← Chapters

နိဂုံးချုပ်ပြီ....

Vol. 30 Ch. 419

နိဂုံးချုပ်ပြီ....

Vol. 30 Ch. 419

ကျန်းချင်းအာ၏မေးခွန်းသည် မလိုလားအပ်သော တုန်လှုပ်ချောက်ချားမှုတစ်ခုကိုဖြစ်ပေါ်စေခဲ့သည်။ လုချင်းအာ လှပစွာ မျက်မှောင်ကြုတ်လိုက်ပြီး....

" ဘာတွေလာပြောနေတာလဲ...ဒီကတ်ကိုထုတ်သုံးနေပြီလား....."

သူမအတွက် ကျန်းချင်းအာနှင့်လီလော့ တို့၏ စေ့စပ်မှုသည် နာမည်ခံသက်သက်မျှသာဖြစ်သည်။ ဆန့်ကျင်ဘက်အနေနဲ့ စေ့စပ်ပွဲကို ပျက်ပြယ်သွားမယ်ဆိုရင် ပိုစိုးရိမ်စရာကောင်းလာလိမ့်မည်။

ဒါပေမယ့် မိန်းမသားတို့ရဲ့ ဗီဇအရ သူတို့ရဲ့ လက်ရှိအချစ်ရေးဟာ နက်နဲပေမယ့် အစစ်အမှန်မဟုတ်ကြောင်း သူမ အလိုလိုသိနေခဲ့သည်။

နီးစပ်နေတယ်လား... သူတစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုအပြည့်ရှိပေမယ့် ကျန်းချင်းအာက လီလော့ကို မောင်လေးတစ်ယောက်ကိုဂရုစိုက်သလိုဂရုစိုက်နေတာလေ.....

ထို့ကြောင့် လုချင်းအာသည် စေ့စပ်ပွဲမဖြစ်သင့်ဟု ခံစားခဲ့ရသည်။

ထိုစေ့စပ်ပွဲသာမရှိလျှင် သူမ လီလော့ ကို ပွင့်ပွင့်လင်းလင်း လိုက်မိသည်မှာ ကြာပြီဖြစ်သည်။ အတူတူရှိနေပြီလို့တောင် ဆိုနိုင်လိမ့်မည်။ဒီအတိုင်းသာ ကျန်းချင်းအာကို အစ်မတစ်ယောက်လို ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ပေမည်။

လုချင်းအာ သတိကပ်လိုက်ပြီး....

"လီလော့ အရမ်းတော်တယ်..စီနီယာကျန်းမှာ ဒီလိုတော်တဲ့မောင်လေးတစ်ယောက်ရှိတာ တကယ်ကံကောင်းတာပဲနော်....."

ကျန်းချင်းအာ မျက်နှာတစ်ချက်မပျက်ခဲ့ပေ။ သူမကို စိန်ခေါ်ရဲသည့် လုချင်းအာ၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုရမည်ဖြစ်သည်။

"အရမ်းကြီးချီးကျူးနေစရာမလိုပါဘူး... နင်လည်း လီလော့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပဲလေ...."

"သူငယ်ချင်းကောင်း..."

ထိုစကားနှစ်​ခွန်းသည်​ ပြင်းထန်​​သော ထိုးနှက်ချက်​တစ်​ခုဖြစ်​သည်​။

လုချင်းအာ ထိန်းမရအောင်မျက်နှာပျက်နေလေပြီ။

သူတို့နှစ်ယောက်ရဲအသံကတိုးနေပေမယ့် ဘေးနားမှာရှိနေတဲ့ ပိုင်မျန်မျန်ကတော့ အစအဆုံး ကြားနေခဲ့ရသည်။သူမ နှစ်ယောက်စလုံးကို ပြုံးပြပြီး လုချင်းအာ ကို စိတ်ထဲကနေသာ လက်မထောင်ပြလိုက်သည်။

စီနီယာကျန်းကို စိန်ခေါ်ဖို့ ဘယ်သူမှ သတ္တိမရှိဘူး၊ လုချင်းအာလောက် မသန်မာတာ စိတ်မကောင်းစရာပဲ....

အကယ်၍ သူမတွင်သာ ခြိမ်းခြောက်မှုတစ်ခုပြုလုပ်ရန် သတ္တိအနည်းငယ်ရှိပါက၊ စီနီယာကျန်းကို အမှန်တကယ် စမ်းသပ်နိုင်ပေမည်။

ကြယ်တာယာခရီးရှည်ကောလိပ်ဘက်တွင်အောင်ပွဲခံနေပေမယ့် အပြာရောင်ချောက်နက်ကောလိပ်ဘက်မှာတော့ အခြေနေသိပ်မကောင်းနိုင်ရှာပေ။

ကျောက်ဟွေရင်း ပါ၀င်ပြီး သူတို့အားလုံး စိတ်ဓာတ်ကျကာ ရေကန်ကို စိုက်ကြည့်နေကြသည်။ စိတ်လှုပ်ရှားမှုအားလုံးက သူတို့ဆီကနေ လွင့်ထွက်သွားခဲ့ကြပြီ။

ဒါဟာ သူတို့မျှော်လင့်ထားတဲ့ ရလဒ်မဟုတ်ခဲ့ဘူး.....

"ဘယ်လိုဖြစ်ကုန်တာလဲ...!"

ကျောက်ဟွေရင်း လက်ရန်းကို ပြင်းထန်စွာ ရိုက်လိုက်သည်။

"ငါတို့ ဘယ်လိုရှုံးခဲ့တာလဲ?!"

ကျုံးနန် သက်ပြင်းချလိုက်သည်။

"လီလော့က တကယ့်ကို ကိုင်တွယ်ရခက်တဲ့သူပဲ... "

"ငါတို့ရဲ့ တွက်ချက်မှုတွေ ဘာမှားသွားလို့လဲ"

ကျောက်ဟွေရင်း အော်လိုက်သည်။

လုကျန်းသည် ၎င်းတို့၏ အဆုံးစွန်သော လျှို့ဝှက်လက်နက်ဖြစ်ပြီးအပြည့်အဝအကျိုးသက်ရောက်စေရန် အသုံးပြုခဲ့သည်။

ဒါတောင်ရှုံးသေးတယ်ဆိုတော့...ဘာများထပ်ပြောရပါ့မလဲ......

ကျုံးနန် ခါးသက်စွာ ရယ်မောလိုက်သည်။ ဒါနဲ့ ပတ်သက်ပြီး သူတို့ လုပ်နိုင်တာ ဘာမှမရှိဘူး။ သူတို့ အားနည်းခဲ့တယ်...ဒါပဲလေ.....

"ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ အခြေခံအုတ်မြစ်က အပြာရောင်ချောက်နက်ကောလိပ်ထက် ပိုခိုင်ခံ့တယ်။ သူတို့ရဲ့ အားနည်းတဲ့ ကြယ်နှစ်ပွင့်ခန်းမကြောင့်သာ မဟုတ်ရင်၊ နောက်ဆုံးအဆင့်ကို ရောက်ဖို့တောင် မဖြစ်နိုင်ဘူး" ဟု ကျုံးနန်က ထောက်ပြသည်။အံတင်းတင်းကြိတ်ထားသော ကျောက်ဟွေရင်းသည် ရလဒ်ကို လက်မခံနိုင်သေးပေ။

သူမ ရေကန်ကို စိုက်ကြည့်ရင်း အတွေးများယောက်ယက်ခတ်နေရှာသည်။

"လီလော့!!!!!!…”

နောက်ဆုံး ဘယ်လိုမှထိန်းမထားနိုင်တော့တာကြောင့်သူမ၏ စိတ်ပျက်မှုများကို အော်ဟစ်လိုက်မိသည်။

လီလော့က သူ့ကျောင်းရဲ့ ဂုဏ်ကျက်သရေကို ကာကွယ်ခဲ့တယ်... ဆန့်ကျင်တာတွေ၊မတရားတာတွေ ဘာတစ်ခုမှမလုပ်ခဲ့ဘူး.....ဒါပေမယ့်လည်း အံ့သြစရာတွေချည်းပဲလုပ်ပြသွားတယ်......

ကျန်းချင်းအာနှင့်သူမ ပြောခဲ့ဖူးသည့်စကားများကို သတိရမိလိုက်သည်။

လုကျန်း လီလော့ကို အနိုင်ယူမည်ဟု အခိုင်အမာပြောသောအခါ ကျန်းချင်းအာက သူ့ကို လျှော့တွက်ခြင်းမှာ ပထမဆုံးမဟုတ်ကြောင်း ပြောခဲ့သည်။ ယခုတော့ ကျောက်ဟွေရင်း ကိုယ်တိုင်လည်း ထိုအဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ရပြီ။

" ကျန်းချင်းအာရဲ့သတို့သားလောင်းက သာမာန်မဟုတ်ဘူးပဲ"

ကျောက်ဟွေရင်း စိတ်ထဲကနေ တွေးနေမိသည်။

လီလော့နှင့်တွေ့ဆုံရာတွင် အရည်အချင်းအချို့ကို ခံစားခဲ့ရသော်လည်း ကျန်းချင်းအာ နှင့် နှိုင်းယှဉ်လို့တော့မရသေးပေ။ သူတို့သည် အဆင့်ကွာခြားသော်လည်း နှစ်ယောက်စလုံး ချောမောကြသည်က်ိုတော့ ဝန်ခံရလိမ့်မည်။

ဒါပေမယ့် ဒီမဟာတိုက်ပွဲရဲ့နိဂုံးမှာတော့ ကျောက်ဟွေရင်းဟာ သူမရဲ့ထင်မြင်ချက်ကို ပြောင်းလဲပစ်ခဲ့ရလေပြီ။

ရေကန်အောက်ခြေမှာ ဘာပဲသုံးခဲ့သုံးခဲ့ လီလော့က သူ့အစွမ်းအစကို သေချာပေါက် သက်သေပြနိုင်ခဲ့သည်။

ကျောက်ဟွေရင်း ပျင်းရိစွာကျောဆန့်လိုက်ပြီး သူမ၏အဝတ်အစားများကို သပ်ရပ်အောင်ပြုပြင်လိုက်သည်။

“ထားလိုက်တော့.... ဆုံးရှုံးမှုဆိုတာ ဆုံးရှုံးမှုတစ်ခုပဲပေါ့.... လီလော့ ငါ မင်းကို သတိရနေမယ်။ ပြီးတော့ ရှန့်ပိန်းတွေ့ဆုံပွဲ မှာ မင်းဘယ်လောက်ထိ ရောက်နိုင်လဲဆိုတာ ငါကြည့်နေမယ်....."

..................

အကြီးအကဲများ၏ စင်မြင့်ထက်တွင်......

ရှပြည်ထောင်စုမှ အကြီးအကဲများသည် အပြုံးနေသော လူငယ်လေးကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။ သူတို့အား ရင်းနှီးသောသူနှစ်ယောက်ကို သတိရမိလိုက်ကြသည်။

အတိတ်က သူတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့တဲ့ ပုဂ္ဂိုလ်နှစ်ယောက်.......

ထိုလင်မယားနှစ်ယောက်၏ထူးချွန်မှုကြောင့် မည်သူနှင့်မျှ ခေါင်းမဖော်ဝံ့ခဲ့ကြပေ။

ဇူချင်းဟောင်၊ ဒူဇီယန်နှင့် အခြားသူများသည် ၎င်းတို့၏ အမူအရာကို ဂရုတစိုက် ဖုံးကွယ်ထားကြသည်။

"အဖေတူသားပဲ....ဒီဆိုရိုးစကားဟောင်းကို ငါတို့ လျှော့တွက်ခဲ့တာပဲ။"

အိမ်တော်သခင် စီချင်း၏မှတ်ချက်ကိုဘယ်သူမှ ပြန်မဖြေခဲ့ကြပေ။

ဇူချင်းဟောင်နှင့်ဒူဇီယန်ပင်လျှင် စိတ်ထဲကနေဝန်ခံခဲ့ရသည် ။ သူတို့ ဤသခင်လေးကို လျှော့တွက်ခဲ့သည်မှာ ကြာလှပြီ။ အလွန်ထူးချွန်သောကျန်းချင်းအာကို အာရုံစိုက်နေချိန်တွင် တစ်ချိန်က ဗလာ နန်းတော်ရှိခဲ့ဖူးသည့် သခင်လေးကို မည်သူက အာရုံစိုက်မည်နည်း။

သို့ပေမယ့်လည်း သတိမမူမိသော သခင်ငယ်သည် ရုပ်ဖျက်ထားသော နဂါးတစ်ကောင်ဖြစ်နေသည်။

ကျန်းချင်းအာလောက် မသန်မာသေးပေမယ့် ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက်ပင်......

"လီတိုင်ရွှမ်နဲ့တိုက်တန်လန်တို့ ကံကောင်းလိုက်ကြတာ....လော့လန်အိမ်တော်အတွက် အရည်အချင်းရှိတဲ့ အမွေဆက်ခံသူတွေမွေးထုတ်ပေးနိုင်ခဲ့တာကိုပဲကြည့်လေ......"

ဇူချင်းဟောင်၏အပြောကြောင့် ဒူဇီယန်မျက်မှောင်ကြုံ့လိုက်မိသည်။

ကြားနေဝါဒသမားပီသသည့် ယုဟုန်ရှီကတော့ ဘာတစ်အခွန်းမှဝင်မပြောသေးပေ။

ဖြောင်းးးးဖြောင်းးးး

ရုတ်တရတ် လက်ခုပ်သံကြောင့် သူတို့အားလုံး လှည့်ကြည့်လိုက်သည်။ ထိုသူမှာဧကရာဇ်ငယ်ဖြစ်နေခဲ့သည်။

"ကြယ်တာယာခရီးရှည်ကောလိပ်က ရှပြည်ထောင်စုကို ကိုယ်စားပြုတယ်...ဒီနေ့ လီလော့ရဲ့ ကောလိပ်အတွက်တင်မကဘူး ကျုပ်တို့နိုင်ငံကိုယ်ပါဂုဏ်တက်စေခဲ့ပြီ....."

ဇူချင်းဟောင်က ချိုမြိန်စွာ ပြုံးပြလိုက်သည်။

"အမှန်ပါပဲ၊ ဘုရင်မင်းမြတ် မိန့်တော်မူတဲ့အတိုင်းပါပဲ....လီလော့က ရှပြည်ထောင်စု မှာ တကယ့်အရည်အချင်းရှိသူပါ။ သူနဲ့ ကျန်းချင်းအာ ကြီးပြင်းလာတဲ့အခါ ငါတို့မှာ မြို့စားအသစ် နှစ်ယောက်ရှိမယ်လို့ ငါပြောရဲတယ်...."

လူကြီးများက ခေါင်းညိတ်ကာ အတင်းပြုံးပြနေကြရသည်။ သူတို့သည် နိုင်ငံတော်အတွက် ပျော်ရွှင်ရသော်လည်း သူတို့အတွက်တော့မပျော်ရွှင်နိုင်ခဲ့ပေ။

ဒုကျောင်းအုပ်စုရှင်း မတ်တပ်ထရပ်ပြီး ဒုကျောင်းအုပ် ချွဲ့ဂျီဇီထံသို့ လှည့်လိုက်သည်။

"စိတ်မကောင်းပါဘူး.. ဒုတိယကျောင်းအုပ်ချွဲ့...ငါတို့က အိမ်ရှင်တွေပဲ၊ ဒါပေမယ့် ရှင်တို့ရဲ့အပျော်တွေကိုပျင်စီးစေခဲ့မိပြီ...."

ချွဲ့ဂျီဇီ သက်ပြင်းချလိုက်သည်။

"ဒုကျောင်းအုပ် စုရှင်း၊ မင်းက ယဉ်ကျေးသိမ်မွေ့လွန်းတယ်.. အပြာရောင်ချောက်နက်ကောလိပ်က မင်းတို့ကျောင်းလောက် မခိုင်မာဘူး... ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး......"

သူတို့သည် နောက်ထပ် ပျော်ရွှင်စရာများကို ဖလှယ်ကြပြီးနောက် စုရှင်းက လူအုပ်ဆီသို့ လှည့်လာပြီး သူမ၏ အသံသည် အဝေးဆုံးထောင့်အထိ ကြည်လင်ပြတ်သားစွာ သယ်ဆောင်သွားခဲ့သည်။

"ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ကိုယ်စားလှယ် ခုနစ်ဦးကို အမြင့်မားဆုံး ချီးကျူးဂုဏ်ပြုအပ်ပါတယ်... သူတို့အားလုံးက ထူးချွန်စွာနဲ့ကြယ်တာယာခရီးရှည်ကောလိပ်ကို ဂုဏ်ကျက်သရေ ဆောင်ကြဉ်းပေးခဲ့တယ်.... တစ်ချိန်တည်းမှာပဲ အံ့မခန်း ပြိုင်ပွဲအတွက် အပြာရောင်ချောက်နက်ကောလိပ် ၏ ကိုယ်စားလှယ် ခုနစ်ဦးကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောပါရစေ.... သူတို့ရဲ့ရည်မှန်းချက်တွေကို ရှန့်ပိန်းတွေ့ဆုံပွဲပထိ သယ်ဆောင်သွားပေးပါ့မယ်.....နိဂုံးချုပ်အနေနဲ့ ရှန့်ပိန်းတွေ့ဆုံပွဲအတွက် ဝင်ခွင့်ပြိုင်ပွဲ ပြီးဆုံးသွားခဲ့ပါပြီ........"

***

All Chapters