သတ္တုရာရှဆာ...
Vol. 30 Ch. 407
[TN/Rakshsa ဆိုသည်နှယ် ဟိန္ဒူ ဒဏ္ဍာရီထဲမှ နတ်ဆိုးတစ်ပါးဖြစ်ပြီး ပုံသဏ္ဍာန်မျိုးစုံပြောင်းလဲနိုင်သည့်အပြင် လူ့အသွေးအသားကိုအစိမ်းစားသုံးတတ်သည်....]
ဝှစ်.......
ရွှေရောင်အဆင်းရှိသော ထိုးဖောက်နိုင်သည့်အရာတစ်ခု၏ တိုက်ခိုက်မှုသည် လေခွင်သံမြည်ဟီးလျှက် ကျန်းချင်းအာထံသို့ တိုးဝင်လာနေ၏။ ပရိသတ်များအားလုံး ကျောက်ဟွေရင်း၏လှည့်စားမှုကိုခံလိုက်ရပြီ.....
သူမသည် ကျန်းချင်းအာ၏ တိုက်ခိုက်မှုအတွက် အားနည်းချက်ကို အတုခိုးပြီး ခြုံခိုတိုက်ခိုက်ခဲ့သည်။ ကျန်းချင်းအာနေရာတွင် အခြားမည်သူမဆို ရုတ်တရတ် လှည့်စားမှုကြောင့် ထိတ်လန့်သွားပေလိမ့်မည်။
သို့သော် ကျန်းချင်းအာသည် ငြိမ်သက်တည်ငြိမ်နေသည့် ရွှေရောင်မျက်လုံးများတွင် ထင်ဟပ်နိုင်လောက်သည်အထိ အနီးကပ်နေသော တိုက်ခိုက်မှုကို နည်းနည်းမျှ မမှုခဲ့ပေ။ နောက်ဆုံးအခိုက်အတန့်တွင် သူမ ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်ကာ တိုက်ခိုက်မှုကိုရှောင်တိမ်းလိုက်လေသည်။
ရွှီးးးးးး
တိုက်ခိုက်မှုသည် သူမ၏ နားရွက်ကို ဖြတ်သွားကာ နောက်ဘက်တွင်ရှိနေသော ဧရာမသစ်ပင် ပင်စည်ကိုဖြတ်၍ အပေါက်ကြီးတစ်ခုဖြစ်ပေါ်စေခဲ့သည်။
ထိုတိုက်ခိုက်မှုသည် ဖြတ်သန်းသွားရာလမ်းတစ်လျှောက်ရှိ သစ်ပင်များအားလုံးကို ဖောက်ထွင်းသွားပြီး နောက်ဆုံး တောင်နံရံတစ်ခုတွင်အဆုံးသတ်သွားခဲ့သည်။
ကျောက်ဟွေရင်း၏ ထိုးဖောက်တိုက်ခိုက်နိုင်စွမ်းသည် အံ့မခန်းပင်။
အကယ်၍ ထိုတိုက်ခိုက်မှုနှင့်သာ ထိမိပါက နတ်ဆိုးခန္ဓာ ကျွမ်းကျင်သူပင်လျှင် ပြင်းထန်စွာ ဒဏ်ရာရသွားပေမည်။
ဒါပေမယ့် အံ့အားသင့်စရာ တိုက်ခိုက်မှုတစ်ခုက ကျန်းချင်းအာကို ထိထိရောက်ရောက် မထိခိုက်နိုင်ခဲ့ပေ။
ဟူးးးးးးးး
လီလော့ တိတ်တဆိတ် အသက်ရှူထုတ်လိုက်သည်။ ကျောက်ဟွေရင်းဘက်က အလစ်တိုက်ခိုက်မှုကို လွှတ်လိုက်သောအခါတွင် သူ့မှာ အေးစက်သော ချွေးများပျံတက်လာလေ၏။ ကျောက်ဟွေရင်းသည် ထိုတိုက်ခိုက်မှုကို အချိန်အတော်ကြာအောင် တိတ်တဆိတ် စီစဉ်ခဲ့လို့သာ ထိုကဲ့သို့ ယုံကြည်ဖွယ်ကောင်းသော လုပ်ရပ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြီးတော့ အဲဒီတိုက်ခိုက်မှုက ရူးသွပ်စရာကောင်းလွန်းသည်။
နံရံတွင်ကျန်ခဲ့သော ပျက်စီးမှုကိုကြည့်ရုံဖြင့် တိုက်ခိုက်မှုသည် ၎င်း၏ အဖျက်စွမ်းအားအားလုံးကို သေးငယ်သောနေရာတစ်ခုတွင်သာ အာရုံစိုက်ခဲ့ပြီး ခုခံကာကွယ်နိုင်သော ရွှေမျက်လုံး အဖိုးတန်ပစ္စည်းတစ်ခုမျှပင် ၎င်းကို ရပ်တန့်နိုင်မည်မဟုတ်ကြောင်း သိမြင်နိုင်သည်။
နဖူးပေါ်မှ ချွေးအေးများ စီးကျနေသည်မှာ လီလော့တစ်ဉီးတည်းမဟုတ်ခဲ့ပေ။
ကျောက်ဟွေရင်းသည် သူမ၏ တိုက်ခိုက်မှု ပျက်သွားသည့်အတွက် အံ့အားသင့်သွားသည်။
"ကောင်းပြီ၊ ကျန်းချင်းအာရဲ့ ယဂုဏ်သတင်းက ကြားထားတဲ့အတိုင်းပဲ" ဟု ရွဲ့စောင်းသော အပြုံးဖြင့် ပြောလိုက်သည်။
ကျန်းချင်းအာက.....
"အံ့အားသင့်စရာ တိုက်ခိုက်မှုတွေက ငါ့အတွက် အလုပ်မဖြစ်ဘူး....."
"အလင်းပဲ့တင်ထပ်သံက လေနဲ့ လျှပ်စီးပဲ့တင်ထပ်သံတွေလို အရှိန်ရှိတယ်...နင့်ကိုအလစ်ချောင်းတိုက်ခိုက်ဖို့မလွယ်တာ ဝန်ခံပါတယ်..... "
ကျောက်ဟွေရင်းက ဝမ်းနည်းစွာ သဘောတူလိုက်သည်။ ရွှေလျှာတိုက်ခိုက်ခြင်းကဲ့သို့ သေစေနိုင်သော အရာတစ်ခု၏ အကျိုးအမြတ်သည် ကြီးမားပေလိမ့်မည်။ အရင်က အင်အားကြီးတဲ့ ပြိုင်ဘက်တွေ အများကြီးကို ထိုတိုက်ကွက်နှင့် အောင်နိုင်ခဲ့ဖူးသည်မဟုတ်လော ....
သို့တိုင် ကျန်းချင်းအာ၏ စူးရှသော အာရုံခံစားမှုနှင့် အရှိန်ကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။
ဤအခိုက်အတန့်တွင် ရွှေလျှာ တိုက်ခိုက်ခြင်းကို သင့်လျော်သလို တုံ့ပြန်ခြင်းသည် အခြားမည်သူမဆိုအတွက် အလွန်ခက်ခဲပေလိမ့်မည်။ သို့သော် ၎င်းသည် ကျန်းချင်းအာ အတွက် အလွယ်တကူရှောင်လွဲနိုင်သော လုပ်ဆောင်မှုတစ်ခုမျှသာဖြစ်ခဲ့သည်။
ကျန်းချင်းအာ တန်ပြန်တိုက်ခိုက်တော့မည်ကို သိသောကြောင့် ကျောက်ဟွေရင်းသည် အရှိန်အဟုန်ဖြင့် ဆုတ်ခွာသွားပြန်သည်။
ကျန်းချင်းအာက သူမကို အဝေးကနေ ကြည့်နေခဲ့ပြီး လက်ချောင်းများကို ပူးယှက်ကာ နောက်ထပ် ထူထဲသော စွမ်းအင်များကို စုပ်ယူလိုက်ပြီး သူ့ခေါင်းတစ်ဝိုက်တွင် လွင့်နေသော အလင်းတန်းလေးများအဖြစ်သို့ ဖြန့်ကျက်လိုက်သည်။
အလင်းတန်းတစ်ခုစီသည် ကြေးမုံတစ်ခုသဖွယ်ဖြစ်လာသည်အထိပြန့်ကားလာသည်။
ပတ်ဝန်းကျင်မှ အလင်းစွမ်းအင်များသည် အလင်းမှန်များပေါ်တွင် သဘာဝအတိုင်း စုစည်းကာ တုံ့ပြန်မှုတစ်ခုဖြစ်ပေါ်လာသည်။
မကြာမီ၊ ကြေးမုံများအားလုံးသည် စုပ်ယူထားသောစွမ်းအင်များကြောင့် ၎င်းတို့၏ ကိုင်ဆောင်နေသော တောင်တန်းတစ်ခုလုံးကို အလင်းပေးနိုင်သည်အထိ တောက်ပလာ၏။
"နေကြေးမုံ...." ကျန်းချင်းအာက ခပ်တိုးတိုးရေရွတ်လိုက်သည်။
ဝှစ်.......
အလင်းပြန်နေသောကြေမုံများသည် ပရိသတ်၏ မျက်လုံးများကို စူးစူးရဲရဲ ဖြစ်စေလောက်အောင် တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေကြသည်။ အတော်များများက မျက်လုံးကို ကာထားကြရသည်။
ဤသည်မှာ မီး၏စွမ်းအားဟု ခေါ်ရလောက်အောင် ပြင်းထန်သော အလင်းရောင်ဖြစ်သည်။သာမာန်မီးအလင်းရောင်နှင့်မတူဘဲ နတ်မီးတောက်မီးလျှံတစ်ခုဖြစ်သည်။
သန့်စင်သော အလင်းရောင်မှ မွေးဖွားလာသော အပူဓာတ်က နေမင်းတစင်းထွန်းလင်းနေသည့်နှယ်.......
"ဘယ်လိုအရှိန်မျိုးလဲ!"
ကျောက်ဟွေရင်းသည် တိုက်ခိုက်မှုကို အကဲဖြတ်ရင်း မျက်လုံးများ မှိတ်ထားကာ ကိုယ့်ကိုယ်ကိုယ် တွေးနေသည်။ သူ့ ရွှေလျှာတိုက်ခိုက်မှုထက်တောင် ပိုမြန်နေသေးသည်။
ရှောင်လွှဲလို့မရလောက်အောင် မြန်လွန်းတယ်.......
ထိုအခါ ကျောက်ဟွေရင်း၏ နှုတ်ခမ်းများ ပွင့်ဟလာပြီး သူမ၏ လျှာပေါ်တွင် ရွှေရောင် အလင်းများ ထပ်မံ ရောက်ရှိလာသည်။ သူမနောက်တစ်ခေါက် တိုက်ခိုက်ဖို့ပြင်ဆင်နေပြန်ပြီ......
"ရွှေလျှာတူးဖောက်ခြင်း....."
ထိုတိုက်ခိုက်မှုသည် သူမထံသို့ ပျံသန်းလာနေသော အလင်းတန်းများထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြန်သည်။
ရွှီးးးးးးးးးးးးးး
တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်တွေ့ပြီးချိန်မှာတော့ စစ်မြေပြင်ဟာ ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ အရည်ပျော်သွားပါတော့သည်။ သတ္တုစွမ်းအားသည်လည်း အလင်းစွမ်းအားကြောင့် လောင်ကျွမ်းသွားကာ တိုက်ခိုက်မှုရပ်တန့်သွားလေတော့သည်။
ကျန်းချင်းအာ၏အလင်းစွမ်းအားသည် သတ္ထုစွမ်းအားကိုပင် အရည်ပျော်သွားစေနိုင်သည်။
ဤအကျိုးသက်ရောက်မှုကြောင့် အကြီးအကဲများပင် မျက်လုံးပြူးသွားကြသည်။ ၎င်းတို့အားလုံးသည် ယခင်က အလင်းပဲ့တင်ထပ်သံပိုင်ရှင်များကိုမြင်တွေ့ဖူးခဲ့ပါသည်။ အလင်းပဲ့တင်ထပ်သံသည် အလုံအလောက် စုစည်းလိုက်သောအခါ မီးစွမ်းအားနှင့်တူသော အပူဓာတ်ကိုထုတ်လွှတ်နိုင်စွမ်းရှိသည်မှာ အလင်းပဲ့တင်ထပ်သံ၏ထင်ရှားသော စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။ ဒါပေမယ့် ပဲ့တင်ထပ်သံ စွမ်းအားတွေ အရည်ပျော်လောက်အောင် ပြင်းထန်တဲ့ အလင်းရောင်မျိုးကို သူတို့ တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ ထို့အပြင်၊ ကျောက်ဟွေရင်း၏သတ္တုစွမ်းအင်သည် အဆင့်မြင့် အဆင့်ရှစ်ဆိုသောကြောင့် ပို၍ပင်အံ့သြနေကြရသည်။
ဒါတောင် အလင်းရောင်ကို မဆန့်ကျင့်နိုင်ခဲ့ပေ။
ကျန်းချင်းအာ၏ အဆင့်ကိုး အလင်းပဲ့တင်ထပ်သံသည် အရာရာကိုလွှမ်းမိုးနိုင်သော စွမ်းအားတစ်ခုလိုဖြစ်နေ၏။
ကျောက်ဟွေရင်းသည် မျက်လုံးရှေ့တွင် သူမ၏ တိုက်ခိုက်မှု ပြေပျောက်သွားသည်ကို ကြည့်နေစဉ် အလွန်အမင်းထိတ်လန့်နေခဲ့သည်။ ကျန်းချင်းအာသည် သူမကိုအနိုင်ယူရန် ခြေတစ်လှမ်းသာလိုပေတော့သည်။ သူမ ဂရုတစိုက်စီစဉ်ထားသော လှည့်ကွက်များနှင့် တိုက်ခိုက်မှုအားလုံးသည် ကြယ်တာယာခရီးရှည်ကောလိပ်မှ ရွှေဆံပင်မိန်းကလေးကို ခြိမ်းခြောက်မှုများစွာ မပြုလုပ်နိုင်ခဲ့ပေ။
ဝှစ်.......
အလင်းတန်းများသည် ရွှေလျှာတူးဖောက်ခြင်းတိုက်ကွက်ကို လုံးလုံးလျားလျား အရည်ပျော်သွားစေပြီးနောက် ကျောက်ဟွေရင်း ဆီသို့ လမ်းကြောင်းအတိုင်း ဆက်လက်တိုးဝင်နေဆဲပင်.......
ကျောက်ဟွေရင်း လျင်မြန်စွာနောက်ဆုတ်သွားကာ သူမ၏ လက်ချောင်းထိပ်များပေါ်တွင် ရွှေရောင်အလင်းတန်းများ ရောက်ရှိလာသည်။ ဒီတစ်ခါတော့ အရည်တွေ စိမ့်ထွက်နေသလိုပင်.....
ကျောက်ဟွေရင်းသည် သူမ၏ သတ္တု ပဲ့တင်ထပ်သံ စွမ်းအားကို ဖိအားပေး မြှင့်တင်ခဲ့ပြီး သတ္တုအစိုင်အခဲကို အရည်အဖြစ်သို့ ပြောင်းလဲခြင်းသည် ဒြပ်စင်အပေါ် ထူးထူးခြားခြား ထိန်းချုပ်နိုင်ကြောင်းပြသလိုက်ခြင်းပင်....
"ကောင်းကင်သတ္ထုအရည်...."
ကျောက်ဟွေရင်းသည် တောက်လောင်နေသော အလင်းရောင်ကို ဆန့်ကျင်၍ ပေါက်ကွဲထွက်လာသော ရွှေရည်လှိုင်းများကိုထုတ်လွှတ်ကာ ရွှေရောင်အရည်တစ်စက်ကို ပစ်ထုတ်လိုက်သည်။
ဝုန်းးးးးးးးး
ဤတစ်ကြိမ်တွင် အပူရှိန်ကြောင့် အလင်းတန်းများ ရပ်တန့်သွားခဲ့သည်။
ကျောက်ဟွေရင်း စိတ်သက်သာရာရရန် အချိန်မရှိပေ။ ကျန်းချင်းအာ၏ ဦးခေါင်းထက်ရှိ အလင်းကြေးမုံများ တစ်ဖန်တောက်ပလာပြီး နောက်ထပ် အလင်းတန်းတစ်ဒါဇင်က သူမဆီသို့ ပျံသန်းလာခဲ့သည်။ သူမ၏ တိုက်ခိုက်မှုမှာ အားတက်သရော မရှိသလို နောက်ထပ် အသွင်အပြင်လည်း မရှိတော့ပေ။
ကျောက်ဟွေရင်းသည် ရွှေရောင်အရည်တစ်စက်ထုတ်လွှတ်ပြီးသည့်နောက် နောက်တစ်ကြိမ် ဆင့်ခေါ်ရန် ကြိုးစားသည့်အခါ ရွှေရောင်အရည်စက်များကို သေးငယ်သော စက်လုံးတစ်ခုတွင် စုစည်းဖိသိပ်ထားလိုက်သည်။
ကျန်းချင်းအာ အလင်းတန်းများကိုပစ်လွှတ်လိုက်သည်နှင့် ကျောက်ဟွေရင်းကလည်း အရည်စက်များသိပ်သည်းထားသော စက်လုံးကို ပစ်လွှတ်လိုက်လေသည်။
ဘုန်းးးးးးးးး
ကျောက်ဟွေရင်း တစ်ဝိုက်တွင် အလင်းတန်းများ မိုးသီးမိုးပေါက်သဖွယ်ကျဆင်းလာလေ၏။
ပြင်းထန်သောအပူရှိန်သည် မြေပြင်ကို ထိခိုက်မှုမရှိစေခဲ့ပေ။၎င်းသည် အရာဝတ္ထုများကို မထိခိုက်စေဘဲ အရေပြားများကိုသာဆိုးရွားစွာ လောင်ကျွမ်းစေပြီး အရိုးများကိုပင် မီးလောင်စေသည့် ထူးခြားသောအလင်းရောင်ဖြစ်သည်။
၎င်းသည် သားကောင်၏ခန္ဓာကိုယ်ကို လောင်စာအဖြစ်အသုံးပြုကာ ထိတွေ့မှုတိုင်းတွင် ပိုမိုအားကောင်းလာသည်။
အလင်းမီးလျှံများသည် ယခုအခါ ကျောက်ဟွေရင်းကို လုံးလုံးလျားလျား ပိတ်လှောင်ထားသောအဆင့်သို့ရောက်ရှိနေပြီဖြစ်သောကြောင့် လူတိုင်းက သေချာစွာစောင့်ကြည့်နေကြသည်။
သေချာတယ် ရလဒ်က ဒီမှာ ဆုံးဖြတ်မှာဘဲ မဟုတ်လား.......
ကျန်းချင်းအာသည် မျက်မှောင်ကြုံ့လိုက်ပြီး အလင်းစွမ်းအားများကို ထပ်မံဆင့်ခေါ်လိုက်လေသည်။
ဝမ်......
ရုတ်တရက်ပင် အလင်းရောင်တောက်နေသော ဓားမြှောင်တစ်ခုသည် တောက်ပလာကာ မီးတောက်များကို နှစ်ခြမ်းခွဲလိုက်ပြီး လူရုပ်တစ်ခုက သူ့အလယ်မှ ခုန်ထွက်လာသည်။
ပရိသတ်က သူတို့မျက်လုံးတွေကို မယုံနိုင်သလို တအံ့တသြ ကြည့်နေကြသည်။
ကျောက်ဟွေရင်းသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏ သပ်သပ်ရပ်ရပ် ချည်ထားသော ဆံပင်များသည် ယခုအခါ ဖြာလန်ကျဲနေလေပြီ။ သတ္တုစွမ်းအင်လှိုင်းလုံးများသည် သူမ၏ဖန်သားကိုယ်ထည်ပေါ်တွင် စီးဆင်းသွားပြီး ယခု သူမလက်ထဲတွင် ရွှေရောင်ဓားမြှောင်တစ်လက်ရှိနေသည်။
သူမသည် ကြီးမားလှသော ခွန်အားဖြင့် ကွေးညွှတ်နေသော ဓါးကို မြေပြင်ပေါ်သို့ စိုက်ချလိုက်သည်။ သူမ၏မျက်လူံးများသည်ယခုအခါတွင် ယခင်နှင့်မတူဘဲ နတ်တိုးတစ်ပါးလိုရူးသွပ်အေးစက်နေလေ၏။
လုကျန်းနှင့်အပြာရောင်ချောက်နက်ကောလိပ်မှာ အခြားသောကျောင်းသားများသည် ထိုမြင်ကွင်းကြောင့် စိတ်သက်သာရာရစွာ ပြုံးလိုက်ကြသည်။
"ဒါဆို သူ ဆွဲထုတ်လိုက်ပြီပေါ့. ......"
"ဒါက စီနီယာကျောက်ရဲ့ ထိပ်တန်းဝှက်ဖဲပဲလေ..... "
"သတ္တုရာရှဆာ......"
***