အလှည့်အပြောင်း.....
Vol. 30 Ch. 410
ကျန်းချင်းအာနှင့်ကျောက်ဟွေရင်းတို့၏ တိုက်ပွဲသည် ဝင်ခွင့်ပြိုင်ပွဲကို အရှိန်အဟုန်ဖြင့် အထွတ်အထိပ်သို့ ရောက်စေခဲ့ပြီး ပျော်ရွှင်သံများ အထပ်ထပ် တိုးပွားလာခဲ့သည်။
"ပထမသုံးပွဲက ငါတို့အတွက် အပြင်းထန်ဆုံးပဲ.... ဒါက အံ့သြစရာကောင်းတဲ့ ရလဒ်မဟုတ်သေးဘူး.... တကယ့်အခက်အခဲက မကြာခင်ရောက်လာလိမ့်မယ် " ဟု လီလော့က မှတ်ချက်ပေးလိုက်သည်။
"ငါတို့ရဲ့ ကြယ်တစ်ပွင့်ခန်းမ တိုက်ပွဲကလွဲရင် ဒူဇီဟုန်လျန်၊ရဲချုတင်းနဲ့ ဇူရွှမ်းတို့ ယှဉ်ပြိုင်ရမယ့် နောက်ထပ် တိုက်ပွဲသုံးပွဲ ရှိသေးတယ်.... သူတို့ သုံးဦးသာ တစ်ပွဲနိုင်နဲ့တစ်ပွဲသရေကျသရွေ့ ငါတို့တွေ အနိုင်ရပြီလို့သတ်မှတ်နိုင်ပြီ....."
လုချင်းအာနှင့်ပိုင်မျန်မျန်တို့လို မိန်းမလှလေးနှစ်ဉီး လီလော့ဘေးနားတွင် ထိုင်နေသောကြောင့် မနာလိုသောအကြည့်များ၏သားကောင်ဖြစ်နေရရှာသည်။
"အဲ့လိုသာဆို နင် ပြိုင်ဖို့တောင်မလိုတော့ဘူး.. "
နောက်ထပ်သုံးပွဲအတွင်းရလဒ်ကိုသတ်မှတ်နိုင်လျှင် လီလော့ဝင်ပြိုင်ဖို့မလိုတော့ပေ။
လီလော့က လုချင်းအာကို ပခုံးတွန့်ပြလိုက်ပြီး....
"ပြိုင်ရသည်ဖြစ်စေ၊ မပြိုင်ရသည်ဖြစ်စေ ဒါက ဝင်ခွင့်ပြိုင်ပွဲလေးပဲလေ...ရှန့်ပိန်းတွေ့ဆုံပွဲကမှ.တကယ့်ပြိုင်ပွဲ....."
လုချင်းအာက ခေါင်းညိတ်လိုက်သည်။
“နှမြောစရာကောင်းလိုက်တာ....နင် ဘယ်လောက်သန်မာတယ်ဆိုတာ သူတို့ကို အသိပေးသင့်တယ်....ကြယ်တာယာခရီးရှည်ကောလိပ်မှာ ကျန်းချင်းအာလို ထူးချွန်တဲ့သူတစ်ယောက် ကြယ်တစ်ပွင့်ခန်းမမှာရှိသေးမှန်းသိစေချင်တယ်......"
ဒီမှတ်ချက်ကိုကြားရတဲ့ သူတို့ပတ်ဝန်းကျင်က ကျောင်းသားတွေက သူမကို လူထူးဆန်းတစ်ယောက်သဖွယ်လှည့်ကြည့်နေကြသည်။ လီလော့ဘက်က ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သော်ငြားလည်း မယုံကြည်နိုင်လောက်အောင် ထူးချွန်သော ကျန်းချင်းအာနှင့်တူညီသော အဆင့်တွင် ရှိနေသည်ဟု ဆိုလိုက်သောကြောင့် တုန်လှုပ်သွားရခြင်းဖြစ်သည်။
သို့ပေမယ့် လီလော့နှင့်ကျန်းချင်းအာတို့ကြားတွင်ဖြိုခွဲ၍မရသော အထူးဆက်ဆံရေးတစ်ခု ရှိနေမှန်းသိကြသောကြောင့် ပါးစပ်ပိတိထားဖို့သာရွေးချယ်လိုက်ကြသည်။
လုချင်းအာက ပတ်ဝန်းကျင်ကိုလျစ်လျူရှုထားလိုက်သည်။ သူမ ချဲ့ကားပြောဆိုခြင်းမဟုတ်သော်လည်း စိတ်နှလုံးထဲမှပြောနေခြင်းဖြစ်သည်ကို သူမကိုယ်တိုင်သိသည်။
ကျန်းချင်းအာက တကယ်ထူးချွန်ပေမယ့် လီလော့ရဲ့အစွမ်းအစကိုလည်း လျှော့မတွက်သင့်ပေ။
အထူးသဖြင့် ရွှေနဂါးတာအိုနယ်မြေထဲတွင် လီလော့၏ အရည်အချင်းကို လုချင်းအာကိုယ်တိုင်တွေ့မြင်ခဲ့ရသည်မဟုတ်လော....
လီလော့က သူမကို ရှက်ကိုးရှက်ကန်းဖြင့်သာ ပြုံးပြပြီး ဘာမှထပ်မပြောတော့ပေ။ ယင်းအစား သူတို့အားလုံးသည် ဒူဇီဟုန်လျန် ကွင်းထဲသို့လျှောက်လှမ်းနေသည်ကို ကြည့်လိုက်ကြသည်။
ကြယ်သုံးပွင့်ခန်းမတွင် ဒုတိယအသန်မာဆုံးအဖြစ်သော ဒူဇီဟုန်လျန်သည် ကျန်းချင်းအာ၏ထက်မြက်မှုကြောင့် အရောင်မှိန်နေသလိုဖြစ်နေသော်လည်း တကယ်ပင်သန်မာသူတစ်ယောက်ဖြစ်သည်။
ကျန်းချင်းအာနဲ့အတူတူ တစ်နှစ်တည်းနေခွင့်ရတာ ကံဆိုးတယ်လို့ဆိုရမည်သာ......
တိုက်ပွဲကွင်းပြင်ကိုလှမ်းကြည့်ရင်း အားလုံးစိတ်လှုပ်ရှားနေကြသည်။ သူမသည် တမူထုးခြားစွာလှပသူဖြစ်ပြီး ယနေ့တွင် အနက်ရောင် ကိုယ်ကြပ်ဝတ်စုံကိုဝတ်ဆင်ထားပြီး အနီရောင်ဓားရှည်တစ်လက်ကို ကိုင်ဆွဲထားသည်မှာ စစ်နတ်ဘုရားမတစ်ဉီးသဖွယ်ပင်......
အပြာရောင်ချောက်နက်ကောလိပ်၏ ကြယ်သုံးပွင့်ခန်းမ ကိုယ်စားလှယ် ယန်တိုင်သည်လည်း ကွင်းထဲသို့ရောက်နေခဲ့ပြီ။သူ၏လက်နက်သည် ရှည်လျားသော အနီရောင်လှံတစ်ချောင်းဖြစ်နေသည်။
နှစ်ဉီးသားစကားဖလှယ်ဖို့လည်း စိတ်မ၀င်စားကြဘဲ ပဲ့တင်ထပ်သံစွမ်းအားတွေကို ချက်ချင်း ထုတ်ဖော်လိုက်ကြသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ ဒူဇီဟုန်လျန်နှင့်ယန်တိုင် နှစ်ဦးစလုံးသည် မီးပဲ့တင်ထပ်သံ အသုံးပြုသူများဖြစ်နေကြသည်။ဤသည်မှာ မျက်နှာချင်းဆိုင် တိုက်ပွဲဆိုတာထက် ဖျော်ဖြေမှုတစ်ခုနှင့်ပင်ပိုတူနေ၏။
အချက်ပေး ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုက်နက် ပြိုင်ဖက်နှစ်ဦး၏ ဘေးပတ်လည်တွင် မီးခိုးငွေ့များ တမဟုတ်ချင်းထွက်ပေါ်လာလေ၏။
ပြင်းထန်သော စွမ်းအားများဖြင့် မီးတောက်နေသော လေထု........
ဒူဇီဟုန်လျန်နှင့်ယန်တိုင်တို့သည် နှစ်ယောက်စလုံးက နတ်ဆိုးရွှေခန္ဓာအဆင့်တွင်ရှိကြပြီး တူညီသောပဲ့တင်ထပ်သံရှိသည့်အတွက် ဝှက်ဖဲများကသာ အနိုင်အရှုံးဆုံးဖြတ်ပေးနိုငိလိမ့်မည်။
တစ်ယောက်နဲ့တစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြပြီး မကြာခင်မှာ နှစ်ယောက်လုံးမှာ ဒဏ်ရာတွေ ဖြစ်ပေါ်လာကြသည်။
သို့သော်လည်းနှစ်ဦးစလုံး နောက်ပြန်ဆုတ်ရန် အရိပ်အယောင် အနည်းငယ်မျှ မပြခဲ့ပေ။ ယင်းအစား ၎င်းတို့၏မီးစွမ်းအား နှစ်ဆတိုးစေခဲ့သည်။
မီးသည် သာမညဒြပ်စင်ဖြစ်သည်။ ၎င်းတွင် အစစ်အမှန် စွမ်းရည် အနည်းငယ်သာ ရှိပြီး ခံစစ်အတွက် အသုံးပြုရန် ခက်ခဲသည်။ တိုက်ခိုက်ရေးသမားနှစ်ဦးစလုံးသည် ၎င်းတို့၏အဖျက်စွမ်းအားများကို အပြည့်အဝအသုံးချမည့်အစား ကြမ်းတမ်းစွာတိုက်ခိုက်ဖို့ကိုသာရွေးချယ်ခဲ့ကြသည်။
တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသဖြင့် နှစ်ဘက်ပရိသတ်များ ပိုမိုစိုးရိမ်လာကြသည်။ နှစ်ယောက်စလုံးသည် သူတို့၏ နတ်ဆိုးခန္ဓာကိုယ်ပေါ်တွင်ပင် ကြောက်မက်ဖွယ်ရာ မီးလောင်ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ မာန်တင်းပြီးတိုက်ခိုက်နေကြသော်လည်း ဒဏ်ရာများကြောင့် အရှိန်နှေးကွေးလာကြသည်။
ဤသည်မှာ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ပွဲဖြစ်ပြီး အရင်တိုက်ပွဲတွေထက် အများကြီးပိုပြင်းထန်နေ၏။
ယခုတိုက်ပွဲသည် ဆန္ဒ၏ တိုက်ပွဲဖြစ်ခဲ့သည်။
ကြယ်တာယာခရီးရှည်ကောလိပ်မှ ကျောင်းသားများက ဒူဇီဟုန်လျန်ကို ထောက်ခံကြောင်း အော်ဟစ်ကာ ကျယ်လောင်စွာ အော်ဟစ်နေကြသည်။
လီလော့သည်ပင် စာနာစိတ် အနည်းငယ် တိုးလာသည်။ သူမ ဒီလောက်ပြင်းထန်စွာ တိုက်ခိုက်နိုင်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"စီနီယာကျန်းက သူမကို ဖိအားတွေ အများကြီးပေးနေသလိုပဲ"
လုချင်းအာက ရိပ်မိနေဟန်ဖြင့်ပြောလိုက်သည်ကို လီလော့က ခေါင်းညိတ်သဘောတူလိုက်သည်။
ဒူဇီဟုန်လျန်သည် သူမတူအောင်ကြံ့ခိုင်သန်မာသူဖြစ်သည်။ကျန်းချင်းအာက အောင်ပွဲခံရုံမျှမက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပရိတ်သတ်တွေရဲ့စိတ်နှလုံးကိုပါသိမ်းပိုက်နိုင်ခဲ့သည်။ ဒူဇီဟုန်လျန်သာဤနေရာတွင် ဆုံးရှုံးသွားခဲ့ပါက နှစ်ဆ ဆိုးရွားသွားမည်ဖြစ်သည်။
ဒူဇီဟုန်လျန်လို မာနကြီးသူတစ်ယောက်က ကျန်းချင်းအာကို မည်သိုမျှ အရှုံးခံမည်မဟုတ်ပေ။
သူမသည် ကြယ်တာယာခရီးရှည်ကောလိပ်အတွက် အောင်ပွဲ မဆောင်နိုင်ခဲ့သော်ငြားလည်း ရှုံးနိမ့်သူအဖြစ်မခံနိုင်ပေ။
"ယန်တိုင်က ဒူဇီဟုန်လျန်နဲ့ တန်းတူနီးပါးသန်မာတယ်.... ရလဒ်ကို တွက်ချက်ဖို့ ခက်ပေမယ့် ဒီအတိုင်းသာဆို သရေတစ်မှတ်နဲ့ ပြီးဆုံးသွားနိုင်တယ်......ကြောက်စရာကောင်းတဲ့ သရေ”
"စီနီယာဒူဇီဟုန်လျန်က အရမ်းသန်မာတယ်"
ပိုင်မျန်မျန်ကလည်း လီလော့ရဲ့စကားကိုထောက်ခံပြီး ချီးမွမ်းစကားဆိုလိုက်သည်။
သူမနဲ့ အဖုအထစ်တွေရှိခဲ့ပေမယ့် ဒူဇီဟုန်လျန် သန်မာသည်ကိုတော့ လီလော့ မငြင်းနိူင်ခဲ့ပေ။
တချိန်တည်းမှာဘဲ အပြာရောင်ချောက်နက်ကောလိပ်ဘက်က စိုးရိမ်မှုတွေမြင့်တက်လာနေ၏။
ကျောက်ဟွေရင်း၊ကျုံးနန်နှင့် အခြားသူများကလည်း တိုက်ပွဲကို အနီးကပ် စောင့်ကြည့်နေကြသည်။
"ဒူဇီဟုန်လျန်က ငါထင်ထားတာထက် ကိုင်တွယ်ရတာပိုခက်နေတယ်"
ကျောက်ဟွေရင်းက နောင်တရတဲ့ ခံစားချက်နဲ့ ပြောလိုက်သည်။
"သနားစရာပဲ...ယန်တိုင်က အနိုင်ရမယ်ဆိုရင်တောင် ပွတ်ကာသီကာနဲ့ပဲအနိုင်ရလိမ့်မယ်...."
"ဒူဇီဟုန်လျန်က ကျန်းချင်းအာလောက် မကျော်ကြားပေမယ့် လျှော့တွက်လို့မရဘူး...."
ကျုံးနန်က လေးနက်စွာ သဘောတူလိုက်သည်။
"ကောင်းပြီ၊ ဒါက ငါတို့ရဲ့မျှော်လင့်ချက်မဟုတ်သေးဘူး.... ငါတို့ဘက်မှာ အခွင့်အရေးရှိနေတုန်းပဲ..."
သူမသည် လုကျန်း ပခုံးပေါ်လက်တင်လိုက်ပြီး....
"နင့်အတွက် လမ်းခင်းပေးဖို့ ငါတို့ အစွမ်းကုန် ကြိုးစားပြီးပြီ.... ကျန်တာနင့်အပိုင်းပဲ....."
လုကျန်းက သူမကို ဖြည်းညှင်းစွာ ပြုံးပြလိုက်ပြီး...
"စိတ်မပူပါနဲ့စီနီယာကျောက်.....နောက်ဆုံးတိုက်ပွဲမှာ စိတ်မပျက်ရအောင် ကြိုးစားမှာပါ... "
တိုက်ပွဲက ပြင်းထန်လာသည်။ဝ
အဆုံးမှာတော့ ဒဏ်ရာတွေက အတော်
ကြောက်စရာကောင်းပြီး လူတော်တော်များများကို မျက်လုံးမှိတ်ထားနိုင်သည်အထိပြင်းထန်နေသည်။
ဒါပေမယ့် နောက်ဆုံးတော့ တိုက်ပွဲက ပြီးသွားခဲ့ပြီ......
ဒူဇီဟုန်လျန်ရဲ့ဓားက ယန်တိုင်ရဲ့ဝမ်းဗိုက်ထဲသို့ နစ်မြုပ်သွားပြီး တစ်ချိန်တည်းမှာပင် သူ၏ အနီရောင်လှံတံသည် သူမ၏ နောက်ကျောကို ပြင်းထန်စွာ ရိုက်ခတ်သွားသဖြင့် ပါးစပ်မှ သွေးများ ဖျန်းခနဲ အန်ကျလာပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ခန့်မှန်းထားသည့်အတိုင်း သရေပွဲအဖြစ်ပြီးဆုံးသွားခဲ့ပြီ.....
လူတွေက သူတို့ကို ဆွဲထူဖို့ စစ်မြေပြင်ကို အမြန်ပြေးလာကြသည်။
တဆက်တည်းမှာ...လက်ခုပ်သြဘာသံများ ကျယ်လောင်ပြင်းထန်စွာ ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက်လုံးရဲ့ တိုက်ပွဲအတွက် ဂုဏ်ပြုထိုက်ပေသည်။
.....................
ကြယ်နှစ်ပွင့်ခန်းမတိုက်ပွဲများဆက်လက် ယှဉ်ပြိုင်ခဲ့ကြသည်။
သို့တိုင် ကြယ်တာယာခရီးရှည်ကောလိပ်သည် နောက်ဆုံးတိုက်ပွဲကို အကောင်းမြင်စိတ်ဖြင့် ရှုမြင်ခဲ့သော်လည်း နောက်နှစ်ပွဲက ၎င်းတို့အား လုံးဝတိတ်ဆိတ်သွားစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော်....
ကြယ်နှစ်ပွင့်ခန်းမမှ ကိုယ်စားလှယ် နှစ်ဦးစလုံး တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သောကြောင့်ပင်.....
***