← Chapters

အလင်းနှင့်သတ္ထု....

Vol. 29 Ch. 406

အလင်းနှင့်သတ္ထု....

Vol. 29 Ch. 406

ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်ကို အဆင့်သုံးဆင့်ခွဲခြားထားသေးသည်။

နတ်ဆိုးနန်းတော် အဆင့်...

နတ်ဆိုးခန္ဓာအဆင့်...

နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်....

ပဲ့တင်ထပ်သံ လေ့ကျင့်သူများသည် ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်သို့ရောက်သောအခါ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ သဘာဝစွမ်းအင်များနှင့် ပို၍ လိုက်လျောညီထွေ ကြီးထွားလာကာ ကမ္ဘာမြေနှင့်ရင်းနှီးခြင်းစွမ်းအင်ဟုခေါ်သော စွမ်းအင်တစ်မျိုးကငိထုပ်ယူသုံးစွဲနိုင်လာကြသည်။

ကမ္ဘာမြေနှင့်ရင်းနှီးခြင်းစွမ်းအင်ကို စုပ်ယူခြင်းဖြင့် ပဲ့တင်ထပ်သံ နန်းတော်ကို ချဲ့ထွင်ကာ ခိုင်ခံ့အောင် ကူညီပေးပြီး ပဲ့တင်ထပ်သံ စွမ်းအားသန့်စင်မှုကို တိုးမြင့်စေပါသည်။

ထို့ကြောင့် ၎င်းကို နတ်ဆိုးနန်းတော်အဆင့် ဟုခေါ်သည်။

ပဲ့တင်ထပ်သံနန်းတော်ကို လုံလောက်အောင် အားဖြည့်ပြီးသည်နှင့်တစ်ပြိုင်နက် ကမ္ဘာမြေနှင့်ရင်းနှီးခြင်းစွမ်းအင်သည် ၎င်းထဲမှလျှံထွက်လာပြီး ကိုယ်ခန္ဓာကို အားကောင်းစေသည်။ ၎င်းသည် အလယ်အလတ်အဆင့်၊ နတ်ဆိုးခန္ဓာအဆင့် ဖြစ်သည်။

အလွှာတစ်ခုစီတွင် ငွေအဆင့်၊ ရွှေအဆင့်နှင့် ဖန်သားအဆင့်ဟူ၍ ထူးခြားသောအရောင်များ အသီးသီးရှိကြသည်။

အများစုကတော့ ရွှေအဆင့်သာဖြစ်ကြသည်။ ရုပ်ပိုင်းဆိုင်ရာကိုယ်ထည်အားဖြည့်ခြင်းသည် လေ့ကျင့်သူအများအပြားရုန်းကန်ခဲ့ရသည့် မရင်းနှီးသောအယူအဆဖြစ်သောကြောင့် ဖန်သားသို့ရောက်ရှိရန် အလွန်ခက်ခဲပါသည်။ ထို့ကြောင့် အများစုက ရွှေအဆင့်နဲ့တင်လက်လျှော့လိုက်ကြသည်။

ထို့ကြောင့် ကျောက်ဟွေရင်း၏ ဖန်သားအဆင့်နတ်ဆိုးခန္ဓာသည် ဤမျှကြီးမားသော အံ့အားသင့်မှုဖြစ်ခဲ့ရခြင်း ဖြစ်သည်။

နတ်ဆိုးခန္ဓာအဆင့်အထက်တွင် ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်၏ နောက်ဆုံးအဆင့်ဖြစ်သည့် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ရှိသည်။ ဤအဆင့်ကို စွမ်းအင်အသစ်အစားထိုးခြင်းအဖြစ်လည်း သတ်မှတ်ကြသည်။ထိုအဆင့်တွင် လူတစ်ဦး၏ ခန္ဓာကိုယ်သည် နတ်ဆိုးနစ်မြှုပ်ခြင်းစွမ်းအင်ဟုခေါ်သော အထူးစွမ်းအင်တစ်မျိုးကို သူ့အလိုလို ထုတ်ပေးမည်ဖြစ်သည်။ ဤသည်မှာ ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်၏ အကြီးကျယ်ဆုံးနှင့် အထင်ရှားဆုံး အမှတ်အသားဖြစ်သည်။

"ကျန်းချင်းအာ...နင်လည်း ဖန်သားနတ်ဆိုးခန္ဓာအဆင့်ရောက်နေပြီလို့ ....အဆင့်ကိုးအလင်းပဲ့တင်ထပ်သံပိုင်ဆိုင်ထားသူရဲ့ညဖန်သားအဆင့်နတ်ဆိုးခန္ဓာဘယ်လောက်စွမ်းသလဲအလင်းပြပေးစမ်းပါဉီး....."

ကျောက်ဟွေရင်းက ကျန်းချင်းအာကို ထိုသို့ပြောပြီးသည်နှင့် သူမ၏ ဓားကို အလျင်အမြန် လှန်လိုက်ကာ ပြိုင်ဘက်ကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေသည်။

ရွှေရောင်အလင်းတန်းများက ကောင်းကင်တခွင်တွင် လင်းလက်လာပြီး ဓားမိုးရွာချလာသလိုပင်....

ကျန်းချင်းအာက ခပ်အေးအေးခေါင်းမော့ပြီး ပြိုင်ဘက်၏ သတ္ထုပဲ့တင်ထပ်သံ စွမ်းအားဖြင့် ဆင့်ခေါ်ထားသော ဓားချက်များကိုကြည့်ရှုနေသည်။ သေစေလောက်တဲ့ ဓားချက်တွေအပြင်ခိုင်ခံစေနိုင်သောသတ္ထုစွမ်းအားများပါထည့်သွင်းထားသောကြောင့် ကျောက်ဟွေရင်းကိုလျှော့တွက်လို့မရပေ။

သို့သော်လည်း ဤတိုက်ခိုက်မှုသည် ကျန်းချင်းအာအတွက် ဘာမှမဟုတ်ခဲ့ပေ။

သူမသည် လက်နှစ်ချောင်းကို မြှောက်ပြီး ကွေးလိုက်သည်။

ဘုန်းးးးးး

ကောင်းကင်မှ အလင်းတန်းတစ်ခု ဆင်းသက်လာပြီး၊ လူသားမျက်စိဖြင့် မြင်နိုင်လောက်အောင် အရှိန်အဟုန်ဖြင့် လှည့်ပတ်နေသော အလင်းပဲ့တင်ထပ်သံစွမ်အားများ ထွက်ပေါ်လာသည်။

ဖန်းးးဖန်းးးးဖန်းးးးး

ဓားသွားများသည် ချောက်နက်ထဲသို့ ခေါင်းစိုက် ပျံသန်းနေသော ငှက်ကလေးများကဲ့သို့ ဖုန်မှုန့်များအဖြစ်သို့ ပေါက်ကွဲသွားကြသည်။

အလင်းတန်းသည် အင်မတန်ရိုးစင်းလှသည်။

ကျောက်ဟွေရင်း ၏ ခမ်းနားသော ထိန်းချုပ်မှုသည် ပြင်းထန်သော အလင်းစွမ်းအင်ကြောင့် တမဟုတ်ချင်းပျောက်ကွယ်သွားလေသည်။ ၎င်းသည် သူမ၏ သတ္တု ပဲ့တင်ထပ်သံ စွမ်းအားထက် သိသိသာသာ မြင့်မားသော အဆင့်တွင်ရှိနေပြီး အဆင့်ကိုး အလင်းပဲ့တင်ထပ်သံသည် အမှန်တကယ်ပင် အံ့ဖွယ်ကောင်းလှသည်။

သို့သော်လည်း စိတ်လှုပ်ရှားနေဖ်ိုု့ အချိန်သိပ်မရှိခဲ့ပေ။ အလင်းမျက်နှာပြင် ရုတ်တရက် ကျယ်လာပြီး အလင်းတန်းများလည်း မိုးသီးမိုးပေါက်များသဖွယ် တလစပ်ကျဆင်းလာနေသည်။

ဒါပေမယ့် ကျောက်ဟွေရင်း ထိုအတွက်ကြိုဆင်ထားပြီးဖြစ်သည်။ သူမလက်ကို တစ်ဖန် မြှောက်လိုက်ရင်း သတ္ထုပဲ့တင်ထပ်သံစွမ်းအားများကို ရွှေရောင်ဒိုင်းကာတစ်ခုအဖြစ် စုစည်းလိုက်သည်။ ထိုအခါ ကျဆင်းလာသောအလင်းတန်းများ၏ သက်ရောက်မှုသည် ကျောက်ဟွေရင်းကို တစ်ဆင့်ပြီးတစ်ဆင့် ထိုးနှက်နေကြသဖြင့် သူမ၏ ပျော့ပျောင်းသော ဒိုင်းကာ စတင် ကွဲအက်လာသည်။

သူမ၏ အကာအရံအား ကောင်းစွာအားဖြည့်ရန် လုံလောက်စွာအချိန်မရှိခဲ့သောကြောင့် အလွန်လျင်မြန်စွာ အက်ကွဲလာခြင်းဖြစ်သည်။

ကျောက်ဟွေရင်း နောက်သို့ခုန် လိုက်သော်လည်း ကျန်းချင်းအာက မှော်ဆန်စွာ သူ့နောက်သို့လိုက်လာပြီး သူမ၏ရင်ဘတ်တည့်တည့်ကိုလက်ညှိုးညွှန်လိုက်လေသည်။

ဘယ်လိုအရှိန်မျိုးလဲ....

သူမ၏ တိုက်ခိုက်မှုများသည် ခုခံရန် ခက်ခဲလောက်အောင် ပြင်းထန်နေပြီဖြစ်သည်။ ထို့အပြင်၊ ကျန်းချင်းအာသည် သူမ၏ ပြိုင်ဘက်များကို လွှမ်းမိုးရန် လျင်မြန်လွန်းသောအရှိန်ကို အသုံးပြုကာ ၎င်းတို့၏ အကောင်းဆုံး ခံစစ်ကိုပင် ထုတ်သုံးခွင့်မပြုခဲ့ပေ။

"ချင်းအာ...နင် မနာလိုဖြစ်လို့ ငါ့ကိုတိုက်ခိုက်နေတာလား...."

ကျန်းချင်းအာက ဘာမှပြန်မဖြေဘဲညင်သာစွာ ပြုံးပြပြီး နောက်တဖန်လက်ချောင်းများ လှုပ်ခါလိုက်ပြီး လေထုကို ဆုတ်ဖြဲရန် လုံလောက်သောလက်ဟန်များကိုစတင်လှုပ်ရှားလိုက်လေသည်။

ယခုဆို ကျောက်ဟွေရင်း၏ ကိုယ်ပိုင်လက်ချောင်းများက သတ္တုဖြင့်သွန်းလောင်းထားသလို ရွှေရောင်တောက်ပနေပြီး ကျန်းချင်းအာ၏တိုက်ကွက်များကို အသည်းအသန် ခုခံနေရသည်။

ဖန်းးးးးးးးး

အနီးနားရှိ ကျောက်တုံးများ အမှုန့်ဖြစ်ကုန်ကြပြီး မြေပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာသည်။

သို့သော်ဘယ်မိန်းကလေးမှ နောက်မဆုတ်ခဲ့ကြပေ။ နှစ်ယောက်စလုံး ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့ကြပြီး တစ်ဖက်သား၏ အားနည်းသောအချက်များကို တိုက်ခိုက်ရန် အခွင့်ရေးကိုအလစ်မပေးဘဲစောင့်ကြည့်နေကြသည်။

အလင်းနှင့် သတ္တုတို့သည် ရွှေရောင်တောက်ပစွာဖြင့် အထပ်ထပ် ရောယှက်လျက်ရှိသည်။

ဤသည်မှာ အသက်ရှုမှားလောက်စရာ တိုက်ပွဲတစ်ခုဖြစ်သည်။

နှစ်ယောက်စလုံးက မိန်းကလေးတွေဖြစ်ပေမဲ့ ယောက်ျားလေးတွေထက်တောင် ပိုရက်စက်နေသေးသည်။

ဖန်းးးးး

နောက်ထပ် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုကြောင့် မြေပြင်ပေါ်မှာ ပင့်ကူအိမ်သဏ္ဍာန်အက်ကြောင်းများပွထနေလေ၏။

ကျောက်ဟွေရင်း တလစပ်နောက်ဆုတ်နေရပြီး တိုးတိုးလေး အော်ဟစ်လိုက်သည်။

သူမ လက်မောင်းတစ်ဖက်သည် ကျန်းချင်းအာ၏တိုက်ခိုက်မှုကြောင့် မီးမြှိုက်ခံထားရသလိုပူလောင်နေသည်။

ကျန်းချင်းအာ၏ကိုယ်ပိုင်လက်များသည်လည်း ကျောက်ဟွေရင်း၏တိုက်ခိုက်မှုများမှ သတ္တုစွမ်းအားများကြောင့် ရွှေရောင်တောက်ပနေသော်လည်း လျင်မြန်စွာနှင့် အလွယ်တကူ ပျက်ပြယ်သွားခဲ့သည်။

အဆင့်ကိုးပဲ့တင်ထပ်သံကိုနည်းနည်းမှ လျှော့တွက်လို့မရပေ။

ခဏအကြာတွင်၊ ကျန်းချင်းအာ လုံးဝပြန်လည်ကောင်းမွန်လာသည်။

"ကြည့်ရတာ ငါ့ရဲ့ အလင်းစွမ်းအင်က ပိုအားကောင်းနေပုံပဲ....."

သူမ ကျောက်ဟွေရင်းဆီသို့ လျှောက်သွားကာ လက်ထဲတွင် အလင်းစွမ်းအားများကို စုဆောင်းနေခဲ့သည်။

ကျန်းချင်းအာတစ်ယောက် တည်ငြိမ်သော ခြေလှမ်းများဖြင့် သူမဆီသို့ ရွေ့လျားလာသောအခါ ကျောက်ဟွေရင်း ထိတ်လန့်တကြားနောက်ပြန်ဆုတ်သွားသည်။

ဒါပေမယ့် ကျန်းချင်းအာက အရမ်းမြန်တယ်။ ခဏလေးအတွင်းမှာပဲ ကျောက်ဟွေရင်းရဲ့ ရှေ့ကို ရောက်နေပြီး လက်ဝါးရိုက်ချက်တစ်ခုထုတ်ဖော်လိုက်သည့်အခါကျောက်ဟွေရင်း၏ မျက်နှာပေါ်ရှိ အကြောက်တရားများ ပျောက်ကွယ်သွားကာ လိမ္မာပါးနပ်သော အပြုံးဖြင့် အစားထိုးလာသည်။

သူမ၏ ချယ်ရီရောင်နှုတ်ခမ်းများ ပွင့်ဟလာပြီး ပန်းရောင်သန်းနေသော လျှာသည် ယခုအခါ ရွှေရောင်ဖျော့ဖျော့ အစွမ်းဖြင့် ဖုံးအုပ်ထားသည်။ ၎င်း၏အစွန်အဖျားတွင် ရွှေရောင်၊ အဝိုင်းပုံအရာဝတ္ထုတစ်ခုရှိသည်။

"ရွှေလျှာ......"

All Chapters