မလွှမ်းမိုးနိုင်သော စီနီယာကျန်း.........
Vol. 30 Ch. 409
အင်အားကြီးသောဓားနှစ်ချောင်းသည် မိုးကုပ်စက်ဝိုင်းတစ်လျှောက်ဖြတ်ကျော်ကာ၊ မည်းမှောင်နေသောမြေပြင်နှင့် အပြာရောင်ကောင်းကင်ကို ထိစပ်နေသော ခမ်းနားထည်ဝါသော တိုက်ပွဲတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ယခုအချိန်တွင် အောင်နိုင်သူအား အဆုံးအဖြတ်ပေးမည်ကို သိလျှက်ဖြင့် ပရိသတ်များက ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသည်။
ကျောက်ဟွေရင်း၏ ဓားချက်များသည် နေဝင်ချိန်ကဲ့သို့ ခံစားရသော်လည်း ယခုအခါ ကျန်းချင်းအာသည် သူမ၏ စွမ်းအားအစစ်မှန်ကို အရိပ်အမြွက် ပြသကာ အရုဏ်သစ်ကို ယူဆောင်လာခဲ့သည်။
နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်.......
နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ဖြင့် ထိုတိုက်ခိုက်မှုသည် ကောင်းကင်ပြာကြီးကိုပင် ဖြတ်တောက်သွားပုံရသည်။
ကျောက်ဟွေရင်၏ဓားချက်များသည် သာမန် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်များကို ထိခိုက်နိုင်သော်လည်း ကျန်းချင်းအာအတွက်တော့ သာမန်မျှသာ ဖြစ်သည်။
ဘုန်းးးးးးးးး
ဓားနှစ်လက်၏ တိုက်ခိုက်မှုအရှိန်ကြောင့် အနီးနားရှိ အရာအားလုံးကို ပျက်စီးကုန်လေပြီ.......
တိုက်ခိုက်မှုပြီးဆုံးသောအခါ နှစ်ယောက်သား လူချင်းခွာလိုက်ကြသဖြင့် တစ်ယောက်ခြင်းစီကို ယခုမှသာ ကွဲကွဲပြားပြားမြင်တွေ့ရတော့သည်။
ခရမ်းအဆင့်နည်းပြများသည် ကျောင်းသားများ မထိခိုက်မီတွင် ၎င်းတို့၏ ပဲ့တင်ထပ်သံ စွမ်းအားများကို ပေါင်းစပ်ကာ ဧရိယာတစ်ခုလုံးကို အကာကွယ်ပေးခဲ့ရသည်အထိ တိုက်ခိုက်မှုကပြင်းထန်လွန်းလှသည်။
ကျောင်းသားများသည် ၎င်းတို့၏ဘေးကင်းမှုအတွက် နည်းပြများကို အပြည့်အဝ ယုံကြည်ခဲ့ကြသည့်အတွက် အများစုက တိုက်ပွဲကို မျက်တောင်မခတ်စတမ်း ကြည့်ရှုနေကြ၏။
တိုက်ခိုက်မှုနှစ်ခုသည် တစ်ဖက်နှင့်တစ်ဖက် နောက်ဆုတ်လိုက်ရခြင်းနှင့် ပြီးဆုံးခဲ့သော်လည်း စိတ်လှုပ်ရှားစရာကောင်းသော ရုန်းကန်မှုတွင် ၎င်းတို့၏ စွမ်းအားများကိုအပြည့်အဝ အသုံးချခဲ့ကြသည်။
ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေနေသည် ကြာကြာမခံခဲ့ပေ။ အသက်နှုတ်ယူန်ူင်သော အစိမ်းရောင်စွမ်းအင်ပါဝင်နိုင်သော အလင်းပဲ့တင်ထပ်သံ တိုက်ခိုက်မှုသည် သိသိသာသာ ပိုမိုအားကောင်းလာသည်။ ခဏအကြာတွင် ကျောက်ဟွေရင်း၏ ဧရာမဓားချက်များ ယိမ်းယိုင်သွားကာ ဓါးကိုယ်ထည်အနှံ့ အက်ကြောင်းများ ပျံ့နှံ့လာသည်။
ကျန်းချင်းအာက တိုက်ပွဲပြီးဆုံးသွားမှန်းသိသဖြင့် ကျောက်ဟွေရင်းကို အေးစက်စွာစိုက်ကြည့်နေ၏။
ကလန်......
ကျောက်ဟွေရင်း၏ ရွှေမျက်လုံးအဆင့် ရတနာဓားမြှောင် အပိုင်းပိုင်းကျိုးပျက်သွားလေပြီ။
ဝှစ်.......
ကျန်းချင်းအာ၏ တိုက်ခိုက်မှုကြောင့် အစိမ်းရောင်အလင်းတန်းသည် အခြားတိုက်ခိုက်မှုကို ဖြတ်ကျော်လိုက်သောအခါ အရှိန် လုံးဝမလျော့သွားဘဲ ကျောက်ဟွေရင်း ဆီသို့ ဦးတည်ပျံသန်းသွားသည်။
အပြာရောင်ချောက်နက်ကောလိပ်၏ မြေခွေနတ်သမီးတစ်ပါး ပြေးစရာမြေမရှိ ဖြစ်နေသည့်မြင်ကွင်းက အတော်သနားစရာကောင်းနေလေ၏။
တိုက်ခိုက်မှု၏အလျင်သည် ကျောက်ဟွေရင်း၏ဆံပင်များကို ပြင်းထန်သော လေပြင်းနှင့်အတူ ဖြတ်ကျော်တိုက်ခိုက်သွားချိန်တွင် သူမ၏ မျက်လုံးများတွင် အေးစက်ပြီး ခံစားချက်မဲ့သော အလင်းတန်းများ လွင့်စင်သွားကာ နိုးထလာချိန်တွင် ထိတ်လန့်မှုတစ်ခုသာ ကျန်ရစ်ခဲ့သည်။
သူမသည် မကြာမီ ရောက်ရှိလာမည့် ဆိုးရွားသောတိုက်ခိုက်မှုအတွက် တိုက်ရိုက်ခံယူရုံမှတပါးအခြားမရှိတော့ပေ။
ကလန်....
ကျောက်ဟွေရင်းထံသို့ အစိမ်းရောင်အလင်းတန်းများ ကျရောက်ခါနီးတွင်
ကျန်းချင်းအာသည် လက်သီးကို တင်းတင်းဆုပ်ထားပြီး သေမင်းတမန်ရိုက်ချက်အား ပျက်ပြယ်စေလိုက်သဖြင့် ၎င်းသည် ကျောက်ဟွေရင်းအား နောက်သို့လွင့်စင်သွားစေခဲ့သည်။
သို့သော်လည်း ကျောက်ဟွေရင်းသည်သူမ၏ နာကျင်မှုတစ်ရပ်ကို ခံစားလိုက်ရသဖြင့် လွှတ်ကနဲအော်ညည်းမိလိုက်လေသည်။
ကျန်းချင်းအာက သူမကို ပခုံးကနေ ဆွဲခေါ်သွားလိုက်ခြင်းပင်....
"နင်...."
ကျန်းချင်းအာ သူမကို ကယ်တင်ခြင်းမှာ သူမမျှော်လင့်ထားသည့် နောက်ဆုံးအရာဖြစ်သည်။
ကျန်းချင်းအာက လက်ကို လွှတ်လိုက်ပြီး... “နင် ရှုံးသွားပြီ” လို့ ရိုးရိုးရှင်းရှင်းပြောခဲ့သည်။
"နင် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ရောက်နေပြီမှန်း ငါ့ကိုပြောပြခဲ့သင့်တယ်...."
ကျောက်ဟွေရင်း နှုတ်ခမ်းစူလိုက်သည်။
"ငါသိရင် တိုက်ပွဲကို နှောင့်ယှက်မှာ မဟုတ်ဘူး...အခုတော့ ကြိုးစားအားထုတ်မှုတွေ ဖြုန်းတီးပစ်သလိုဖြစ်ကုန်ပြီ...."
"အိုး...နင်က သိပ်မဆိုးဘူး... ငါတို့ကျောင်းကဒူဇီဟုန်လျန် ထက် ပိုတော်တယ်.... အနည်းဆုံး ငါ့ကို နည်းနည်းတော့ စိတ်ဝင်စားအောင်လုပ်နိုင်ခဲ့ပါတယ်...."
ကျောက်ဟွေရင်း ဘာမျှမပြောနိုင်တော့ပေါး။
သူတို့ကြားက ကွာဟချက်က တကယ်ကို ကြီးမားတယ်။ ကျန်းချင်းအာ ငါ့ကို သက်သက် ကစားခဲ့တာလား....
သူမ သက်ပြင်းချလိုက်သည်။
"တကယ်လို့ နင်သာ အပြာရောင်ချောက်နက်ကောလိပ်ကိုလာခဲ့ရင်....."
ကျောက်ဟွေရင်းက ထိုသို့ပြောနေရင်းကနေ ကျန်းချင်းအာနားကို တဖြည်းဖြည်း တိုးကပ်သွားပြီး......
"ကျန်းချင်းအာ...နင်က ငါ့ကို နှိုးဆော်ပေးနိုင်တယ်..... လီလော့ဆီက လော့လန်အိမ်တော်သခင်ဘွဲ့ကိုလုယူလိုက်ကြရအောင် ငါဘွဲ့ရပြီးရင် နင်နဲ့လာပူးပေါင်းမယ်လေ......"
"ကြည့်ရတာ နောက်ထပ်အရိုက်ခံချင်နေသေးတယ်နဲ့တူတယ် ...."
ကျန်းချင်းအာက ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်သည်။
"အရမ်းရက်စက်တယ်..."
ကျောက်ဟွေရင်း နှုတ်ခမ်းစူလိုက်ပြန်သည်။
"ငါတကယ်ပြောတာ... လီလော့က နင်နဲ့မလိုက်ဖက်ဘူး..... သူ့လို ဖားပြုတ်မျိုးက နင့်လို ငန်းလှလှလေးနဲ့ဘယ်လိုမှမလိုက်ဖက်ဘူး....အလကား ငန်းသားစားချင်နေတဲ့ဖားပြုပ်ကောင်.....ဒီကောင် လုကျန်းကိုအနိုင်မယူနိုင်မှန်သ ငါသေချာသိနေတယ်......"
"နင်က လီလော့ကို လျှော့တွက်တဲ့ ပထမဆုံးသူတော့ မဟုတ်သလို နောက်ဆုံးသူဖြစ်မှာလည်း မဟုတ်ဘူး.... ဒါပေမယ့် နင် သူ့အကြောင်းသေချာသိလာရင် နောင်တရဖော် ရဖက်တွေ ဘယ်လောက်များလဲသိလာပါလိမ့်မယ်....."
ကျောက်ဟွေရင်း ပခုံးတွန့်လိုက်သည်။
"ဒါဆိုလည်း ကြည့်ကြသေးတာပေါ့.... "
ကျန်းချင်းအာက သူမကို လျစ်လျူရှုကာ စင်မြင့်ပေါ်ရှိ ခရမ်းအဆင့်နည်းပြများနှင့် ရင်ဆိုင်ရန် လှည့်လိုက်သည်။
တိုက်ပွဲအလယ်မှာ ကျောက်ဟွေရင်းတစ်ယောက် စွမ်းအားကုန်ခမ်းသွားပြီဆိုတာကိုဆရာတွေက နားလည်တဲ့အတွက် ခေါင်းညိတ်လိုက်ကြသည်။
"ကြယ်သုံးပွင့်ခန်းမ၊ ပထမအချီမှာ ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ကျန်းချင်းအာကအနိုင်ရရှိသွားပါတယ်....."
"အလို!"
"စီနီယာကျန်း၊ မင်းက အမိုက်ဆုံးပဲ"
"စီနီယာကျန်း၊ မင်းက အကောင်းဆုံးပဲ!"
ကြယ်တာယာခရီးရှည်ကောလိပ် ၏နတ်သမီးအတွက် အားတက်သရော အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။ သူမရဲ့ မလွှမ်းမိုးနိုင်တဲ့ဂုဏ်သတင်းကလည်း တရိပ်ရိပ်မြင့်တက်လာနေ၏။
ဤအချက်ကြောင့် သူမသည် ယခုလိုနာမည်ကျော်ကြားမှုအရမင်းသမီးနှင့် ကုန်းရှန်ကျွင်း တို့နှင့်တန်းတူဖြစ်သွားနိုင်သည် ။
သူတို့နှစ်ယောက်က သူမကို အနီးကပ်ကြည့်နေပြီး ထူးချွန်ထက်မြက်တဲ့ ဂျူနီယာတွေအပေါ် သူတို့ရဲ့ အတွေးအမြင်တွေ မှန်ကန်ခဲ့ပုံရသည်။
"ဂျူနီယာကျန်းရဲ့ အရည်အချင်းတွေက ငါ့ကိုအမြဲတမ်း အံ့သြစေတယ်..."
ကုန်းရှန်ကျွင်း သဘောကျစွာ သက်ပြင်းချလိုက်သည်။
"ဒီအရှိန်နဲ့ဆို သူမဟာ ဒီနှစ်ကုန်မှာ ကောင်းကင်နစ်မြုပ်ခြင်း စစ်သူကြီးအဆင့် ကို တကယ်ရောက်နိုင်လိမ့်မယ်.... ကံမကောင်းတဲ့ အမာခံခုနှစ်ဉီးထဲက ဘယ်သူကများ သူမကို ပစ်မှတ်ဖြစ်လာမလဲ သိချင်မိတယ်....."
မင်းသမီးက ပြုံးလိုက်ပြီး..
"သူမက အရှေ့ပိုင်းနတ်ဘုရားကုန်းမြေ
တစ်ခုလုံးမှာ အသန်မာဆုံး ကြယ်သုံးပွင့်ကျောင်းသူ ဖြစ်နိုင်တယ်... အကယ်၍ သူမသာ ရှန့်ပိန့်တွေ့ဆုံပွဲမှာ ဒီဘွဲ့ကို တရားဝင်ရယူနိုင်ခဲ့ရင် ကြယ်တာယာခရီးရှည်ကောလိပ်ကလည်း သူ့အလိုလို နာမည်ရလာလိမ့်မယ်......"
"ဟုတ်တယ်....ဒါပေမယ့် တခြားကောလိပ်တွေလည်း ကောင်းကောင်းပြင်ဆင်လာမှာပါ" ဟု ကုန်းရှန်ကျွင်း က သတိပေးသည်။
"အဆင့်ကိုးပဲ့တင်ထပ်သံက ရှားပါတယ်.... ဒါပေမယ့် ဒီမျိုးဆက်မှာ သူမဟာ ထူးခြားတယ်လို့ အာမခံချက်မရှိဘူး.... ဒါတောင် သူမဟာ လူသိများပြီးကျော်ကြားတယ်....."
မင်းသမီးက ခေါင်းညိတ်ပြပြီး ကျန်းချင်းအာ ကို သဘောကျစွာ ကြည့်လိုက်သည်။
နှစ်အနည်းငယ်အတွင်း သူမသည် ရှပြည်ထောင်စု၌ တန်ခိုးရှင်တစ်ဦးဖြစ်လာမည်မှာ သေချာပါသည်။
ပဲ့တင်ထပ်သံအဆင့်သည် အဆုံးစွန်သောအောင်မြင်မှုမဟုတ်သော်လည်း၊ ကျန်းချင်းအာသည် ၎င်းကို ကောင်းမွန်စွာအသုံးချနိုင်ပြီး ကြိုးစားအားထုတ်မှုလည်းရှိသည်။ သူမသည် လော့လန်အိမ်တော်ကို ငယ်ရွယ်စဉ်ကတည်းကတာဝန်ယူထားခဲ့ကာ ရှုပ်ထွေးသောအချိန်များကို ဖြတ်ကျော်ခဲ့ပြီး ပုံမှန်မဟုတ်သော အလှည့်အပြောင်းများ၊ အလုပ်ကြိုးစားမှုများနှင့် စွမ်းရည်သတ္တိများကို ပြသခဲ့သည်။ ထောင့်ပေါင်းစုံမှတွေးကြည့်လျှင် မင်းသမီးသည် ကျန်းချင်းအာနှင့် ပတ်သက်၍ သဘောကျစရာတစ်ခုကို တွေ့ရှိခဲ့သည်။
"လွမ်ယု... မင်း မကြာသေးခင်က ဂျုနီယာကျန်းနဲ့ တော်တော်ရင်းနှီးလာခဲ့တယ် မဟုတ်လား"
ကုန်းရှန်ကျွင်း ရုတ်တရက်ပြုံးကာ မေးလိုက်သည်။
“ဟုတ်ပါတယ် ...ငါ သူမနဲ့ သူငယ်ချင်းဖြစ်ချင်တယ်” လို့ မင်းသမီးက ပေါ့ပေါ့ပါးပါး ပြန်ဖြေခဲ့သည်။
“အစ်ကိုတော်.....နင်ရော …” သူမ မျက်ခုံးပင့်လိုက်သည်။
ကုန်းရှန်ကျွင်းဘက်က ယခုအချိန်အထိ လွန်လွန်ကဲကဲ သဘောထားမပြသေးသော်လည်း မင်းသမီးက သူ့စိတ်ကို ကောင်းကောင်းဖတ်နိုင်ခဲ့ပါသည်။
ကုန်းရှန်ကျွင်းက အပြစ်ကင်းစင်စွာ ပြုံးလိုက်ပြီး....
“ထူးချွန်ပြီး ထက်မြက်တဲ့ ဒီလိုမ်န်းကလေးမျိုးကို အမျိုးကောင်းသားတစ်ယောက်ကညသဘောကျတာ ဘာများထူးဆန်းနေလို့လဲ....."
"အစ်ကိုတော် လီလော့ကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကတည်းက စောင့်ကြည့်နေခဲ့တာ သေချာတယ်.... ကျန်းချင်းအာနဲ့ သူ့ရဲ့ဆက်ဆံရေးက အစ်ကိုတော် ထင်ထားတာထက် ပိုနက်ရှိုင်းတယ်...."
ကုန်းရှန်ကျွင်း၏ အပြုံး အနည်းငယ် မှိန်ဖျော့သွားသည်။ သို့သော်လည်း
သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ လျှော့တွက်လို့မရကြောင်း ဝန်ခံရပါမည်။ အစတုန်းကတော့ စေ့စပ်ပွဲသက်သက်လို့ပဲ ထင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက်အပေါ်ထားတဲ့ သူတို့ရဲ့ခံစားချက်တွေကို ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရသည်မဟုတ်လော.......
ကျန်းချင်းအာသည် ပုံမှန်အားဖြင့် ချဉ်းကပ်ရန် လွယ်ကူသော်လည်း သူမ၏ အေးစက်သော အမူအရာဖြင့် ကြိုးစားသူ အားလုံးသည်ကို ကောင်းကောင်းကြီး စည်းတားထားနိုင်ခဲ့သည်။ သူမသည် လှပပြီး ယဉ်ကျေးသော်လည်း တားထားသောစည်းများကို မည်သူမျှ မဖြတ်ကျော်ဝံ့ပေ။
ယနေ့အထိ၊ ဆွဲဆောင်မှုမျိုးစုံရှိသော ကိုယ့်ကိုကိုယ်အထင်ကြီးသူအားလုံးသည် ကျန်းချင်းအာကို ဆွဲဆောင်ရန် နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားခဲ့ကြသည်။ ရလဒ်တွေ အားလုံး အတူတူပါပဲ....သူငယ်ချင်းဖြစ်ခွင့်တောင် မရခဲ့ကြဘူး......
ဒါကလည်း ကုန်းရှန်ကျွင်း အခုထိ မလှုပ်ရှားရသေးသည့်အကြောင်းပြချက်တစ်ခုဖြစ်နေခဲ့သည်။ ရံဖန်ရံခါ စကားစမြည်ပြောဆိုမှုအချို့သာရှိသည့်အတွက် နီးစပ်ဖို့ လမ်းစရှာမရတွေ့ခဲ့ပေ။
ဒါတွေအားလုံးက လီလော့ ရောက်ရှိလာတာကြောင့်လည်း ပါပါလိမ့်မည်။
ကျန်းချင်းအာက ခံစားချက်အလုံးစုံကို လီလော့တစ်ယောက်တည်းဆီမှာသာပုံအပ်ထားသည်မဟုတ်ပါလား.....
"ဂျူနီယာလီလော့က တကယ်ကံကောင်းတယ်"
ကုန်းရှန်ကျွင်းက ဖြည်းညှင်းစွာပြောလိုက်သည်။
"အဟုတ်ပဲ......လော့လန်အိမ်တော်ကိုကြည့်ရင် အားလုံးက မျှမျှတတဖြစ်နိုင်တယ်..အစ်ကိုတော်...နင် ချင်းအာအပေါ်ထားတဲ့ခံစားချက်တွေကို စွန့်လွှတ်လိုက်ပြီး တခြားတစ်ယောက် ရှာသင့်နေပြီ ......"
ကုန်းရှန်ကျွင်း ပြုံးရုံသာပြုံးနေ၏။
မင်းသမီး၏မျက်လုံးထဲတွင် တွက်ချက်ထားသော အကြည့်တစ်ခုရှိသည်။ ထိုသို့သောယောက်ျားမျိုးကို အကြံဉာဏ်ပေးခြင်းသည် အထောက်အကူဖြစ်ခဲသည်။ တကယ်တော့၊ ဒါဟာ အများအားဖြင့် ဆန့်ကျင်ဘက်ဖြစ်ပြီး၊ သူ့ကို စိန်ခေါ်မှုတစ်ခုအနေနဲ့ လက်ခံဖို့ တွန်းအားပေးလိုက်ခြင်းပင်.... တစ်ချိန်လုံးအနိုင်ရလေ့ရှိတဲ့ ကုန်းရှန်ကျွင်းလိုမျိုး ယောက်ျားလေးတွေအတွက် သက်ရောက်မှုက ပိုပြင်းထန်ပါလိမ့်မည်။
ကုန်းရှန်ကျွင်းသာ တစ်ခုခုကြိုးစားခဲ့မယ်ဆိုရင် မင်းသမီးကြီးက ကျန်းချင်းအာနဲ့ကုန်းရှန်ကျွင်းတို့ နီးစပ်ဖို့ လုံးဝခွင့်ပြုမည်မဟုတ်ပေ။
သူမသည် ကျန်းချင်းအာကို ကိုယ်စားအုပ်ချူပ်သူနှင့် ပို၍နီးစပ်သွားမှာမျိုး မမြင်လိုပေ။
ကုန်းရှန်ကျွင်းကလည်း နုံအသူတစ်ယောက်မဟုတ်ခဲ့ပေ။ ညီမတော်ရဲ့ စေတနာယောင်ယောင်စကားများကို မယုံကြည်နိုင်သော်လည်း ယောကျားပီပီ မာနတော့ရှိသည်သာပင်.....
မင်းသမီးက တိုက်ပွဲကွင်းပြင်ကိုပြန်လည်အာရုံစိုက်ထားလိုက်သည်။ ကြယ်တာယာခရီးရှည်ကောလိပ်သည် ယခုချိန်တွင် ဦးဆောင်နေသော်လည်း နောက်ဆက်တွဲ ကိုယ်စားလှယ်များ၏ ပြိုင်ဘက်များကို ဆန့်ကျင်နိုင်မှုအပေါ် မူတည်နေသေးသည်။
နောက်ထပ်နိုင်ပွဲတစ်ပွဲလိုအပ်နေသေးသည်။
***