နှစ်ကိုယ့်တစိတ်
Vol. 30 Ch. 414
လုကျန်း မျက်လုံးမှိတ်ထားလိုက်သောအခါ လီလော့ အနှောင့်အယှက် သို့မဟုတ် ပြောင်းလဲမှုတစ်စုံတစ်ရာကို ခံစားရခြင်းမရှိခဲ့ပေ။ သို့သော် မသိစိတ်က အခြေအနေတစ်ခုလုံးအတွက် တစ်ခုခုမှားနေပြီဟု ခံစားနေရသည်။
ယခုချိန်သည် လုကျန်း၏လည်ပင်းကို ဓားတိုနှစ်လက်ဖြင့်အလွယ်တကူခုတ််ပိုင်းရန် အခွင့်သာနေသောအချိန်ဆိုလည်းမမှားနိုင်ပေ။
သူ့ပြိုင်ဘက်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အသွင်ပြောင်းမှုကို ပြီးမြောက်အောင် ယဉ်ယဉ်ကျေးကျေး စောင့်ဆိုင်းနေစရာဘာအကြောင်းမျှမရှိခဲ့ပေ။ တိုက်ခိုက်ခြင်းသည်သာ ကျိုးကြောင်းဆီလျော်သော ရွေးချယ်မှုဖြစ်သည်။
ဒါပေမယ့် လုကျန်းနဲ့ မီတာဝက်လောက်အကွာမှာ သူ့ရဲ့ဓားဟာ မမြင်ရတဲ့ အတားအဆီးတစ်ခုကြောင့်ရပ်တန့်သွားပြီး အနီရောင်စွမ်းအားတစ်ခုကြောင့် လောင်မြိုက်တဲ့ အရိပ်အယောင်တွေသာ ကျန်ရစ်ခဲ့သည်။
လုကျန်သည် သူ့ကိုယ်သူ သတိလက်လွတ်နေမိလောက်အောင် မမိုက်မဲခဲ့ပေ။
သို့ပေမယ့်လည်း ယခုချိန်ထိ လီလော့ကို တန်ပြန်တိုက်ခိုက်ခြင်းမျိုးမပြုလုပ်သေးပေ။
လီလော့၏ပြင်းထန်သောဓားချက်တိုင်းသည်မမြင်နိုင်သောအတားအဆီးတစ်ခုကြောင့်အကြိမ်ကြိမ် လွဲချော်နေရသည်။
နောက်ဆုံးတော့ လုကျန်း မျက်လုံးပြန်ဖွင့်လာချိန်မှာ ဓားတစ်ချောင်းက သူ့မျက်နှာတည့်တည့်ဆီတိုးဝင်လာနေသည်ကိုမြင်လိုက်ရသည်။
ဘုန်းးးးးးးးး
သူ့မျက်လုံးများ ပွင့်လာပြီးနောက် လီလော့၏ ဓားချက်ကို အားပြင်းသော လက်သီးချက်ဖြင့်ခုခံလိုက်ပြီး အန္တရာယ်ကင်းစွာ ရှောင်ထွက်သွားလေသည်။
သို့သော်လုကျန်း၏ လက်သီးတွင် ထိခိုက်မှု မရှိခဲ့ပေ။
ထို့ကြောင့်လီလော့ မျက်လုံးများ ပြူးကျယ်သွားသည်။ လုကျန်း၏ဆံပင်များသည် သူ့မျက်စိရှေ့တွင် ပိုရှည်လာပြီး တစ်ဝက်မှာ အဖြူရောင်ဖြစ်သွားသည်။ ဆံပင်အဖြူနဲ့ အနက်ရောင် ရောစပ်ထားတာသည်က ထူးဆန်းသည့်အသွင်ဆောင်နေပြီး ထ်ိမျှနှင့်မရပ်တန့်သေးဘဲ ပဲ့တင်ထပ်သံစွမ်းအားများလည်းစတင်တုန်ခါလာသည်။
ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့်ထက်ကျော်လွန်သွားခဲ့ပြီ.......
ပဲ့တင်ထပ်သံစွမ်းအားများ၏ ကျယ်ပြောလှသော ထုထည်သည် သူ့ပတ်ဝန်းကျင်ရှိ ရေကန်များကို နှိုးဆော်ရန် လုံလောက်ပြီး သူ့ပတ်ပတ်လည်ရှိ သဘာဝစွမ်းအင်များကိုစတင်ဆွဲငင်နေပြီ......
လီလော့သည် မျက်ခုံးနှစ်ခု ထိစပ်လုမတတ် မျက်မှောင်ကြုတ်နေမိသည်။
လုကျန်း၏ ပဲ့တင်ထပ်သံစွမ်းအားများ ရုတ်ချည်းဆိုသလို ကြီးထွားလာသည်မှာ ရယ်စရာပင်.... သူ၏ကိုယ်ပိုင် ပဲ့တင်ထပ်သံပူဖောင်းပညာရပ်သည်ပင်လျှင် ခွန်အားကိုတစ်စိတ်တစ်ပိုင်းမျှသာ တိုးပွားစေပါသည်။
သို့သော် လုကျန်း၏ စွမ်းအားများက အဆမတန်ကြီးထွားလာနေသည်။
လက်ရှိ လုကျန်း၏ခွန်အားသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်းဒုတိယအဆင့်၏အထွတ်အထပ်အခြေနေတွင်ရှိနေနိုင်သည်။
ဒီမြှင့်တင်မှုဟာ ရယ်စရာကောင်းသလို၊ နောက်ထပ်လည်း တိုးပွားလာနေဆဲပင်။ သာမာန် ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်ကျွမ်းကျင်သူများသည် ကိုယ်ပိုင်စွမ်းအားများကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်သည့် ဉာဏ်ကြီးရှင်များနှင့် လုံးဝနှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။
လီလော့သည်လည်း သူ့အဆင့်ထက်သာလွန်သော ပြိုင်ဘက်များကို အနိုင်ယူနိုင်သည့် တစ်ဦးတည်းသော သူမဟုတ်ပေ။
သူ၏ တွက်ချက်မှုများသာ မှန်ကန်ပါက လုကျန်း၏ လက်ရှိခွန်အားသည် ရဲချူတင်းနှင့်ဇူရွှမ်းတို့ထက်ပင် သာလွန်နေပြီဖြစ်သည်။
ဤသည်မှာ ကြောက်မက်ဖွယ်ရာ တိုးတက်မှုတစ်ခုဖြစ်၏။
လုကျန်း၏ မျက်လုံးများသည် ယခုအချိန်တွင် ကွဲပြားသွားသည်ကို လီလော့ သတိပြုမိသည်။ တစ်ဖက်က အနီရောင်၊ နောက်တစ်ဖက်က အနက်ရောင်....
မပြောင်းလဲသော တစ်ခုတည်းသော အရာမှာ ထိုမျက်ဝန်းထဲတွင် ထင်ဟပ်နေသော သားရဲဆန်သည့် ရက်စက်မှုများသာပင်......
ပွဲကြည့်စင်က ပရိတ်သတ် တော်တော်များများကလည်း အပြောင်းအလဲကို သတိထားမိလိုက်ကြသည်။ လုကျန်းသည် ယခင်ကထက် ပို၍ အန္တရာယ်များလာသည်။
"သူ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားက ဘယ်လို တိုးလာတာလဲ..."
လုချင်းအာ စိုးရိမ်စိတ်ဖြင့်နှုတ်ခမ်းကိုက်ထားလိုက်မိသည်။
"တစ်ခုခုတော့ မှားနေပြီ...."
ချင်ဇူလုကိုယ်တိုင် အဆင့်ရှစ်အဆင့်မြင့် သားရဲပဲ့တင်ထပ်သံပိုင်ဆိုင်ထားသော်လည်း လုကျန်း၏ကိုယ်ပိုင် ခွန်အား နှစ်ဆ တိုးလာပုံကို နားမလည်နိုင်သေးပေ။
"ဒါဟာ ရိုးရိုးရှင်းရှင်း ခွန်အားတိုးလာတာ မဟုတ်လောက်ဘူး.... လှုံ့ဆော်ပေးနေတဲ့အရာတစ်ခုခုရှိလိမ့်မယ်.... သူ့မှာနေနဂါး ပဲ့တင်ထပ်သံ ရှိတယ်... ဒါပေမယ့် အခု သူ့စွမ်းအားတွေထဲမှာ ပိုနက်မှောင်တဲ့ အရာတစ်ခု ပေါ်လာတယ်...."
ကျန်းချင်းအာက အတွေ့အကြုံရင့်သန်သူပီပီ အေးဆေးတည်ငြိမ်စွာသုံးသပ်လိုက်လေသည်။
လုကန်ဟုခေါ်သော လူငယ်အား ကျန်းချင်းအာသေချာအကဲခတ်ကြည့်လိုက်သည်။
"လုကျန်းရဲ့အမြွှာညီ လုကန်မှာရှိတဲ့ လနဂါးပဲ့တင်ထပ်သံနဲ့သက်ဆိုင်နေလောက်တယ်...."
လုချင်းအာ ၊ချင်ဇူလုနှင့် အခြားလူများ အားလုံးက သူမအား ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။
"စီနီယာဆိုလိုတာက သူရဲ့ ပဲ့တင်ထပ်သံစွမ်းအားတွေကို လုကျန်းဆီ လွှဲပြောင်းပေးနေတာလား....."
ကျန်းချင်းအာ ခေါင်းညိတ်လိုက်သည်။
"လုကန်က အခုဆို တစ်ဝက်တစ်ပျက် ကိုမာဖြစ်နေတဲ့ အနေအထားမျိုးရောက်နေပြီ..... သူ့ပတ်ဝန်းကျင်က အော်ရာတွေလည်း ပျောက်ကွယ်နေပြီ.... ဒါက အပြာရောင်ချောက်နက်ကောလိပ်ရဲ့ အဆုံးစွန်သော လှုပ်ရှားမှုပဲ ဖြစ်လိမ့်မယ်.... အမြွှာနှစ်ယောက်ကြားမှာ ထူးဆန်းတဲ့အချိတ်အဆက်တစ်ခုခုရှိနေလိမ့်မယ်......"
"ဆိုလိုတာက လုကျန်းက အခုဆို ပဲ့တင်ထပ်သံနှစ်ခုသုံးနိုင်တဲ့အပြင် သူ့ရဲ့ ပဲ့တင်သံတွေက လီလော့ ထက်တောင် ပိုအဆင့်မြင့်နေသလိုပဲ..."
ထိုစကားကြောင့် ပိုင်မျန်မျန် မျက်မှောင်ကြုတ်လိုက်သည်။
"ခေါင်းဆောင် အန္တရာယ်ရှိနေပြီ....."
ပဲ့တင်ထပ်သံနှစ်ခုကြောင့် လီလော့ ကျော်ကြားလာခဲ့ပြီး တူညီသောအားသာချက်ရှိသည့် ပြိုက်ဘက်တစ်ယောက်ထွက်ပေါ်လာခြင်းက သတင်းကောင်းတစ်ခု ဟုတ်မနေခဲ့ပေ။
"သူတို့က မတူဘူး....."
ကျန်းချင်းအာက ခေါင်းယမ်းရင်း ပြောလိုက်သည်။
"လီလော့ရဲ့ ပဲ့တင်ထပ်သံနှစ်ခုမှာက ပဲ့တင်ထပ်သံနန်းတော်တစ်ခုစီရှိတယ်....ဒါ့ကြောင့်ဒီနှစ်ခုကြားမှာ ရင်းနှီးတဲ့အချိတ်အဆက်ရှိတဲ့အပြင်တစ်ခုနဲ့တစ်ခု လိုက်လျောညီထွေရှိကြတယ်..... လုကျန်းက သူ့ညီရဲ့ စွမ်းအားတွေကိုလက်ခံနေရပေမယ့်သူ့မှာပဲ့တင်ထပ်သံနန်းတော်တစ်ခုပဲရှိတယ်လေ......"
“ဒါ့အပြင် ဒီစွမ်းအားနှစ်ခုကို ထိန်းကျောင်းဖို့ အပို ပဲ့တင်ထပ်သံ နန်းတော်မရှိတဲ့အတွက် ချေးငှားထားရတဲ့စွမ်းအားတွေ တည်ငြိမ်နေမှာမဟုတ်ဘူး....မယုံရင်ကြည့်လိုက် သိပ်မကြာခင် အားပျော့ပြီး လုံးလုံးပျောက်ကွယ်သွားလိမ့်မယ်......"
"ဟုတ်တယ်... လုကျန်းက လောလောဆယ် အရမ်းသန်မာတယ်....ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်တွေတောင် သူ့ကိ အခုချက်ချင်းမအနိုင်ယူနိုင်သေးဘူး....ဒါ့ကြောင့် အပြာရောင်ချောက်နက်ကောလိပ်က သူတို့အတွက် ယုံကြည်နေတာ အံ့သြစရာမရှိတော့ဘူး..... ဒီလိုဝှက်ဖဲမျိုးနဲ့သာဆို အရှေ့ပိုင်းနတ်ဘုရားကုန်းမြေက ကောလိပ်တော်တော်များကို အနိူင်ဖို့သိပ်မခက်တော့ဘူး....ဒီအမြွှာညီအစ်ကိုက လမ်းလျှောက်နေတဲ့အံဖွယ်ကံကောင်းမှုတွေလိုပဲ......"
"လီလော့ ဒါကို အနိုင်ယူချင်ရင်၊ သူ့မှာ ဝှက်ထားတဲ့ အရံစွမ်းအားတွေရှိနေဖို့လိုတယ်......"
ကျန်းချင်းအာ၏ ခွဲခြမ်းစိတ်ဖြာမှုက သူတို့အားလုံးကို စိုးရိမ်သောကကြောင့် မျက်မှောင်ကြုတ်သွားစေခဲ့သည်။ ဒီတိုက်ပွဲက မယုံနိုင်လောက်အောင် ခက်ခဲပါလိမ့်မယ်။ လီလော့ ဖြတ်ကျော်နိုင်မလားဆိုတာ ဘယ်သူမှသေချာမသိနိုင်သေးဘူး......
ကြယ်တာယာခရီးရှည်ကောလိပ်မှ ကျောင်းသားများသည် အပြောင်းအလဲကို သတိပြုမိပြီး လူအုပ်ကြားတွင် ထိတ်လန့်တကြား ပျံ့နှံ့သွားခဲ့သည်။
လီလော့အပေါ်ထားရှိသော မျှော်လင့်ချက်များသည်လည်း သူ့ပြိုင်ဘက်၏ စွမ်းအားနှစ်ဆတိုးလာသဖြင့် ပျောက်ကွယ်သွားခဲ့သည်။
ကနဦးအားသာချက်မှာ ထင်ယောင်ထင်မှားမျှသာဖြစ်ခဲ့သည်။တိုက်ခိုက်ရေးသမားနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် စမ်းသပ်ရုံမျှသာဖြစ်ကြောင်း ယခုမှသာ သူတို့သဘောပေါက်သွားကြသည်။
လုကျန်း လည်ပင်းကို ဆန့်ထုတ်လိုက်ပြီး စူးစူးဝါးဝါးအော်သံတစ်ခုထုတ်လွှတ်ကာအနီရောင်နှင့် အနက်ရောင်မျက်လုံးများဖြင့် လီလော့ကိုစိုက်ကြည့်နေပြီး အေးစက်သောအပြုံးမျိုးပြုံးပြနေသည်။
"ကောင်းပြီ...... လီလော့ မင်းရဲ့ ပျင်းစရာကောင်းတဲ့စိတ်တွေပျောက်သွားလောက်ပြီထင်တယ်....."
လီလော့က အားတက်သရော ခေါင်းညိတ်လိုက်သည်။
"သြော် ဟုတ်သားပဲ.....တကယ်တော့ ငါ့ရဲ့ ပျင်းစရာတွေ ပျောက်ကွယ်သွားပေမယ့် မင်း ညီအစ်ကိုတွေ ဒီလိုလုပ်နိုင်မယ်ဆိုတာ ငါတကယ် မသိဘူး......"
"ကမ္ဘာကြီးက ကျယ်ပြောပြီး အံ့သြစရာတွေနဲ့ပြည့်နှက်နေတယ်..... မင်းမှာ ပဲ့တင်ထပ်သံ နှစ်ခုရှိသလို....တခြားသူတွေမှာလဲ အံ့ဩစရာတွေ ဖြစ်လာနိုင်တယ်....."
"အဓိပ္ပာယ်ရှိသားပဲ..."
လီလော့က ထိုစကားကို ကျေကျေနပ်နပ်ကြီး သဘောတူလိုက်သည်။
လုကျန်းသည် သူ၏ စပါးအုံးမြွေစိမ်းလှံကို ပျင်းရိစွာ မွှေ့ယမ်းလိုက်သည်။
"ကောင်းပြီ၊ မင်းမှာ တခြားဝှက်ထားတဲ့ ဝှက်ဖဲတွေ မရှိဘူးဆိုရင်၊ ဒီပွဲရဲ့ ရလဒ်ကို ဆုံးဖြတ်လိုက်ပြီလို့ ငါထင်တယ်၊ မင်း..အရှုံးပေးလိုက်တော့...."
လီလော့ တစ်ခုခုပြန်ပြောဖို့ပြင်လိုက်သောလည်းအချိန်မှီရပ်တန့်လိုက်သည်။
လုကျန်းသည် တုံ့ပြန်မှုကို မမျှော်လင့်ထားဘဲ သေမင်းတမန်တိုက်ခိုက်ခြင်းကိုသာ လိုလားသည်။
ရေပြင်ကို အားယူပြီး ရှေ့သို့ခုန်တက်လာသောကြောင့် ရေစက်များလွင့်စင်နေသည်မှာ မိုးသည်းထန်စွာရွာသွန်းနေသည့်နှယ်.....
ထိုအချိန်တွင် အနက်ရောင်နှင့် အနီရောင် ရောယှက်နေသော စွမ်းအားများသည် စပါးအုံးမြွေတကောင်ကဲ့သို့ ထွက်ပေါ်လာပြီး အချင်းချင်း လှည့်ပတ်နေသည်။
လီလော့ မဆိုင်းမတွ တုံ့ပြန်လိုက်ပြီး သူ၏ ဓားတိုနှစ်ချောင်းဖြင့် ခုခံခုတ်ပိုင်းလိုက်သည်။
ကလန်.....
တိုက်ရိုက်တိုက်ပွဲ.......
ယခုတစ်ကြိမ်တွင် လီလော့သည် သူ၏ဓားတိုများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ပြင်းထန်သော ပဲ့တင်ထပ်သံ စွမ်းအားများကြောင့် တလစပ်နောက်ဆုတ်ပေးနေရသည်။
ပြင်းထန်သောပူလောင်မှုတစ်ရပ်ကို ခံစားလိုက်ရပြီးနောက်သို့လွင့်စင်သွားသောလီလော့ကြောင့် ပရိတ်သတ်များ လန့်ဖြန့်ကုန်လေသည်။
လုကျန်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ စပါးအုံးမြွေစိမ်း လှံတံကို မွှေ့ရမ်းနေလေ၏။
"ပြောပါဉီး လီလော့ရဲ့..... မင်းနဲ့အဆင့်တူပေမယ့်မင်းထက်သန်မာတဲ့သူနဲ့တွေ့ဖူးတာ ပထမဆုံးအကြိမ်မဟုတ်လား....."
"ဘယ်လိုခံစားရလဲ?"
***