← Chapters

ရေအလင်းပဲ့တင်ထပ်သံ ဆင့်ကဲပြောင်းလဲလာခြင်း.....

Vol. 30 Ch. 417

ရေအလင်းပဲ့တင်ထပ်သံ ဆင့်ကဲပြောင်းလဲလာခြင်း.....

Vol. 30 Ch. 417

ဗွက်..ဗွက်...ဗွက်.....

လီလော့ အပေါ်ရှိ ရေဖိအားက သူ့ကို ပို၍ဖိနှိပ်လာသည်။ ၎င်းသည် ရေ၏အလေးချိန်သာမက လုကျန်း အထက်မှ လျင်မြန်စွာ ဖိသိပ်နေခြင်းကြောင့်ဖြစ်သည်။

သေခြင်းတရား၏ ခြိမ်းခြောက်မှုက သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသော်လည်း လီလော့ ငြိမ်သက်နေသည်။

ရေအလင်း ပဲ့တင်ထပ်သံ နန်းတော်အတွင်း၌ ပဲ့တင်ထပ်သံမျိုးစေ့သည် ယခုအခါ နှလုံးခုန်သံကဲ့သို့ လျင်မြန်စွာ ခုန်လှုပ်နေပြီး အကန့်အသတ်တစ်ခုသို့ရောက်သောအခါ.....

ဝုန်းးးးးးးးး

ထိုအသံသည် သူ့ စိတ်အာရုံထဲတွင် ပဲ့တင်ထပ်မြည်ဟီးနေလေ၏။

လုကျန်း၏ လှံချက်များကလည်း အောက်သို့ ဆက်လက်ကျဆင်းလာကြသည်။ အခုဆို လီလော့နှင့် မီတာ တစ်ဒါဇင်လောက်သာ ကွာဝေးတော့သည်။

ရေကန်ကြမ်းပြင်ရှိ ကျောက်စရစ်ခဲများသည် ဒယ်အိုးပေါ်ရှိ ပြောင်းဖူးပေါက်ပေါက်ကဲ့သို့ ပြင်းထန်စွာ ခုန်ပေါက်နေကြသည်။ အထက်မှ ဆင်းသက်လာသော တိုက်ခိုက်မှုကြောင့် ရေအိုင်တစ်ခုလုံး ဝရုန်သုန်းကားဖြစ်နေလေ၏။

ခရက်.......

လီလော့သည် ခန္ဓာကိုယ်အတွင်းမှ ကွဲအက်နေသော အသံတစ်ခုကို ကြားလိုက်ရသည်။ သူ၏ ရေအလင်း ပဲ့တင်ထပ်သံမျိုးစေ့ပေါ်တွင် အက်ကြောင်းများ တဖြည်းဖြည်း ကြီးထွားလာပြီးနောက် ကွဲထွက်သွားသည်။

သူ၏ ပဲ့တင်ထပ်သံ နန်းတော်အတွင်း ရွှေမိုး

ရွာချလိုက်သလို အလင်းတန်းများ ပြည့်နှက်နေလေ၏။

ပါးလွှာသော ရွှေချည်မျှင်များသည် ပဲ့တင်ထပ်သံ နန်းတော်ပေါ်သို့ ကျရောက်နေပြီး အာဟာရဖြစ်စေသော အလင်းရောင်နှင့် ရေများရောနှောကာ ကြည်လင်သော ရေကန်တစ်ခုအဖြစ် ကြီးထွားလာခဲ့သည်။

ဤရေကန်သည် သာမန်ရေကန်မဟုတ်ပေ။ လီလော့ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်တစ်လျှောက်လုံး ဝီရိယစိုက်ထုတ်စုဆောင်းခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ပဲ့တင်ထပ်သံ စွမ်းအားများသာပင်.....

ထိုရေကန်အတွင်းတွင် တောက်ပသန့်ရှင်းသော မြင့်မြတ်သည့်အဝါဖျော့ရောင်အလင်းလုံးများနှင့်ပြည့်နှက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

လီလော့ ဝမ်းသာနေသည်မှာ ပြောမပြတတ်အောင်ပင်.....

ရေအလင်းပဲ့တင်ထပ်သံ၏ ဆင့်ကဲဖြစ်စဉ်ကို ပြီးမြောက်ခဲ့ပြီဖြစ်သည်။

လီလော့သည် ရိုးရှင်းသော အတွေးတစ်ခုဖြင့် ကြည်လင်တောက်ပသော အပြာရောင်ရင့်ပုလဲများကို ဆင့်ခေါ်လိုက်သည်။ ပုလဲတစ်လုံးချင်းစီ၏အတွင်းပိုင်းတွင်အလင်းတန်းများ လင်းလက်တောက်ပနေ၏။

၎င်းတို့အားလုံးကို ရေပဲ့တင်ထပ်သံ စွမ်းအားဖြင့် ဖန်တီးထားခြင်းဖြစ်သည်။

၎င်းသည် ယခင်က သူစွမ်းဆောင်နိုင်ခဲ့သည့် အဆင့်ထက် ကျော်လွန်သွားခဲ့ပါပြီ....

လီလော့ အသစ်တွေ့ရှိသော စွမ်းအားကို ထုတ်ဖော်လိုက်သောအခါ ခန္ဓာကိုယ်တစ်ခုလုံးတုန်လှုပ်သွားခဲ့သည်။

သူ့မျက်လုံးတွေ ပွင့်လာပြီး ရေကန်အောက်ခြေက သူ့ရဲ့ အနေအထားနဲ့ အခြေအနေတွေကို အပြည့်အ၀ သိလိုက်ရသည့်အခါ သူ့အပေါ်သို့ ကျရောက်လာသော တိုက်ခိုက်မှုတစ်ခု ကိုပါမြင်လိုက်ရသည်။ထိုအခါ ပဲ့တင်ထပ်သံနန်းတော်နှစ်ခုသည် ပြင်းထန်စွာ မြည်ဟီးကာ စွမ်းအားများဖြင့် ဖြိုခွင်းလိုက်လေတော့သည်။

ပဲ့တင်ထပ်သံနှစ်ခုပေါင်းစည်းထားသည့်စွမ်းအား......

ဤနှစ်ထပ်ပဲ့တင်ထပ်သံ ပေါက်ကွဲထွက်လာသည့် စွမ်းအားသည် ယခင်က သုံးခဲ့ဖူးသမျှထက် ပိုပြင်းထန်သည်။

လီလော့၏ မြင့်မားသော စွမ်းအားကို သတိပြုမိသောအခါ လုကျန်း၏ မျက်လုံးများ မှေးကျဉ်းသွားခဲ့သည်။

ရုတ်တရက်ကြီးဘာတွေဖြစ်ကုန်တာလဲ....ဒီအချိန်မှာ သူဘာမှ မလုပ်နိုင်ခဲ့ဘူး...တစ်ဖက်လူရဲ့စွမ်းအားက အရမ်းပြင်းထန်လွန်းတယ်.....

"လီလော့ ငါမင်းကိုအဆုံးသတ်လိုက်တော့မယ်....."

လီလော့က စိတ်တည်ငြိမ်စွာဖြင့် လက်သီးဆုပ်လိုက်သောအခါ ပဲ့တင်ထပ်သံ စွမ်းအားနှစ်ခုက သူ့လက်ကောက်ဝတ်ကနေ အလင်းမှုန်မွှားလေးနှစ်ခုအဖြစ် ပေါက်ကွဲထွက်လာခဲ့သည်။

လီလော့ ကိုယ်တိုင် မသိသေးသော်လည်း ခန္ဓာကိုယ်တွင်းမှ ပဲ့တင်ထပ်သံ နှစ်ခုသည် ၎င်းတို့၏ ပေါင်းစပ်မှုတွင် ပြီးပြည့်စုံသော အဆင့်အသစ်ကို ရောက်ရှိခဲ့ပြီဖြစ်သည်။

ဘုန်းးးးးး

ရေကန်မျက်နှာပြင်သည် အနက်ရှိုင်းသော တိုက်ခိုက်မှုများ၏ ဒေါသအရှိန်ကြောင့် ပေါက်ကွဲသွားခဲ့သည်။

လီလော့၏ လက်သီးနှင့် လုကျန်း၏လှံချက်တို့ထိပ်တိုက်တွေ့ဆုံးသွားခဲ့ပြီ....

ဒိုင်းးးးးးးး

လီလော့နှင့်လုကျန်းတို့ ပတ်လည်ရှိ မီတာ ဒါဇင်များစွာအထိ တိုက်ခိုက်မှုအရှိန်ပျံ့လွှင့်သွားခဲ့သည်။

လုကျန်း အမူအရာပြောင်းသွားခဲ့လေပြီ။

ချီးလိုပဲကွာ....

.

လီလော့၏ လက်သီးချက်သည် သူ၏ စပါးအုံးမြွေစိမ်းလှံတံကို တန်ပြန်နိုင်လောက်အောင် ပြင်းထန်သည်။

"မဖြစ်နိုင်ဘူး!"

သူသည် အသန်မာဆုံးသော အခြေအနေတွင် ရှိနေပြီဖြစ်သည်။ သာမန် ပုံသဏ္ဍာန်ပြောင်းလဲခြင်းစတုတ္ထအဆင့်များတောင် သူ့ရဲ့တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်စွမ်းမရှိနိုင်ပေ။ လီလော့သည် သူ၏လက်နက်များကို ဖြိုခွဲခဲ့ပြီး ရေကန်၏အောက်ခြေတွင် နစ်မြုပ်သွားခဲ့သည်။ လီလော့ သူ့ကိုယ်သူ ပြောင်းလဲသွားစေတဲ့ စွမ်းအားကို ရုတ်တရက် ဘယ်လိုထုတ်လိုက်သနည်း.......

ဒိုင်း! ဒိုင်း!

လီလော့သည် အစိမ်းရောင်စပါးအုံးမြွေ လှံချက် ထိမှန်သွားစေမည့် နောက်ထပ် စွမ်းအားပြင်း လက်သီးချက်များကိုထုတ်လွှတ်နေသည်။

ကလန်...ကလန်...

ဧရာမလက်ဖြင့် လှုပ်နေသော ခွက်ကြီးကဲ့သို့ပင် ကျယ်လောင်သော အသံများက ကန်ရေပြင်ကို ပြင်းပြင်းထန်ထန် တုန်လှုပ်သွားစေသည်။

နောက်ဆုံးတွင် လုကျန်း၏ ခံစစ်များ ပြိုကျသွားလေတော့သည်။ သူ၏စပါးအုံးမြွေစိမ်းလှံကို အပြင်းအထန် ဆုပ်ကိုင်ထားသဖြင့် လက်ဖဝါးနှင့် လက်ချောင်းတွေက ရိုက်ခတ်မှုအရှိန်ကြောင့် ကျိုးကြေအက်ကွဲနေလေပြီ။

ထို့အပြင် လီလော့၏ ပဲ့တင်ထပ်သံ စွမ်းအားကလည်း သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သေးသည်။

ဝှစ်.......

လီလော့၏ လက်သီးချက်ကြောင့် လုကျန်း ၏လက်နက် ပြုတ်ကျသွားခဲ့ရပြီ။

လုကျန်း ပြေးချင်သော်လည်း ကြောက်ရွံ့မှုနှင့် မောပန်းမှုကြောင့် တကိုယ်လုံးထုံကျဉ်နေလေ၏။

သူသည် အနှေးပြကွက်တွင် ပိတ်မိနေသကဲ့သို့ လီလော့က သူ့ကို အလွယ်တကူ ဖမ်းမိသွားသည့်အတွက် ထိတ်လန့်မှုကြောင့်

မျက်ကလူးဆန်ပြာဖြစ်နေရှာသည်.

"တောင်းပန်ပါတယ်.... မင်းကို ဓား​သွေးကျောက်အဖြစ် ငါသုံးခဲ့တယ်... ဒါပေမယ့် မင်းဟာ ဓားသွေးကျောက်ကောင်းတစ်ခုပါ...."

လီလော့က ဝမ်းသာအားရ ရယ်မောလိုက်ပြီး လုကျန်းရဲ့ ရင်ဘတ်ကို နောက်ထပ် ခိုင်မာတဲ့ လက်သီးချက်တစ်ခုပစ်သွင်းလိုက်သည်။

လုကျန်း မာန်သွင်းပြီးလက်ကျန်စွမ်းအင်အားလုံးကို နောက်ဆုံးပေါက်ကွဲမှုတစ်ခုအဖြစ် စုစည်းလိုက်သည်။

အမြွှာမြွေနဂါးကျိန်စာက သူ့ကိုခဏတာမျှ ခွန်အားတိုးမြှင့်စေခဲ့ပြီး လီလော့၏ လက်သီးချက်နှင့် ရင်ဆိုင်ခဲ့သည်။

ဘုန်းးးးးးး

လက်သီးချက်ချင်း ထိပ်တိုက်တွေ့ဆုံမှုက အံမခမ်းထိတ်လန့်စရာပင်......

ပရိသတ်အားလုံး အသက်ရှူဖို့တောင်မေ့လျှော့နေကြသည်။

ဝှစ်...ဝှစ်....

ရေကန်အောက်ခြေကနေ အစိမ်းရောင်အလင်းတန်းတစ်ခု တရိပ်ရိပ်ထွက်ပေါ်လာပြီး သစ်ပင်တွေကို ထိုးဖောက်ကာ တောင်နံရံကို တည့်တည့်ထိုးဝင်သွားသည်။

ဖုန်မှုန့်တွေ ရှင်းသွားတော့ ပရိသတ်တွေ ပင့်သက်ရှိုက်မိလိုက်ကြသည်။

အ...ဒါ စပါးအုံးမြွေစိမ်းလှံမဟုတ်လား.....

တောင်နံရံမှာ တစ်ဝက်လောက်မြှုပ်ပြီး တုန်ခါနေဆဲပင်....

ဘာတွေဖြစ်နေတာလဲ? လုကျန်းရဲ့ လက်နက်က ဘာလို့ ဒီမှာ ရှိနေတာလဲ......

ကြယ်တာယာခရီးရှည်ကောလိပ်မှ ကြည့်ရှုသူများ မတ်တတ်ထရပ်လိုက်ချိန်တွင် ကျောက်ဟွေရင်း၏ အပြုံးများသည် အဝတ်စဖြင့်သုတ်ဖယ်လိုက်သလို တမဟုတ်ချင်းပျောက်ကွယ်သွားခဲ့သည်။

သူမသည် ရေကန်ထဲသို့ လှမ်းကြည့်ရန် ကြိုးစားသော်လည်း ဖြစ်ပျက်ခဲ့သည်ကို မမြင်နိုင်လောက်အောင် မြန်ဆန်လွန်းနေသည်။

"အဲ့ဒီမှာ ဘာဖြစ်နေတာလဲ!

"လုကျန်း အနိုင်ရခဲ့တာမဟုတ်ဘူးလား....ဘာလို့ စပါးအုံးမြွေစိမ်းကို ပစ်လိုက်တာလဲ”

အခြေအနေတွေပြောင်းသွားပြီလား.....

မည်သို့ပင်ဆိုစေကာမူ ဝင်ခွင့်ပြိုင်ပွဲ၏ အဆုံးသဆ်ရလဒ်ကို ဆုံးဖြတ်ရတော့မည်။

ဘယ်သူ့ အန်ိုင်ရသွားမှာလဲ.....သေချာတယ် လုကျန်း နိုင်လိမ့်မယ်.... သူ့အစွမ်းသတ္တိကို အားလုံး မျက်မြင်တွေ့ခဲ့ရတယ် ......

တိတ်ဆိတ်မှု တရိပ်ရိပ်တိုးပွားလာခဲ့သည်။

နောက်ဆုံးတွင် လူတစ်ယောက်သည် ရေထဲမှ ထွက်လာပြီး ရေကန်မျက်နှာပြင်ပေါ်သို့ ဂရုတစိုက် တက်လာခဲ့သည်။

သူ ခေါင်းကို မော့လိုက်သည်နှင့် ပရိသတ်၏ အပြုံးများ ထွက်ပေါ်လာသည်။

အဲဒါ... လီလော့!

လီလော့ လူတစ်ယောက်ကို ဆွဲခေါ်လာတာကိုလည်း မြင်နေရသည်။

လုကျန်း........

လုကျန်း မျက်လုံးများ မှိတ်ထားသဖြင့် သတိလစ်နေသည်ဟုယူဆနိုင်သည်။

ရလဒ်က ထင်ရှားနေခဲ့ပါပြီ....

လီလော့ လူအုပ်ကို မော့ကြည့်ကာ စကားမပြောဘဲ ငြိမ်သက်နေ၏။

ထိုအချိန်တွင် ကြယ်တစ်ပွင့်ခန်းမမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဟေ့ကောင်တွေ ဘာလုပ်နေကြတာလဲ လက်ခုပ်တီးကြလေကွာ....!!"

***

All Chapters