← Chapters

ကြယ်တစ်ပွင့်ခန်းမ၏ဂန္ဓဝင်တိုက်ပွဲ.....

Vol. 30 Ch. 415

ကြယ်တစ်ပွင့်ခန်းမ၏ဂန္ဓဝင်တိုက်ပွဲ.....

Vol. 30 Ch. 415

လုကျန်း၏ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို လီလော့ မတုံ့ပြန်ခဲ့ပေ။ သူ့ပြိုင်ဘက်က သူ့ကို အေးအေးဆေးဆေး ရှုံးအောင်လုပ်ဖို့ ကြိုးစားနေမှန်စ သူသိသည်။

ထိုအချိန်တွင် ရေနှင့်သစ်သား ပဲ့တင်ထပ်သံ စွမ်းအားများက ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ ဒဏ်ရာများကို လျင်မြန်စွာ ကုစားပေးသည်။

"အပြာရောင်ချောက်နက်ကောလိပ်က မင်းလိုဖျက်မြင်းနဲ့ အလောင်းအစားလုပ်ထားတာ မဆိုးပါဘူး... ဒါမှမဟုတ် မြွေတစ်ကောင်

လို့ ပြောရမှာလား....."

လီလော့ ပြုံးလိုက်သည်။

တကယ်ဆို လုကျန်းတို့ရဲ့ လက်တစ်လုံးခြား လူလည်ကျမှုကို ကြယ်တာယာခရီးရှည်ကောလိပ်ဘက်က ချက်ကျလက်ကျငြင်းဆန်လာမည်ဆ်ိုလျှင် လုကျန်းအတွက်အခြေနေကောင်းနိုင်မည်မဟုတ်ပေ။

သို့သော် လီလော့ကလည်း တိုက်ခိုက်ပြီးဖြေရှင်းဖို့ကိုသာ ပိုအားသာနေသည်။

ပြီးတာထက် ပိုလွယ်တယ်။

လုကျန်း၏ကြွားဝါမှုသည် အမှန်ပင်ဖြစ်သည်။ သူသည် တူညီသောအဆင့်တွင်ရှိသည့် လီလော့ ကြုံတွေ့ခဲ့ရသည့် အပြင်းထန်ဆုံးပြိုင်ဘက်ဖြစ်သည်။ ဤညီအစ်ကိုနှစ်ယောက်၏ ပဲ့တင်ထပ်သံသည် တမူထူးစွာ ပြင်းထန်လှသည်။

ပဲ့တင်ထပ်သံစွမ်းအားနဲ့ ပတ်သက်ရင် လုကျန်းက သူ့ထက်သာလွန်နေသည်ကို မငြင်းနိုင်ပေ။

သို့သော်လည်း ခွန်အားကြီးသူတိုင်းအနိုင်ရမည်ဟု တထစ်ချသတ်မှတ်ထား၍မရပေ။

လီလော့က ကျေနပ်စွာ ပြုံးလိုက်ပြီး စိတ်ဝင်တစားဖို့ကောင်းတဲ့တိုက်ပွဲကြောင့် သူ့မျက်လုံးတွေ တောက်ပလာသည်။

ဘုန်းးးးးးးး

လုကျန်းသည် လီလော့အား ထိခိုက်မှုမရှိစေသည့်အတွက် ကဲ့ရဲ့လှောင်ပြောင်နေခြင်းကို ရပ်တန့်ခဲ့သည်။ ၎င်းအစား နက်နဲထူးဆန်းသည့် စွမ်းအင်နှစ်ခုကိုသာထုတ်ဖော်လိုက်တော့သည်။ နေနှင့်လစပါးအုံးမြွေများ၏ ထူးခြားသောပြောင်းစပ်မှုသည် သေလောက်အောင်ပြင်းထန်နေလေ၏။

ကမ္ဘာမြေနှင့်ရင်းနှီးခြင်း သို့မဟုတ် ကောင်းကင်နစ်မြုပ်ခြင်း အဆင့်တွင် ရှိနှင့်ပြီးသား ကြယ်သုံးလုံးနှင့် ကြယ်လေးပွင့်ခန်းမ အရည်အချင်းများသည်ပင် ဆရာသခင်အဆင့်နှစ်ယောက်၏တိုက်ပွဲကို ရင်တမမနှင့် ကြည့်ရှုနေရသည်။ လုကျန်း ထုတ်ပြလိုက်သော ဝှက်ဖဲကလည်း သူမတူအောင်ထူးခြားလွန်းနေသည်မဟုတ်လော.....

လုကျန်း၏ထူးခြားမှုကို လူတိုင်းကချွင်းချက်မရှိထောက်ခံခဲ့ကြသည်။

ထို့ကြောင့်လီလော့ အပေါ်ထားရှိတဲ့ သူတို့ရဲ့ အကြွင်းမဲ့ယုံကြည်မှုတွေ ရုတ်တရတ် အားနည်းသွားသလိုပင်.... အကယ်၍ သူတို့သာ ဤတိုက်ပွဲကို ရှုံးနိမ့်ခဲ့ပါက၊ ရှန့်ပိန်းတွေ့ဆုံပွဲကိုတက်ရောက်နိုင်မည်မဟုတ်တော့ပေ။ဤသည်မှာ ကျောင်း၏ဂုဏ်သိက္ခာနှင့် ကျောင်းသူကျောင်းသားအားလုံး၏ စိတ်ဓာတ်ကို ဆိုးရွားစွာ ထိခိုက်သွားစေမည်ဖြစ်သည်။

စပါးအုံးမြွေစိမ်းလှံချက် ရေပြင်ကို ထိခတ်သွားသည့်အခါ....

ဖျန်းးးးးးးးးး

ရေစက်များလွင့်စင်လာပြီး ​ ဆယ်မီတာ အရှည်ရှိတဲ့ ခေါင်းနှစ်လုံးပါတဲ့ မြွေတစ်ကောင် ထွက်ပေါ်လာလေ၏။ မြွေကြီး၏ခန္ဓာကိုယ်ပေါ်က မှုန်မှိုင်းသော ကြက်သွေးရောင် အစင်းကြောင်းများက လီလော့ကို ကောင်းကောင်းထိတ်လန့်စေနိုင်ခဲ့သည်။

လီလော့ တတ်နိုင်သမျှ နောက်ဆုတ်လိုက်ပြီး သစ်သား ပဲ့တင်ထပ်သံစွမ်းအားသုံးကာ သူ့ရှေ့တွင် သစ်ပင်ပုံသဏ္ဍာန် အကာအရံကိုဖန်တီးလိုက်လေသည်။

"သစ်နွယ်ပေါင်းစည်းခြင်း !...."

"ရေစေးပညာရပ်... !"

တစ်ဖန်၊ သူသည် ယုံကြည်ရသော ပေါင်းစပ်မှုကို အသုံးပြုပြီး သစ်ပင်အကာအရံကို လေးလံသောရေဖြင့် ဖုံးအုပ်ကာ ထပ်မံအားဖြည့်ခဲ့သည်။

ကလန်......

ခေါင်းနှစ်လုံးပါသော မြွေသည် သွေးပျက်ဖွယ်ကောင်းသော မြည်တွန်သံနှင့်အတူ သစ်ပင်အကာအရံကိုဖျက်စီးကာ လီလော့ဆီတိုးဝင်ဖို့ကြံရွယ်နေသည်။သစ်သားအပိုင်းအစများရှင်းလင်းသွားချိန်တွင် လီလော့ကိုရှာမတွေ့တော့ပေ။

ရေအရိပ်ပညာရပ်.....

လီလော့ ရေကန်၏တစ်ဖက်ခြမ်းတွင် ပြန်ပေါ်လာသည်။ ထိုအခိုက်အတန့်မှာပင်၊ ရေကန်သည် သူ့ရှေ့တွင် ပေါက်ကွဲသွားပြီး အနီရောင်နှင့် အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာကာ ပွတ်ကာသီကာ လွဲချော်သွားလေသည်။ထိုအချိန်တွင် အန္တာရယ် အငွေ့အသက်ကိုခံစားလိုက်ရပြီသ လုကျန်းက အစိမ်းရောင်လှံက လီလော့ရဲ့ရင်အုပ်ပိုင်းဆီကို အဆိပ်ပြင်းသည့်မြွေတစ်ကောင် ကိုက်ခဲတော့မည့်နှယ်တိုးဝင်လာလေသည်။

လုကျန်းသည် လီလော့၏ရေအရိပ်ပညာရပ်ကိုထွင်းဖောက်မြင်နေရပြီးလီလော့ရှောင်တိမ်းမည့်လမ်းကြောင်းများကိုပါကြိုသိနေသည်။

ထိုမြင်ကွင်းကြောင့် ကြယ်တာယာခရီးရှည်ကောလိပ်မှကျောင်းသားများ စိတ်ပျက်လက်ပျက် ညည်းတွားလိုက်ကြသည်။

"မင်း ပုန်းနေလို့မရတော့ဘူး.... လီလော့!"

လီလော့၏အမြင်တွင် လှံတံသည် တဖြည်းဖြည်းပိုကြီးလာသော်လည်း လုကျန်း ၏တိုက်ခိုက်မှုကို ရင်ဆိုင်ရစဉ်တွင် တည်ငြိမ်နေခဲ့ပြီး ဓားတိုများကို ရုတ်သိမ်းလိုက်လေသည်။

ထိုအချိန်တွင် ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသော ပဲ့တင်ထပ်သံ ပူဖောင်း ကိုးခုစလုံးသည် တစ်ပြိုင်နက် ပေါက်ကွဲသွားသည်။

ထို့ကြောင့် များပြားလှသောပဲ့တင်ထပ် စွမ်းအားများ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

"မင်းတစ်​​ယောက်​တည်း​ ခွန်အားမြှင့်တင်နိုင်တာမဟုတ်ဘူး....!"

လီလော့၏ ဓားတိုများသည် စပါးအုံးမြွေကိုပိုင်းဖြတ်ရန် နေရောင်အောက်တွင် တောက်ပလင်းလက်နေလေ၏။

စိမ်းပြာရောင် အလင်းတန်းတစ်ခုနှင့် စွမ်းအားပြည့်လှံချက်တို့ ထိပ်တိုက်တွေ့ဆုံကြသည့်အခါ .....

ကလန်......

တိုက်ခိုက်မှုအရှိန်ကြောင့် နှစ်ယောက်စလုံး နောက်ဆုတ်လိုက်ရသည့်အပြင် ရေစက်များလွင့်စင်လာသောကြောင့် သူတို့နှစ်ဉီးဘာဖြစ်နေမှန်းကို ပရိတ်သတ်များသေချာမမြင်နိုင်ခဲ့ပေ။

မျက်လုံးများမှ ရေများကို သုတ်ရင်း ပရိသတ်များက ဆက်လက် စောင့်ကြည့်နေကြသည်။

လူတိုင်းအံ့သြဖို့ကောင်းတာက လီလော့ ဆိုးဆိုးရွားရွား မထိခိုက်သွားဘဲ လုကျန်းနဲ့တန်းတူတိုက်ခိုက်နိုင်ခဲ့ခြင်းကိုပင်.....

"မင်းမှာလဲဝှက်ဖဲတွေရှိသားပဲ..!"

လုကျန်းသည် လီလော့၏ တိုးမြင့်လာသော စွမ်းအားကို သတိပြုမိရင်း ခပ်တိုးတိုး ရယ်လိုက်သည်။

လီလော့ သူ့ကို လျစ်လျူရှုလိုက်ပြီး

ယင်းအစား၊ လက်ဝှေ့ယမ်းကာ ပေါက်ကွဲစေနိုင်သော အလင်းဘောလုံးများစွာကို ပသ်လွှတ်လိုက်သည်။

ထိုအလင်းလုံးများပေါက်ကွဲသောအခါ မျက်စ်ကျိန်းလောက်သောအလင်းရောင်များထွက်ပေါ်လာလေ၏။

ရေအလင်းဘောလုံးများ......

လီလော့သည် အလင်းတမ်းများကိုကာကွယ်နိုင်ရန် မျက်လုံးပေါ်တွင် ရေ စွမ်းအားအကာအကွယ်တစ်ခုကို ဖန်းတီးထားပြီးဖြစ်သည်။ ယခု သူသည် ကြည်လင်သော အမြင်အာရုံဖြင့် လုကျန်း ဆီသို့ ခုန်ဆင်းသွားခဲ့သည်။

ထန် ထန် ထန်....

အံ့သြစရာကောင်းတာက သူ့ပြိုင်ဘက်က သူ့ကို တစ်နည်းနည်းနဲ့ အာရုံခံစားနိုင်ခဲ့ပြီး လီလော့ရဲ့ တိုက်ခိုက်မှုအားလုံးကို တားဆီးနိုင်ခဲ့သည်။

လုကျန်းသည် အလင်းဒဏ်ကို နည်းနည်းမျှ မမှုခဲ့ပေ။

ဒေါသတကြီး ထိုးနှက်မှုတွေ ပိုတိုးပြီး အပြန်ပြန်အလှန်လှန် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ လီလော့၏ ဓားတိုများသည် လုကျန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သောအခါ မီးပွားများ ထွက်ပေါ်လာသော်ကြောင့် သူ့ကိုယ်ပေါ်ရှိ အနီရောင်နှင့် အနက်ရောင် ချပ်ဝတ်သည် လီလော့၏ တိုက်ခိုက်မှုကို စိတ်ပျက်စေမည့် ကာကွယ်ရေး အလွှာတစ်ခုဖြစ်နေခဲ့သည်။

လုကျန်း၏ တိုက်ခိုက်မှုများသည်လည်း လီလော့ အား အလွန်အကျွံ ထိခိုက်မှု မရှိခဲ့ပေ။ လီလော့၏ ခန္ဓာကိုယ်ပေါ်တွင် ရေချပ်ဝတ်

တစ်ထည် ရှိနေပြီး တိုက်ခိုက်မှုများကိုကောင်းစွာကာကွယ်ပေးထားသည်။

ရေစေးချပ်ဝတ်.....

လောလောဆယ်တော့အထိ တစ်ယောက်ကိုတစ်ယောက်အထိနာအောင်မလုပ်နိုင်ကြသေးပေ။

အချိန်တွေတဖြည်းဖြည်း ကုန်ဆုံးလာနေပြီ.....

ကလန်.....

နောက်ထပ် ဒေါသတကြီး တိုက်ခိုက်မှုသည် လီလော့နှင့်လုကျန်းတို့ နှစ်ဦးစလုံးကို နောက်ဆုတ်သွားစေခဲ့သည်။

"လီလော့၊ မင်းရဲ့ ပဲ့တင်ထပ်သံ စွမ်းအားတွေကုန်တာ မြန်လွန်းတယ်.."

လုကျန်း မောဟိုက်နေပြီး အသက်ရှုကြပ်နေချိန်တွင် လှံတံကို နောက်ထပ် ရက်စက်ကြမ်းကြုတ်စွာ လွှဲယမ်းရန် ပြင်ဆင်နေသည်။

"မင်းလည်း သိပ်ကြာကြာနိုင်မှာမဟုတ်ဘူး...."

လီလော့ ရယ်လိုက်သည်။

"မင်းထက်​တော့ ပိုသာတယ်!"

လီလော့သည် စင်မြင့်ပေါ်ရှိ အချိန်ကို အမှတ်အသားပြုထားသည့် အမွှေးတိုင်ကို လှမ်းကြည့်လိုက်သည်။

"ဒါပေမယ့် ငါက ပွဲ​ပြီးတဲ့အထိ ထိန်းထားနိုင်တယ်.....သရေကျရင် ဘာဖြစ်မယ်ဆိုတာ မင်းသိလား... စည်းမျဉ်းတွေအရ အသန်မာဆုံး ကိုယ်စားလှယ်နှစ်ယောက် ထပ်ပြီး တိုက်ခိုက်ရလိမ့်မယ်...ကုန်းရှန်ကျွင်းနဲ့ကျုံးနန်တို့ဖြစ်ဖို့များတယ်....."

" ကုန်းရှန်ကျွင်းက စီနီယာကျုံးနန်ရဲ့ ခံစစ်တွေကိုတောင် ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး...."

လုကျန်းက ယုံကြည်မှုအပြည့်နဲ့ လှောင်ရယ်လိုက်သည်။

"ဟားးး၊ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်... ပြီးတော့ ကြယ်သုံးပွင့်ခန်းမအဆင့်မှာ နောက်တွဲတွဲရှိသေးတယ်လေ..."

ဒါက လုကျန်းကို အသံတိတ်သွားစေခဲ့သည်။ ကြယ်သုံးပွင့်ခန်းမရဲ့နောက်ထပ်ပွဲလား....ဒါဆို ပြသာနာတက်ပြီ...ကျန်းချင်းအာနဲ့တိုက်ခိုက်ဖို့ ကျောက်ဟွေရင်းပဲရှိတာ...

"ဒီလောက်ထိ လွှတ်ထားမယ်လို့ မင်းထင်နေတာလား!?"

လုကျန်း တုန်လှုပ်သွားသည်။ သူသည် ပြတ်ပြတ်သားသား ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး မြေပြင်ကို ဆောင့်နင်းလိုက်သည်။

ထိုအခါ ဝတ်ရုံစုတ်ပြဲသွားပြီး လုကျန်း၏ခန္ဓာကိုယ်အရေပြားထဲတွင် နစ်မြှုပ့နေသော အနီရောင်နှင့်အနက်ရောင်မြွေများကို အသည်းအေးစဖွယ်တွေ့မြင်လိုက်ရသည်။

ထို့အပြင် လုကျန်းကိုယ်တိုင်ကလည်း အစွယ်တဖွေးဖွေးနှင့်ကိုက်ခဲဝါးမြိုရန်အသ့်ဖြစ်နေသောမြွေလူသားသဖွယ် အသွင်ပြောင်းသွားခဲ့သည်။

တကယ်ကို တုန်လှုပ်ခြောက်ခြားစရာပင်.....

အဝေးမှကြည့်လျှင် ခေါင်းနှစ်လုံးပါသော မြွေတစ်ကောင်သည် ရေကန်ကိုဖြတ်၍ အရှိန်ပြင်းစွာ ဖြတ်သန်းနေသည့်နှယ်....

လီလော့ မယုံနိုင်လောက်သော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။

ဘုန်းးးး

သူ မတုံ့ပြန်ခင်မှာ လုကျန်းက သူ့ရဲ့နောက်ထပ်လှုပ်ရှားမှုကို ပြုလုပ်နှင့်နေပြီ.....

မီတာသုံးဆယ်မြင့်သော ကြီးမားသောဆူနာမီလှိုင်းကြီးများ မြင့်တက်လာပြီး လီလော့ အပေါ်ကို သက်ရောက်နေလေတော့သည်။

ထိုအခါ လူအုပ်ကြီးထံမှ အော်ဟစ်သံများ ကြားရသည်။

လီလော့ အခွင့်ကောင်းကိုအကဲခတ်ရင်း

ပြေးလွှားနေသည်။ လှိုင်းလုံးတိုက်ခိုက်မှုနောက်တွင်၊ လုကျန်းကိုယ်တိုင်က လီလော့ ဆီသို့ အရှိန်အဟုန်ဖြင့် လိုက်လာနေပြီး ပြင်းထန်သောလှံချက်များကိုလည်း အဆက်မပြတ်ထုတ်ဖော်နေသေးသည်။

လုကျန်းသည် လီလော့ကိုအဆင်မပြတ်ဖိအားပေးနေပြီး စွမ်းအင်ကုန်ဆုံးအောင်ပြုလုပ်ချင်နေပုံရသည်။

ကြီးမားသော မြွေအမြီးက လီလော့ကို ရစ်ပတ်လိုက်သောအခါ.....

ကလန်......

လီလော့ ဓားတိုနှစ်လက်ဖြင့်ခုတ်ပိုင်းလိုက်လေသည်။

ခဏအကြာမှာ သူ့ဓားတွေ ကွဲကြေသွားပြီး သူကိုယ်တိုင်လည်း ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့သည်။

လုကျန်းရဲ့ ဘက်ပေါင်းစုံ တိုက်ခိုက်မှုက သူ့ကို ရေကန်ထဲသို့နစ်မြှုပ်သွားစေသည့်အပြင် ဆူနာမီလှ်ိုင်းလုံးများပါကျဆင်းလာသဖြင့်..... ပရိတ်သတ်အားလုံး အံ့အားသင့်မှုကြောင့် အသံတိတ်ကုန်ကြလေသည်။

***

All Chapters