← Chapters

ချိုမြိန်သောဆုလာ်.....

Vol. 30 Ch. 420

ချိုမြိန်သောဆုလာ်.....

Vol. 30 Ch. 420

ဝင်ခွင့်ပြိုင်ပွဲ တစ်ခု၏ အံ့မခန်း ပွဲစဉ်များ ရုတ်တရက် ပြီးဆုံးသွားခဲ့သည်။ ကျောင်းသားအချို့သည် နောက်ရက်များတွင် ဝမ်းနည်းပူဆွေးမှု အနည်းငယ်ခံစားရပြီး တိုက်ပွဲမြင်ကွင်းများကို မျှော်လင့်တောင့်တနေကြဆဲပင်......

ကျောင်းသားတွေ ဒီကိစ္စကို ဆွေးနွေးလို့မပြီးဆုံးနိုင်ကြသေးပေ။ တိုက်ပွဲ ပြီးသွားပေမယ့် သူတို့ရဲ့ မှတ်ဉာဏ်တွေထဲမှာ စွဲထင်နေဆဲပင်မဟုတ်လား....

သူတို့ စိတ်လှုပ်ရှားစွာ ကြည်နူးခဲ့ရသည့် အခိုက်အတန့်မှာ လီလော့၏ တိုက်ပွဲဖြစ်သည်။ ယုတ္တိရှိရှိပြောရရင် ကြယ်တစ်ပွင့်ခန်းမ တိုက်ပွဲသည် အနိမ့်ဆုံးအဆင့်ဖြစ်သော်လည်း စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်ခဲ့သည်။

ဒါကလည်း လီလော့ရဲ့ ဂုဏ်သိက္ခာကို မိုးပေါ် တက်လာစေပြီး မင်းသမီး၊ ကုန်းရှန်ကျွင်းနဲ့ ကျန်းချင်းအာတို့နဲ့ ယှဉ်နိုင်လောက်သည်အထိ ပရိတ်သတ်အင်အားတောင့်တင်းလာခဲ့သည်။

ပထမနှစ်ကျောင်းသားဘဝတွင်ရှိစဉ် ဤကျော်ကြားမှုအဆင့်သို့ရောက်ရှိခြင်းသည် သူ့ရှေ့တွင် ကျန်းချင်းအာတစ်ဉီးတည်းသာရှိခဲ့ဖူးသည်။

ထို့အပြင် ခိုရလဒ်၏ သက်ရောက်မှုသည် ကျောင်းအတွင်း၌သာ သက်ရောက်မှုရှိခဲ့သည်မဟုတ်ဘဲ စုရှင်း နိဂုံးချုပ်ကြောင်း မကြေငြာမီတွင် သတင်းပေးပို့သူများသည် ကျန်ရှိသော ရှပြည်ထောင်စုတစ်ဝှမ်းသို့ လျင်မြန်စွာ သတင်းပို့နှင့်ခဲ့ကြသည်။ တိုက်ပွဲ၏အသေးစိတ်အချက်တစ်ချက်ကို ချန်မထားခဲ့ကြပေ။

များမကြာမီတွင်၊လော့လန်အိမ်တော်၏ ဂုဏ်သတင်းသည် ၎င်း၏သခင်ကဲ့သို့ပင် မြင့်မားလာခဲ့သည်။

လော့လန်အိမ်တော်၏ဂုဏ်သတင်းသည် ဤနှစ်များတစ်လျှောက်လုံး ဆိတ်သုဉ်းနေခဲ့သည်။ဟန်သာရှိပြီးအဆန်မရှိတော့သော လော့လန်အိမ်တော်ကို သအိမ်ရှင်နှစ်ဦး အမှန်တကယ် ပြန်လာမည်ကို စိုးရိမ်သောကြောင့် အခွံကို မည်သူမျှ မချိုးဝံ့ကြပေ။

ဖီးနစ်အသစ်တစ်ကောင်သည် ပြာပုံထဲမှရုန်းထကာ လှုပ်ရှားဝံ့သည့်ရန်သူမှန်သမျှကို တွန်းလှန်ရန် သူမ၏ခွန်အားကို ပြသခဲ့သည်။

သခင်ငယ် လီလော့သည် ဖီးနစ်၏ တောက်ပသော အတောင်ပံများနောက်တွင် ပုန်းအောင်းနေခဲ့ပြီး မေ့ပျောက်ခံခဲ့ရသည်။

ကျန်းချင်းအာ၏ စေ့စပ်ထားသူအဖြစ်သာ လူသိများခဲ့သည်အထိပင်.....

ဒါပေမယ့် ဒီပြိုင်ပွဲအပြီးမှာ လူတိုင်း လီလော့ကို သတိပြုလာမိကြလိမ့်မည်။

သူ့ကို ဘယ်သူမှ နှိမ့်ချဝံ့မှာ မဟုတ်တော့ဘူး.....

မည်သို့ပင်ဆိုစေ လီတိုင်ရွှမ်နှင့်တိုင်တန်လန်တို့လို ကြီးကျယ်တဲ့ မိဘနှစ်ပါးကနေ မွေးဖွားလာခဲ့သူတစ်ယောက်က ဘယ်လိုများ သာမာန်အရည်အချင်းရှိနေနိုင်မှာလဲ.....ကြီးမားသောရည်မှန်းချက်ရှိ၍သာ သိိုသိုသိပ်သိပ်နေထိုင်ခဲ့ခြင်းဖြစ်တန်သည်။

ဝင်ခွင့်ပြိုင်ပွဲပြီးနောက်..လော့လန်အိမ်တော်၏ဂုဏ်သတင်းသည် ၎င်း၏စီးပွားရေးလုပ်ငန်းများကို ပိုမိုတိုးတက်စေလာလိမ့်မည်။ အထူးသဖြင့် အိမ်တော်၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော ရှီးယန်စံအိမ်သည် အရောင်းအ၀ယ်ကောင်းမွန်လာခဲ့သည်။

............

လီလော့ နောက်ရက်အနည်းငယ်အတွင်း ပြန်လည်သက်သာလာခဲ့သည်။လုကျန်းနှင့် တိုက်ပွဲသည် သူတိုက်ဖူးသမျှထဲတွင် အခက်အခဲဆုံးဖြစ်ခဲ့သည်။လင်းစွော်နှင့်တိုက်ခိုက်ခဲ့စဉ်က အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏စွမ်းအားကြောင့် ဤမျှလောက်ထိ မခက်ခဲခဲ့ပေ။

ပြန်လည်သက်သာလာပြီးသည်နှင့် စွမ်းအားဖြည့်တင်းရန် ကျင့်ကြံခဲ့သေးသည်။

သုံးရက်မြောက်သောနေ့တွင် ကျန်းချင်းအာ သည် သူ့ကိုတွေ့ရန် ရောက်လာခဲ့သည်။

နှစ်ယောက်သား ပခုံးချင်းယှဉ်ပြီး ရေကန်ကို ပတ်ထားတဲ့ ကျောက်တုံးလမ်းအတိုင်း လမ်းလျှောက်ဖြစ်ခဲ့ကြသည်။

အချင်းချင်း စကားစမြည်ပြောဆိုနေသောကြောင့် စူးစမ်းလိုသောအကြည့်များကို သတိမပြုမိခဲ့ကြပေ။

ဤတစ်ကြိမ်တွင် သူတို့သည် လီလော့ကို ပို၍ ဖော်ရွေစွာ ကြည့်ရှုကြပြီး အချို့က ဖြတ်သွားစဉ်တွင်ပင် လေးလေးစားစား နှုတ်ဆက်သွားကြသည်။

နှစ်ယောက်သား အတော်အတန် လျှောက်လာခဲ့ပြီးချိန်တွင် လူနှစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။

ကျောက်ဟွေရင်းနှင့်လုကျန်း.....

ပြိုင်ပွဲပြီးဆုံးခဲ့သော်လည်း အပြာရောင်ချောက်နက်ကောလိပ်က ပြန်မသွားကြသေးပေ။

ကျောက်ဟွေရင်းက အားပါးတရပြုံးပြီး သူတို့ကို အားသွန်ခွန်စိုက် လက်ဝှေ့ယမ်းပြနေသည်။

လီလော့နှင့်ကျန်းချင်းအာတို့အကြည့်ချင်းဖလှယ်ကြပြီး သူတို့ဆီသို့ လျှောက်သွားခဲ့ကြသည်။

"နင် မပြန်သေးဘူး လား?"

လီလော့က အနည်းငယ် သံသယဝင်နေဟန်ဖြင့်မေးလိုက်သည်။

" အတင်းနှင်နေတော့တာပဲ....ပြန်မှာပါ...ဒီနေ့ပြန်မှာ......."

"နင် ဘွဲ့ရပြီးရင် ရှပြည်ထောင်စုကိုလာခဲ့.... ငါတို့ကြိုဆိုပါတယ်" ဟု ကျန်းချင်းအာက ပြောလိုက်သည်။

"ငါပြောပြီးသားပဲလေ...လီလော့ကိုကန်ထုတ်ပြီး လော့လန်အိမ်တော်ကို သိမ်းပိုက်လိုက်....ငါချက်ချင်းလာခဲ့မယ်....."

ကျောက်ဟွေရင်း၏ တည့်တိုးဆန်သောအပြောကြောင့် လီလော့ မျက်လုံးပြုးသွားရှာသည်။

လုကျန်းကိုကြည့်ရသည်မှာ လီလော့ကို ပြောစရာတခုခုရှိနေပုံရသည့်အတွက် ကျန်းချင်းအာက ကျောက်ဟွေရင်းကို ခေါ်ထုတ်သွားပေးခဲ့သည်။

"ကောင်းပြီ အရှုံးကို လက်မခံနိုင်သေးဘူးလား"

လီလော့က ရေကန်ဘေးက ကျောက်တုံးကြီးတစ်ခုကို မှီ၍ သူ့ကို ပြုံးပြလိုက်သည်။

လုကျန်းက ခေါင်းယမ်းလိုက်သည်။

"လုံးဝမဟုတ်ပါဘူး၊ အတိအကျပြောရရင် ငါကသာ တခြားတစ်ယောက်ရဲ့ ခွန်အားကိုသုံးပြီး လှည့်စားတဲ့သူပါ..."

လီလော့ အနည်းငယ် နွေးထွေးသွားသလို ခံစားလိုက်ရသည်။ လုကျန်းသည် အလွန်ရိုးသားသူဖြစ်သည်။

"အင်း၊ အဲ့ဒါက လှည့်စားတာမဟုတ်ဘူး.... မင်းရဲ့ အထူးလက်ဆောင်ပဲ...."

လုကျန်း တုံ့ဆိုင်းသွားသည်။

"တကယ်တော့ မင်းငါ့ကိုတိုက်ခဲ့တဲ့ နောက်ဆုံးတိုက်ခိုက်မှုက ဘာကြောင့် ဒီလောက်ပြင်းထန်လဲဆိုတာ ငါသိချင်တယ်"

လီလော့ အံ့သြသွားသည်။ ရေကန်ရဲ့ အောက်ခြေက သူ့ရဲ့ နောက်ဆုံးလက်သီးချက် ကို ပြန်အမှတ်ရမိခဲ့သည်။ ထိုအခိုက်အတန့်တွင်၊ သူသည် ရေအလင်းပဲ့တင်ထပ်သံကို ဆင့်ကဲပြောင်းလဲခဲ့သော်လည်း ပဲ့တင်ထပ်သံ နှင့်ပတ်သက်သော နောက်ထပ် ကျွမ်းကျင်မှု တစ်ခုကြောင့် သူလုပ်နိုင်သမျှကို စီမံနိုင်ခဲ့သည်။

ပဲ့တင်ထပ်သံနှစ်ခုတွင် အဆင့်သုံးဆင့်ပါရှိသည်- အသေးအမွှားပေါင်းစပ်ခြင်း၊ တစ်ခုတည်းဖြစ်လာခြင်း၊အာရုံခံစားနိုင်ခြင်း....

ယခင်က သူ၏ ပဲ့တင်ထပ်သံ နှစ်ခုသည် ပထမခြေလှမ်းတွင် အမြဲရှိခဲ့သော်လည်း ပြင်းထန်သောဖိအားများကြောင့် ခြေတစ်လှမ်း တိုးနိုင်ခဲ့သည်။

ရောင်ခြည်နှစ်ဆင့်သည် လုံလောက်သော သက်သေဖြစ်သည်။

ပြီးခဲ့သောနှစ်ရက်တွင်၊ သူသည် ပဲ့တင်ထပ်သံနှစ်ခုကို ဆက်လက်စမ်းသပ်နေသော်လည်း အောင်မြင်မှုကို ပုံတူကူးယူနိုင်ခြင်းမရှိပေ။ သူ၏ ခတ္တမျှ အောင်မြင်မှုသည် စစ်မှန်သော ကျွမ်းကျင်မှု မဟုတ်ပေ။

သို့တိုင် ၎င်းသည် ကောင်းသောလက္ခဏာတစ်ခုဖြစ်သည်။ ပဲ့တင်ထပ်သံနှစ်ခုပါသော သူ၏စွမ်းရည် တိုးတက်လာကြောင်း ညွှန်ပြနေသည်။ အတိုချုံးအောင်မြင်မှုတစ်ခုတောင်မှ မအောင်မြင်တာထက် ပိုကောင်းသည်မဟုတ်လော.... မကြာမီတွင် ခြေလှမ်းတစ်လှမ်း လှမ်းလာမည်မှာ သေချာသည်။

"အဲ့ဒါက ပဲ့တင်ထပ်သံနှစ်ခုရဲ့ စစ်မှန်တဲ့ စွမ်းအားပါ..."

လုကျန်း ပင့်သက်ရှိုက်လိုက်မိသည်။

"အဲဒါကမှ ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူရဲ့အစစ်အမှန် စွမ်းအားပါ...ငါ့ညီရဲ့ ခွန်အားကို ချေးယူနိုင်ပေမယ့် မင်းရဲ့ပဲ့တင်ထပ်သံနှစ်ခုနဲ့မတူဘူး.... အဲဒါတွေကို ပေါင်းစပ်လို့မရဘူး.... "

လီလော့ ခေါင်းညိတ်လိုက်သည်။ သူသည် တိုက်ပွဲတွင် ကောင်းစွာ သဘောပေါက်နိုင်ခဲ့သည်။လုကန် ပံ့ပိုးပေးတဲ့အတွက် သူ့ရဲ့ ပဲ့တင်ထပ်သံ စွမ်းအားတွေ အရမ်းပြင်းထန်ပေမယ့် စွမ်းအားနှစ်ခုက အဆုံးအထိ သီးခြားဖြစ်နေဆဲပင်.....

၎င်းတို့သည် မပေါင်းစည်းနိုင်ဘဲ ပဲ့တင်ထပ်သံနှစ်ခု၏ စစ်မှန်သော စွမ်းအားကိုရှောင်ဖယ်သွားခဲ့သည်။

စပါးအုံးမြွေနှစ်ကောင်သည် နဂါးတစ်ကောင်ကို အနိုင်မယူနိုင်ပေ။

"ကောင်းပြီ၊ မင်းကိုယ်တိုင်က အရမ်းတော်တာပဲ"

လီလော က ခံစားချက်အစစ်အမှန်ဖြင့် သူ့ကို လက်မထောင်ပြလိုက်သည်။

လုကျန်းက သူ့ကို ပြန်ပြုံးပြပြီး.....

"ငါတို့ကောလိပ်က ရှန့်ပိန်းတွေ့ဆုံပွဲကိုတက်ရောက်နိုင်မှာမဟုတ်ဘူး...ဒါပေမယ့် မင်းကို စောင့်ကြည့်နေမယ်။ အကောင်းဆုံးပါပဲ။ မင်းကောင်းဆုံးကြိုးစားမယ်လို့ ငါမျှော်လင့်တယ်။ မင်းရဲ့ ပြိုင်ဘက်တွေက ငါ့ထက် အများကြီး ပိုအားကောင်းလိမ့်မယ်...."

"နောက်ထပ် သတင်းတစ်ပုဒ်၊ အခမဲ့ပေးမယ်.... ရှန့်ပိန်းတွေ့ဆုံပွဲမှာ မင်းတစ်ယောက်တည်း စစ်မှန်တဲ့ ပဲ့တင်ထပ်သံနှစ်ခုအသုံးပြုသူ ဖြစ်လာမှာ မဟုတ်ဘူး..... သူတို့ ဘယ်သူပဲဖြစ်ဖြစ်၊ မင်းလည်း ပဲ့တင်ထပ်သံနှစ်ခုရဲ့ စစ်မှန်တဲ့ စွမ်းအားကို ရင်ဆိုင်ရမယ်ဆိုတာ သေချာတယ်..."

လီလော့ အံ့သြသွားသော်လည်း အရမ်းကြီးတော့မဟုတ်ခဲ့ပေ။ ထို့နောက် ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက််သည်။

"ဒါဆိုရင်... ငါနည်းနည်းစိတ်ဝင်စားသွားပြီ...."

***

All Chapters