← Chapters

ရှောင်လွှဲ၍မရသော

Vol. 32 Ch. 486

ရှောင်လွှဲ၍မရသော

Vol. 32 Ch. 486

ခေါင်းလောင်းက သုံးကြိမ်သာ မြည်သွားသည်။

“သုံးကြိမ်ပဲလား။”

လှေပျံပေါ်တွင် ခေါင်းဆောင်မှာ ဓားကိုင်အမှုထမ်းဝတ်စုံကို ပြောင်းလဲဝတ်ထားပြီဖြစ်သည်။ သူက ရှေ့ဆုံးတွင် မာန်အပြည့်ဖြင့် ရပ်ကာ ဂုဏ်ယူဝင့်ကြွားလျက် ပြောလိုက်သည်။

သူသည် လက်တို့အား နောက်ကျောတွင် ပစ်ထားလျက် ကျေနပ်အားရနေသည်။ သို့ရာတွင် သူ့မျက်လုံးများအတွင်းထဲတွင်တော့ အပြစ်ရှိစိတ်နှင့် စိတ်ပူပန်လှုပ်ရှားမှုတို့ ထင်ဟပ်နေသည်။

ရွှီချင်းကိုလည်း ဓားကိုင်အမှုထမ်းဝတ်စုံ လဲခိုင်းသည်။ သို့ရာတွင် ထိုအချိန်၌ သူသည် ခေါင်းလောင်းကို အာရုံမစိုက်သေးပေ။ ထိုအစား ဝတ်ရုံကိုသာ အကဲခတ်ကြည့်နေသည်။

ဓားကိုင်အမှုထမ်းဝတ်စုံမှာ တာအိုဝတ်ရုံနှင့် ကွဲထွက်နေသည်။ ကော်လံသည် နားရွက်အောက်နားကပ်သည်အထိ ရှည်လျားထောင်ထနေသည်။ ၎င်း၏ ကျယ်လှသော လက်ဖျားအိုးစတို့ကလည်း အောက်သို့ အနည်းငယ်ကျနေသည်။ ထိုဝတ်ရုံသည် အဖြူရောင်နောက်ခံတွင် အနီရောင်မီးလျှံများပုံစံ ထိုးထားသည်။

ထိုပုံစံတို့မှာလည်း ထင်ရှားခြင်းမရှိဘဲ မသိမသာ ဖုံးကွယ်ထား၏။ နေရောင်အောက်တွင်မှ ထိုသဏ္ဍာန်များသည် အမှုထမ်းဝတ်စုံ တစ်ဝက်အထိ ဖုံးထားသည်ကို တွေ့မြင်နိုင်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်း၏ လက်စအိုးများနှင့် ကောင်လံတို့က မီးလျှံပင်လယ်ပြင်တစ်ခု ဖြစ်နေသည်။

လေပြင်း ဖြတ်တိုက်သွားချိန်တိုင်းတွင် ဝတ်စုံသည် မီးတောက်တို့ ပြင်းထန်စွာလောင်ကျွမ်းနေသည့်အလား တဖျပ်ဖျပ်လူးလွန့်လျက်ရှိသည်။

နောက်ကျောဘက်တွင်လည်း ကော်လံအား အနီရောင်ဖဲကြိုးတစ်ချောင်းနှင့် တွဲချည်ထားသည့် ဝတ်ရုံစရှည်တစ်ခု ရှိသေးသည်။ ၎င်းသည် နောက်တွင် တဖျပ်ဖျပ်လူးလွန့်လျက် လေလှိုင်းများပြုနေသည်။

အမှုထမ်းဝတ်စုံမှာ ရိုးစင်းသော ပစ္စည်းသက်သက်ဖြင့် ပြုလုပ်ထားသည်ဟု ထင်ရ‌သော်လည်း အမှန်တွင်တော့ ပြင်းထန်လှသော မီးလျှံများ ပါရှိသည်။ တစ်ခုလုံး ခြုံကြည့်လျှင် ၎င်းသည် တင့်တယ် သပ်ရပ်ဟန်ရှိသော်လည်း တစ်ချိန်တည်းမှာပင် ရဲရင့်သောအရှိန်အဝါတို့လည်း နည်းလှသည်တော့ မဟုတ်ပေ။ ရွှီချင်း ထိုဝတ်စုံအား ဝတ်လိုက်ချိန်တွင် လှေပျံပေါ်ရှိ တပည့်မတို့က မျက်လုံးတွင် ထူးခြားသောအရောင်များ လက်ကာ သူ့အား မကြာခဏ ကြည့်နေကြတော့သည်။

ယန်ယန်သည် ရွှီချင်းဘေးတွင် ရပ်နေလျက် သူမ၏မျက်လုံးများမှာ လခြမ်းပမာ ကွေးညွှတ်ထားသည်။ သူမက ရင်လေးကော့ကာ ဂုဏ်ယူနေဟန် ရှိသည်။

“ဘာသုံးကြိမ်ပဲ မြည်တယ် ပြောနေတာလဲ။ ဒီအဘိုးကြီး ပြန်လာချိန်တုန်းကတောင် ခေါင်းလောင်းကမမြည်ခဲ့ဘူး။ အားညို မင်းဂုတ်ယားနေပြန်ပြီထင်တယ်။”

ရွှီချင်းက ဝတ်စုံကို စစ်ဆေးကြည့်နေချိန်တွင် ဘိုးဘေးရွှယ်လျန့်ကျစ်အသံသည် တည်ငြိမ်စွာထွက်ပေါ်လာသည်။

ခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး သူက မျက်နှာချိုသွေးလျက် လှည့်ကြည့်လိုက်၏။ သူမာန်တို့က ထိုအချိန်တွင်တော့ အရှင်းပျောက်သွားပြီး ရွယ်လျန့်ကျစ်ဘေးသို့ ချက်ချင်း ပြေးသွားသည်။

“တပည့်က ဘိုးဘိုးကို ဂါရဝပြုပါတယ်။”

ရွှယ်လျန့်ကျစ်က နှာခေါင်းရှုံ့လိုက်ပြီး ရွှီချင်းဘေးသို့ လျှောက်လာသည်။ သူ့မျက်လုံးတို့တွင် ချီးကျူးမှုတို့ဖြင့် ပြည့်နေသည်။

ရွှီချင်းကလည်း လေးစားစွာ ဦးညွှတ်လိုက်သည်။

“မင်းအစ်ကိုကြီးရဲ့ ပေါက်ကရတွေကို နားမယောင်နဲ့။ အားချင်း… လူသားမျိုးနွယ်ရဲ့ ထုံးဓမ်းစဉ်လာမှာ ခေါင်းလောင်းမြည်တာက အဓိပ္ပာယ်အများကြီးကို ကိုယ်စားပြုတယ်‌။ ဒါကို မင်း အာရုံစိုက်နေစရာမလိုပါဘူး။ မင်း သိထားရမှာက ဂိုဏ်းရဲ့ခေါင်းလောင်းက အများဆုံး နှစ်ဆယ့်တစ်ကြိမ်ထိပဲ မြည်မယ်ဆိုတာပဲ။”

“ဘာကြောင့်များလဲ။”

ခေါင်းဆောင်က သိချင်စိတ်ဖြင့် မေးသည်။

ရွှယ်လျန့်ကျစ်က သူ့ကို အာရုံမစိုက်ဘဲ ရွှီချင်းကိုသာ ကျေနပ်အားရစွာ ကြည့်လိုက်သည်။

“အားချင်း မင်းဂိုဏ်းကို ပြန်ရောက်လာပြီးနောက် သုံးလ အနားယူချိန်ရသေးတယ်။ အဲဒီသုံးလပြီးရင်တော့ ခရီးရှည်ကြီးတစ်ခုထွက်ရမှာပဲ။ အဲဒီအချိန်ရောက်ရင် မင်းကို ငါ ရတနာတစ်ခုပေးမယ်။”

ထိုသို့ ပြောပြီးနောက် ခေါင်းဆောင်ပြောချိန်ပင် မရလိုက်သေးခင် ရွှယ်လျန့်ကျစ်က သူ့ဘက်သို့ လှည့်ကာ စူးဝါးစွာ စိုက်ကြည့်လိုက်ပြီး ငေါက်လိုက်သည်။

“မင်းက မငယ်တော့ဘူး။ ညီငယ်လေးဆီက ပြန်သင်ထားဦး။ တနေကုန် မဟုတ်တာပဲ လုပ်မနေနဲ့။ ဂိုဏ်းထဲမှာဆို ကိစ္စမရှိဘူး။ ဒါပေမဲ့ ဖုန်းဟိုင်နယ်မြေကြီးရောက်ရင် အချို့လူတွေလက်ချက်နဲ့ မင်းရဲ့ ချိပ်တံဆိပ်ကျိုးပျက်သွားမှာစိုးရတယ်‌။ အဲဒီအချိန်ကျရင် သူတို့က မင်းကို မသတ်ရင်တောင် မင်းကိုယ်မင်း သတ်မိမှာပဲ။”

“ဘိုးဘိုး ဖုန်းဟိုင်နယ်မြေအကြောင်းအရင် မပြောပါနဲ့ဦး။ နောက်လာမယ့်ကပ်ဘေးကိုတောင် ကျွန်တော် ဘယ်လိုအသက်ရှိနိုင်မလဲ မသိဘေးပါဘူး…”

ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး ဘိုးဘေးအား ဆန္ဒဇောတို့ဖြင့် ကြည့်လိုက်သည်။

ဘိုးဘေးက နှာခေါင်းရှုံ့လိုက်ပြီး ပြောရန် ပြင်လိုက်သည်။ သို့ရာတွင် ထိုအချိန်တွင် လှေပျံကြီးသည် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်နေရာသို့ ချဉ်းကပ်လာသည်နှင့် အဖွဲ့နေရာမှ ပုံရိပ်သဏ္ဌာန်တို့ ပျံထွက်လာပြီး လှေပျံကြီးထံသို့ ဦးတည်လာကြသည်။

ချီယွဲ့ထုံက လူများသာမက အခြားဂိုဏ်းများအားလုံးက လူများလည်း ရောက်ရှိလာကြသည်။ ပြန်လာသည့် တပည့်များသည် သူတို့ဂိုဏ်းများမှလည်း ဖြစ်နေသည် မဟုတ်ပါလား။

သူတို့သည် ဓားကိုင်များ ဖြစ်မလာကြသော်လည်း စမ်းသပ်ပွဲ၌ အတွေ့အကြုံကောင်းများ ရရှိလာကြသည်။ ဤခရီးက လွန်စွာအကျိုးရှိ၏။

သို့ရာတွင် အမှတ်ခုနစ်သခင်ကြီး ဦး‌ဆောင်သည့် ချီယွဲ့ထုံကြိုဆိုခြင်းအဖွဲ့မှလွဲလျှင် အခြားသော ဂိုဏ်းများအားလုံးကတော့ အကြီးအကဲများကိုသာ စေလွှတ်ကြသည်။

သို့သော်လည်း ထိုမြင်ကွင်းမှာ ခမ်းနားကြီးကျယ်နေသည်။ ဂုဏ်ပြုမှုမြောက်မြားစွာတို့ကြားတွင် ချီယွဲ့ထုံက ရွှီချင်းနှင့် ခေါင်းဆောင်တို့အတွက် အထူးဂုဏ်ပြုပွဲတစ်ခုလည်း ကျင်းပပေးသည်။ မကြာခင်အချိန်မှာပင် ပဲ့တင်ထပ်နေဆဲ ခေါင်းလောင်သံများအောက်တွင် ထိုလူစုသည် ချီယွဲ့ထုံသို့ ခန်းနားထည်ဝါစွာ ပြန်လာကြတော့သည်။

သူတို့ ပြန်လည်ရောက်ရှိလာချိန်တွင် ချီယွဲ့ထုံတပည့် တဝက်ကျော်တို့သည် ရောက်ရှိနှင့်နေကြပြီ ဖြစ်သည်။ သူတို့အားလုံးက တပြိုင်နက်တည်း ကောင်းကင်သို့ ဦးညွှတ်လိုက်ကြသည်။

တပည့်မြောက်မြားစွာတို့၏ အားကျမနာလိုသော အကြည့်များအောက်တွင် ခေါင်းဆောင်က ဟိတ်ဟန်အပြည့် ထုတ်နေတော့သည်။ နတ်မိမယ်ကျစ်ရွှယ် ရှိနေခြင်း မရှိကြောင်းကို သတိထားမိပြီးချိန်တွင်မှ သူသည် စိတ်ပေါ့ကာ လေပူမှုတ်မိတော့သည်။

တစ်ချိန်တည်းမှာပင် မဟာမိတ်အဖွဲ့‌ခေါင်းဆောင်လည်း ပေါ်ထွက်လာသည်။ သူက ညင်သာစွာပြုံးလျက် အမိန့်တစ်ခု ကြေညာလိုက်၏။

“ရွှီချင်းနဲ့ ချန်အားညိုတို့ကို ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ရဲ့ တာအိုသားတော်များအဖြစ် ပေးအပ်ချီးမြှင့်စေ။”

ဤကား လုပ်သင့်သည့် ကိစ္စပင်ဖြစ်သည်။ သူတို့က ဓားကိုင်များ ဖြစ်လာကြသည် မဟုတ်ပါလား။ ထို့အပြင် ဤတစ်ကြိမ်တွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်က အာရုံစိုက်မှုများစွာ ရရှိခဲ့သည်။ ဓားကိုင်သုံးဦးထဲတွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်က နှစ်နေရာ သိမ်းပိုက်ထားသည်။

ဤသို့ ဖြစ်ရပ်တို့ ယခင်က မရှိဖူးပေ။ ယခင်က တစ်နေရာသည် အများဆုံး ဖြစ်သည်။

ထို့ကြောင့် တာအိုသားတော်အဖြစ် ချီးမြှင့်ခြင်းသည် လိုအပ်ချက် ဖြစ်လာသည်။

ဤကား လုပ်ထုံးလုပ်နည်းတစ်မျိုးလည်း ဖြစ်သည်။ ချီယွဲ့ထုံဂိုဏ်း၊ ဓားကိုင်ရုံးတော်နှင့် ဂိုဏ်းများအားလုံးသည် အနာဂတ်ဓားကိုင်များအား အလေးထားမှု ပြသရန်လိုသည်။

ထိုကိစ္စက ၎င်း၏ ရပ်တည်မှု၊ အတွေးတို့နှင့် သက်ဆိုင်နေခြင်း အလျင်းမရှိပေ။ အဖွဲ့ခေါင်းဆောင်ဖြစ်သော သူ့အား လူများစွာက သူ ဘာတွေးနေသည်ကို ထွင်းဖောက်မြင်နိုင်မည် မဟုတ်ပေ။ သို့ရာတွင် သူကတော့ အမြဲတည်ငြိမ်စွာ ရှိနေသည်။

ထို့ကြောင့် တာအိုသားတော်အဖြစ် ကြေညာချက်ထုတ်ပြီးနောက်တွင် ချီယွဲထုံဂိုဏ်း၏ ဂုဏ်ပြုပွဲမှာ ပိုမိုမြူးကြွသွား၏။ အခြားသော ဂိုဏ်းများက တပည့်အချို့ကလည်း ဂုဏ်ပြုလက်ဆောင်များ ပို့လာကြသည်။ ဂုဏ်ပြုပွဲမှာ တစ်နေကုန်သည်အထိ ကြာသွားသည်။

ထိုနေ့တွင် ခေါင်းဆောင်သည် အားလုံးနှင့် ပြောဆိုနေလျက်ရှိသည်။ သူက စိတ်အေးချမ်းနေပြီး တစ်ချက်တစ်ချက်တွင် ကြွားပြောနေလိုက်သေးသည်။

“ငါပြောပြမယ်။ လီယုံမြို့မှာ အားချင်းနဲ့ ငါတို့ရဲ့ နှလုံးသစ္စာစစ်မှုအလင်းတို့က မကြုံစဖူးပဲ။ ငါတို့နှစ်ယောက်ပေါင်းရင် ပေတစ်သိန်းကျော်သွားတယ်။”

ရွှီချင်းက ထိုစကားအား အဝေးမှလှမ်းကြားမိသော်လည်း အာရုံစိုက်ခြင်းမပြုပေ။ ထိုအချိန်တွင် သူ့ရှေ့၌ ဟွမ်ရန်မှာ ဝမ်းနည်းနေဟန်ဖြင့် ထိုင်နေသည်။

“ရွှီချင်း မျက်စိတမှိတ်အတွင်း နှစ်တချို့ကုန်သွားပြန်ပြီ။ မင်းက အခုဓားကိုင်တောင် ဖြစ်လာပြီပဲ။”

“ဟင်း ငါကတော့ ယင်ဟွမ်ပြည်နယ်မှာ အသားမကျနိုင်သေးဘူး။ ဂိုဏ်းတူအစ်မကို ငါပြောပြီးသွားပြီ။ ငါတို့က ယင်ဟွမ်ပြည်နယ်က ထွက်သွားဖို့ တွေးထားတယ်။ ဂိုဏ်းတူအစ်မရဲ့ တာဝန်အလှည့်ကျနေတာနဲ့ ကွက်တိပဲ။ နောင်တချိန်ကျရင် နန်ဟွမ်ကုန်းမြေမှာ ပြန်တွေ့ကြတာပေါ့။”

ဟွမ်ရန်သည် ယခင်ကပင် ယင်ဟွမ်ပြည်နယ်ကို မကြိုက်လှကြောင်း အကြိမ်များစွာ ပြောဖူးသည်။ ယခု ထိုသို့ ကြားရချိန်တွင် ရွှီချင်းက ဆက်နေရန် အတင်းမပြောနိုင်တော့ပေ။ သူက ခေါင်းညိတ်လိုက်ပြီး ဟွမ်ရန်အား ဝိညာဉ်သုံးပါးဖိနှိပ်ခြင်းတောင်ကုန်းအကြောင်း ပြောလိုက်သည်။

ဟွမ်ရန်က ထိုကိစ္စအား အနည်းငယ်စိတ်ဝင်စားဟန် ရှိသည်။

အချိန်တို့တဖြည်းဖြည်းကုန်လွန်လာပြီး နေဝင်ချိန်တို့ တဖြည်းဖြည်းရောက်ရှိလာသည်။ ဂုဏ်ပြုပွဲက ပြီးဆုံးခါနီးအချိန်သို့ ရောက်လာသည်။ ရွှီချင်းက အနောက်ဘက်တောင်သို့ သွားကာ အမှတ်ခြောက်သခင်ကြီးထံ သွားရောက်ဂါရဝပြုရန် ကြံထားသည်။

သို့ရာတွင် ဂိုဏ်ပြုပွဲက ပြီးဆုံးလုခါနီး သူက ထွက်ခွာရန်ဆဲဆဲအချိန်မှာပင် ဖြစ်ရပ်တစ်ခု ဖြစ်လာသည်။

ကောင်းကင်တွင် ခရမ်းရောင်အလင်းတစ်ခုလှုပ်ခတ်လာပြီး နေကွယ်ချိန် အလင်းရောင်တို့အား အရောင်ပြောင်းလိုက်သည်။ ရွှီချင်းက ခေါင်းမော့ကြည့်လိုက်ရာ အဝေးတွင် ကျန်းစန်းအား  ကြွားနေသည့် ခေါင်းဆောင်၏ မျက်နှာပျက်သွားသည်ကို တွေ့မြင်လိုက်ရသည်။

နောက်တစ်ခဏတွင် ကောင်းကင်အပြည့် လင်းနေသည့် ခရမ်းရောင်အလင်းက စုစည်းလာပြီး အမျိုးသမီးပုံရိပ်သဏ္ဌာန်တစ်ခု ဖြစ်လာသည်။

ထိုမိန်းမပျိုသည် နူးညံ့သောအသားအရေ၊ ကျော့ရှင်းသော ကောက်ကြောင်း၊ နတ်သမီးကဲ့သို့ လှပသည့် မျက်နှာ၊ မွန်ရည်သော ဟန်ပန်နှင့် ကြောက်ခမန်းလိလိ ကျင့်ကြံဆင့်တို့ ရှိသည်။ ထိုအရာတို့အားလုံးပေါင်းလိုက်သော် ပန်းချီကားထဲက လျှောက်ကာထွက်လာသည့် တုနိုင်းမမီသော အလှတစ်ပါး ဖြစ်လာတော့သည်။

သူမသည် နတ်မိမယ်ကျစ်ရွှယ် ဖြစ်သည်။

သူမက ဂုဏ်ပြုပွဲချိန်အတွင်း ရောက်လာခြင်းမရှိဘဲ အဆုံးထိစောင့်ပြီးမှ ထွက်လာခြင်းဖြစ်သည်။ ထိုအချက်သည် လေးစားမှုကို ကိုယ်စားပြုနေသည်။

သူမ ပေါ်ထွက်လာသည်တွင် ရွှီချင်း၏ စိတ်တို့ အနည်းငယ်လေးလံလာသည်။ သူ လက်ခံရရှိခဲ့သော စာလွှာကို ပြန်စဉ်းစားလိုက်မိချိန်တွင် သူ့စိတ်ထဲတွင် လှိုင်းများထန်လာတော့သည်။ ထိုအချိန်တွင် သူသည် ထိုနေရာမှ အမြန်ဆုံး ထွက်ခွာရန်သာ စိတ်လောနေ၏။ ထို့ကြောင့် သူက ခပ်မြန်မြန် ဆုတ်ခွာလာသည်။

ခေါင်းဆောင်ကတော့ ပို၍ပင် စိတ်ပူပင်လှုပ်ရှားနေသည်။ သူက ခရမ်းရောင်အလင်းအား မြင်လိုက်သည့် တခဏတွင်းချင်းမှာပင် ချက်ချင်းခန္ဓာကိုယ်ကို လှည့်ကာ ထွက်ပြေးတော့သည်။

သို့ရာတွင် အမှတ်ခုနစ်သခင်ကြီးက အစကတည်းက သူ့အား ကြည့်နေသည်ကိုတော့ သူ သတိမထားမိပေ။

ခေါင်းဆောင်ပြေးလိုက်သည့် တခဏတွင်ပင် အမှတ်ခုနစ်သခင်ကြီးက လက်ကိုမြှောက်လိုက်ပြီး လေထဲသို့ ဖမ်းအုပ်ဟန်ပြုလိုက်သည်။ ဝမ်းနည်းစွာ အော်လိုက်သံများနှင့်အတူ ခေါင်းဆောင်၏ ကိုယ်ခန္ဓာအား အမှတ်ခုနစ်သခင်ကြီးက ဆွဲထုတ်လိုက်သည်။

ခေါင်းဆောင်က အမှတ်ခုနစ်သခင်ကြီးလက်ထဲတွင် ပေါ်လာချိန်တွင်ပင် ခြေလက်တို့ ယက်ကန်လှုပ်ရှားလျက် ရုန်းကန်ရန်ကြိုးစားနေသည့်ဟန် ဖြစ်နေသည်။ သို့ရာတွင် အချည်းနှီးသာ။ နောက်ဆုံးတွင် အမှတ်ခုနစ်သခင်ကြီးကို အသနားခံဟန်သာ ကြည့်နေလိုက်၏။

“ဆရာ..”

အမှတ်ခုနစ်သခင်ကြီးကတော့ သူ့တပည့်အကြီးဆုံးကို ကြည့်ပင်မကြည့်ချေ။ ထိုအစားသူက နတ်မိမယ်ကျစ်ရွှမ်ကိုသာ ပြုံးလျှက် စိုက်ကြည့်လိုက်သည်။

“ရောင်းရင်းကျစ်ရွှမ် ကျုပ်နဲ့ ဒီငရှုပ်လေးက မင်းကို ဒုက္ခပေးခဲ့ပြန်ပြီ။ မင်းနောက်ဆုံးတစ်ခေါက်ပြောတဲ့ အပြစ်ပေးမှုက ကိစ္စမရှိလောက်ပါဘူး။”

အမှတ်ခုနစ်သခင်ကြီးက ထိုသို့ပြောလိုက်ပြီး ချန်အားညိုအား လေထဲသို့ ပစ်လွှတ်လိုက်သည်။ ချန်အားညိုမှာ နတ်မိမယ်ကျစ်ရွှမ်ရှေ့သို့ ကျရောက်သွားပြီး စူးရှစွာ အော်လိုက်၏။

သူခြေလက်တို့မှာ တုတ်နှောင်ခံထားရပြီး မလှုပ်ရှားနိုင်ဖြစ်နေသည်။ သို့သော် လည်ပင်းကတော့ လွတ်လပ်နေသည်။ သူက ခေါင်းကို ချက်ချင်းငုံ့လိုက်ရာ လူအုပ်ထဲသို့ တိတ်တဆိတ်ဆုတ်ခွာသွားပြီး အဝေးသို့ ပြေးသွားသည့် ရွှီချင်းကို တွေ့မြင်လိုက်သည်။

“ညီငယ်လေး ကယ်ပါဦး။ နတ်မိနယ်ကျစ်ရွှမ်ကို အမြန်ကူပြောပေဦးလေ။ ဒါမှမဟုတ် ငါနဲ့အတူ လိုက်ခဲ့…”

ရွှီချင်း ဒေါပွသွားသည်။ သူ ကျိတ်တွေးလိုက်သည်။

‘ချန်အားညို ငါ့ကိုဆွဲခေါ်ဖို့ မမေ့ဘူးပဲ။’

ထိုအချိန်တွင် သူက အလိုလိုအရှိန်တင်ကာ ဆုတ်ပြေးရန် ပြင်လိုက်သော်လည်း နောက်ကျသွားပြီပင်။

ခေါင်းဆောင်အသံထွက်လာပြီးနောက် နတ်မိမယ်ကျစ်ရွှမ်က လှပသော ခေါင်းလေးအား ငုံ့ကြည့်လိုက်ပြီး ရွှီချင်းထံသို့ ဟန်လုပ်ပြုံးကာ ကြည့်လိုက်သည်။

“ကောင်‌လေး လိုက်ခဲ့။ ငါ မင်းကို ပြောစရာရှိသေးတယ်။”

ရွှီချင်းက စာလွှာကို ပြန်သတိရလိုက်မိပြီး နှလုံးခုန်ရပ်မတတ်ဖြစ်သွားသည်။ သူက မည်သို့ငြင်းပယ်ရမည်ကို စိတ်ရှုပ်စွာ စဉ်းစားနေ၏။

ခေါင်းဆောင်က ထိုစကားတွင် မျက်လုံးတို့ အရောင်လက်သွားသည်။ သူက ပါးစပ်ဟပြောရန် ပြင်လိုက်ချိန်တွင်ပင် နတ်မိမယ်ကျစ်ရွှမ်က လက်ကိုမြှောက်လိုက်ပြီး သူ့ပါးစပ်ကို စကား မပြောနိုင်အောင် ပြုလုပ်လိုက်သည်။

သူက ရွှီချင်းထံသို့ မျက်တောင်များသာ အဆက်မပြတ် ခတ်ပြနိုင်တော့သည်။

ရွှီချင်းကတော့ သူ့ကို လစ်လျူရှုထားလိုက်ပြီး ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် အမှတ်ခုနစ်သခင်ကြီးက ချောင်းဟန့်လိုက်သည်။

“အမှတ်လေး မင်းသွားသင့်ပြီ။”

ရွှီချင်းက သူ့ဆရာကိုကြည့်လိုက်သော်လည်း အမှတ်ခုနစ်သခင်ကြီးကတော့ မမြင်ချင်ယောင်သာ ပြုနေသည်။

သို့ဖြင့် နောက်တစ်ခဏတွင် နတ်မိမယ်ကျစ်ရွှမ်က တခိခိရယ်လိုက်ရာ ရွှီချင်းလည်း အလိုလိုပျံတက်လိုက်ပြီး သူမဘေးသို့ သွားရောက်လိုက်၏။

သူမအနီးသို့ ရောက်ရှိလာသည်နှင့် ရင်းနှီးနေသည့် မွှေးရနံ့တို့က သူ့အာရုံအပေါင်းသို့ တိုက်ခိုက်လာကြသည်။ စိမ့်စမ်းရေကဲ့သို့ သာယာသည့်အသံလေးကလည်း သူ့နားထဲမြည်လာသည်။

“ကောင်လေး ငါ့စာလွှာကို ရခဲ့လား။”

ရွှီချင်း အလျင်အမြန် ခေါင်းခါလိုက်သည်။

နတ်မိမယ်ကျစ်ရွှမ်က တခိခိရယ်လိုက်ပြီး လက်စကိုလှုပ်ခါလိုက်သည်။ ရွှီချင်းခေါင်းခါနေချိန်မှာပင် သူမသည် သူနှင့် ခေါင်းဆောင်တို့ကို ခေါ်ကာ ထိုနေရာမှ ပျောက်ကွယ်သွားသည်။

သူတို့ ပြန်ပေါ်လာချိန်တွင်တော့ ရွှမ်ယုံဂိုဏ်း၏ မိစ္ဆာမြွေလျို့ဝှက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်သည်။

ရွှီချင်း အမြင်အာရုံထဲ ဦးစွာ ဝင်ရောက်လာသည်ကတော့ တောင်တန်းကဲ့သို့ သွယ်တန်းကွေ့ကောက်နေသည့် ဧရာမမြွေအရိုးစုကြီးပင်ဖြစ်သည်။

ထိုမြွေအရိုးစုကြီးပေါ်တွင် လူတစ်ဦးတည်းသာ ရှိသည်။

ထိုလူကတော့ ဝူကျန်းဝူပင်။

သူသည် လက်ထဲတွင် ပွတ်တံကြီးတစ်ခုကိုင်ထားလျက်ရှိကာ သူ့ပါးစပ်ကိုတော့ ချိပ်ပိတ်ခံထားရသည်။ သူက ရီဝေသော မျက်လုံးတို့ဖြင့် မြေအရိုးများအား ပွတ်တိုက်ဆေးကြောလျက်ရှိသည်။

လေထဲတွင် ရှိသော ရွှီချင်းနှင့် ကျန်နှစ်ဦးတို့အား တွေ့မြင်လိုက်ပြီးနောက် ဝူကျန်းဝူ၏ မျက်လုံးများ ချက်ချင်းလင်းလက်သွားသည်။

ခေါင်းဆောင်ကလည်း ထိုအရာအားလုံးကို တွေ့မြင်လိုက်ပြီး စိတ်ထဲတွင် အော်ငိုနေမိသည်။

“ချန်အားညို မင်းက မြွေစွယ်ကို ခိုးသွားတယ်။ အခြားလူသာဆို ငါအရှင်လတ်လတ် အရေခွံစုတ်ပြီးပြီ။ ဒါပေမဲ့ မင်းဆရာက ဒီကိစ္စကို ကြားဝင်ဖြေရှင်းထားတယ်။ ပြီးတော့ မင်းညီငယ်မျက်နှာကိုလည်းထောက်ပြီး ငါ ဒီကိစ္စကို ငြင်းမနေတော့ဘူး။”

“မင်းက မြွေစွယ်ကို သုံးချင်ရင် ငှားသုံးလို့ရတာပဲ။ ဘာလို့ခိုးရတာလဲ။ ထားလိုက်တော့ ငါမင်းကို မြွေစွယ်ငှားလိုက်မယ်။ ဒါပေမဲ့ ဒီနေရာက မိစ္ဆာမြွေအရိုးတွေကို သုံးလကြာ ဆေးကြောသန့်စင်ဖို့ အပြစ်ပေးလိုက်မယ်။ ဒီအရိုးအားလုံးကို သုံးလအတွင်းအကုန်ဆေးကြောရမယ်။”

“သွားလုပ်တော့။”

နတ်မိမယ်ကျစ်ရွှမ်က တည်ငြိမ်စွာပြောလိုက်သည်။ သူမလက်ကို ယမ်းလိုက်ရာ ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် မြွေအရိုးကြီးပေါ်က ဝူကျန်းဝူဘေးသို့ ကျဆင်းသွားသည်။

ဝူကျန်းဝူ၏ မျက်နှာက မာန်မာနတို့ပြည့်နေပြီး မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုတို့ပင် ရှိသည်။ သူက ခေါင်းဆောင်ထံသို့ ပွတ်တံကြီးတစ်ချောင်း ပေးလိုက်ပြီး အဝေးသို့ ညွှန်ပြလိုက်သည်။

ထိုနေရာရှိ မြွေအရိုးတဝက်က ဆေးကြောသန့်စင်ပြီး ဖြစ်ကြောင်း သိသာနေသည်။ သို့ရာတွင် တဝက်ကျော်ကျန်ရှိသည်။ ဝူကျန်းဝူက ၎င်းတို့အား တမင်ဆေးကြောခြင်းမပြုဘဲ စော့နေဟန်တူသည်။

ယခုသူက အဖော်ရလာပြီဖြစ်သည်။ သူ့လက်ချောင်းညွှန်ဟန်က သူ ကျန်တစ်ဝက်ကို ချန်ထားခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ခေါင်းဆောင်အား ပြောနေဟန်ရသည်။

ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး စိတ်ပေါ့ပါးဟန်ဖြင့် လေပူကျိတ်မှုတ်လိုက်သည်။ ထိုအပြစ်ပေးမှုက အယားဖြေကုတ်သလောက်သာ ရှိသည်။ ထိုထက်ပေါ့ပါးသော အပြစ်ပေးမှုမရှိတော့ပေ။

“ငါရေးခဲ့တဲ့စာက ထိရောက်မှုရှိပုံပဲ။ နောင်ကျရင် ပိုရေးရမယ်။”

‌ခေါင်းဆောင်က မျက်ထောင်ခတ်လိုက်ပြီး မကျေနပ်ဟန်ပြုလိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး မြွေအရိုးများကို ဆေးကြောလိုက်သည်။ သို့ရာတွင် ထိုသို့ဆေးကြောလိုက်ချိန်တွင်မှ သူ့မျက်နှာထားတို့ ပြောင်းလဲသွားရသည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ မြွေအရိုးတို့က ထူးခြားနေပြီး ဆေးကြောရန် လွန်စွာခက်ခဲလှသောကြောင့်ပင်။ သူက သူ့ကျင့်ကြံခြင်းအဆင့်ကို လှည့်ပတ်သည့်တိုင် ခက်ခဲနေရသေးသည်။

တောင်တန်းကဲ့သို့ သွယ်တန်းသွားသည့် မြွေအရိုးကိုကြည့်လိုက်ပြီး ခေါင်းဆောင်မျက်နှာက တဖြည်းဖြည်းခါးသီးရှုံ့မဲ့လာသည်။

ရွှီချင်းက ထိုအရာအားလုံးကို ကြည့်လိုက်ပြီး စိတ်ကျေနပ်မိလာသည်။

နတ်မိမယ်ကျစ်ရွှမ်က ချန်အားညိုအား ချလိုက်ပြီးနောက် ရှေ့တလှမ်းတိုးလိုက်ကာ ရွှီချင်းနှင့်အတူ လျို့ဝှက်နယ်မြေ၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် မိစ္ဆာမြွေကြီးက ခေါင်းမော့လျက် ကောင်းကင်အား ဟိန်းဟောက်နေသည့်ဟန် ရှိသည်။

သူမက ထိုင်ချလိုက်ပြီး ရွှီချင်းအား ပြုံးကာကြည့်လိုက်သည်။

“ထိုင်လေ။”

ရွှီချင်းက အားတင်းကာ ထိုင်လိုက်သည်။ ထိုနေရာမှ အောက်တွင် အလုပ်ရှုပ်နေသည့် ခေါင်းဆောင်ကို ပို၍ထင်ရှားစွာ မြင်နိုင်သည်။ သို့ရာတွင် ကျစ်ရွှမ် ထိုသို့စိုက်ကြည့်ခြင်းကို ခံရခြင်းဖြင့် သူ့စိတ်တို့မှာ ပို၍ပင် လှုပ်ရှားလာမိတော့သည်။

အထူးသဖြင့် နတ်မိမယ်ကျစ်ရွှမ်က ညင်သာစွာပြောလိုက်ချိန်တွင် ပိုဆိုးရွားလာတော့သည်။

“ကောင်လေး မင်းရေးခဲ့တဲ့စာထဲမှာ ငါ့ကို ကတိပေးထာတဲ့သုံးခုထဲက ပထမဆုံးကတိကို အရင်စလုပ်နိုင်ပြီ။”

ရွှီချင်းစိတ်တို့ ရှုပ်ထွေးနေပြီး သူ့မျက်နှာတွင် ကြောင်အမ်းအမ်းအသွင် ပေါ်လာတော့သည်။

All Chapters