← Chapters

မင်း အဲ့ဒါကို လက်လွှဲပေးရမယ်

Vol. 32 Ch. 472

မင်း အဲ့ဒါကို လက်လွှဲပေးရမယ်

Vol. 32 Ch. 472

သီးသန့်အခန်းတွင်း၌ အခြားလူတစ်ယောက်က စောင့်နေသည်။ ထိုသူမှာ လူငယ်လေး တစ်ယောက် ဖြစ်သည်။ သူ့အသက်က ရဲ့လင်းချန်နှင့် ရွယ်တူလောက် ဖြစ်လောက်ပြီး မစ္စတာရှားနှင့် မျက်နှာဆင်လေသည်။

“ဥက္ကဋ္ဌရဲ့၊ ဒါ ငါ့သား ရှားကျွင်း”

ဒါရိုက်တာရှားက မိတ်ဆက်ပေးသည်။

“ပြောရမှာတော့ ရှက်ပါတယ်၊ သူက ဥက္ကဋ္ဌရဲ့နဲ့ အသက် အတူတူပဲ ဆိုပင်မယ့် မင်းတို့ နှစ်ယောက်ကြားက ခြားနားမှုက မိုးနှင့်မြေလိုပါပဲ၊ သူ့မှာသာ မင်းအရည်အချင်းရဲ့ တစ်ဝက်လောက်သာ ရှိမယ်ဆိုရင် ငါ အိပ်မက် ထဲမှာတောင် ပြုံးမိလောက်တယ်”

*ဟီးဟီး … သူ့မှာသာ ငါ့အရည်အချင်း တစ်ဝက်လောက်သာ ရှိမယ်ဆိုရင် သူ နတ်ဘုရားလို ဖြစ်နေလောက်ပြီ*

ရဲ့လင်းချန်သည် စိတ်ထဲမှနေ၍ ပြန်ပြောလိုက်သည်။ သူ ပါးစပ်မှ ထုတ်မပြောသော်လည်း ရှားကျွင်းအား တစ်ချက်သာ ကြည့်လိုက်သည်။

ရှားကျွင်းထံမှ ထွက်ပေါ်လာနေသော ရန်လိုမှုကို သူ ခံစားမိသည်။ သူသည် လူငယ်တစ်ဦးသာ ဖြစ်ပေသေးသည်။ သူ၏ အတွင်းစိတ်ကို လုံးဝ ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။

“ဥက္ကဋ္ဌရဲ့ ထိုင်ပါဦး”

မစ္စတာရှားက တလေးတစား ပြောသည်။

ရဲ့လင်းချန်က ခေါင်းညိတ်၍ ယဉ်ကျေးမနေဘဲ တန်းထိုင်လိုက်သည်။

“ဥက္ကဋ္ဌရဲ့၊ ဝမ်ရုံနည်းပညာက ငါတို့ ဆယ်စုနှစ်နဲ့ချီပြီး ကြိုးစားအားထုတ်ခဲ့တဲ့ ရလဒ်ပဲ၊ အစက ကျုပ်တို့ အဲ့ဒါ ပြိုလဲ ပျက်စီးတာကို မတတ်သာဘဲ ကြည့်နေခဲ့ရတယ်၊ မင်းက အခြေအနေကို ပြောင်းလဲအောင် လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ ဒီလိုအရည်အချင်းတွေက ငါတို့ကို မင်းကို တကယ် လေးစားမိလာစေတာပဲ”

ဒါရိုက်တာကျားက ဆက်၍ တလေးတစား ချီးမွမ်းလေသည်။

“ဒါ အသေးအဖွဲကိစ္စလေးပါပဲ”

ရဲ့လင်းချန်က အေးစက်စွာ ပြန်ပြောလိုက်သည်။

“မင်းအတွက် ဒါက အသေးအဖွဲ ကိစ္စလေး ဖြစ်လောက်ပင်မယ့် ငါတို့အတွက်ကတော့ မဖြစ်နိုင်တဲ့ ကိစ္စကြီးပဲ၊ ဒါက ငါတို့အသက်တွေကို ကယ်လိုက်တာနဲ့ အတူတူပဲ”

“ဟုတ်တယ် ဥက္ကဋ္ဌရဲ့၊ ငါတို့က ဝမ်ရုံမှာ မဟုတ်တော့ဘူးဆိုပင်မယ့် ငါတို့နှလုံးသားက အဲ့ဒီမှာ ရှိနေဆဲပါပဲ၊ နောင် တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် ငါတို့အားလုံးက ငါတို့ တတ်နိုင်တာ မှန်သမျှ လုပ်မှာပါ”

ဤသို့သော စကားများ ထုတ်ပြောနိုင်သဖြင့် သူတို့သည် တကယ်ပင် အရှက်မဲ့လွန်းလှသည်။

သူတို့သာ ဝမ်ရုံကို ဤမျှ ကြီးကြီးမားမား တန်ဖိုးထားလျင် ကုမ္ပဏီ ဒေဝါလီခံရမှုနှင့် ရင်ဆိုင်ရချိန်၌ သူတို့ ရှယ်ယာများကို ရောင်းထုတ်မည် မဟုတ်ပါ။

“ဟူး … အဲ့တုန်းက ငါ့မှာ အခြား ရွေးချယ်စရာ မရှိခဲ့ဘူး၊ ငါ့မှာ ထောက်ပံ့ရမယ့် မိသားစု ရှိတယ်ဆိုတော့ ဝမ်ရုံနဲ့အတူတူ မရင်ဆိုင်နိုင်ခဲ့ဖူး။ ငါ ဒါကို တွေးမိတိုင်း နောင်တရမိတယ်၊ တော်သေးလို့ ဥက္ကဋ္ဌရဲ့က ဝမ်ရုံကို ကယ်နိုင်ခဲ့တာပဲ၊ မဟုတ်ရင် ငါ့လက်ကျန် ဘဝတစ်လျှောက်လုံး နောင်တတွေနဲ့ ဖြတ်သန်းရလောက်တယ်”

ဒါရိုက်တာရှားက ပြောသည်။

“အားလုံးပဲ၊ မင်းတို့ရဲ့ ခံစားချက်တွေကို ငါ နားလည်ပါတယ်၊ မင်းတို့ကြောင့်သာ မဟုတ်ရင် ဝမ်ရုံက ဒီနေ့ လက်ရှိ အခြေအနေကို ရောက်လာမှာ မဟုတ်ဘူး”

ဥက္ကဋ္ဌရှုနှင့် ဥက္ကဋ္ဌအိုးရန်တို့က ပြောသည်။ သူတို့သည် သူတို့ အပြော၌ ကြည်နူးနေကြသည်။

“ငါ့ရင်ထဲမှာတော့ ငါတို့က အမြဲ ရဲဘော်ရဲဖက် ညီအစ်ကိုတွေပါပဲ”

“ထပ်မပြောတော့ပါဘူး၊ သောက်လိုက်ကြရအောင်”

ဥက္ကဋ္ဌရှားက မျက်ရည်ဝဲနေသော အကြည့်များနှင့် သူ့ခွက်ကို ယူ၍ တစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။

“ချီးယားစ်”

မိန်းကလေး သုံးယောက်က ဖျော်ရည်အချို့ကို သောက်ကြပြီး အမျိုးသားများက ယမကာကို သောက်နေကြသည်။ သူတို့သည် လက်ရှိ အခြေအနေကြောင့် ကြည်နူးပြီး သောက်စားနေကြလေသည်။

မကြာခင်မှာပင် ဟင်းပွဲများ လာချပေးသည်။ လူတိုင်းက အတိုင်အဖောက်ညီညီ စကားပြောနေကြသည်။ ဒါရိုက်တာရှားနှင့် အခြားသူများက အလုပ်များနေပြီး ဤမြင်ကွင်းက မိတ်ဆွေဟောင်းများ စုဝေး၍ စားသောက်ပွဲ လုပ်နေသည်နှင့်ပင် တူနေလေသည်။

အားလုံး ပျော်ရွှင်ကြည်နူးနေချိန်တွင် ဒါရိုက်တာရှား၏ လေသံက ရုတ်တရက် ပြောင်းလဲသွားသည်။

“ဥက္ကဋ္ဌရဲ့၊ အခု ဝမ်ရုံနည်းပညာရဲ့ တိုးတက်မှုကလည်း ကောင်းနေပြီဆိုတော့ ကုမ္ပဏီရဲ့ အရင်တုန်းက အကြီးအကဲ တွေ ဖြစ်ခဲ့တဲ့ ငါတို့ရဲ့ အဆင့်အတန်းကို ထောက်ပြီး ငါတို့ကို ဝမ်ရုံနဲ့ ပူးပေါင်းခွင့် ပေးပါလား”

ထိုစကားများက ခင်မင်ရင်းနှီးသော အခြေအနေကို ချက်ချင်း ရပ်တန့်သွားစေသည်။

သူသည် ကုမ္ပဏီကို ဝန်ထမ်းအဖြစ် ဝင်ရန် မျှော်လင့်နေခြင်း မဟုတ်ဘဲ ပူးပေါင်းချင်နေပါတကား။

သူ့လောဘက အတော်လေး ပြင်းပြလှသည်။

“ဪ ဘယ်လို ပူးပေါင်းမှုမျိုးလဲ”

ရဲ့လင်းချန်က ကြည်ကြည်လင်လင် မေးလိုက်သည်။

“ဥက္ကဋ္ဌရဲ့၊ ဝမ်ရုံက ငါတို့ကလေးလိုပဲ၊ ငါတို့က ငါတို့ကလေး အကျိုးအမြတ် ဖြစ်စေမယ့် ကိစ္စတွေကိုပဲ လုပ်တတ် ကြတာလေ၊ ဥက္ကဋ္ဌရဲ့က ဝမ်ရုံ နည်းပညာရဲ့ နည်းပညာကို ငါတို့ကို မျှဝေချင်စိတ် ရှိသရွေ့ ငါတို့ ကုမ္ပဏီက ဘာမေးခွန်းမှ ထုတ်စရာမလိုအောင် မင်းနောက်လိုက်ပြီး မင်းနဲ့အတူ တိုးတက်လာမှာပဲ”

ဒါရိုက်တာရှားက ပြန်ပြောလေသည်။

“ဦးလေး၊ နည်းပညာ ကုမ္ပဏီရဲ့ တားမြစ်ထားတဲ့အချက်က ကိုယ့်နည်းပညာကို အပြင်လူနဲ့ မျှဝေတာပဲဆိုတာကို ဦးလေးလည်း သိပါတယ်”

ရဲ့လင်းချန် ဘာမှမပြောနိုင်ခင်မှာပင် အိုးရန်ချင်းက လေးနက်သော မျက်နှာ အမူအရာနှင့် ပြန်လည် တုံ့ပြန်သည်။

ဒါရိုက်တာရှားက ထိုသို့ ရဲတင်းသော တောင်းဆိုမှုတစ်ခု ပြုလုပ်လာလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပါ။ ဝမ်ရုံ၏ ဦးဆောင်မှုနောက်သို့ လိုက်မည်ဟု ပြောခြင်းက ဘာမှမဖြစ်သော်လည်း သူက သူတို့၏ နည်းပညာကို ခိုးယူရန် ကြိုးစားနေခြင်းသာ။

“တူမလေး အိုးရန်၊ ငါက မင်းဦးလေးပါ၊ ဒီက လူကြီးတွေကလည်း ဝမ်ရုံမိသားစုရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ၊ ငါတို့ကို ဘယ်လိုလုပ် အပြင်လူလို့ သတ်မှတ်နိုင်မှာလဲ၊ စိတ်ချပါ၊ ငါတို့ နည်းပညာကို အပြင်လူတွေဆီ ဘယ်တော့မှ ပေါက်အောင် မလုပ်ပါဘူး”

ဒါရိုက်တာရှားက ချက်ချင်း အာမခံသည်။

“ဟုတ်တယ်၊ ငါတို့ ဝမ်ရုံမှာ နှစ်ပေါင်းများစွာ ရှိခဲ့တာလေ၊ ငါတို့ အရည်အချင်းကြောင့် မဟုတ်ရင်တောင်မှ ငါတို့ ကြိုးစားမှုတွေကို ထည့်တွက်သင့်ပါတယ်၊ ဒီလို တောက်ပတဲ့ အချိန်တွေကို ခံစားနေတဲ့အချိန်မှာ ငါတို့ကို ဘေးကန် ထုတ်တာက ဝမ်ရုံအတွက် နှလုံးသားမဲ့လွန်းပါတယ်”

ဥက္ကဋ္ဌရှု၏ အပြုံးက ပျောက်ကွယ်သွားပြီး မယုံနိုင်ဟန်တို့က အစားထိုးလာသည်။ သူ၏ မျက်နှာအမူအရာက မည်းမှောင်လာ၏။

“မင်းတို့အားလုံး အဲ့တုန်းက မင်းတို့ ရှယ်ယာတွေကို လိုလိုလားလားနဲ့ ရောင်းခဲ့ကြတာလေ၊ ပြီးတော့ ငါတို့လည်း မင်းတို့ကို ဈေးကောင်း ပေးခဲ့တာပဲ၊ ဒါက ဘာသဘောလဲ”

“ရှုဟွာ၊ မင်းက အဲ့ကိစ္စကို ဘယ်လိုတောင် ပြောရဲတာလဲ”

ဒါရိုက်တာရှားက သရော်၍ သူ့မျက်နှာဖုံးကို ခွာချလေသည်။

“အဲ့တုန်းက မင်းရှယ်ယာတွေကို မင်း ဘာလို့ မရောင်းခဲ့တာလဲ၊ အဲ့တုန်းက ဝမ်ရုံနည်းပညာကို ကယ်နိုင်မယ် ဆိုတာကို မင်း သေချာသိနေတယ်၊ ဒီကောင်လေးမှာ အဆင့်မြင့် နည်းပညာတစ်ချို့ ရှိနေတာကို မင်း သိနေတယ်၊ ပြီးတော့ မင်းက အဲ့အခွင့်အရေးကို အသုံးချပြီး ငါတို့ကို ကန်ထုတ်ပစ်ခဲ့တာ”

ထို့နောက် သူက ရဲ့လင်းချန်ကို လက်ညှိုးထိုးသည်။

“ဒီကောင်လေးက မင်းနဲ့ အရင် သဘောတူချက်တွေ ရှိထားတာ သေချာတယ်၊ မင်းက ငါတို့ကို ကားအောက် တွန်းချတာပဲ၊ မင်းက အရင်ဆုံး ရန်လိုလာမှတော ငါတို့ စာနာမှုမရှိဘူးလို့ အပြစ်လာမတင်နဲ့”

“ဟုတ်တယ်”

အခြား အမျိုးသား လေးယောက်ကလည်း ထရပ်သည်။

“ငါတို့ ရှယ်ယာတွေကို ငါတို့ ရောင်းပြီးတော့ ဝမ်ရုံနည်းပညာက ချက်ချင်း လုပ်ငန်းပုံစံကို စပြောင်းပစ်တယ်၊ မင်းက ငါတို့ ရှယ်ယာတွေကို မျက်စိကျနေတာပဲ၊ အဲ့ဒါကြောင့် ငါတို့ကို ရည်ရွယ်ချက်ရှိရှိ ထောင်ချောက်ဆင်တာ”

သူတို့၏ အကြည့်များက ရေခဲတမျှ အေးစက်လာသည်။ ဥက္ကဋ္ဌရှုနှင့် ဥက္ကဋ္ဌ အိုးရန်တို့သည် သူတို့အပေါ်သို့ ကျရောက်နေသည့် အေးစက်သော အကြည့်များကို ခံစားမိပြီး ဒေါသကို မီးစာပစ်ထည့်ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

“ဟားဟား ရယ်ချင်စရာပဲ”

ရဲ့လင်းချန် မနေနိုင်တော့ဘဲ ခေါင်းခါလိုက်မိသည်။

“အဲ့တုန်းက ကျုပ် တကယ်ကို ဥက္ကဋ္ဌရှုနဲ့ ဥက္ကဋ္ဌ အိုးရန်ဆီကနေ ရှယ်ယာတချို့ ဝယ်ခဲ့ပင်မယ့် သူတို့က အရောင်းအယူကို ငြင်းခဲ့တာ၊ ဒါပေမဲ့ ကုမ္ပဏီကို ကယ်တင်ဖို့အတွက် ကျုပ် ဝင်ပါလာအောင် သူတို့ရဲ့ ရှယ်ယာ သုံးဆယ် ရာခိုင်နှုန်းကို ငါ့ဆီ အပေးအယူအနေနဲ့ စိတ်လိုလက်ရ ပေးခဲ့တာ၊ ခင်ဗျားတို့ကရော ဘာလုပ်ခဲ့လဲ၊ ခင်ဗျားတို့ အားလုံး ကုမ္ပဏီရဲ့ ကံကြမ္မာကို ဘယ်လို အတူတူ တိုက်ပွဲဝင်မယ်လို့ ပြောခဲ့ပင်မယ့် ပြဿနာတွေနဲ့ ရင်ဆိုင်ရတော့ မင်းတို့ရဲ့ အရင်ဆုံး တုံ့ပြန်မှုက ထွက်ပြေးဖို့ပဲ၊ အခု ကုမ္ပဏီက ကောင်းကောင်း လည်ပတ်နေပြီဆိုတော့ ခင်ဗျားက အခြားသူတွေကို လှည့်အပြစ်တင်နေတာလား၊ ရယ်ချင်စရာပဲ”

“ရှင်းရှင်း ပြောရရင် ခင်ဗျားတို့ အဲ့တုန်းက ဝမ်ရုံ နည်းပညာကနေ ထွက်မသွားခဲ့ရင် ကုမ္ပဏီက သေချာပေါက် ရှုပ်ထွေးနေဦးမှာပဲ၊ နောက်ဆုံး ပြိုလဲသွားလောက်တယ်”

“ဟေ့ကောင်၊ ဒီမှာ မင်း ဝင်ပြောပိုင်ခွင့် မရှိဘူး”

ဒါရိုက်တာရှားက ရဲ့လင်းချန်ကို စူးစိုက်ကြည့်သည်။

“မင်းက ငါတို့ကို အာခံရဲမှတော့၊ ငါ မင်းနဲ့ ဖြည်းဖြည်းချင်း ရှင်းဦးမယ်ကွ”

“ထွက်ပြေးတာက ပြဿနာရဲ့ ပထမ လက္ခဏာရပ်ပဲ၊ ဒါပေမဲ့ ကျွန်မတို့ အမြတ်ရတော့ ဝင်ခံစားဖို့ မျှော်လင့်နေတယ်၊ ဆုတောင်းလေ”

ရှုနန်က ကြိမ်းမောင်းသည်။

“အစတုန်းက ရှင်တို့ကို ကျွန်မရဲ့ ဆွေမျိုးလူကြီးတွေအဖြစ် သတ်မှတ်ထားသေးတယ်၊ ရှင်တို့က ဒီလောက် မဆင်မခြင် လုပ်တတ်လိမ့်မယ်လို့ ကျွန်မ ထင်မထားမိဘူး”

“ရှုဟွာ၊ ငါ အခု မင်းကို မေးမယ်၊ မင်း နည်းပညာကို မျှဝေမှာလား၊ မမျှဝေဘူးလား”

ဒါရိုက်တာရှားက ဥက္ကဋ္ဌရှုကို စူးစိုက်ကြည့်၍ အေးစက်စွာ မေးလိုက်သည်။

“မင်းတို့အားလုံး ရူးနေပြီပဲ၊ တကယ် စိတ်ပျက်ဖို့ကောင်းတယ်”

ဥက္ကဋ္ဌရှုက ခေါင်းခါသည်။

“အတွေးမတူရင် ငါတို့ အတူတူ အလုပ်မလုပ်သင့်ဘူး၊ ဒီညစာစားပွဲကို ငါတို့အတွက် နှုတ်ဆက်ပွဲအဖြစ် ထားလိုက် တာပေါ့၊ နောက်ဆို ငါတို့ လမ်းခွဲလျှောက်ကြတာပေါ့၊ ငါတို့ သွားမယ်”

ထိုသို့ပြောပြီးနောက် သူက ထထွက်သွားရန် ပြင်လိုက်သည်။ သို့သော် သူ ထရပ်ရန် ကြိုးစားလိုက်သည့် အခိုက်မှာပင် ဟန်ချက်ပျက်၍ နောက်ပြန်လဲကျသွားသည်။ သူ့မျက်နှာတွင် ထိတ်လန့်ဟန် ပေါ်လာသည်။

“ဒါက …”

ရှုနန်နှင့် အခြားသူများလည်း သတိအနေအထား ဖြစ်သွားသည်။ သို့သော် သူတို့ ထရန် ကြိုးစားလိုက်ချိန်တွင် ထိုသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်လိုက်ရသည်။ လက်ရှိတွင် သူတို့တွင် ကြောက်စိတ်နှင့် ဒေါသတို့ ရောထွေး ဖြစ်ပေါ်လာ၏။

“ဟားဟားဟား … မင်းတို့က ထွက်သွားချင်တာလား၊ အဲ့လောက် လွယ်မယ်လို့ မင်း ထင်နေတာလား”

ဒါရိုက်တာရှားက ခေါင်းကိုမော့၍ ရယ်လေသည်။ သူသည် အဖွဲ့အား ဆိုးရွားသော မျက်နှာထားနှင့် ကြည့်နေသည်။

“ဒီနေ့ ငါ မင်းတို့နဲ့ ညှိနှိုင်းဖို့ ဒီကို လာတာ မဟုတ်ဘူး၊ မင်းတို့ မပေးချင်ရင်တောင်မှ ဝမ်ရုံ နည်းပညာရဲ့ နည်းပညာကို လက်လွှဲပေးကို ပေးရမယ်”

All Chapters