← Chapters

ဆုံးဖြတ်ပေးမည့်သူ.....

Vol. 30 Ch. 411

ဆုံးဖြတ်ပေးမည့်သူ.....

Vol. 30 Ch. 411

ဇူရွှမ်းနှင့် ရဲချူတင်းတို့၏ ရှုံးနိမ့်မှုများသည် ကြယ်တာယာခရီးရှည်ကောလိပ်မှ ကျောင်းသားများအပေါ် ရေအေးတစ်ပုံးလောင်းချလိုက်သလိုပင်.....

လေထုထဲတွင် ရွှင်မြူးဖွယ် အပြိုင်အဆိုင် စိတ်ဓာတ်များ ခန်းခြောက်သွားကာ အိုက်စပ် မှုန်ကုပ် တိတ်ဆိတ်မှုများသာ ကျန်ရစ်ခဲ့သည်။ ဆက်တိုက် ဆုံးရှုံးမှုကို ကျောင်းသားများက ခံနိုင်ရည်မရှိကြတော့ပေ။

ကြယ်နှစ်ပွင့်ခန်းမရှေ့တွင် ကြယ်တာယာခရီးရှည်ကောလိပ်သည် တောက်ပသော နိုင်ပွဲနှစ်ပွဲနှင့် သရေပွဲရလဒ်ရရှိခဲ့သည်။ သူတို့လိုအပ်တာက နောက်ထပ် နိုင်ပွဲတစ်ခုဖြစ်ပြီး ကြယ်တစ်ပွင့်ခန်းမ တိုက်ပွဲကိုတောင် သွားစရယမလိုတော့ပေ။ အကောင်းဆုံးမှာ၊ ၎င်းတို့သည် သက်တောင့်သက်သာရှိသော အဆုံ

သတ်ဖြင့် ရှန့်ပိန်းတွေ့ဆုံပွဲ ဖိတ်ကြားချက်ကို လုံခြုံစေမည်ဖြစ်သည်။

ဒါပေမယ့် ကြယ်နှစ်ပွင့်ခန်းမကြောင့် လုံးဝ အရှက်ကွဲခဲ့ရသည်။

ကြယ်နှစ်ပွင့်ခန်းမသည် ခန်းမလေးခုအနက်တွင် အညံ့ဆုံးဖြစ်သည်ကို သိထားရသည်။ ကြယ်လေးပွင့်ခန်းမတွင် အမာခံခုနှစ်ယောက်စလုံးရှိနေပြီး ကြယ်သုံးပွင့်ခန်းမတွင် သူမ၏မျိုးဆက်တစ်ခုလုံးကို လက်တစ်ဖက်တည်းဖြင့် အပြည့်အဝဖိနှိပ်ထားနိုင်သည့် ကျန်းချင်းအာရှိနေသည်။

အငယ်ဆုံး ကြယ်တစ်ပွင့်ခန်းမမှာတောင် ပဲ့တင်ထပ်သံနှစ်ခုရှိတဲ့ လီလော့ ရှိနေသည်။

ကြယ်နှစ်ပွင့်ခန်းမသည် တောက်ပသောမီးလျှံများကြားတွင် မှိန်ဖျော့နေသော ဖယောင်းတိုင်တစ်ခုသာပင်.....

သို့တိုင် အပြာရောင်ချောက်နက်ကောလိပ် ၏ ကြယ်နှစ်ပွင့်ခန်းမ ကိုယ်စားလှယ်များသည် အထူးတလည်အားကောင်းခြင်းမရှိပေ။ သူတို့လုပ်ရမှာက အောင်နိုင်ဖို့မဟုတ်ဘဲ နှစ်ပွဲသရေကျရုံနှင့်ပင် အတော်အဆင်ပြေနေပြီဖြစ်သည်။

ဒါတောင် နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့သေးသည်။

ထို့ကြောင့် ယခုကျောင်းနှစ်ကျောင်းစလုံးသည် အညီအမျှ ပြိုင်ဆိုင်နေကြပြီဖြစ်သည်။ နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး.....

ကြယ်တာယာခရီးရှည်ကောလိပ်အတွက် ဂရုတစိုက်ပြင်ဆင်ထားသော အားသာချက်များအားလုံးပျက်ပြယ်သွားခဲ့ပြီ။

“ဘုရားရေ....”

ကျောင်းသားများ အော်ဟစ်ဆဲဆိုကြကာ ၎င်းတို့၏ စိတ်ပျက်မှုများကို ရှင်းလင်းစွာထုတ်ပြနေကြသဖြင့် ကြယ်နှစ်ပွင့်ခန်းမ ကျောင်းသားများ ရှက်ရွံ့စွာ ခေါင်းငိုက်စိုက်ကျနေကြသည်။ ဇူရွှမ်းနှင့်ရဲချူတင်းတို့ဆို ခေါင်းမဖော်ဝံ့ကြတော့ပေ။

၎င်းတို့၏ ကျရှုံးမှုများသည် အရှိန်အဟုန်ကို ချိုးဖျက်ပြီး ကြယ်သုံးပွင့်နှင့် ကြယ်လေးပွင့်ခန်းမကြီးများ၏ ကြိုးပမ်းမှုကို သဲထဲရေသွန်ဖြစ်စေခဲ့သည်။

အော်ဟစ်သံများကြားတွင် အကောင်းမြင်သူများသည် ကြယ်တစ်ပွင့်ခန်းမကို ပိုမိုအာရုံစိုက်လာကြသည်။

အတိအကျပြောရရင် ငွေရောင်ဆံပင်နဲ့ လီလော့ကိုပင်......

လီလော့သည် မမျှော်လင့်ဘဲ ဝင်ခွင့်ပြိုင်ပွဲအတွက် အဆုံးဖြတ်ပေးနိုင်မည့်သူဖြစ်လာခဲ့ချေပြီ။

"ဒါဆို ကြယ်တစ်ပွင့်ခန်းမအလှည့်ရောက်လာပြီပေါ့..."

မင်းသမီးက သူမရဲ့ စိတ်လှုပ်ရှားနေမှုကိုဖုံးကွယ်ရန် ရေရွတ်လိုက်သည်။

ကြယ်နှစ်ပွင့်ခန်းမ ရှုံးနိမ့်မည်ဟု မည်သူထင်ခဲ့မည်နည်း.....

သူမနှင့်အတွေးတူနေသော ပရိသတ်များတွင် အမာခံခုနှစ်ဉီးအပါအဝင် အခြားသော နာမည်ကြီး ကျောင်းသားများလည်း ပါဝင်ခဲ့သည်။ သူတို့အားလုံး အနည်းငယ် စိတ်လွတ်နေပုံရသည်။

"အားလုံးက လီလော့ပေါ်မှာ မူတည်နေပြီ.... သူ ငါတို့အတွက် အောင်ပွဲ သယ်ဆောင်ပေးနိုင်မလား"

ခပ်ဝဝ လူငယ်တစ်ယောက်က အသံခပ်တိုးတိုးဖြင့် မေးသည်။ ထိုသူသည် အမာခံခုနှစ်ယောက်ထဲမှ ဝမ်ချောင်ဖြစ်သည်။

"ဆုံးဖြတ်သူ ....ဟမ့်... သူအနိုင်ရရင် ငါတို့နားတွေကွဲတဲ့အထိ အားပေးကြလိမ့်မယ်... သူရှုံးရင် နားကွဲတဲ့အထိ ကျိန်ဆဲကြလိမ့်မယ်... ဘယ်လိုဖြစ်မလဲစောင့်ကြည့်ရမှာပဲ ...."

အမာခံခုနှစ်ဉီးထဲတွင်ပါဝင်သော ကျောက်ချွဲ့တိုင်ရယ်မောလိုက်သည်။

အမှန်စင်စစ်၊ ဤကဲ့သို့ အရေးကြီးသော ပြိုင်ဆိုင်မှုတစ်ခုကို ဆုံးရှုံးလိုက်ရခြင်းသည် ဒေါသနှင့် စိတ်ပျက်အားငယ်မှုများစွာကို ဖန်တီးပေးပြီး ရှုံးနိမ့်သူများဘက်က အားလုံး ပူပန်ရပေလိမ့်မည်။ ဇူရွှမ်းနှင့်ရဲချူတင်း တို့သည် ယခုချိန်တွင် လူမုန်းခံနေရသော်လည်း လီလော့လည်း ရှုံးနိမ့်သွားခဲ့ပါက တစ်ဖွဲ့တည်းသားများဖြစ်ကုန်ကြမည်သာ.....

"နင် ငါတို့ရဲ့ ဂျူနီယာကို လျှော့မတွက်သင့်ဘူး"

မင်းသမီး၏အပြုံးက အရာရာသိနားလည်နေသည့်နှယ်......

"အထင်သေးတာမဟုတ်ပါဘူး... "

ကုန်းရှန်ကျွင်းက ကပျာကယာ ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် အပြာရောင်ချောက်နက်ကောလိပ်က ဒါကို အစကတည်းက ရည်ရွယ်ထားတာလားလို့ တွေးကြည့်ဖို့ လိုတယ်....အားလုံးက သူတို့ရဲ့ အစီအစဉ်အတိုင်း သွားကြမယ်ဆိုရင် နောက်ဆုံးအချီမှာ တစ်ခုခုတော့ ထူးခြားလာမယ်ဆိုတာ ငါတို့ တွေးကြည့်လို့ ရပါတယ်....."

"အစ်ကိုတော်ဆိုလိုတာက ကြယ်တစ်ပွင့်ခန်းမပွဲကို လောင်းကြေးထပ်ချင်နေတာလား..."

မင်းသမီးက အံ့အားသင့်စွာမေးလိုက်သည်။

"ဒါက ဘယ်လောက် အန္တရာယ်များလိုက်သလဲ"

ကုန်းရှန်ကျွင်းက ခေါင်းညိတ်လိုက်သည်။

"ဇူရွှမ်းနဲ့ ရဲချူတင်းတို့ရဲ့ အလှည့်အပြောင်းတွေကို ကြည့်ရအောင်.... သူတို့ ရှုံးတာကို အပြစ်ဖို့ဖို့ မဟုတ်ဘူး.... အတိအကျ ပြောရရင် သူတို့တွေ ညံ့လို့ရှုံးခဲ့တာမဟုတ်ဘူး... ဒါပေမယ့် သူတို့ရဲ့ ပြိုင်ဘက်တွေက အနိုင်ရဖို့ မဆင်မခြင် ဆုံးဖြတ်ချက် ချလိုက်တယ်

..အဲ့ဒါမှာ ကွာခြားသွားတာ... တိုက်ပွဲပြီးဆုံးချိန်မှာ ခန္ဓာကိုယ်အတွက် ဆိုးဝါးတဲ့ထိခိုက်မှုတွေကျန်ခဲ့တယ်.... သူတို့က အခုပြိုင်ပွဲမှာ အောင်နိုင်ခဲ့ပေမယ့် အနာဂတ်ကိုဆိုးဆိုးဝါးဝါးသက်ရောက်သွားပြီ....."

"ထူးချွန်တဲ့ကျောင်းသားနှစ်ယောက်ကို ဒီလုထိုးကျွေးတယ်ဆိုတော့... အပြာရောင်ချောက်နက်ကောလိပ်က သူတို့ကို အာမခံချက်ပေးရလိမ့်မယ်... - သူတို့ကို စည်းစိမ်ဥစ္စာနဲ့တခြားလျော်ကြေးငွေတွေ တစ်ခုခုတော့ပေးရမှာပဲ.... တော်တန်ရုံ မက်လုံးလောက်နဲ့ ဘယ်သူက ဘဝပျက်ခံမှာလဲ.....ဂုဏ်ကျက်သရေတစ်ခုတည်းအတွက်နဲ့ သူတို့ရဲ့ အနာဂတ်ကို စွန့်လွှတ်ဖို့ မလုံလောက်မယ်မထင်ဘူး....."

"ဆိုလိုတာက အပြာရောင်ချောက်နက်ကောလိပ်က ဒီ ကြယ်နှစ်ပွင့်ခန်းမ တိုက်ပွဲနှစ်ခုကို အစကတည်းက ပစ်မှတ်ထားခဲ့တာပဲ​ဖြစ်ရမယ်... သူတို့ စောစောက ဆုံးရှုံးမှုတွေကို ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုကနေ အဖတ်ပြန်ဆယ်နိုင်ခဲ့တယ်လေ....."

"သူတို့က ထက်မြက်တဲ့ ကျောင်းသားနှစ်ယောက်ရဲ့ အနာဂတ်ကို လောင်းကစားလုပ်နေတာ...ဒါက ကြယ်တစ်ပွင့်ခန်းမ ကိုယ်စားလှယ်ဆီမှာ အရာရာပုံအောထားတယ်ဆိုတဲ့သဘောပဲ... လီလော့ ထူးချွန်တာကို ဘယ်သူမှ မငြင်းပါဘူး..... “

ကုန်းရှန်ကျွင်းရဲ့ စူးရှသော ခွဲခြမ်းစိတ်ဖြာမှုကို အခြားကျောင်းသားများက အပြည့်အဝသဘောတူခဲ့ကြပြီး ယခုတော့ လီလော့ ကို စိုးရိမ်မှုအသစ်ဖြင့် လှည့်ကြည့်လိုက်ကြသည်။

သူတို့အားလုံး အပြာရောင်ချောက်နက်ကောလိပ်ရဲ့ ထောင်ချောက်ထဲကို တည့်တည့်လျှောက်သွားနေတာလား.... ဒါမှမဟုတ် လီလော့က အားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်မှာလား......

ဒုကျောင်းအုပ်စုရှင်းက အပြာရောင်ချောက်နက်ကောလိပ် ဖက်သို့ လှည့်လိုက်ပြီး....

"ဒုတိယကျောင်းအုပ်ချွဲ့..... အပြာရောင်ချောက်နက်ကောလိပ်က ဒီပြိုင်ပွဲအတွက် ဘာမှမလုပ်နိုင်တော့ဘူးလို့ ကျွန်မ ထင်နေတယ်...."

"ခင်ဗျားရဲ့ ထင်မြင်ချက်က သိပ်ကိုတည်းတိုးဆန်လွန်းတယ်...."

ချွဲ့ဂျီဇီက ညင်သာသော အပြုံးဖြင့် ပြောလိုက်သည်။

"တကယ်ဆို ကျုပ်တို့က ကြယ်တာယာခရီးရှည်ကောလိပ်နဲ့ မယှဉ်နိုင်ပါဘူး...ဒါပေမယ့် အရေးကြီးတဲ့အချိန်တိုင်းမှာ မထင်မှတ်ထားတဲ့အရာတွေဖြစ်လာတတ်တယ်....."

"စိတ်ပျက်အားငယ်နေတာက လုပ်ငန်းစဉ်ကို ကြာကြာမထိခိုက်စေနိုင်ပါဘူး......" ဟု စုရှင်းက ပြန်ဖြေလိုက်သည်။

"ဟုတ်လား?" ချွဲ့ဂျီဇီ ရယ်လိုက်သည်။

စုရှင်းဘာမှထပ်မပြောတော့ပေ။ ထိုမှတ်ချက်များသည် ရည်ရွယ်ချက်ကြီးကြီးမားမားမဟုတ်ကြောင်း သူမလည်းသိသည်။ကောလိပ်နှစ်ခုစလုံးက ရှန့်ပိန်းတွေ့ဆုံပွဲကိုတက်ရောက်လိုကြသည်။

ဟုတ်ပါတယ် သူတို့ထဲက ဘယ်သူမှ နောက်ဆုတ်မှာမဟုတ်ဘူး....

အကြီးအကဲများသည် ယခုအချိန်တွင် တူညီသော အတွေးကိုယ်စီဖြင့် ကြယ်တစ်ပွင့်ခန်းမ လူငယ်အတွက်သာ အာရုံစိုက်နေခဲ့ကြသည်။

"ဟဲဟဲ.... လော့လန်အိမ်တော် ဒီနေ့အတွက် အဓိကဇာတ်လိုက်နေရာကို ခိုးယူသွားပြီထင်တယ်...."

ကျင်းချွဲ့အိမ်တော်သခင် စီချင်းက ရယ်ကာမောကာပြောလိုက်သည်။

ဇူချင်းဟောင်၏ မျက်နှာ မည်းမှောင်နေပြီး သူ့မျက်လုံးများတွင် ဒေါသများ လျှံကျနေသည်။ ဇူရွှမ်းရဲ့ ဆုံးရှုံးမှုက ဂျိယန်အိမ်တော်ကိုအကြီးအကျယ်မျက်နှာပျက်စေခဲ့သည်မဟုတ်လော......

"မိုးကြိုးလား လျှပ်စီးလားဆိုတာစောင့်ကြည့်ကြတာပေါ့....."

ဒူဇီယန်က အေးစက်စွာပြောလိုက်သည်။

ယုဟုန်ရှီက လက်ဖက်ရည်အနည်းငယ်သောက်လိုက်ပြီး.....

"လူငယ်တွေ ကျရှုံးမှုကို မြည်းစမ်းရတာ မဆိုးပါဘူး..... ဒါမှလဲ အရှုံးကနေ သင်ခန်းစာယူပြီး အောင်မြင်မှုကိုတန်ဖိုးခါးတတ်ကြမှာ..... ဒီအချီမှာ ဖိအားတွေက မြင့်မားပေမယ့် လီလော့ကတော့ ဒီအတိုင်းပဲ နေနိုင်မှာပါ....."

ထိုစကားကြောင့် အိမ်တော်သခင်များ တိတ်ဆိတ်သွားကြသည်။

ဘေးနားတွင် ဧကရာဇ်ငယ်သည် အသံတိတ် လက်သီးဆုပ်လိုက်ပြီး လီလော့ အတွက် ထောက်ခံအားပေးနေရှာသည်။

ထ်ိုအချ်န်တွင်......

လီလော့ မတ်တပ်ထရပ်လိုက်တော့သည်။

***

All Chapters