သူရဲကောင်း ရောက်လာပြီ....
Vol. 30 Ch. 412
"ဒါက တကယ့်ကို ဝင်ခွင့်ပြိုင်ပွဲရဲ့ အဓိကပွဲပဲ....."
လီလော့ ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။ သူကိုယ်တိုင်ပင်လျှင် ဤကဲ့သို့ ဖြစ်လာမည်ကို မမျှော်လင့်ခဲ့ပေ။
ကြယ်နှစ်ပွင့်ခန်းမ ကိုယ်စားလှယ်များသည် တွန်းအားပေးသူများဖြစ်ကြောင်း သူသိသော်လည်း ဇူရွှမ်း ပုံစံဖြင့် အနည်းဆုံး နိုင်ပွဲတစ်ပွဲရရန် မျှော်လင့်ထားသည်။ အနည်းဆုံးတော့ သရေရအောင်ကြိုးစားခဲ့သင့်သည်။
နှစ်ပွဲရှုံးတဲ့ ကံမကောင်းတဲ့ ကလေးတွေ...ဒင်းတို့ကြောင့် အနားယူမယ့်အစား တိုက်ခိုက်ရတော့မယ်......
ကြယ်တစ်ပွင့်ခန်းမ ကျောင်းသားများကညအခြားသူများထက်ပင် ရူးသွပ်စွာအားပေးနေကြသည်။
"အစ်ကိုကြီးလော့၊ ကောင်းကင်အထိ တက်လိုက်ပါ....."
"အစ်ကိုလော့၊ မင်းရဲ့ရန်သူကို ချေမှုန်းပစ်လိုက်....!"
"အစ်ကိုလော့၊ ကြယ်တာယာခရီးရှည်ကောလိပ်အတွက် ဆုရအောင်ယူပေးနော်....."
ကြယ်တစ်ပွင့်ခန်းမ ကျောင်းသားများသည် အော်ဟစ်အားပေးနေကြရင်း ရင်ခုန်နေကြသည်။
လီလော့အနိုင်ရရင် သူတို့ခန်းမက သူရဲကောင်းတွေ ဖြစ်သွားလိမ့်မည်။
"ငါရှုံးရင် ဘာဖြစ်မလဲ....သစ်ပင်ပေါ်မှာ ဇောက်ထိုးဆွဲထားကျမှာလား...ဟူးးးးး"
လီလော့ ခပ်တိုးတိုး ရေရွတ်နေမိသည်။
အကယ်၍ သူသာအနိုင်ရခဲ့ပါက ကျန်းချင်းအာနှင့် မင်းသမီးကြီးတို့နည်းတူ နာမည်ဂုဏ်သတင်းကျော်ကြားလာမည်သာ....ရှုံးနိမ့်သွားခဲ့ရင်တော့.....
လီလော့ ဒီအကြောင်းဆက်မတွေးရဲတော့ပေ။ သူသည် ဇူရွှမ်းသို့မဟုတ် ရဲချူတင်းကိုကောင်းကောင်းအနိုင်ယူနိုင်ပြီး အေးချမ်းသောဘဝကို ဖြတ်သန်းနိုင်သည်။ အရေးကြီးတာက ဝင်ခွင့်ပြိုင်ပွဲရဲ့ အဓိကအဆုံးဖြတ်က သူ့လက်ထဲရောက်လာခဲ့လေပြီ။
တကယ်တော့ ကြယ်တာယာခရီးရှည်ကောလိပ်က ကတိပေးခဲ့တဲ့ ဆုကြေးအတွက် သူ ဒီမှာ ရှိနေခဲ့ခြင်းဖြစ်သည်။
ရှေ့လူတွေသာ ကောင်းကောင်းစွမ်းဆောင်နိူင်ခဲ့ရင် ဘာမှ လုပ်စရာမလိုဘဲ ဆုလာဘ်များရရှိနိုင်လိမ့်မည်။အခုဆိုလျှင် ဆုလာဘ်ရရှိအောင်ပင်ပင်ပန်းပန်းတိုက်ခိုက်ရတော့မည်။
ဤသည်မှာ အလကားရသောနေ့လည်စာမရှိဟူသောစကားပုံအတိုင်းပင်.....
"ကြိုးစားထား လီလော့....ကြယ်တစ်ပွင့်ခန်းမ ကို မသိမ်ငယ်စေနဲ့...."
ချင်ဇူလု၏ ကျယ်လောင်သော အားပေးသံကပရိတ်များကြားကနေ ဟိန်းထွက်လာ၏။
လီလော့သည် လုချင်းအာ၊ ယုလန်နှင့် အခြားသူများ အတူရပ်နေသည်ကို တွေ့လိုက်ရသည်။
"ငါရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး စွမ်းရည်တွေအရ ဟိုးအရင်ကတည်းက ဒီလိုအချိန်မျိုးရောက်လာမယ်မှန်းကြိုသိပြီးသား....ငါတို့က သူရဲကောင်း မျိုးဆက်တစ်ခုဖြစ်ပြီး ငါတို့ စင်ပေါ်ကို တက်သွားတိုင်း သည်းထိတ်ရင်ဖိုစရာ အောင်မြင်မှုတွေဆောင်ကျဉ်းလာမှာ.....လီလော့ ကြိုးစားထား...!"
ယုလန်က ကြီးကျယ်ခမ်းနားစွာ အားပေးနေသည့်အတွက်လီလော့ မျက်လုံးပြူးသွားသည်။
"မင်းရဲ့ သရုပ်ဆောင်ဆုကို အခုချက်ချင်းလိုချင်လား ဒါမှမဟုတ် နောက်မှယူမလား..
"ဘယ်သရုပ်ဆောင်က ကြယ်တာယာခရီးရှည်ကောလိပ်မှာ ခရမ်းအဆင့်တပည့်တစ်ယောက်ဖြစ်လာတာ မင်းမြင်ဖူးလို့လဲ...ပြီးတော့ငါက အဖွဲ့ထဲမှာဆို မရှိမဖြစ်အရေးပါတဲ့သူကွ......"
"ဟားးးဟားးးး ယုလန်....မျက်နှာအရေထူတာသာ ပဲ့တင်ထပ်သံတစ်ဖြစ်မယ်ဆို မင်းက အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ဆိုင်သူအဖြစ်နဲ့ အမာခံခုနှစ်ဉီးထဲမှာတောင်ခေါင်းဆောင်ဖြစ်နေလောက်ပြီ...... "
လီလော့၏ ပျစ်ပျစ်နှစ်နှစ်ဝေဖန်မှုကြောင့်
လုချင်းအာ၊ ပိုင်မျန်မျန်နှင့် အခြားသူများ အားလုံး ရယ်မောနေကြသည်။
ယုလန်က ငြီးတွားပြီး မြေပြင်ကို ကန်ကျောက်နေလေ၏။
သို့တိုင် ယုလန်းကို ပုတ်ခတ်လိုက်ခြင်းက သူ့စိတ်ကို အနည်းငယ် ပေါ့ပါးစေသည်။ စိုးရိမ်စိတ်နဲ့အတူ အားပေးမှုများပါဝင်နေသည့်အကြည့်ဖြင့်ကြည့်နေသော လူချင်းအာဘက်လှည့်ကာ.......
"စိတ်မပူပါနဲ့...ဖိအားများတယ်ဆိုပေမယ့်လည်း ဒါပေမယ့် ဒီနှစ်တွေတစ်လျှောက်လုံး ငါ့မှာ ဖိအားတွေ ရှိခဲ့တာပဲလေ....."
လုချင်းအာက မဝံ့မရဲ ခေါင်းညိတ်လိုက်သည်။ ထိုသို့သောနောက်ဆုံးပွဲသည် လီလော့ ၏ကျော်ကြားမှုကိုယူဆောင်လာနိုင်သော်လည်း၊ ကြီးမားသောဖိအားအောက်တွင် မတည်ငြိမ်နိုင်မည်ကို သူမ စိုးရိမ်နေသည်။
သူမ လီလော့၏စွမ်းရည်များကို ယုံကြည်မှုရှိသော်လည်း အပြာရောင်ချောက်နက်ကောလိပ်၏ ကိုယ်စားလှယ်များကို လျှော့တွက်ခြင်းသည် မိုက်မဲရာရောက်ပေလိမ့်မည်။
အပြာရောင်ချောက်နက်ကောလိပ်သည် မွန်းစတားတစ်ကောင်ကို ဖန်တီးထားပြီး ၎င်းတို့၏ မျှော်လင့်ချက်အားလုံးကို သူ့အပေါ်တွင် တွယ်ကပ်ထားကြောင်း သူမ သိနေသည်။
လီလော့သည် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ဘက်မလိုက်ဘဲ တတ်နိုင်သမျှ အကောင်းဆုံး တွန်းလှန်ရန် ကောင်းစွာ ကြိုးစားနေရငည်။
ရုတ်တရက် သူ့နောက်မှာ ပျာယာခတ် အော်ဟစ်သံများကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ကျန်းချင်းအာ အတွက် လမ်းရှင်းပေးနေသည့် လူအုပ်ကြီးကို တွေ့လိုက်ရသည်။
"စီနီယာကျန်း...."
ကြယ်တစ်ပွင့်ခန်းမမှ ကျောင်းသားများက အားရပါးရ အော်ဟစ်ကြသည်။
ကျောက်ဟွေရင်းကို တိုက်ခိုက်ပြီးနောက် သူမ၏ ဂုဏ်သတင်းသည် အမြင့်ဆုံးသို့ ထိုးတက်သွားခဲ့ပြီ......
သူမက သူတို့အား ယဉ်ကျေးစွာ ခေါင်းညိတ်ပြကာ လီလော့ ဆီသို့ တည့်တည့် လျှောက်လာနေသည်။
ချင်ဇူလု၊ ပိုင်မျန်မျန် နဲ့ တခြားသူတွေက အလိုက်တသိ ချက်ချင်းရှောင်ပေးလိုက်သော်လည်း လုချင်းအာကတော့ ခေါင်းမာစွာနှင့်ပေကပ်ကပ်လုပ်နေပြီးမှ နောက်ဆုတ်လိုက်လေသည်။
"နင့်ရဲ့ ကျော်ကြားမှုနဲ့ ဂုဏ်သတင်းအတွက် ဂုဏ်ယူပါတယ်" ဟု သူမက လီလော့အား နောက်ပြောင်ကျီစယ်နေလေ၏။
"ဟိုနှစ်ကောင်အသုံးမကျလို့ ငါအခုလိုရှေ့ထွက်ရတာလေ......"
"ကောင်းပြီ..... အပြာရောင်ချောက်နက်ကောလိပ်က ဒီအတွက် ကြိုတင်စီစဉ်ထားတယ်။ ဇူရွှမ်းနဲ့ရဲချူတင်း နှစ်ယောက်စလုံးက သူတို့ရဲ့ တွက်ချက်မှုတွေကနေ မလွတ်မြောက်နိုင်ခဲ့ဘူး....."
"ဒါဆို ကြယ်တစ်ပွင့်ခန်းမမှာ သူတို့အတွက် ဝှက်ဖဲကြီးကြီးမားမားရှိနေနိုင်တယ်.... ဒါဟာ မယုံနိုင်လောက်အောင် အန္တရာယ်များတယ်"
ကျန်းချင်းအာ က ခေါင်းညိတ်လိုက်သည်။
"လုကျန်းနဲ့လုကန်တို့အပေါ်ထားရှိတဲ့ သူတို့ရဲ့ ယုံကြည်ချက်က မယုံနိုင်စရာပဲ..."
လီလော့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"နင် ပြောတာကို ငါနားလည်ပါတယ်။ စိတ်မပူပါနဲ့ ငါသူတို့ကို လျှော့တွက်မှာမဟုတ်ဘူး.... ဒါပေမယ့် လုညီအစ်ကိုတွေ ဒီယုံကြည်မှုကို ဘယ်ကနေရသလဲဆိုတာတော့ သိချင်တယ်....."
သူမက ခေါင်းညိတ်လိုက်ပြီး လီလော့ရဲ့လက်ကို ဆွဲကိုင်လိုက်ကာ ပတ်ဝန်းကျင်မှာ ထွက်ပေါ်နေတဲ့ အာမေဋိတ်သံတွေကို လျစ်လျူရှုလိုက်သည်။
"ဘာမှတုန့်ဆိုင်းနေစရာမလိုဘူး ....အကောင်းဆုံးသာကြိုးစားခဲ့....နင် သိုသိုသိပ်သိပ်နေချင်မှန်းငါသိတယ်....ဒါပေမယ့် မြင့်မားတဲ့ဂုဏ်သတင်းက ရန်သူတွေကို ထိတ်လန့်စေနိုင်တယ်.....သူတို့ကိုသတိပေးရမယ်....တားဆီးရမယ်......"
လီလော့ သူမ၏ လှုပ်ရှားမှုကြောင့် အံ့အားသင့်သွားသော်လည်း သူမအား သေချာစေရန်အတွက် လေးလေးနက်နက်ကတိပြုကာ သူမလက်ကို ခေတ္တမျှဆုပ်ကိုင်ထားပြီး လွှတ်ပေးလိုက်လေသည်။
ထိုအချိန်တွင်...လုချင်းအာက
“စီနီယာကျန်းရဲ့ လှုပ်ရှားမှုတွေက အမြဲတမ်း အချိန်ကိုက်ပဲ... လီလော့ကို ပိုးပန်းနေတာလား.... ရဲရင့်ပြတ်သားချက်ကတော့ တိုက်ပွဲဝင်နေတဲ့ပုံစံနဲ့တပုံစံတည်းပဲ...”ဟု မကြားတကြားရေရွတ်နေလေ၏။
လုချင်းအာ လွယ်လွယ်နဲ့ အရှုံးမပေးနိုင်သေးပေ။
"အချစ်မပါတဲ့အိမ်ထောင်ရေးက လီလော့ နဲ့ ကျန်းချင်းအာ နှစ်ယောက်စလုံးအတွက် မတရားဘူး... နင်တို့နှစ်ယောက်လုံးက်ို ဒီဒုက္ခကနေ ငါကယ်တင်ပေးမယ်...."
ကျယ်လောင်သော ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ဖိုင်နယ်အဆင့် စတင်ဖို့အချက်ပြနေလေပြီ....
လီလော့ သူ့သူငယ်ချင်းတွေအားလုံးကို လက်ဝှေ့ယမ်းပြပြီးနောက် တိုက်ပွဲကွင်းပြင်ရှိရာဆီခုန်ဆင်းလိုက်လေသည်။
ကျန်းချင်းအာသည် လီလော့စစ်မြေပြင်သို့ ဆင်းလာသည်ကို အပြုံးတစ်ခုဆင်မြန်းပြီးကြည့်နေခဲ့သည်။
ယနေ့တွင်...... လော့လန်အိမ်တော်တွင် ဖီးနစ်နှင့်အတူ နိုးထရန်အသင့်ရှိနေသည့် နဂါးတစ်ကောင်ရှိကြောင်း ကမ္ဘာသိအောင် ကြေညာတော့မည်ဖြစ်သည်။
***