ပြောင်းပြန်ရလဒ် *
Vol. 30 Ch. 418
ကျောင်းသားအချို့သည် မယုံကြည်နိုင်လောက်သောအလှည့်အပြောင်းကြောင့် ကြောင်အနေကြသော်လည်း အများစုမှာ အောင်ပွဲရခဲ့သော လူငယ်ကို စူးစူးစိုက်စိုက်ကြည့်နေကြဆဲဖြစ်သည်။
လီလော့ နိုင်သွားပြီလား?
သူတို့မျက်လုံးတွေကို မယုံနိုင်ခဲ့ဘူး... အခြေအနေကို ဘယ်လိုပြောင်းလဲခဲ့တာလဲ.....
သူတို့ ရေကန်ထဲကို မနစ်မြုပ်ခင် လုကျန်း အသာစီးရနေခဲ့တာလေ... ဒါတောင် သူရှုံးသွားပြီလား.....ပြီးတော့ သူ့ရဲ့ သတိလစ်နေတဲ့ အခြေအနေကနေ သူ ထုတ်ပြထားတဲ့ခွန်အားနဲ့ နည်းနည်းမှမအပ်စပ်ဘူးလေ.....
သူတို့၏ မယုံကြည်မှုနှင့် စူးစမ်းမှုတို့ကနေ သတ်ပြန်ဝင်လာသောအခါ ကြယ်တာယာခရီးရှည်ကောလိပ်ကျောင်းသားများသည် ၎င်းတို့၏ ချန်ပီယံကို စတင်အားပေးခဲ့ကြသည်။
"လီလော့..!"
"လီလော့!"
သူတို့ အလွန်စိတ်လှုပ်ရှားနေကြသည်။ ဒါဟာ ရယ်စရာကောင်းတဲ့ အလှည့်အပြောင်းတစ်ခုသာပင်....
လုကျန်း၏ အစွမ်းထက်သော စွမ်းရည်သည် လီလော့အပေါ် ထားရှိခဲ့သည့် ယုံကြည်မှုကို ဆိုးရွားစွာ ကျဆင်းစေခဲ့ပြီး အဆိုးမြင်သူများကဆို ဝင်ခွင့်ပြိုင်ပွဲရှုံးပြီဟုတောင် တွေးထားနှင့်ကြပြီ။
ဤအလှည့်အပြောင်းကို မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
ကုန်းရှန်ကျွင်းနှင့်ကျန်းချင်အာတို့လို ထူးချွန်သူများတောင် ဤမျှအထိ လုပ်နိုင်မည်မဟုတ်ပေ။ ဒါ့ကြောင့် ခွန်အားကြီးသူတိုင်းအနိုင်ရမည်ဟု မသတ်မှတ်နိုင်ကြောင်းကြောနေခဲ့ကြခြင်းဖြစ်သည်။
ပို၍အရေးကြီးသည်မှာ လီလော့သည် အဆိုးရွားဆုံးသောအခိုက်အတန့်တွင် အန္တရာယ်မှလွတ်မြောက်နိုင်ခဲ့ပြီး ကြယ်တာယာခရီးရှည်ကောလိပ်အတွက် အောင်ပွဲရရယူနိုင်ရန် အပြာရောင်ချောက်နက်ကောလိပ် အဓိကဝှက်ဖဲကို နိုင်အောင် တိုက်ခိုက်နိုင်ခဲ့သည်။
ဤအရာတစ်ခုတည်းသည် လူများစွာအတွက် လီလော့၏အောင်ပွဲအား အကြွင်းမဲ့ပြီးပြည့်စုံမှုကို လက်ခံပေးဖို့လုံလောက်နေခဲ့ပြီ။
ခရမ်းအဆင့်နည်းပြ များက ရလဒ်ကို တရားဝင်ကြေငြာပေးခဲ့သည်။
"အနိုင်ရရှိသူကတော့...ကြယ်တာယာခရီးရှည်ကောလိပ်မှလီလော့ပဲဖြစ်ပါတယ်....."
".ကြယ်တာယာခရီးရှည်ကောလိပ်က ၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံးနဲ့ အပြာရောင်ချောက်နက်ကောလိပ်ကတော့ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲ ရှုံးထားပါတယ်...ဒါ့ကြောင့် ဝင်ခွင့်ပြိုင်ပွဲအတွက် အောင်နိုင်သူက... ကြယ်တာယာခရီးရှည်ကောလိပ်ပဲဖြစ်ပါတယ်....."
ဟေးးးးးးးးးးး
ကြည့်ရှုသူများသည် တောင်များကို တုန်လှုပ်စေနိုင်သည့် ကြွေးကြော်သံဖြင့် အောင်ပွဲခံနေ
ခဲ့ကြသည်။
ကျောင်းသားများအတွက် ရှန့်ပိန်းတွေ့ဆုံပွဲသည် အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတွင် အကြီးကျယ်ဆုံးနှင့် စွမ်းရည်အမြင့်ဆုံးပြိုင်ပွဲဖြစ်သည်။ ကျောင်းတိုင်းသည် ၎င်းအတွက် နှစ်ပေါင်းများစွာ ဂရုတစိုက်ပြင်ဆင်ခဲ့ပြီး ၎င်းတို့၏ ခွန်အားနှင့် အရင်းအမြစ်များကို လျော်ညီစွာ အသုံးပြုခဲ့ကြသည်။ ကျောင်းများအားလုံးသည် အခြားအရာများထက် ဦးစားပေးလုပ်ဆောင်ခဲ့သော အရာနှစ်ခုရှိသည်၊ တစ်ခုမှာ အရိပ်လှိုဏ်ဂူကိုဖိနှိပ်ခြင်း ဖြစ်သည်။ နောက်တစ်ခုကတော့ လေးနှစ်တစ်ကြိမ် ကျင်းပသည့် ရှန့်ပိန်းတွေ့ဆုံပွဲအတွက်ဖြစ်သည်။
ရှန့်ပိန်းတွေ့ဆုံပွဲသည် အရေးကြီးသောအဆင့်ကို အာမခံချက်များစွာပေးစွမ်းနိုင်သည်။
လုံကူရှန့်ပိန်းဟူသာ အမြင့်မားဆုံး ဆုလာဘ်သည် အရိပ်လှိုက်ဂူ၏ အန္တာရာယ်ဆိုးများကို နှစ်အတော်ကြာတားဆီးပေးထားနိုင်သည်။
အောင်မြင်သောကျောင်းသည် ရက်စက်ကြမ်းကြုတ်သောသေခြင်းတရားနှင့် ယဇ်ပူဇော်ခြင်းမှ လွတ်မြောက်နိုင်မည်ဖြစ်ပြီး ထို့အပြင် ရှန့်ပိန်းတွေ့ဆုံပွဲမှ အခြားသောအရင်းမြစ်များစွာရရှိနိုင်ပြီး ဗဟိုကျောင်းသားသမဂ္ဂတွင် နာမည်ဂုဏ်သတင်းကျော်ဇော်လာလိမ့်မည်။
ဗဟိုကျောင်းသားသမဂ္ဂမှ အရင်းအမြစ်များသည် မည်သည့်ကောလိပ်အတွက်မဆို ကြီးမားသော အကျိုးကျေးဇူးတစ်ခုဖြစ်သည်။
"တကယ်ပဲ သူနိုင်ခဲ့တယ်..."
မင်းသမီး၊ ကုန်းရှန်ကျွင်းနှင့် အခြားသူများသည် စစ်မြေပြင်ကို အံ့သြစွာ စိုက်ကြည့်နေကြဆဲဖြစ်သည်။ သူတို့အဆင့်နဲ့တောင် ဒီရလဒ်ကို မခန့်မှန်းခဲ့ကြပေ။
"လီလော့က အံ့သြစရာတွေနဲ့ ပြည့်နေတဲ့အိတ်တစ်လုံးလိုပဲ...."
အမာခံခုနှစ်ဉီးထဲမှ တစ်ဉီးဖြစ်သော ဝမ်ချောင်က ရယ်မောရင်းချီးကျူးလိုက်သည်ကိုတခြားသူတွေက ခေါင်းညိတ် သဘောတူလိုက်ကြသည်။
မကြာသေးမီက လီလော့ အတော်အခြေနေဆိုးဝါးခဲ့ပြီး သူတို့ ရေအောက်ရောက်သွားချိန်မှာတော့ အရာအားလုံးဟာ ပြောင်းပြန်ဖြစ်သွားခဲ့သည်။
လီလော့ ယခုအချိန်အထိ ကျွမ်းကျင်မှုအချို့ကို ဖုံးကွယ်ထားလိမ့်မည်သာ.....
မင်းသမီးသည် ဖီးနစ်မျက်လုံးများဖြင့် လီလော့ကို စေ့စေ့စပ်စပ် စူးစမ်းလေ့လာနေခဲ့သည်။
မည်သူမျှ မမျှော်လင့်ထားသောအခါတွင် သူသည် အံ့ဖွယ်အမှုများကို အမှန်တကယ်ပင် လုပ်ဆောင်နိူင်ခဲ့ပြန်ပြီ.....
တကယ်တော့ လုကျန်းက သူ့ရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်ပြသလိုက်တဲ့အခါ လီလော့ ရှုံးသွားခဲ့ရင် ဘယ်သူကမှ အပြစ်တင်မည်မဟုတ်ပေ။
လုကျန်းသည် ရှန့်ပိန်းတွေ့ဆုံပွဲတွင်ပင်လျှင် ထိပ်တန်းအဆင့်တွင်ရှိသော လူတစ်ချို့နှင့်နှိုင်းယှဉ်နိုင်သည်အထိ သန်မာနေသည်မဟုတ်လော.....
ထို့ကြောင့် ဆုံးရှုံးရခြင်းအတွက် ရှက်နေစရာမလိုတော့ပေ။
သို့သော် လီလော့သည် အပြာရောင်ချောက်နက်ကောလိပ် ၏ အစီအစဉ်များကို ရုတ်ခြည်းအဆုံးသတ်ကာ အောင်နိုင်ခဲ့သည်။
မင်းသမီးသည် စိတ်လှုပ်ရှားမှုကြောင့် လက်ရန်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်မိသည်။
သူမ လီလော့ အကြောင်း ပို၍သိချင်နေမိပြီ....ဒါဟာ ချစ်ရေးချစ်ရာစိတ်ဝင်စားမှုကြောင့်မဟုတ်ဘဲ ကျန်းချင်းအာရဲ့သတို့သားလောင်းမှာ ဘာတွေဖုံးကွယ်ထားသလဲဆိုတာ သိချင်ရုံပါ......
"ရှန့်ပိန်းတွေ့ဆုံပွဲမှာ အသန်မာဆုံး ကြယ်တစ်ပွင့်ကျောင်းသားဘွဲ့ကို ဆွတ်ခူးနိုင်မယ်လို့ အစ်ကိုတော် ထင်လား..."
သူမ ပြုံးလိုက်သည့်အတွက်တခြားသူတွေက သူမကို လှည့်ကြည့်နေကြသည်။
"ဒါက နည်းနည်းတော့ ရည်မှန်းချက်ကြီးတယ်.....လုကျန်းက ကြယ်တစ်ပွင့်ခန်းမ ကျောင်းသားတွေကြားမှာ ထိပ်တန်း 10 ယောက်ထဲမှာ ဖြစ်နိုင်တယ်.... လီလော့က သူ့ကို အနိုင်ယူပြီး ထိပ်တန်း 8 ယောက်ထဲ ရောက်သွားလိမ့်မယ်... ထိပ်တန်း 5 ယောက်တောင်ကျန်နေသေးတယ်... ရှန့်ပိန်းတွေ့ဆုံပွှဲမှာ ဘယ်လိုမွန်းစတားမျိုးတွေ ရှိနေလဲဆိုတာသိထားသင့်တယ်... ကမ္ဘာပေါ်မှာ ပဲ့တင်ထပ်သံနှစ်ခုရှိတာ လီလော့တစ်ယောက်တည်း မဟုတ်ဘူး....."
မင်းသမီးသည် ကုန်းရှန်ကျွင်း၏ခွဲခြမ်းစိတ်ဖြာမှုကို သဘောတူရပေမည်။ ပဲ့တင်ထပ်သံနှစ်ခုသည် ရှားပါးသော်လည်း ရှန့်ပိန်းတွေ့ဆုံပွဲတွင် စုဝေးသူများသည် တိုက်ကြီးတစ်ခုလုံးတွင် အထူးချွန်ဆုံးသူများဖြစ်သည်။ လောကကြီးမှာ အံသြစရာတွေကြည့်နှက်နေတဲ့အပြင် ကိုယ်ထက်သာတဲ့သူတွေလည်းအမြဲရှိနေပါလိမ့်မည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကြယ်တစ်ပွင့်ခန်းမရဲ့အသန်မာဆုံးဘွဲ့ကိုမရခဲ့ရင်တောင် လီလော့က ရှန့်ပိန်းတွေ့ဆုံပွဲမှာ အနီးကပ်ဆုံး စောင့်ကြည့်သင့်တဲ့သူတွေထဲက တစ်ယောက်ဖြစ်မှာ သေချာပါတယ်....."
ဒီသုံးသပ်ချက်ကို အားလုံး သဘောတူခဲ့ကြပါသည်။ သူတို့မျက်မြင်တွေ့ခဲ့ရတဲ့ တိုက်ပွဲဟာ ရှန့်ပိန်းတွေ့ဆုံပွဲမှာတောင် အဆင့်အတန်းမြင့်တယ်လို့ ယူဆရလိမ့်မည်။
.................................
ကြယ်တစ်ပွင့်ခန်းမ၏ အားပေးမှုများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ သူတို့သည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများနီမြန်းနေကြသည်။ သူတို့ရဲ့ ချန်ပီယံဟာ သူတို့အားလုံးအတွက် ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲတစ်ခုကို ဆွတ်ခူးနိုင်ခဲ့ပြီမဟုတ်ပါလား......
လုချင်းအာနှင့်ပိုင်မျန်မျန်တို့သည်လည်း ယခုမှသာ စိတ်တင်းထားသမျှကို ဖြေလျှော့နိုင်ရှာတော့သည်။
"ခေါင်းဆောင်က တကယ်တော်တယ်...."
လုချင်းအာ၏ အပြုံးသည် လီလော့၏အောင်မြင်မှုကြောင့်ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။
ငွေရောင်ဆံနွယ်ပိုင်ရှင် လူချောလေးသည် ဝိုင်ကောင်းကောင်းတစ်ခွက်လို ယစ်မူးစေနိုင်စွမ်းရှိနေပုံရသည်။ သူသည် နန်ဖန်းကျောင်းတော်တွင်ရှိစဉ်ကတည်းက သိသာထင်ရှားစွာ ရင့်ကျက်နေခဲ့ပြီး ယခုအခါတွင် ပို၍ယုံကြည်မှုရှိပြီး ဆွဲဆောင်မှုရှိသောသူတစ်ယောက်ဖြစ်လာခဲ့ပြီ။
သူမ သူ့အရည်အချင်းကို ကောင်းကောင်းတွေးပြီး ပိုအာရုံစိုက်သင့်သည်။
ရွှေဆံနွယ် ကောင်မလေးကို လုချင်းအာ လှမ်းကြည့်လိုက်သည်။
လုချင်းအာ၏အကြည့်ကို အာရုံခံမိသည့်အတွက် ကျန်းချင်းအာကလည်း သူမဘက်သို့ လှည့်လာပြီး ......
" ငါ့သတို့သားလောင်းကတော်တယ်မလား....."
***