← Chapters

နတ်ဆိုး နတ်ဘုရား ရဲ့လင်းချန်

Vol. 32 Ch. 479

နတ်ဆိုး နတ်ဘုရား ရဲ့လင်းချန်

Vol. 32 Ch. 479

ရဲ့လင်းချန်၏ တိုက်ခိုက်မှုက ပြင်းထန်သော မုန်တိုင်းတစ်ခုနှင့် သဏ္ဌာန်တူနေပြီး ခိုအိချီအား ကြောက်လန့်၍ ကြံရာမရ ဖြစ်သွားစေသည်။ သူ့တွင် တိုက်ခိုက်ချင်သည့်စိတ် မရှိတော့ဘဲ နောက်ဆုတ်လေသည်။

ယေဘုယျအားဖြင့် ပြောရလျင် လူတစ်ယောက်၏ အတွင်းအားက အကန့်အသတ်နှင့် ဖြစ်သည်။ ရဲ့လင်းချန်၏ အတွင်းအားကဲ့သို့ စက်သေနတ်သဖွယ် အကန့်အသတ်မရှိ သုံးနိုင်ရန် မဖြစ်နိုင်ပေ။ ယင်းက တကယ်ကို အဓိပ္ပာယ် မရှိပေ။

ထိုအခိုက်တွင် ရဲ့လင်းချန်သည် အသည်းအသန် တိုက်ခိုက်နေသည်။ သူ စိတ်လိုလက်ရ လက်သီးဖြင့် ထိုးနိုင်သည့် အခွင့်အရေးက နည်းပါးပေသည်။ အကယ်၍ သူသာ ပုံမှန်အတိုင်း လက်သီးနှင့် ထိုးပါက ဘေးနံရံများသည် ယခင်ကတည်းက ပြိုကျသွားလောက်ပြီး သူသည်လည်း သူ့အစွမ်းကို လုံးဝ ထုတ်ပြနိုင်တော့မည် မဟုတ်ပါ။

ခိုအိချီက ထွက်ပြေးရန် အသင့်ဖြစ်နေသည်ကို မြင်သောအခါ ရဲ့လင်းချန်သည် ကြမ်းပြင်ကို ခြေနှစ်ဖက်လုံးဖြင့် ဆောင့်နင်းလိုက်ပြီးနောက် ပုံရိပ်ယောင်အဖြစ် ပျောက်ကွယ်သွားလေသည်။ သူ့တစ်ကိုယ်လုံးကို ဝိုးတိုးဝါးတားသာ မြင်လိုက်ရပြီး ခိုအိချီထက် ဆယ်ဆမက ပိုမြန်နေ၏။

“လခွမ်း ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ယင်းကို မြင်သောအခါ ခိုဂျီသည် မျက်လုံးကျွတ်ကျမတတ် စိုက်ကြည့်နေမိသည်။ သူ မနေနိုင်ဘဲ ရေရွတ်လိုက် မိပြီးနောက် စိတ်ဓာတ်ကျသွားလေသည်။

*ဒီလူက … အရမ်း ကြောက်ဖို့ကောင်းတာပဲ*

“ငါ့ရဲ့ အန္တိမ ခြေထောက်သိုင်းကို မြည်းကြည့်လိုက်စမ်း”

ခိုအိချီက ကြုံးဝါးလေသည်။ သူသည် ထိုကန်ချက်၌ အရာအားလုံးကို ထည့်သွင်းထားပြီး ရဲ့လင်းချန်အား ပြင်းထန်စွာ ကန်ထုတ်လေသည်။

ထိုသိုင်းကွက်သည် သူ၏ ဘဝတစ်သက်စာ ကျင့်ကြံမှုများ ပါဝင်နေသည်။ သူ၏ အတွင်းအားက ဓားသဖွယ် ထက်ရှနေပြီး နှမ်းဖတ်ကျောက်ကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိသည်။

သို့သော် ရဲ့လင်းချန်က လေထဲမှ ဖိအားကို မမြင်သကဲ့သို့ လက်ကို အသာအယာ မြှောက်၍ ခိုအိချီအား ပြန်ထိုးလေသည်။

“ဝုန်း”

ပြင်းထန်သော လက်သီးအားက ခိုအိချီ၏ အတွင်းအားကို ပေါက်ကွဲသွားစေသည်။ လက်ကျန်ခွန်အားက မလျော့နည်းသွားပဲ ခိုအိချီ၏ ခန္ဓာကိုယ်ထဲ၌ တန်း၍ ပေါက်ကွဲသွားသည်။

“အား…”

ခိုအိချီ အော်ဟစ်ကာ သွေးအန်သွားလေသည်။

သူသည် ကြမ်းပြင်ပေါ် လဲကျမသွားစေရန် သူ့ကိုယ်သူ ဒယိမ်းဒယိုင်နှင့် အတင်း ဟန်ချက်ညီအောင် ကြိုးစားနေသည်။

သို့သော် သူ၏ ရင်ဘတ်အား လူတိုင်း ကြည့်မိသောအခါ ပင့်သက်ရှိုက်မိသွားပြီး အကြီးအကျယ် မျက်နှာပျက် သွားသည်။

ခိုအိချီ၏ ရင်ဘတ်က ပြင်းပြင်းထန်ထန် ထိုးနှက်ခံထားရပြီး ကြီးမားသော ချိုင့်ရာတစ်ခု ပေါ်နေသည်။ သူ့ခန္ဓာကိုယ်က မူမမှန်စွာ ယိုယွင်းနေပြီး အဝတ်အစားများက သွေးများနှင့် ရွှဲနစ်နေသည်။ သူ၏ အရေပြားနှင့် အရိုးတွင် ပြင်းထန်သော ဒဏ်ရာကို ခံစားလိုက်ရလေပြီ။

ထို့အပြင် ယင်းက ရဲ့လင်းချန် အသာထိုးလိုက်သော လက်သီးချက်ထက် မပိုပေ။ သူသာ အားကုန်သုံး၍ ထိုးနှက်ပါက ခိုအိချီကို လုံးဝ သုတ်သင်ဖျက်စီးနိုင်လောက်သည်။

*သန်မာလွန်းတယ်၊ ကြောက်ဖို့ကောင်းလွန်းတယ်*

*ထွက်ပြေးရမယ်၊ ငါ လုပ်နိုင်တာဆိုလို့ ထွက်ပြေးတာပဲ ရှိတယ်*

ယင်းမှာ ခိုအိချီ၏ အတွေး ဖြစ်သည်။ သူ တစ်စက္ကန့်လေးပင် ဆက်နေ၍ မဖြစ်ဟု ခံစားမိနေ၏။

သူသည် သူ့ဘဝခရီး အစကတည်းက ဤသို့သော ပြိုင်ဘက်နှင့် မကြုံဖူးပါ။ သူ့တွင် နိုင်နိုင်ချေ လုံးဝ မရှိသည်ကို သတိထားမိပါသည်။

ဤသည်ကို ကံကောင်းခြင်း သို့မဟုတ် အခြားအရာများကြောင့် ဖြစ်ခြင်းဟု ပြော၍ မရနိုင်ချေ။

ခပ်နိမ့်နိမ့် ကြုံးဝါးလိုက်ပြီးနောက် သူ့မျက်လုံးများက ရောင်လာပြီး ရုတ်တရက် ရဲရဲနီလာသည်။ သူ့နဖူးတွင် သွေးကြောများ ထောင်လာပြီး ခြေထောက်များက မသိမသာ ရောင်ကိုင်းလာ၏။ ရုတ်တရက် သူက ထွက်ပြေးသည့် အရှိန်ကို အရှိန်တင်လာ၏။

၎င်းသည် ကြံရာမရချိန်မျိုးတွင် သုံးခဲ့သော အကွက် ဖြစ်သော်လည်း ထွက်ပြေးရာ၌လည်း မကြာခဏ အသုံးပြုခဲ့သည်။

သူ၏ အရှိန်က ကားထက်ပင် ကျော်နေပြီး စက္ကန့်ပိုင်းမျှ သူ့ခွန်အားကို အားကုန် ထုတ်လိုက်ပြီးနောက် မိုင်တစ်ရာမက ရောက်သွားလေသည်။ သူသည် လူထုသော နေရာသို့ အသည်းအသန် ပြေးနေ၏။

သူသည် လူအုပ်၏ အကူအညီနှင့်သာ ထွက်ပြေးနိုင်ပေမည်။

ခိုအိချီသည် ထျန်းဖူဥယျာဉ်၏ ဝင်ပေါက်သို့ တစ်ခဏအတွင်း ရောက်ရှိသွားသည်။ သူ၏ နောက်ခြေလှမ်းမှာ ကားလမ်းပေါ် ဖြစ်သည်။

သူ စိတ်အေးနေစဉ်မှာပင် သူ့အနောက်မှ လေက အေးစက်လာပြီး ခပ်မှန်မှန်အသံကို ကြားလိုက်ရလေသည်။

“မင်း ထွက်ပြေးလို့ မရဘူး၊ ဒီလက်သီးကို မြည်းကြည့်လိုက်”

ယင်းသည် ယခင်အတိုင်း လေထဲ၌ လက်ဝှေ့ယမ်းပြသကဲ့သို့ ရိုးစင်းသော လက်သီးချက် ဖြစ်သည်။ ပုံမှန်အားဖြင့် ဘာကိုမှ မမြင်နိုင်ဘဲ လေကိုသာ ထိုးမိပုံ ပေါက်နေလေသည်။

သို့သော် ခိုအိချီ၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး သူ့ခန္ဓာကိုယ်မှ အက်သံ ထွက်ပေါ်လာသည်။ သူ့အရိုးများ အားလုံး ကျိုးသွားပြီး ထျန်းဖူ ဥယျာဉ်အပြင်သို့ ခြေချရန် သူ့အတွက် မဖြစ်နိုင်ပေ။ သူ့ခန္ဓာကိုယ် တစ်ခုလုံး ပျော့ခွေကာ မြေကြီးပေါ် လဲကျသွားသည်။

ခိုအိချီ၏ သိုင်းပညာ ကျင့်ကြံခြင်းသည် အလွန် မြင့်သည်။ သူ ဤသို့သာ ဖြစ်မနေပါက သူ့တွင် ခွန်အား အချို့ ကျန်နေလောက်သေးသည်။ ရဲ့လင်းချန်က သူ့ကို မကြောက်သော်လည်း ယင်းက သာမန်လူများအတွက် အန္တရာယ် များပေသည်။

ရဲ့လင်းချန်သည် ခိုအိချီနှင့် မီတာနှစ်ဆယ်မျာ ကွာဝေးပြီး လေကိုသာ ထိုးမိသော်လည်း သူ့အား လုံးဝ ကျိုးကြေသွားအောင် လုပ်ခဲ့သည်။

တိတ်ဆိတ်သွားလေသည်။

လူတိုင်းသည် ခိုအိချီ၏ ဆိုးရွားသော အခြေအနေကို မြင်ပြီး ထခုန်လုမတတ် ထိတ်လန့်သွားသည်။ သူတို့ စိတ်ကူးယဉ် လောကထဲသို့ ကူးပြောင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

လေကို လက်သီးဖြင့် ထိုး၍ လူတစ်ယောက်ကို ထိခိုက်အောင် လုပ်သည်က ကြောက်စရာ ကောင်းလှသည်။

ထိုခွန်အားနှင့်ဆိုလျင် သူသည် ဝူရှလောကတွင်းမှာတောင်မှ ဆရာသခင်အဖြစ် သတ်မှတ်ခံရလောက်သည်။ သူ့အား ပထမအဆင့် ဆရာသခင်ဟုပင် သတ်မှတ်လောက်သည်။

ရဲ့လင်းချန်၏ လက်သီးက စက်သေနတ်နှင့် တူလေသည်။ ခပ်ဝေးဝေးမှ လူတစ်ယောက်ကို တိတ်တဆိတ် သတ်နိုင်စွမ်း ရှိပြီး မှော်ဆန်သော သိုင်းပညာတစ်ခုဟု ဆိုနိုင်ပေသည်။

“ဒါ … ဒါ ဘယ်လို လက်သီးသိုင်းကြီးလဲ”

ခိုအိချီသည် မြေကြီးပေါ် လဲနေပြီး ခါးသီးသော မျက်နှာထားနှင့် ကြောက်လန့်တကြား မေးလာသည်။

“တရုတ်ရဲ့ အရဟာ လက်သီးပဲ”

ရဲ့လင်းချန်က လက်သီးကို ရုတ်၍ ခပ်တိုတိုသာ ပြန်ဖြေလိုက်သည်။

“အရဟာ လက်သီးလား၊ တရုတ်ရဲ့ အရဟာ လက်သီးက ဒီလောက်ထိ အဆင့်မြင့်လိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး၊ ငါ တရုတ်ကွန်ဖူးကို အထင်သေးခဲ့မိတာပဲ”

ခိုအိချီ အလန့်တကြား ရေရွတ်လိုက်မိသည်။

ရဲ့လင်းချန်သည် သူ၏ ခွန်အားကို ကောင်းမွန်စွာ အသုံးချနိုင်သဖြင့် ခိုအိချီ၏ ဆယ်စုနှစ် သက်တမ်းရှိသော ကျင့်ကြံခြင်းအား ချက်ချင်း ပျက်စီးစေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ အသက်ကို လုံးဝ မထိခိုက်စေခဲ့ပါ။ ခိုအိချီ သတ်သေချင်လျင်တောင်မှ ခက်ပေလိမ့်မည်။

“အခု စစ်သည်တော်ဌာနကို ငါတို့ သတင်းပေးလို့ ရပြီ”

ရဲ့လင်းချန်က လက်နောက်ပစ်၍ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူသည် နောက်လှည့်၍ သီးသန့်ခန်းထဲ၌ ပြန်ထိုင်နေ၏။

ဘယ်သူမှ အသံမထွက်ရဲပေ။ ထိုထဲတွင် အိုးရန်ချင်းနှင့် ဥက္ကဋ္ဌရှုလည်း ပါပေသည်။

သူတို့အားလုံး ထိတ်နေ့နေ၏။ နည်းပညာ ကျွမ်းကျင်သော ဥက္ကဋ္ဌရဲ့က ကွန်ဖူးကို ထိုမျှ တတ်မြောက်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ လူသားများက ထိုသို့သော အရည်အချင်းမျိုး ပိုင်ဆိုင်နိုင်ပါ့မလား။

ကမ္ဘာမြေ၏ ဂိတ်တံခါးမှလူများသည် ကြောက်လွန်း၍ နာကျင်မှုကို‌ အော်ပင် မညည်းနိုင်ပါ။

“ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အချိန် အတော်ကြာပြီးနောက် ကြမ်းပြင်ပေါ် လဲနေသည့် ခိုဂျီက သတိပြန်ဝင်လာသည်။ သူ့အစ်ကို၏ ဆိုးရွားသော အခြေအနေကို မြင်ပြီး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ သူ ခံစားလိုက်ရသည်။ သူ လေးစားရသည့်လူ လဲပြိုသါားသည်ကို မြင်သောအခါ သူ့စိတ်ဝိညာဉ်တွင် ပြင်မရသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာလေသည်။

“အစ်ကို၊ မင်း ဘယ်လိုလုပ် ရှုံးရတာလဲ … မင်း ဘယ်လိုလုပ် ရှုံးသွားတာလဲ”

သူ့မျက်လုံးများက နီနေပြီး သူ ဒဏ်ရာရခဲ့စဉ်ထက်ပင် ပို၍ အသည်းအသန် ငိုမိသည်။

“ငါ့အစ်ကို ဘယ်လောက် ကြိုးစားခဲ့ရလဲ မင်း သိလားကွ၊ သူက ကမ္ဘာပေါ်မှာ အတော်ဆုံး ဖြစ်သင့်တာကွာ၊ ဒါ မတရားဘူး၊ ဒီကောင်က အားကြီးလွန်းနေတယ်”

“ဘာဖြစ်တာလဲ၊ မင်းမှာ အခြားအစ်ကိုတွေ မရှိဘူးလား၊ သူတို့ကို ဖုန်းဆက်ပြီး လာခိုင်းလိုက်ပါလား၊ ငါ စောင့်နေမယ်”

ရဲ့လင်းချန်က အေးအေးလူလူ တုံ့ပြန်လိုက်သည်။

ခိုဂျီ တုန်သွားပြီး ဇတ်ပုသွားသည်။ သူ ရဲ့လင်းချန်ကိုပင် မကြည့်ရဲပါ။

ရှားဟိုင်ချွမ် ဘာကိုမှ မပြောတော့ပေ။ သူသည် အဝတ်အစားထဲသို့ ခေါင်းကို သွင်းချင်စိတ်ပင် ပေါက်နေသည်။ သူ့စိတ်ထဲ၌ ‘သူ ငါ့ကို မမြင်ရဘူး’၊ ‘သူ ငါ့ကို မမြင်ရဘူး’ ဟု ဆက်တိုက် ရေရွတ်နေလေသည်။

သူသည် အစောပိုင်းက ခိုအိချီအား သူ့ကယ်တင်ရှင်ဟု ထင်ခဲ့ပြီး ခိုအိချီက သူ့ကို ကယ်ပြီး ပိုက်ဆံပါ ပြန်တောင်းပေးလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သူ ထုတ်မပြောသောလည်း အလွန်အမင်း နောင်တရနေသည်။ ရဲ့လင်းချန်က သူတို့ထဲတွင် အတော်ဆုံး နတ်ဆိုးဖြစ်နေပြီး သူ့ရင်ထဲ၌ အရိပ်မည်းတစ်ခု စွဲထင်သွားစေခဲ့သည်။ ရဲ့လင်းချန်က စိတ်ကိုပင် ဖတ်နိုင်လောက်သည်။ ကြောက်စရာ ကောင်းလှပေ၏။

ရှုနန်သည် ပါးစပ်ကို လက်ဖြင့်အုပ်၍ ရဲ့လင်းချန်အား တအံ့တဩ ကြည့်နေသည်။

အခြားသူများနှင့် ခြားနားစွာပင် သူမက အလွန် စိတ်လှုပ်ရှားနေပြီး ထိန်းမနိုင်ဘဲ ထအော်မိမည်ကိုပင် စိုးရိမ်ရသည်။

ဤသည်မှာ သူမ၏ ဆရာပင်။ နောင်တွင် သူမဆရာထံမှ ဤမျှ သိမ်မွေ့၍ အံ့ဩစရာကောင်းသော ကွန်ဖူးကို သူမ ဘယ်လို သင်ယူရမလဲဟု တွေးရင်း သူမ ကျယ်လောင်စွာ ရယ်လိုက်ချင်မိသည်။ စိတ်လှုပ်ရှားစရာ ကောင်းလိုက် လေခြင်း။

ရဲ့လင်းချန်က အခြေအနေကို ထိန်းချုပ်ခဲ့ပြီးနောက် ကမ္ဘာမြေ၏ ဂိတ်တံခါးမှ လူများသည် ရုပ်တုသဖွယ် ပြုမူနေပြီး လှုပ်ပင် မလှုပ်ရဲကြချေ။ သူတို့ တစ်ကိုယ်လုံးက တောင့်တင်း၍ တင်းမာနေသော်လည်း သူတို့ နည်းနည်းလေးမျှ မလှုပ်ရဲပေ။

ဆယ်မိနစ်မျှ ကြာပြီးနောက် အပြင်ဘက်မှနေ၍ ကျယ်လောင်သော ကားသံများကို ကြားလိုက်ရလေသည်။

All Chapters