဆိုးဝါးဆုံးအခြေနေများကြားမှာတောင် ဟန်မပျက်ရပ်တည်နိုင်အောင်ထိန်းသိမ်းထားနိုင်သူဖြစ်သည်။
အဆင့်ကိုးအလင်းပဲ့တင်ထပ်သံအတူ သူမသည် ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်ခန့်သာ မြင်တွေ့ရသော အရည်အချင်းရှိသူဖြစ်သည်။ နှစ်အနည်းငယ်အတွင်း သူမသည် လီတိုင်ရွှမ်၏ အသက်အငယ်ဆုံး မြို့စားအဆင့်ကျွမ်းကျင်သူစံချိန်ကို ချိုးဖျက်နိုင်တော့ည်ဖြစ်သည်။ ထိုအချိန်တွင်၊ လော့လန်အိမ်တော်သည် လီတိုင်ရွှမ်နှင့်တိုင်တန်လန်တို့ရှိစဉ်ကလို တစ်ဖန် ကြီးကျယ်လာဉီးလာမည်သာ.....
ယခုမူ သူမတစ်ယောက်တည်း မဟုတ်တော့ပေ။လော့လန်အိမ်တော်တွင် ပဲ့တင်ထပ်သံနှစ်ခုရှိသော လီလော့ပါရှိနေပြီဖြစ်သောကြောင့် ဒီလူငယ်နှစ်ယောက်က လော့လန်အိမ်တော်ကို လီတိုင်ရွှမ်နှင့်တိုင်တန်လန်တို့ထက်ပင် ပိုမိုကောင်းမွန်တိုးတက်အောင်ဆွဲခေါ်နိုင်ကြလိမ့်မည်။
လော့လန်အိမ်တော်သည် နံနက်ခင်းနေရောင်ခြည်လိုအားမာန်အသစ်ဖြင့်ထွန်းတောက်လာဖို့အချိန်သိပ်မလိုတော့ပေ။
ဤသည်မှာတခြားအိမ်တော်တွေအတွက် သတင်းကောင်းတစ်ခုမဟုတ်ခဲ့ပေ။
"လီတိုင်ရွှမ်နဲ့တိုက်တန်လန်တို့မှာ ဒီလို တပည့်နဲ့ သားလေးတစ်ယောက်ရှိနေတာ တကယ့်ကို ကောင်းချီးပေးခံရတာပါပဲ.....ဒီလိုသာဆို လော့လန်အိမ်တော်က တနေ့ထက်တနေ့ တိုးလာမှာအသေချာပဲပေါ့..... သူတို့ လင်မယားပြန်ရောက်လာရင် အတော်ဂမ်းသာကျေနပ်နေမှာပဲ......"
ဇူချင်းဟောင်က ရယ်မောရင်း ပြောနေသော်လည်း မျက်လုံးများကတော့အေးစက်နေသည်။
ဘယ်သူမှ ပြန်မဖြေကြပေမယ့် ကျန်တဲ့အိမ်တော်သခင်တွေကတော့ ထိန်းမရအောင်မျက်နှာပျက်နေကြသည်။
တိတ်ဆိတ်မှုက နေရခက်စေတဲ့အတွက်.... စုရှင်းက
"ဒီနေ့က ကျွန်မတို့ကောလိပ်အတွက် အရေးကြီးတဲ့နေ့ပါ ဒါကြောင့် မဆိုင်တဲ့အကြောင်းအရာတွေမပြောဖို့ အိမ်တော်သခင်ဇူကိုအကြံပေးပါရစေ..."
"ငါ့အမှားပါ ဒုကျောင်းအုပ်ကြီး... ငါ့ကို ခွင့်လွှတ်ပါ" ဟု ဇူချင်းဟောင် က အလျင်စလိုတောင်းပန်လိုက်သည်။
သူမက ပြုံးပြုံးလေးနှင့် ခေါင်းညိတ်ကာ ဘာမှထပ်မပြောတော့ပေ။ လော့လန်အိမ်တော်၏အရေးကိစ္စများကိုသာမက ကျောင်းတွင်းပြိုင်ဆိုင်မှုများကိုပါ ကျန်းချင်းအာရင်ဆိုင်နေရမှန်း စုရှင်းကောင်းကောင်းနားလည်ထားပါသည်။ ကြီးမားသော အလားအလာရှိသော ကျန်းချင်းအာကိုသာ ရှန့်ပိန်းတွေ့ဆုံပွဲအတွက် ကောလိပ် ဂရုတစိုက် အလေးထားခြင်းမရှိခဲ့လျှင် လွနိလေပြီးသောနှစ်တွေကတည်းက လုပ်ကြံခံနေရလောက်ပြီ.....
အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ဆိုင်သူကို လုံလောက်အောင်ကြီးထွားခွင့်ပြုကြမည်မဟုတ်ပေ။
သို့သော် ကြယ်တာယာခရီးရှည်ကောလိပ် သည် အိမ်တော်များ၏တိုက်ပွဲများကြားတွင် ကြားနေခဲ့သည်။ ကျန်းချင်းအာ ကောလိပ်တွင်ရှိနေသရွေ့ မည်သူမျှထိဝံ့ကြမည်မဟုတ်ပေ။
ကောလိပ်သည် ကျောင်းသားတိုင်းအတွက် ဤကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် အကာအကွယ် မပေးနိုင်သော်လည်း ကျန်းချင်းအာလို မြင်တွေ့ရခဲသော ရှားပါးသော ပါရမီရှင်အတွက် ချွင်းချက်တစ်ခုထားပေးရမည်ဖြစ်သည်။ သူမသည် ကောလိပ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။
အနာဂတ်တွင်၊ ကျန်းချင်းအာ ဘွဲ့ရတော့မည်ဖြစ်ပြီး သူမ၏အနာဂတ်သည် ရှပြည်ထောင်စုကိုကျော်လွန်ကာ အရှေ့နတ်ဘုရားကုန်းမြေတိုက်ကြီးကိုပင် မြင်နိုင်လောက်အောင် တောက်ပနေပါသည်။ သူမသာ ကမ္ဘာပေါ်တွင် ကြီးမြတ်သောစွမ်းအားရှင် တစ်ဦးဖြစ်လာခဲ့လျှင် ကြယ်တာယာခရီးရှည်ကောလိပ်၏အမည်နာမသည်လည်း သူမနှင့်အတူ ကျော်ဇောလာမည်သာ....
ထို့ကြောင့်လည်း ကောလိပ်ဘက်က ကျန်းချင်းအာကို အခုလိုပေါ်ပေါ်တင်တင်ဘက်လိုက်ပြီး မျက်နှာပေးနေရခြင်းဖြစ်သည်။
စင်မြင့်ပေါ်တွင် ဖြစ်ပျက်နေသည့် ပဋိပက္ခများ သတိမမူမိဘဲ ကျန်းချင်းအာသည် သူမ၏ တိုက်ပွဲကိုသာ အာရုံစိုက်ခဲ့သည်။
သူမ၏ အဆုံးစွန်သောလက်နက်မှာ နတ်တန်ခိုးများကိုယ်တိုင် ထုဆစ်ထားသည့်အတိုင်းလှပသော သူမ၏မျက်နှာဖြစ်သည်။ သူမ၏ အေးမြသော အမူအရာက ယောက်ကျားလေး၊မိန်းကလေးတိုင်းကိုကောင်းကောင်းကြီးဆွဲဆောင်နေလေ၏။
"ကျန်းချင်းအာ!"
"ကျန်းချင်းအာ!"
လှပပြီးဂုဏ်ကျက်သရေရှိသည့်အပြင် ခွန်းအားအရာတွင်ပါ သန်မာသော ကျန်းချင်းအာကိုအားပေးသူမနည်းလှပေ။
ကျောက်ဟွေရင်း
သူမသည်လည်း သူမတူအောင်လှပသူတစ်ယောက်ပင်.... ထို့ကြောင့် အပြာရောင်ချောက်နက်ကောလိပ်တွင် သူမ၏ပရိသတ်အင်အားကလည်းမနည်းလှပေ။
စင်မြင့််ပေါ်တွင် အပြာရောင်ဝတ်ဆင်ထားသောကျန်းချင်းအာနှင့်အနီရောင်ဝတ်ဆင်ထားသော ကျောက်ဟွေရင်းတို့နှစ်ဉီး မျက်နှာချင်းဆိုင်ရပ်နေသည်မှာ အကြည့်လွှဲရက်စရာမရှိသောမြင်ကွင်းတစ်လိုသာပင်.....
ကျောက်ဟွေရင်းသည် ကျောက်ဆောင်ကြီးတစ်ခုပေါ်သို့ ခြေဗလာဖြင့်ခုန်တက်လိုက်ပြီး....
"ချင်းအာ....ငါ နာကျင်ရမှာ ကြောက်တယ်..ကျေးဇူးပြုပြီး ငါ့ကို ညင်သာပေးပါနော်...."
"မင်းလော့လန်အိမ်တော်ထဲကို ဝင်လိုက်တာနဲ့ ကြမ်းတမ်းမှုတွေကို ရှောင်လွှဲလို့ မရဘူး အခုကတည်းကအသားကျအောင်လုပ်ထား..." လို့ ကျန်းချင်းအာက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ကျောက်ဟွေရင်း နှုတ်ခမ်းကိုက်လိုက်သည်။
"တကယ်တော့ လီလော့ကို သိပ်စိတ်မဝင်စားဘူး....ချင်းအာ...နင်သာလော့လန်အိမ်တော်ရဲ့သခင်ဖြစ်ရင် လော့လန်အိမ်သားတစ်ယောက်ဖြစ်ဖို့ ကြိုးစားမှာပါ....."
ကျန်းချင်းအာ၏ နှုတ်ခမ်းထောင့်များမြင့်တက်သွားပြီး....
"သနားဖို့ကောင်းလိုက်တာ မင်းကို ဒီတိုက်ပွဲမှာ အနိုင်ယူဖို့ လီလော့ကို ငါကတိပေးထားပြီးပြီ....."
ကျောက်ဟွေရင်း ရယ်လိုက်သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူမရပ်နေသော ကျောက်တုံးကြီးသည်လည်း ရုတ်တရက် ပေါက်ကွဲသွားလေသည်။
"ဒါဆိုလည်းကြိုးစားကြည့်ပေါ့ ချင်းအာရယ်...."
ရွှေရောင်တလက်လက်တောက်ပနေသော ဓားတစ်လက်ကိုဆွဲထုတ်လိုက်သည့်အခါ ကျောက်ဟွေရင်း၏ ဖောက်ထွင်းမြင်နိုင်လောက်သည်အထိ ကြည်လင်လာသည်။ ယခုအခါ သူမ၏ခန္ဓာကိုယ်သည် ဖန်သားပြင်ကဲ့သို့ဖြစ်နေပြီး သူမ၏ခန္ဓာကိုယ်အတွင်း၌ ပျံ့နှံ့နေသော သဘာဝစွမ်းအင်များကိုအတိုင်းသား တွေ့မြင်နိုင်ပြီဖြစ်သည်။
ယခုအချိန်တွင် သူမသည် အသွေးအသားနှင့်တည်ဆောက်ထားသောလူတစ်ဉီးထက်စာရင် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုနှင့် ပိုတူသည်။
"အလို!"
လူအုပ်ကြီး တအံ့တသြအော်ဖြစ်ကုန်ကြသည်။
ဤသည်မှာ ကျောက်ဟွေရင်းသည် ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်၏ အလယ်အလတ်အဆင့်ဖြစ်သော နတ်ဆိုးခန္ဓာအဆင့်ထက်ကျော်လွန်သော ဖန်သားနတ်ဆိုးခန္ဓာအဆင့်ရောက်နေသည့်အဓိပ္ပါယ်ပင်....
ထို့ကြောင့် ကျောက်ဟွေရင်းတစ်ယောက် ကျန်းချင်းအာကို မကြောက်မလန့်ရင်ဆိုင်ရဲခြင်းဖြစ်သည်။ထို့သို့ရင်ဆိုင်နိုင်လောက်အောင်လည်း သူမ သန်မာသည်။