← Chapters

ငါက နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်....

Vol. 30 Ch. 408

ငါက နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်....

Vol. 30 Ch. 408

ဓားမြှောင်တစ်လက်ကို ကိုင်ဆွဲထားသော ကျောက်ဟွေရင်းကြောင့် ပရိသတ်အားလုံးက ရင်ခုန်စွာအော်ဟစ်ကြသည်။

"ဘာလဲ? ဘာလဲ?! သူမရဲ့ ပဲ့တင်ထပ်သံစွမ်းအားက အရင်ကထက်တောင် ပိုပြင်းထန်နေပြီ!"

"သူ့မျက်လုံးကိုကြည့်.... သူ့မျက်လုံးက တစ်ခုခုထူးဆန်းနေတယ်...."

"ဒါ...သူမရဲ့ ဝှက်ဖဲဖြစ်ရမယ်...ကျန်းချင်းအာ က သူ့ကို ကန့်သတ်ချက်ရောက်အောင် တွန်းပို့လိုက်တာပဲ!"

"ဝှက်ဖဲတောင်ထုတ်သုံးနေပြီဆိုတော့ စီနီယာကျန်းက တကယ်သန်မာတာပဲ......"

"ဟုတ်တယ်....စီနီယာကျန်းက ကြယ်တာယာခရီးရှည်ကောလိပ်ကိုဝင်ပြီးကတည်းက တစ်ခါမှ မရှုံးသေးဘူး....."

ကြယ်တာယာခရီးရှည်ကောလိပ်မှ ကျောင်းသားများသည် ၎င်းတို့၏ချန်ပီယံအတွက် စိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့ကြသည်။

"ခေါင်းဆောင်....ကျောက်ဟွေရင်းကိုကြည့်ရတာ လုံးဝခြားနားတဲ့ လူတစ်ယောက်လိုဖြစ်သွားတယ်နော်...ဒါက ငါ ဝိညာဉ်ရည်တွေနဲ့ သန့်စင်တဲ့အလင်းရောင်တွေကို သုတေသနပြုနေတဲ့အချိန်လိုပဲ " ဟု ပိုင်မျန်မျန်က တွေးတွေးဆဆဖြင့်ပြောလိုက်သည်။

" ဟုတ်တယ်....သူမရဲ့ စိတ်ခံစားချက်တွေကို ဖုံးကွယ်ဖို့ လျှို့ဝှက်ပညာရပ်တစ်ခု လေ့ကျင့်ထားတယ်နဲ့တူတယ်.... သူမရဲ့ မျက်လုံးတွေက လူသေတစ်ယောင်လို ငြိမ်သက်နေတယ်.... တုန့်ပြန်မှုအနေနဲ့ကတော့ သူမရဲ့ ခွန်အားကို မြှင့်တင်ပေးတဲ့ အထူးအခြေအနေမျိုးအထိ တွန်းပို့လိုက်တာပဲ"

" စီနီယာကျန်း ဒါကို ဖြေရှင်းနိုင်ပါ့မလား "

ပိုင်မျန်မျန် က စိုးရိမ်တကြီး မေးသည်။

ကျောက်ဟွေရင်း၏ လူမဆန်သောအကြည့်များကြောင့် ပိုင်မျန်မျန် စိတ်ပူတာသည်မှာလည်း အထူးအဆန်းတော့မဟုတ်ပေ။

လီလော့ ကျန်းချင်းအာကို ကြည့်လိုက်သည်။ သူမသည်လည်း ပြောင်းလဲလာသော ကျောက်ဟွေရင်းကို အနီးကပ်ကြည့်နေသည်။ သူမသည် ပြိုင်ဘက်ကို စမ်းသပ်ရန် စူးစမ်းကြည့်သော်လည်း ကြောက်ရွံ့ခြင်းမရှိပေ။

ကျောက်ဟွေရင်း၏အဆင့်မြင့်သော အခြေအနေကို အနည်းငယ်စိတ်ဝင်စားနေရုံသာပင်.....

"ကျန်းချင်းအာဆီမှာ အမှန်တကယ် ပုန်းအောင်းနေတဲ့ စွမ်းအား ဘယ်လောက်ရှိမှန်းတောင် မသိဘူး....သူမရဲ့ ပြိုင်ဘက်က တူညီတဲ့ ကျင့်ကြံမှု ယအဆင့်မှာ ရှိနေရင်... အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးမှယ ဘယ်သူကမှ သူ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး...."

လီလော့ ပြုံးလိုက်သည်။ မကြုံစဖူးသော အခြေအနေအပြောင်းအလဲများသည် အမြဲမတည်မငြိမ်ဖြစ်နေသော်လည်း ကျန်းချင်းအာ ရှုံးနိမ်ဖို့မလွယ်ကူပေ။

ကျန်းချင်းအာ မည်၍မည်မျှအထိစွမ်းအားများကိုဖုံးကွယ်ထားမှန်း သူ မသိနိုင်သော်လည်း သူမ၏ အလားအလာနှင့် ပတ်သက်၍ ကောင်းမွန်သော ယူဆချက်အချို့ရှိနေပါသည်။

ခွန်အားရှိသမျှဖြင့် တိုက်ခိုက်ကြရင်း ပဲ့တင်ထပ်သံနှစ်ခုရှိသူ လီလော့ပင်လျှင် တစ်ခါတစ်ရံ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။ သူမဟာ တကယ့်ကို မွန်းစတားဆန်သူတစ်ယောက်ပင်.....

သူ့မိဘတွေက သူ့ကို ရှေ့ဆက်ဖို့ တွန်းအားပေးဖို့ ဒီလို သန်မာတဲ့ ဉာဏ်ကြီးရှင်ကို ရည်ရွယ်ချက်ရှိရှိ ရှာထားသလားတောင် တွေးမိသည်အထိပင်.....

ကျန်းချင်းအာသည် ပရိတ်သတ်များ၏အော်ဟစ်အားပေးသံကို လျစ်လျူရှုထားပြီး လက်ညှိုးကို ကွေးလိုက်ပြန်သည်။သို့သော်လည်း ကျောက်ဟွေရင်းကိုသာ မျက်တောင်မခတ်စတမ်းစိုက်ကြည့်နေသည်။

သူ့ခေါင်းထက်တွင် အလင်းကြေးမုံများက မီးတောက်နေသော အလင်းတန်းတစ်ခုကို ထပ်မံရိုက်ခတ်သွားပြန်သည်။

ကျောက်ဟွေရင်းသည် သေးငယ်သော ခြေလှမ်းနှစ်လှမ်း လှမ်းပြီး လေထဲသို့ ခုန်တက်ကာ ဒါဇင်များစွာသော ရှည်လျားသော ရိုက်ချက်တစ်ခုဖြင့် မီးတောက်မီးလျှံထဲသို့ ခုန်ဆင်းလိုက်လေသည်။

ဘုန်းးးးးးးး

မီးရှူးမီးပန်းများအတွဲလိုက် ပေါက်ကွဲသလို အသံမျိုးထွက်ပေါ်လာ၏။

ဤတစ်ကြိမ်တွင် ကျောက်ဟွေရင်းသည် အလင်းမီးတောက်ကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။

သူမသည် ထိုနေရာတွင် ရပ်မနေဘဲ ကျန်းချင်းအာ၏ လက်နက်ကို သတ္တုသံပဲ့တင်သံ စွမ်းအားဖြင့် ရိုက်ချလိုက်သောကြောင့် ရှည်လျားသောလက်နက်သည် ခပ်စောင်းစောင်းလွင့်ထွက်သွားလေ၏။

ကျန်းချင်းအာသည် သူမ၏ လေးလံသော ဓားကို လက်ဟန်အချို့ပြုလုပ်ပြီး ပြန်လည်တင့်ခေါ်လိုက်သည်။

ကျန်းချင်းအာသည် အသွားရှည်သည့်အပြင် ဗျက်ကျယ်သော ဓါးကို ကျွမ်းကျင်စွာ ကိုင်ဆောင်ကာ၊ ၎င်းကို ထောင့်မှန်ကျအောင် ချိန်ညှိကာ ခုတ်ပိုင်းလိုက်လေသည်။

ထန်..ထန်...ထန်...

နှစ်ဉီးသား အသေအကြေတိုက်ပွဲဝင်နေကြသည်မှာ တိုက်ကွက်ပေါင်းရေပင်မရေတွက်နိုင်တော့ပေ။နှစ်ဉီးစလုံးသည် တိုက်ခိုက်နေရင်းဖြင့် တစ်ဖက်၏အားနည်းချက်ကိုလည်း အမိအရရှာဖွေနေကြသေးသည်။

ကျောက်ဟွေရင်းသည် ယခင်က ကျန်းချင်းအာကို တိုက်ခိုက်ရန် သတ္တိမရှိခဲ့သော်လည်း သူမ၏ ဝှက်ဖဲကိုထုတ်သုံးလိုက်သောအခါ ကျန်းချင်းအာကို နှိုင်းယှဉ်နိုင်သော အဆင့်သို့ မြှင့်တင်နိူင်ခဲ့သည်။

သူတို့နှစ်ယောက်လုံးက သူတို့ရဲ့ပြိုင်ဘက်ကို အဆင့်မီနည်းဗျူဟာပုံစံနဲ့ ယှဉ်ဖို့ လိုလားပုံမရဘဲ ခပ်မြန်မြန်အပြီးသတ်နိုင်ရန် ကြမကြမရမ်းရမ်း တလစပ်တိုက်ခိုက်နေကြသည်။

သူတို့ လမ်းကြောင်းပေါ်ရှိ အရာအားလုံး ပျက်စီးသွားသည်။

ကျောင်းသားများသည် တိုက်ပွဲကို မျက်စိလွှဲလို့မရအောင် စွဲလမ်းနေကြပြီ။ သူတို့ရှေ့မှာ ညှို့ငင်နေတဲ့ တိုက်ပွဲကို ကြည့်ပြီး အသက်ရှုဖို့တောင် မဝံ့ရဲတော့ပေ။ နောက်ဆုံးပွဲနှစ်ပွဲတွက် မင်းသမီး၏ပွဲသည် တစ်ဖက်သတ်တိုက်ခိုက်ခံခဲ့ရသော်လည်း ကုန်းရှန်ကျွင်း၏ပွဲတွင် တိုက်ခိုက်မှုတစ်ခုသာ မြင်တွေ့ခဲ့ရသည်။

ကျောက်ဟွေရင်းသည် အစပိုင်းတွင်ဖိနှိပ်ခံခဲ့ရသော်လည်း ယခုတွင် ကျန်းချင်းအာနှင့် တန်းတူဖြစ်ပုံရသည့် စွမ်းအားအသစ်ကိုထုတ်ဖော်ပြသခဲ့သည်။

"ကျောက်ဟွေရင်းရဲ့အစစ်အမှန်သော စွမ်းအားက တတိယအဆင့်ဖြစ်တဲ့ နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်နဲ့ နီးစပ်နေပြီ....."

"အပြာရောင်ချောက်နက်ကောလိပ်ရဲ့ အခြေခံအုတ်မြစ်တွေက တကယ်ကို နက်နဲပါတယ်... ဒီလို နုပျိုလှတဲ့ ကျောင်းသားလေးမှာ တောက်ပတဲ့ အနာဂတ်တွေ ရှိနေမှာသေချာတယ်....."

"ဒါပေမယ့် ကျန်းချင်းအာက ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုက်ပွဲဝင်နေပြီး ကျောက်ဟွေရင်းရဲ့ ရန်လိုမှုကို ထိထိရောက်ရောက် ကိုင်တွယ်နေတယ်.....သူ့မှာ အရည်အချင်းနဲ့ စွမ်းအားတွေဖုံးကွယ်ထားသေးတယ်ထင်တယ်... သူ့ရဲ့စွမ်းရည် ဘယ်လောက် နက်နဲသလဲ....?"

"သူမက တိုက်ပွဲကို သဘောကျနေပုံရပြီး ကျောက်ဟွေရင်းပေးတဲ့ ဖျော်ဖြေမှုလေးကို နှစ်သက်နေတယ်ထင်ပါရဲ့... ဘယ်လောက်ကြောက်စရာကောင်းတဲ့ မိန်းကလေးလဲ....."

"ဒီအခြေအနေက ကြာရှည်မခံပါဘူး.... ပြိုင်ပွဲချိန်နီးနေပြီ. ကျန်းချင်းအာက ကျောက်ဟွေရင်းကို သရေကျဖို့ ခွင့်ပြုမယ့်သူမဟုတ်ဘူး....."

အကြီးအကဲများ ဆွေးနွေးနေစဉ် မိန်းကလေး နှစ်ယောက်သည် အရှိန်အဟုန် တိုးမြင့်လာကာ သူတို့ ပတ်၀န်းကျင်ကို မုန်တိုင်းထန်စေခဲ့သည်။

ကလန်......

နောက်ထပ် အပြင်းအထန်တိုက်ပွဲ......

ကျန်းချင်းအာသည် မြေပြင်ကွဲသွားလောက်အောင် ပြင်းထန်သော ဓားရှည်ကြီးကို အားစိုက်ထုတ်ကာ တွန်းလှန်လိုက်သည်။ ကျောက်ဟွေရင်း၏ဓားမြှောင်သည်လည်း ကျိုးတော့မည့်နှယ် အန္တရာယ်ရှိစွာ တုန်လှုပ်သွားခဲ့သည်။သို့သော် နောက်ပြန်လှည့်ကာ သူမ၏ အေးစက်သော မျက်လုံးများက ပြိုင်ဘက်ကို အဆက်မပြတ် စူးစမ်းနေသည်။

"အချိန်​ကုန်​ခါနီးပြီ​နော်​.... ဒါပဲလား"

ကျန်းချင်းအာက တည်ငြိမ်စွာ မေးလိုက်သည်။

တိုက်ပွဲအစတုန်းကဆို ဒီစကားမျိုးကြားတာနဲ့ ကျောက်ဟွေရင်းက ကဲ့ရဲ့တာသို့မဟုတ်လှောင်ပြောင်တာမျိုး တစ်ခုခုပြန်ပြောလိမ်မည်။ ဒါပေမယ့် အခုချိန်မှာတော့ သူမဟာ ဓားမြှောင်ကိုသာ တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ဘာတစ်ခွန်းမှမတုန့်ပြန်ခဲ့ပေ။

ထို့နောက် လက်တစ်ဖက်ကို မြှောက်လိုက်ကာ ဓါးသွားဖြင့် လက်ညှိုးကို တမင်လှီးဖြတ်ကာ လတ်ဆတ်သောသွေးများဓားသွားထဲသို့ စိမ့်ဝင်သွားလေသည်။ ဓားသွားပေါ်တွင် ရွှေမျက်လုံးကဲ့သို့ နက်နဲသော ရွှေရောင်တစ်ပေါက် ရှိနေသည်။

ရှင်းနေသည်မှာ ထိုဓားမြှောင်သည်လည်း ရွှေမျက်လုံးအဆင့် အဖိုးတန်ပစ္စည်းတစ်ခုလည်းဖြစ်သည်။

သွေးများ ပေါင်းထည့်လိုက်သဖြင့် ဓားမြှောင်သည် သက်ဝင်နိုးထလာသကဲ့သို့ တုန်လှုပ်သွားသည်။ ပါးလွှာသော ကြက်သွေးရောင်လိုင်းများသည် ဓါးကိုဖြတ်၍ ဓားရိုးအောက်သို့ ပြေးဆင်းလာသည်။

ကျောက်ဟွေရင်း၏လက်နက်ဆီသို့ အပြေးအလွှားရောက်သွားသော သဘာဝစွမ်းအင်များကြောင့် ကျောက်ဟွေရင်း၏နောက်တွင်မီတာရာနှင့်ချီမြင့်မားသော ဓားမြှောင်ပုံ​သဏ္ဌန်တစ်ခု ပေါ်လာသည်။

ထ်ိုဓားမြှောင်သည် မြင့်မားလွန်းလှသော တိမ်တိုက်များကိုပင်ထိလုနေပြ ကောင်းကင်ပြာပြာ၌ ရွှေရောင်တောက်နေသော ဓားသွားသည် နေမင်းကဲ့သို့ပင်.....

ဓားချီများ လေထုထဲတွင်ပြည့်နှက်သွားသည်။

ထိုမြင်ကွင်းကို နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ရောက်နေသော ကျောင်းသားတော်တော်များများ အံ့အားသင့်စွာ ကြည့်နေခဲ့ကြသည်။ သူတို့ထဲက တော်တော်များများက တူညီတဲ့အဆင့်မှာ ရှိနေပေမယ့်လည်း ဒီအတိုင်းအတာအရဆို အမာခံခုနှစ်ဉီးအောက်တွင် အသန်မာဆုံး ကျောင်းသား ဖြစ်သင့်နေပြီ။

သို့သော် ထိုတိုက်ခိုက်မှု၏ ကြီးမားသော ခြိမ်းခြောက်မှုကိုပင် သူတို့ ခံစားသိရှိနိုင်သည်။

ကျောက်ဟွေရင်းသည် နတ်ဆိုးခန္ဓာအဆင့် တွင်သာရှိသော်လည်း၊ သူမသည် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်များအတွက်ပင် အန္တရာယ်ရှိနေသည်။

သူမပါးစပ်ကိုဖွင့်ကာ သတ္တုမြည်သံကို လွှတ်လိုက်သည်။

သူမ၏ မျက်လုံးများသည် အေးစက်စွာ တောက်ပလာကာ တိုက်ခိုက်ခြင်းကိုစတင်လိုက်လေ၏။

"ကျန်းချင်းအာ၊ ဒီတိုက်ခိုက်မှုက နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ကိုတောင် အန္တာရာယ်ရှိစေနိုင်တယ်......"

ဝုန်းးးးးးး

ဓားနှစ်လက် ထိခတ်မိသည့်အခါ သူမ၏ နောက်ကွယ်မှ စွမ်းအား၏ ပုံရိပ်သည်လည်း ကျဆင်းလာသည်။

ပုံရိပ် မကျဆင်ခင်မှာပင် ဓားသွားတစ်ဝိုက်ရှိ စွမ်းအင်များက မြေပြင်ကို ချိုင့်ဝင်သွားစေခဲ့သည်။

ကျန်းချင်းအာသည် မတုန်မလှုပ်ဖြင့် ထိုဓားချက်ကိုစောင့်ဆိုင်းနေခဲ့သည်။

ကျန်းချင်းအာသည် တိုက်ခိုက်မှုကို သဘောကျစွာ မော့ကြည့်လိုက်သည်။ ဤတိုက်ခိုက်မှုသည် အမှန်ပင် ကျောက်ဟွေရင်း၏ အကောင်းဆုံးတိုက်ခိုက်မှုဖြစ်သည်။ သာမန် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်များသည်ပင် ဤလှုပ်ရှားမှုကြောင့် အသက်ဆုံးပါးသွားနိုင်သည်။

ကိုယ့်ထက် အဆင့်မြင့်သော ရန်သူကို အနိုင်ယူခြင်းသည် ထူးချွန်သောပါရမီရှင်များ၏အမှတ်အသားဖြစ်သည်။

သို့ပေမယ့်...ဤသည်မှာ ကျောက်ဟွေရင်းတွင်ရှိသောအရာများဖြစ်သည်။

ကျန်းချင်းအာသည် သူမ၏ လေးလံသောဓားကို မြှောက်လိုက်ပြီး နှုတ်ခမ်းများက ပြုံးလျက်ဖြင့်.....

"နင့် တိုက်ခိုက်မှုက နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်မပြောနဲ့ နတ်ဆိုးခန္ဓာအဆင့်ကိုတောင် အန္တာရာယ်ပေးနိုင်မယ့်ပုံမပေါ်ဘူး....."

ကျန်းချင်းအာ ခပ်ကြမ်းကြမ်းလွှဲခုတ်လိုက်သည့်အခါ သူမ၏ ဓားကြီးထဲမှ အလင်းစွမ်းအင်များ ထွက်လာသည်။

ဝှစ်.....

ထိုအခါ နားကွဲလုမတတ်ကျယ်လောင်သောအသံနှင့်အတူ အလင်းမီးတိုင်တစ်ခု မြေပြင်မှတိုးထွက်လာလေ၏။

ဒီတိုက်ခိုက်မှုကို အကြီးအကဲတွေတောင် အံ့သြနေကြရသည်။

ကျန်းချင်းအာ၏တိုက်ခိုက်မှုတွင် ကောင်းမွန်သောကျွမ်းကျင်မှုတို့ဖြင့် ပြည့်နှက်နေကြောင်း သူတို့ခံစားနိုင်သည်။

အလင်းတိုင်ထဲတွင် သေခြင်းတရားအငွေ့အသက်များပါဝင်နေသောအစိမ်းရောင် အလင်းတန်းတစ်ခု ရှိနေပြီး ထိုအလင်းရောင်သည် ယခုအချိန်အထိ မမြင်ရသေးသော စွမ်းအားသစ်တစ်ခုဖြစ်သည်။

ဒါ...ဒါ....နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်မဟုတ်လား.......

ကျန်းချင်းအာသည် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

***

All Chapters