လီလော့ရဲ့အချိန်.....
Vol. 30 Ch. 413
လီလော့သည် ခြေဖဝါးဆီသို့ ပဲ့တင်ထပ်သံစွမ်းအားများပို့လွှတ်ကာ ဧရာမ ငှက်တစ်ကောင်ကဲ့သို့ စိမ်းလန်းစိုပြေသော သစ်ပင်များပေါ်ကို ပေါ့ပေါ့ပါးပါးဆင်းသက်လာခဲ့သည်။
လီလော့ ရပ်နေသောသစ်ကိုင်းသည် အခြားနှင့်မတူဘဲ ရေအိုင်အလယ်တွင် ထီးထီးကြီးပေါက်ရောက်နေသော သစ်ပင်တစ်ခုမှအနက်ရောင်သစ်ကိုင်းတစ်ခုဖြစ်သည်။
သူတို့အပေါ်တွင် လီလော့ ခြေဖဝါးအောက်မှ ရေများ ဖြည်းညှင်းစွာ စီးကျနေ၏။
သူ၏ ရေနှင့် သစ်သား ပဲ့တင်ထပ်သံကြောင့် ဤရေကန်သည် သူ့အတွက် အဆင်ပြေသော အနေအထားဖြစ်သည်။ ဝင်ခွင့်ပြိုင်ပွဲစည်းမျဉ်းအရ ယခင်အချီက ရှုံးခဲ့သည့်ကျောင်းကို နောက်အကျော့စစ်မြေပြင်ကို ရွေးချယ်ခွင့်ပေးခဲ့သည်။ ထိုအရာသည် အသုံးမဝင်သော ကြယ်နှစ်ပွင့်ကျောင်းသားများ ပြုလုပ်ပေးခဲ့သည့် တစ်ခုတည်းသော အရာ ဖြစ်သည်။
နောက်ထပ်လူရုပ်တစ်ခုက ရေကန်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ ထိုသူသည် လီလော့ကဲ့သို့ညှင်ညှင်သာသာဆင်းသက်လာခြင်းမဟုတ်ဘဲ ဝရုန်းသုန်းကားဆန်လွန်းလှသည်။
လုကျန်း ဆင်းသက်လာသောအရှိန်ကြောင့် လီလော့နှင့် တစ်မီတာလောက်သာဝေးသောနေရာအထိ ရေမှုန်ရေမွှားများ လွှင့်စင်ကုန်လေသည်။
လီလော့သည် သူ၏ပြိုင်ဘက်မှာ အဖြူရောင် ၀တ်စုံဝတ်ဆင်ထားသည် လုကျန်းဖြစ်
သည်ကို မြင်လိုက်ရသည်။လုကျန်းက လီလော့ကို နွေးထွေးကြင်နာစွာပြုံးပြနေ၏။
"လုကျန်း...."
"ဒါပေါ့....ပြောပြဉီး လီလော့ရဲ့ မင်းမှာ ဒဏ္ဍာရီဆန်တဲ့ ပဲ့တင်ထပ်သံနှစ်ခုရှိနေတယ်ဆို....."
"ပဲ့တင်ထပ်သံနှစ်ခုရှိသူတွေက ရှားပါတယ်၊ ဒါပေမယ့် ဒဏ္ဍာရီဆန်တယ်လို့တော့ ပြောဖို့ ခက်ပါတယ်" လို့ လီလော့က မချိပြုံးပြုံးပြီးပြန်ဖြေလိုက်သည်။
"ငါလည်း ဒီအတိုင်းတွေးမိပါတယ်....မင်းရဲ့ ပဲ့တင်ထပ်သံ အဆင့်တွေက ထူးထူးခြားခြားမြင့်မားနေတာမှမဟုတ်တာ.... သူတို့ရဲ့ ပေါင်းစပ် စွမ်းအားက အံ့ဖွယ်တွေဖြစ်လာနိုငမယ်ဆိုတာ ငါမယုံဘူး.."
"မင်းပြောတာ မှန်တယ်။" လီလော့ က ရာသီဥတုအခြေနေကို ဆွေးနွေးနေသလို ပေါ့ပေါ့ပါးပါး သဘောတူလိုက်သည်။
"ဒါဆိုရင် အခုကတည်းက အရှုံးပေးလိုက်ပါတော့လား....."
လီလော့က သူ့ကို စိုက်ကြည့်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"မင်းက မင်းရဲ့စီနီယာ ကျောက်ဟွေရင်း နဲ့ တော်တော်တူတယ်နော်.... မင်းငါ့ကို စကားလုံးတွေနဲ့တိုက်ခိုက်ချင်နေတာလား.... ဒါက အပြာရောင်ချောက်နက်ကောလိပ်ရဲ့ နည်းလမ်းတစ်ခုပဲလား.....မင်းတို့ပအတေည်လျှာစောင်းထက်ကြတာပဲနော်...."
လုကျန်း ပခုံးတွန့်လိုက်သည်။
"ထင်ချင်သလိုသာထင်..."
"ဒီတိုက်ပွဲမှာ ငါတို့နှစ်ယောက်လုံးအတွက် တခြားရွေးချယ်စရာမရှိဘူး... ငါတို့ရဲ့ အရည်အချင်းတွေနဲ့ ရလဒ်ကိုဆုံးဖြတ်ကြရအောင်....တော်ကြာအပြောကြီးထားပြီးမှရှုံးနေရင် မျက်နှာပိုပျက်ရမယ်....."
လီလော့၏ လက်ထဲတွင် ဓားတိုနှစ်လက် ထွက်ပေါ်လာပြီး ကန်ရေပြင်ကို ဖြတ်ကျော်ကာ၊ သူ၏ ပဲ့တင်ထပ်သံစွမ်းအားများကိုထုတ်ဖော်လိုက်သည့်အခါ ရေအောက်လှိုင်းများကြောင့် ငြိမ်သက်နေသောကန်ရေပြင်လှုပ်ရှားသွားလေ၏။
လုကျန်းက ရယ်မောဖွယ် မှော်လှည့်ကွက်ကို ကြည့်နေသလိုမျိုး ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် အိတ်ဆောင်စက်လုံးထဲကနေ အစိမ်းရောင် ရှည်လျားတဲ့ လှံတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ သူ့ရဲ့ နီရဲတောက်လောင်နေသောစွမ်းအားများက စပါးအုံးမြွေနီကြီးတစ်ကောင်သဖွယ် ရစ်ပတ်ထားလေ၏။
လုကျန်း၏ အနီရောင်စပါးအုံးသည် ချင်ဇူလု ၏ ရွှေကျားနတ်ဆို ပဲ့တင်ထပ်သံနီးတူ ပြင်းထန်လွန်းလှသည်။
ထို့အပြင်...လုကျန်းသည်လည်း ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့်ရောက်နေပြီဖြစ်သည်။
ဝုန်းးးးးးး
လုကျန်းသည် လျင်မြန်သော အလင်းတန်းတစ်ခုသဖွယ် လီလော့ဆီသို့ ပျံသန်းလာနေ၏။
လီလော့က ရှောင်တိမ်းရမည့်အစား ရင်ဆိုင်တိုက်ခိုက်ဖို့ရွေးချယ်လိုက်သဖြင့် မီးပွားများလွှင့်စင်လာလေ၏။
ပဲ့တင်ထပ်သံ စွမ်းအားနှစ်ခုထိပ်တိုက်တွေ့ဆုံသည့်အခါ တဖက်လူ၏စွမ်းအားသည် ပြင်းထန်အဆိပ်ပြင်းသည့်အပြင် ဒေါသထွက်နေသေးသော စပါးအုံးမြွေတစ်ကောင် အကိုက်ခံရခြင်းကဲ့သို့ သူ့အား ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ကြောင်း ခံစားနေရသည်။
အဆင့်ရှစ်အဆင့်မြင့် ပဲ့တင်ထပ်သံသည် ၎င်း၏ ကိုယ်ပိုင်ဘဝဖြင့် ပဲ့တင်ထပ်သံ စွမ်းအားကို မွေးဖွားပေးခဲ့သည်။အကယ်၍ ထ်ုစွမ်းအားများသာ လီလော့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာလျှင် သူ့ဘဝတစ်ခုလုံး ပျက်စီးသွားလိမ့်မည် ။ ပျက်စီးမှုမှန်သမျှကို ငြင်းဆိုခြင်းသည် အကောင်းဆုံးဖြစ်သည်။ လီလော့ ချင်ဇူလု ကို တိုက်ခိုက်ရာတွင် ကြုံတွေ့ခဲ့ရဖူးသည်မဟုတ်လော.....
မဆိုင်းမတွဘဲ၊ သူသည် ပဲ့တင်ထပ်သံနန်းတော်နှစ်ခုကိုနှိုးဆွပြီး စွမ်းအင်လမ်းကြောင်းနှစ်ခုကို ရောနှောခွင့်ပြုလိုက်သည်။
ပဲ့တင်ထပ်သံနှစ်ခုပေါင်းစည်းခြင်း......
မီးတောင်ပေါက်ကွဲသလို စွမ်းအားများစတင်နိုးထလာခဲ့ပြီ.....
ကလန်.....
လက်နက်နှစ်ခု ထိပ်တိုက်တွေ့ဆုံသည့်အခါ စွမ်းအင် လှိုင်းလုံးတွေက မီတာပေါင်းများစွာ မြင့်တက်လာ၏။
လုကျန်း၏ စပါးအုံးမြွေစိမ်း လှံတံသည် ရိုက်ခတ်မှုဒဏ်ကြောင့် သူ့လက်ချောင်းများကိုထုံကျဉ်သွားစေသည်။ ပဲ့တင်ထပ်သံနှစ်ခုကြောင့် သူ့ကိုယ်ပိုင် ပဲ့တင်ထပ်သံစွမ်းအားတွေ နစ်မြုပ်သွားခဲ့ရသည်။
ယင်းမတိုင်မီက သူသည် ကိုယ်ပိုင် အဆင့်ရှစ်အဆင့်မြင့်ပဲ့တင်ထပ်သံ စွမ်းအားကို အကြွင်းမဲ့ ယုံကြည်ခဲ့သည်။ ဒါပေမယ့် လီလော့ရဲ့စွမ်းအားတွေက တွန်းလှန်ပစ်ဖို့ခက်ခဲလွန်းနေသည်။
"ဒါက ပဲ့တင်ထပ်သံနှစ်ခုရဲ့ စွမ်းအားလား? အံ့သြစရာပဲ!"
သူ့ မျက်ဝန်းတွေ အေးစက်လာပြီး ရက်စက်ယုတ်မာသော မြွေမျက်လုံးများအဖြစ်သို့အသွင်ပြောင်းစွာသောအခါ စိတ်လှုပ်ရှားမှုများဖြင့် မျက်ဝန်းများ တောက်ပလာသည်။
ဘုန်း......
လုကျန်းသည် အရှိန်အဟုန်ဖြင့် ဤတစ်ကြိမ်တွင် နီမြန်းသော စွမ်းအားများကို ထပ်မံထုတ်ဖော်လိုက်ပြန်သည်။ သူ၏ စပါးအုံးမြွေစိမ်း လှံတံမသည် လီလော့၏ လည်ပင်းကို ကိုက်ခဲရင်အစွယ်ထုတ်ပြနေသော မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
" သစ်သားအသွင်ပြောင်းလဲခြင်း...!"
လီလော့ နောက်သို့ အလျင်စလို ပြေးသွားပြီး သူ့အင်္ကျီလက်များကို လှုပ်ယမ်းကာ ရှည်လျားပြီး စိမ်းလန်းသော သစ်သား အရွတ်များကို ဆွဲယူလိုက်သည်။ ၎င်းတို့သည် လုံးဝရပ်တန့်သွားခြင်းမပြုမီ အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
လုကျန်း၏ အသွင်ကူးပြောင်းမှုလည်း ရပ်တန့်မသွားပေ။မျက်လုံးထဲမှ နီမြန်းသော စွမ်းအားများ စီးဆင်းနေသည်မှာ သွေးမျက်ရည်ကျဆင်းနေသလိုပင်....ထိုမျက်ရည်များက ခြေဖဝါးအောက်ထိ စီးဆင်းသွားသည့်တိုင် သူ၏အရေပြားကို ထိလိုက်သောအခါ သူ့ခန္ဓာကိုယ်ကို အနီရောင်အကြေးခွံများဖြင့် ဖုံးအုပ်သွားစေပြီး သူကြည့်ရတာ မြွေတစ်ကောင်နှင့်ပင်တူနေလေပြီ။
ဤအရာသည် အမှန်တကယ် အသွင်ကူးပြောင်းမှု မဟုတ်ကြောင်း လီလော့
သိသည်။ လုကျန်းသည် ၎င်း၏ ပဲ့တင်ထပ်သံနှင့် ရင်းနှီးမှုအဆင့်သို့ ရောက်ရှိရန် ရိုးရှင်းစွာ စီမံနိုင်ခဲ့ပြီးအပေါ်ယံအရေပြားကိုသာအသွင်ပြောင်းခဲ့ခြင်းဖြစ်သည်။
လုကျန်း လီလော့ထံသို့ ခုန်တက်လာပြန်သည်။
လီလော့ ရေပြင်ပေါ်မှ နောက်ပြန်ရှောင်တိမ်းကာ တိုက်ခိုက်မှုမှ ရှောင်ထွက်သွားခဲ့ပြီး ရေကန်ထဲမှရေစွမ်းအားများကိုအပြည့်အဝအသုံးပြုနေခဲ့သည်။
"သစ်နွယ်ပေါင်းစည်းခြင်း...!"
ရေကန်ထဲတွင်နစ်မြုပ်နေသော သစ်ကိုင်းများသည် ရေပြင်ကိုထိုးဖောက်ကာ ပေါက်ကွဲထွက်လာသည်။
လုကျန်းက လီလော့ထက်ပင် ပို၍ သွက်လက်နေသဖြင့် သူ့အား နှေးကွေးစေရန် နည်းလမ်းတစ်ခု လိုအပ်နေပါသည်။
"ဟစ်၊ ဟစ်!"
လုကျန်း၏ပါးစပ်ထဲမှာ မြွေလျှာနှင့်တူသောလျှာတစ်ချောင်းထွက်ပေါ်လာပြီး လီလော့ဖန်တီးထားသည့် သစ်နွယ်ပင်များကို အပိုင်းပိုင်းဖျက်စီးနေလေ၏။
"ဒီအကိုင်းအခက်တွေက ငါ့ကိုတားနိုင်လိမ့်မယ်ထင်လား?!"
လီလော့က သူ့ကို လျစ်လျူရှုပြီး စူးရှတဲ့ နက်ပြာရောင် စွမ်းအားတွေကို သစ်နွယ်ပင်တွေပေါ်ကို ပစ်လွှတ်လိုက်သည်။
"ရေစေးပညာရပ်.... !"
သစ်ကိုင်းများသည် ၎င်းတို့၏ အသစ်သောအလေးချိန်အောက်တွင် ပွတ်တိုက်မြည်ဟီးသံများထုတ်လွှတ်လျှက် အထက်သို့ဆန်တက်လာကြသည်။
ဖြောင်းးးးဖြောင်းးးးးးး
ရေစေးပညာရပ် အားဖြည့်ထားသောသစ်ကိုင်းများသည် လုကျန်း၏အရှိန်ကို ခေတ္တလျှော့ချရန် လုံလောက်ခဲ့သည်။
တစ်ချို့သစ်ကိုင်းများဆိုလျှင် လှံကိုကျော်ဖြတ်ကာ သူ့နောက်ကျောကို ထိဖို့ လှည့်ပတ်ကွေ့ဝိုက်သွားနိုင်ခဲ့ကြသည်။
ထိုသို့သောရိုက်ချက်တစ်ဒါဇင်ခန့်ကြောင့် လုကျန်းလေထုထဲကနေ ရေကန်မျက်နှာပေါ်ထိပြုတ်ကျလာခဲ့သည်။
"စီးဆင်းနေသောရိုက်ချက်....!"
လုကျန်းကို ဝိုင်းရံထားသည့် သစ်နွယ်အကျဉ်းထောင်တစ်ခုအတွင်း ရေစွမ်းအားများ အရှိန်ပြင်းစွာစီးဆင်းဝင်ရောက်လာပြီး အရှိန်ပြင်းပြင်းနဲ့ ရေတွေက သူ့ကို တစစီဆုတ်ဖြဲပစ်ဖ်ု့ ခြိမ်းခြောက်လာပါတော့သည်။
"ရေမြှား!"
လီလော့သည် သူ့လက်ချောင်းများကို ပွတ်ဆွဲလိုက်ပြီး လုကျန်း မမြင်နိုင်သော ရေပြင်ထဲသို့ စွမ်းအားဖြင့်ဖွဲ့စည်းထားသောမျှားများပစ်လွှတ်သည့်အခါ သစ်နွယ်အကာအရံထဲရှိရေထုထဲတွင် သွေးပန်းပွင့်လေးများ ပွင့်လာသည်။
၎င်းသည် ထက်မြက်သော စွမ်းဆောင်ရည်တစ်ခုဖြစ်ပြီး၊ ရွေ့လျားမှုတစ်ခုစီသည် နောက်တစ်ခုအပေါ် အားဖြည့်ပေးနေပြီး နောက်ဆုံးအကျိုးသက်ရောက်မှုများကို မြှင့်တင်ပေးသည်။
“ကြီးကျယ်ခမ်းနားတဲ့ အစီအစဥ်တစ်ခုပဲ...”
မင်းသမီးက ထောက်ခံပြောဆိုလိုက်ခြင်းဖြစ်သည်။
"ရေနဲ့ သစ်သားပဲ့တင်ထပ်သံက ကောင်းမွန်တဲ့ ဆက်စပ်မှုတစ်ခု ရှိပြီးသားဆိုတော့ သူ့ရဲ့ ပဲ့တင်ထပ်သံပညာရပ်က အထူးအားကောင်းမှုရှိပေမယ့် အကောင်းဆုံးရလဒ်တွေကို ထုတ်ယူနိုင်တယ်....."
ကုန်းရှန်ကျွင်း ခေါင်းညိတ်လိုက်သည်။
"ဒါက ပဲ့တင်ထပ်သံနှစ်ခုရဲ့ အားသာချက်ဖြစ်ပြီး လီလော့က ဒါကို ကောင်းကောင်းနားလည်နေတယ်.... ဒါပေမယ့် သူ့မှာ အားသာချက်အနည်းငယ်ရှိပေမယ့် ရလဒ်ကိုပြောဖို့ခက်သေးတယ်.... ဒါပေမယ့် ဒီလောက်လေးနဲ့အပြာရောင်ချောက်နက်ကောလိပ်ရဲ့ အဆုံးစွန်သော လျှို့ဝှက်လက်နက်သာထုတ်သုံးပြီဆို ငါတို့တွေအံ့သြရလိမ့်မယ်..."
အခြားသောအမာခံခုနှစ်ဉီးအဖွဲ့ဝင်များက ခေါင်းညိတ်ပြပြီး ဝေ့ဝဲနေသော ရေပြင်ကို ကြည့်လိုက်ကြသည်။
ရွှတ်......
အတွင်းမှထွက်လာသော ဒေါသအပူရှိန်အောက်တွင် လီလော့၏ရေစေးများ လုံးဝအငွေ့ပျံသွားသည် ။ ဖြာထွက်နေသော မီးစွမ်းအင်၏ ပေါက်ကွဲသံသည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်နိုင်သည်အထိပြင်းထန်နေ၏။
လုကျန်း အချုပ်အနှောင်မှ လွတ်မြောက်လာသောလည်း ဒဏ်ရာများစွာဖြင့် သွေးအနည်းငယ်ထွက်နေသည်။ ၎င်းဒဏ်ရာများသည် လီလော့၏ ပြောင်မြောက်သော ပဲ့တင်ထပ်သံပညာရပ်များကို ပေါင်းသပ်အသုံးပြုနိုင်သည့်အမှတ်အသားများသာပင်.....
လီလော့က သူ့ကို ညင်သာစွာ ကြည့်နေသည်။
ယခင် တိုက်ကွက်အနည်းအငယ်ကတည်းက သူသည် ပြိုင်ဘက်၏စွမ်းရည်ကို စူးစမ်းနေပြီဖြစ်သည်။ လုကျန်းသည် ချင်ဇူလု နှင့် တူညီသော အဆင့်တွင်ရှိပြီး၊ သို့မဟုတ် အနည်းငယ် ပိုအားကောင်းသည်။ သူတို့နဲ့ ရွယ်တူတွေကြားမှာ ဒါက တော်တော်ကောင်းပေမယ့် မလုံလောက်သေးပေ။ လီလော့ ချင်ဇူလုကို အနိုင်ယူနိုင်သည့်အတွက် လုကျန်းကိုလည်း အနိုင်ယူနိုင်သည်။
အဲ့အတွက် အချိန်တစ်ခုသာလိုအပ်ပါသည်။
"မင်းရဲ့လျှို့ဝှက်လက်နက် ငါ့ကိုပြစမ်းပါဉီး.... ဒီစမ်းသပ်မှုအဆင့်က ပျင်းစရာကောင်းလွန်းမေပြီ....."
ဤစွမ်းရည်အဆင့်သည် အပြာရောင်ချောက်နက်ကောလိပ်၏ယုံကြည်မှုအရင်းခံဖြစ်သည်ဟု သူ မယုံကြည်ခဲ့ပေ။ ပုံသဏ္ဍာန်ပြောင်းလဲခြင်းပထမအဆင့်တစ်ယောက်ကို အရေးကြီးသောပြိုင်ပွဲတစ်ခုတွင် ဝှက်ဖဲအနေဖြင့်အားကိုးရလောက်အောင် အပြာရောင်ချောက်နက်ကောလိပ်က အကြီးအကဲများ တုံးအကြလိမ့်မည်မဟုတ်.......
လုကျန်း၏ တောက်ပသော အနီရောင် မြွေမျက်လုံးများက လီလော့ကို အနီးကပ် ကြည့်နေပြီးနောက် ရုတ်တရက် မျက်လုံးမှိတ်ထားလိုက်လေသည်။
တစ်ချိန်တည်းမှာပင်......
အပြာရောင်ချောက်နက်ကောလိပ်ကြည့်ရှုသူစင်မြင့်ထက်တွင် ကြယ်တစ်ပွင့်ခန်းမ ကိုယ်စားလှယ် လုကန်ကလည်း မျက်လုံးများကို မှိတ်ထားလိုက်လေတော့သည်။
***