← Chapters

တောင်ပံဖြန့်သော လင်းယုန်ငယ်များ

Vol. 33 Ch. 493

တောင်ပံဖြန့်သော လင်းယုန်ငယ်များ

Vol. 33 Ch. 493

ပင်လယ်အလောင်းကောင်မျိုးနွယ်၏ ရှေးဟောင်းကြေးမှန်ကြီးပေါ်တွင်…။

ရွှီချင်း မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ သူ့ခန္ဓာကိုယ်သည် ရှုပ်ထွေးနေပြီး ကိုယ်တွင်းအင်္ဂါများလည်း အလွန်အမင်းနာကျင်နေ၏။

လည်ချောင်းထဲက ချိုအီသော ခံစားလိုက်နှင့်အတူ ကြေးမှန်ကြီးပေါ်သို့ သွေးတစ်ပွက်ထွေးထုတ်လိုက်ရာ ၎င်းသွေးများသည် သွေးစက်များအဖြစ် စီးကျသွားကြ၏။

ခေါင်းမော့လာချိန်၌ ရွှီချင်း၏ မျက်လုံးတို့တွင် အထိတ်တလန့် ဖြစ်နေသည်။

“အလောင်းတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ ဧရာမဘီလူးကြီးက…အလောင်းကောင်တားမြစ်နယ်မြေရဲ့ အင်ပါယာဖြစ်နေတာလား။”

“ပြီးတော့ ကြေးတံခါးကြီးထဲက အကောင်ကြီးက သူ့ကိုစားလိုက်တယ်။”

ကြေးတံခါးကြီးထဲက ဆန့်ထွက်လာသည့် ရွှေလက်ကြီးပုံရိပ်သည် ရွှီချင်းစိတ်ထဲ ပြန်လည် ထင်ဟပ်လာသည်။ ၎င်းထုတ်လွှတ်နေသည့် နတ်စွမ်းအားခံစားချက်နှင့် တိုက်ရိုက်ကြည့်မရနိုင်သော ထည်ဝါကြီးမြတ်ခြင်းသည် သူ့စိတ်ထဲတွင် လှိုင်းများ အဆက်မပြတ် ရိုက်ခတ်စေ၏။

ထိုမြင်ကွင်းသည် လူမဟုတ်ကျင့်ကြံသူ၏ မှတ်ဉာဏ်သာ ဖြစ်ကြောင်းကိုလည်း သူကောင်းကောင်း သိနေသည်။

တစ်နည်းဆိုရလျှင် ၎င်းမြင်ကွင်းအားလုံးသည် တစ်ကြိမ် စစ်ထုတ်လိုက်ပြီး ဖြစ်သည်။ သို့တိုင်အောင် ရွှီချင်း၏ ကိုယ်ပွားသည် ချက်ချင်း ပြိုကွဲထွက်သွား၏။ သူ့ပင်မခန္ဓာကိုယ်သည်ပင် ဒဏ်ရာများ ရလိုက်သေးသည်။

ထိုလက်ကြီး၏ အသက်အလွှာအဆင့်သည် လွန်စွာမြင့်မားကြောင်း သူကောင်းကောင်းမှန်းဆကြည့်နိုင်၏။

“နတ်ဘုရားနောက်တစ်ပါး…”

ရွှီချင်း အဖြေကို မှန်းဆနေစရာပင် မလိုတော့ပေ။

အချိန်အတန်ကြာမှ ရွှီချင်းက လှုပ်ခတ်နေသည့် ခံစားချက်တို့ကို ထိန်းချုပ်နိုင်သည်။ သူက ချက်ချင်းချီယွဲ့ထုံ၏ တားမြစ်ဓမ္မလက်နက်ကိုသုံးကာ သူ့ဆရာထံသို့ ဆက်သွယ်လျက် မြင်ခဲ့သမျှကို ပြောပြသည်။

ရွှီချင်းတင်ပြပြီးနောက်တွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်က ခေါင်းလောင်းသံ ချက်ချင်းမြည်ဟိန်း ထွက်ပေါ်လာသည်။ ဂိုဏ်းပေါင်းစုံ၏ ဘိုးဘေးတို့ရှိနေသည့် လွှတ်တော်တွင် ချက်ချင်းအရေးပေါ်အစည်းအဝေးပွဲကျင်းပ၏။

ထိုကိစ္စအား နောက်ပိုင်းတွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်က မည်သို့ကိုင်တွယ်မည်ကို ရွှီချင်းမသိပေ။ ထိုအချိန်တွင် သူသည် တားမြစ်ဒေသအတွင်းပိုင်းသို့ ကြည့်ရှုစုံစမ်းခြင်းမပြုရန်နှင့် အပြင်ဘက်ဖျားပိုင်းများအား သေချာစောင့်ကြည့်ရန်တော့ အမှတ်ခုနစ်သခင်ကြီးထံမှ အမိန့်ရသည်။

တစ်ချိန်တည်းမှာပင် တစ်ခုခုမှားနေကြောင်း ခံစားမိသည်နှင့် ချက်ချင်းပြန်လာနိုင်ကြောင်းလည်း သတိပေးသည်။

ဆရာဖြစ်သူ စကားလုံးများထဲမှ အခြေအနေ၏ လေးနက်ပြင်းထန်မှုကို ခံစားမိသဖြင့် ရွှီချင်း ချက်ချင်းသဘောတူသည်။

သူက ပြန်လည်ကုစားရင်း ချီယွဲ့ထုံတားမြစ်ဓမ္မလက်နက်ကို အလောင်းကောင်တားမြစ်နယ်မြေအစွန်ဖျားပိုင်းသို့ ချိန်ရွယ်ထားသည်။

သူက အချိန်ပြည့် အာရုံစိုက်ကြည့်မည် ဖြစ်သည်။

ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်၏ တုံ့ပြန်မှုကလည်း လျန်မြန်လှသည်။ နှစ်ရက်အတွင်းပင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့က ဂိုဏ်းပေါင်းစုံ၏ တားမြစ်ဓမ္မလက်နက်တို့က စတင်ခြင်း အခြေအနေသို့ ရောက်ရှိလာကြသည်။ သူတို့က အလောင်းကောင်တားမြစ်နယ်မြေတွင် ပြောင်းလဲမှုတစ်ခုဖြစ်လာနိုင်ကြောင်း ယင်ဟွမ်ပြည်နယ်အနှံ့ သတင်းများ ဖြန့်ကြသည်။

ထိုအသိပေးချက်ပြန့်သွားသည်နှင့် ယင်ဟွမ်ပြည်နယ်သည် ဆူညံလှုပ်ရှားသွား၏။

ထိုသို့ဆင်တူသော ကိစ္စဖြစ်ခဲ့သည့် နောက်ဆုံးအကြိမ်က ဝိညာဉ်အသံတားမြစ်ဒေသထဲတွင်ဖြစ်သည်။ ကပ်ဘေးကြီးပြီးခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း အဖွဲ့များစွာတို့၏ မှတ်တမ်းများထဲတွင်တော့ ကျန်ရှိနေသေးသည်။

ထိုအချိန်က ကြေကွဲဝမ်းနည်းဖွယ်အဖြစ်တို့က ခြောက်ခြားစရာကောင်းလွန်းလှသည်။

ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်က ကျွမ်းကျင်သူတစ်ဖွဲ့စေလွှတ်သည်။ ဂိုဏ်းနှစ်ဂိုဏ်းက ဘိုးဘေးများဦးဆောင်ကာ သူတို့သည် အလောင်းကောင်တားမြစ်နယ်မြေသို့ နောက်ဆုံး စုံစမ်းမှု သွားရောက် ပြုလုပ်ကြသည်။

ထိုစုံစမ်းမှုတွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်က ဓားကိုင်ရုံးတော်ကိုပင် အသိသက်သေအဖြစ် လိုက်ပါရန် ဖိတ်ခေါ်ခဲ့သေးသည်။

ထိုကိစ္စသည် လွန်စွာကြီးလေးသည်။ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်သာမက ထိုက်စီရှန်းမုန်ဂိုဏ်းနှင့် လီထူဂိုဏ်းတို့လည်း ထိုနည်းတူပင် အာရုံစိုက်နေကြသည်။ အလောင်းကောင်တားမြစ်နယ်မြေတွင် ပြဿနာတစ်ခုခုရှိလာသည်နှင့် ယင်ဟွမ်ပြည်နယ်က ဂိုဏ်းအဖွဲ့များအားလုံးမှာ ကပ်ဘေးကို ရှောင်လွှဲနိုင်မည် မဟုတ်တော့ပေ။

ဓားကိုင်ရုံးတော်လည်း ရောက်ရှိလာသည်။

ဓားကိုင်အကြီးအကဲတစ်ဦးပင် ကိုယ်တိုင်ရောက်ရှိလာသည်။

ထိုအဖွဲ့သည် အလောင်းကောင်တားမြစ်နယ်မြေအတွင်းသို့ အလျင်အမြန်ဝင်ရောက်သွားကြသည်။ ရွှီချင်းက တားမြစ်ဓမ္မလက်နက်မှတစ်ဆင့် အာရုံစိုက်ကြည့်နေသည်။ ထိုလူတို့ ဝင်သွားပြီးနောက်တွင် အလောင်းကောင်တားမြစ်နယ်မြေထဲ၌ စွမ်းအားတုန်ခါလှိုင်းများ ထွက်ပေါ်လာသည်။

ထိုလုပ်ငန်းစဉ်တစ်ခုလုံးက များစွာမကြာလိုက်ပေ။ လဝက်အတွင်းတွင်ပင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှာ ပြန်ရောက်ရှိလာကြသည်။

သူတို့အားလုံးက လေးနက်သော ဟန်ပင်များဖြစ်နေကြသည်။ သက်သေအဖြစ်အတူလိုက်ပါခဲ့သော ဓားကိုင်အကြီးအကဲပင် ထိုနည်းတူဖြစ်သည်။

မကြာမီ အလောင်းကောင်တားမြစ်နယ်မြေအတွင်းသို့ စုံစမ်းခဲ့ခြင်းမှ ရလဒ်တို့အား ယင်ဟွမ်ပြည်နယ်တစ်ခုလုံးသို့ ထုတ်ပြန်လိုက်၏။

တားမြစ်‌ဒေသထဲတွင် အမှန်ပင်ပြောင်းလဲမှုများရှိသည်။ အလောင်းကောင်တံခါးသည် ပွင့်နေခဲ့ပြီး အလောင်းကောင်အင်ပါယာသည် သေဆုံးသွားခဲ့လေသည်။ သို့ရာတွင် ရိုက်ခတ်မှုက အဝေးထိပြန့်သွားခြင်းမရှိသေးဘဲ ချိတ်တံဆိပ်ကိုလည်း ပြန်လည်အားဖြည့်ထားပြီးဖြစ်သည်။

ထိုသတင်းထွက်ပေါ်လာသည်နှင့် ယင်ဟွမ်ပြည်နယ်ရှိ ဂိုဏ်းငယ်များနှင့် အဖွဲ့ငယ်အများစုတို့ စိတ်ပေါ့သွားပြီး လေပူမှုတ်လိုက်မိကြသည်။ သို့ရာတွင် ဂိုဏ်းအဖွဲ့ကြီးများကတော့ မတူကြပေ‌။ ၎င်းတို့တွင်တော့ ဆန့်ကျင်ဘက်ဖြစ်နေကာ သတိပိုကြီးလာကြသည်။ သူတို့က လုပ်ငန်းများလည်း ခြေလှမ်းလျှော့ချကြပြီး သတိအပြည့်လှန့်ထားကြသည်။

အဘယ်ကြောင့်ဆိုသော် ကြေညာချက်တွင်ပါဝင်သည်က အမှန်များဖြစ်ကြသော်လည်း ဤတစ်ကြိမ်စုံစမ်းမှုတွင် သဲလွန်စတစ်ခုတွေ့ရှိလာခဲ့လေသည်။

အလောင်းကောင်တားမြစ်နယ်မြေ၏ အလောင်းတံခါးသည် အလိုလိုပွင့်လာခြင်းမဟုတ်သလို အတွင်းမှ ဖွင့်ခဲ့ခြင်းလည်း မဟုတ်ပေ။ ထိုအစား အပြင်မှ ဖွင့်ခဲ့ခြင်းသာ ဖြစ်သည်။

ထို့အပြင် ချိပ်တံဆိပ်က အားဖြည့်ထားသည်ဆိုသော်လည်း ချိပ်တံဆိပ်သည် အသုံးဝင်သည်ဟု ဆိုနိုင်ရုံမျှသာ ရှိသည်။

အလောင်းကောင်တားမြစ်နယ်မြေတွင် ရှုပ်ထွေးမှုကြီးတစ်ခု အနှေးနှင့် အမြန်ဖြစ်လာပေတော့မည်။

သို့ရာတွင် လတ်တလောအချိန်ပိုင်းတွင်တော့ ဖြစ်နိုင်မည်မဟုတ်သေးပေ။ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့က အချိန်မီတွေ့ရှိနိုင်ခဲ့သေးသည်။ ၎င်းက ယင်ဟွမ်ပြည်နယ်အား ပြင်ဆင်ချိန်လည်း ပေးသည်။

သို့ရာတွင် အလောင်းတံခါးကို မည်သူဖွင့်ခဲ့သနည်း။ ထိုမေးခွန်းက ယင်ဟွမ်ပြည်နယ်က အဖွဲ့ပေါင်းစုံတို့၏ စိတ်ထဲတွင် လွှမ်းခြုံနေသည့် မြူလွှာတစ်ခုပင် ဖြစ်နေ၏။

အလောင်းတံခါးကို ဖွင့်နိုင်သူတို့က သာမန်သူတို့မဟုတ်သည်မှာ သေချာသည်။

အချို့က အလင်းတော်ဂိုဏ်းအား သံသယဖြစ်မိကြသော်လည်း သဲလွန်စမျိုးစုံတို့အရ ထိုသို့ဖြစ်နိုင်ဟန်မရှိလှသေးပေ။ ထိုအစား ဤလုပ်ဆောင်မှုက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည့် အဖွဲ့တစ်ခု၏ လက်ချက်ဖြစ်နေဟန်ရှိလာသည်။

ထိုအရာအားလုံးက လဝက်အချိန်အတွင်းတွင် ဖြစ်ခဲ့လေသည်။

အစပျိုးနေသည့် မုန်တိုင်းကြားတွင် ရွှီချင်း၏ ရတနာထိန်းအဖြစ် သုံးလတာဝန်က အဆုံးသတ်လာသည်။

အလောင်းကောင်တားမြစ်နယ်မြေအတွင်းတွင် ကြိုမသိနိုင်သည့် ဖြစ်ရပ်တစ်ခုရှိခဲ့ပြီး ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်က သတိတို့ ပိုမြှင့်တင်လာကြသော်လည်း အများစုက အတွင်းပိုင်းတွင်သာ ဖြစ်ကာ အပြင်ပန်းတွင်တော့ အေးဆေးသက်သာရှိနေကြသည်။ ထို့အပြင် လုပ်စရာလုပ်ငန်းများကို လုပ်ဆောင်ရန်ရှိနေသည်။ ဥပမာ ဖုန်းဟိုင်ဒေသငယ်သို့ ဤတစ်ကြိမ်သွားရောက်ကာ အခြေစိုက်တာဝန် လွဲပြောင်းယူမည့်လူများလည်း ရှိသည်။

ထို့ကြောင့် ရွှီချင်း ပြန်ရောက်ရှိချိန်တွင် ဂိုဏ်းရှစ်ဂိုဏ်းက ဖုန်းဟိုင်ဒေသငယ်သို့ ခရီးအတွက် နောက်ဆုံးနာမည်စာရင်းကို အတည်ပြုပြီးခဲ့ပြီး ဖြစ်သည်။

ဤတစ်ကြိမ်တွင် နတ်မိမယ်ကျစ်ရွှမ်သည် ဒေသမြို့တော်သို့ သွားသည့်အဖွဲ့အား ဦးဆောင်မည်ဖြစ်သည်။

သူမက ဂိုဏ်းခွဲအား ဆယ်နှစ်စောင့်ရှောက်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ချီယွဲ့ထုံ၏ ပဥ္စမမြောက်တောင်ထိပ်သခင်အား ဂိုဏ်းခွဲ၏ ဂိုဏ်းချုပ်အဖြစ် တင်မြောက်သည်။

၎င်းကိစ္စများသာမက ဂိုဏ်းမျိုးစုံက ကောင်းကင်လက်ရွေးစင်တပည့်အချို့ကိုလည်း ဒေသငယ်မြို့တော်သို့ ပို့လွှတ်လေ့ကျင့်စေဦးမည်ဖြစ်သည်။

၎င်းတို့တွင် ရွှမ်ယုံဂိုဏ်းက ဟွမ်ရီခွန်နှင့် ဟွမ်လင်ဖေး တို့လည်းပါဝင်သည်။

ဓားကိုင်အကဲဖြတ်ပွဲအား ကျရှုံးခဲ့သည့် စစ်မာယွီလည်း ပါသေးသည်။

ချီယွဲ့ထုံဂိုဏ်းတွင်တော့ ပထမတောင်ထိပ်သခင်၏ တောင်းဆိုမှုအရ ဝူကျန်းဝူနာမည်ကိုလည်း ထည့်သွင်းခဲ့သေးသည်။

သူသည် ထိုတပည့်အား မျက်စိမတွေ့ဖြစ်နေပြီး အဝေးသို့ စေလွှတ်ချင်နေသည့်အလားပင်။ မတွေ့ရလေ ကောင်းလေပင်။

ထိုသူတို့အပြင် ဂိုဏ်းပေါင်းစုံက တပည့်ဆယ်ဂဏန်းအချို့လည်း ပါရှိသေးသည်။ ၎င်းတို့ထဲက အနည်းငယ်ကတော့ အခြေတည်အဆင့်များဖြစ်ကြပြီး အများစုကတော့ ရွှေအမြုတေအဆင့်များဖြစ်ကြသည်။ ရွှီချင်းသည် ထိုလူများကို ယခင်ကို မြင်တွေ့ဖူးခြင်း မရှိသေးပေ။

နာမည်စာရင်းအတည်ပြုပြီးနောက် ရွှီချင်းပြန်လာပြီး သုံးရက်မြောက်နေ့တွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ သင်္ဘောပျံကြီးတစ်စင်းလေထဲသို့ ပျံတက်လာသည်။

သူက ချက်ချင်းထွက်ခွာခြင်းတော့ မပြုသေးပေ။ ထိုအစား သူသည် လေထဲတွင် ဝဲလျက်ရှိချိန်၌ ဂိုဏ်းပေါင်းစုံက ကျင့်ကြံသူများ တဖွဲဖွဲရောက်ရှိလာနေကြသည်။

ထို့အပြင် အဖွဲ့ကို ဦးဆောင်မည့် နတ်မိမယ်ကျစ်ရွှမ်မှာ ပေါ်လာခြင်းမရှိသေးပေ။

ရွှီချင်းသည် သင်္ဘောပျံပေါ်တွင် ရပ်ကာ မိုးကုတ်စက်ဝိုင်းသို့ ကြည့်နေသည်။ သူ့လက်ထဲတွင် တံဆိပ်တုံးငယ်တစ်ခုရှိသည်။ ၎င်းသည် ဘိုးဘေးကတိပေးထားခဲ့သော ရတနာပင်ဖြစ်သည်။

သူက ထိုတံဆိပ်တုံးလေးအား ဆော့ကစားနေချိန်တွင် သူ့နောက်မှ နောင်တတို့ပြည့်နေသည့် အသံတစ်ခုထွက်ပေါ််လာသည်။

“ချင်းလေး သုံးလလောက်အစာမစားပဲနေရတာ ဘယ်လောက်ခက်ခဲမှန်းမင်းသိလား။ ငါ့ကျင့်ကြံဆင့်ကောင်းကောင်း မမြင့်သေးခင်ထိ ရွှမ်ယုံဂိုဏ်းကဟာကို စိတ်မကူးတော့ဘူး။”

ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး ရွှီချင်းဘေးသို့လျှောက်လာသည်။ ထို့နောက် သူသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်၏။ သူ့နောက်တွင်တော့ ကပ်ဘေးတစ်ခု ဖြတ်ကျော်လာနိုင်သည့်ဟန်ရှိသည့် ဝူကျန်းဝူလည်း ပါလာသည်။

သူ့အား သုံးလကြာ မတွေ့ခဲ့ရသည့်နောက်တွင် ခေါင်းဆောင်က ဝိတ်ကျသွားသည်ဟု ရွှီချင်း ခံစားလိုက်ရသည်။ ဝူကျန်းဝူမှာလည်း ပိန်ခြုံးနေပေသည်။

သို့ရာတွင် ဝူကျန်းဝူ၏ ကျင့်ကြံဆင့်ကလည်း များစွာတိုးမြင့်လာကြောင်း ထင်ရှားသည်။ ယခု သူသည် စတုတ္ထမီးတောက်အဆင့်သို့ပင် ရောက်ရှိလာသည်။ ထိုနှုန်းတွင် ရွှီချင်း အံ့သြမိရ၏။

သို့ရာတွင် သူ၏ မိစ္ဆာမြွေလျှို့ဝှက်နယ်မြေထဲက အတွေ့အကြုံများအား ပြန်အမှတ်ရလိုက်မိချိန်တွင်တော့ ထိုသို့တိုးလာနိုင်ခြင်းသည် နားလည်နိုင်ပေသည်ဟု ရွှီချင်း ခံစားလိုက်ရသည်။ ထိုနေရာသည် လူတို့၏ ဓမ္မတံခါးများဖွင့်နိုင်ရန် အထူးပြုလုပ်ထားခြင်းဖြစ်သည်။

ဤပုံအတိုင်းဖြစ်လျှင် ဝူကျန်းဝူအတွက် ဖုံးကွယ်ထားသည့် ကံကောင်းခြင်းတစ်ရပ်ဟု ဆိုနိုင်ပေသည်။

“နတ်မိမယ်ကျစ်ရွှမ်က တမင်ဒီလိုလုပ်ခဲ့တာများလား။”

ရွှီချင်း ရုတ်တရက် အတွေးဝင်လာသည်။

“သုံးလ ကဗျာမရွတ်နိုင်ခဲ့တဲ့ ရက်တစ်ရာနာကျင်ခံစားမှုကို ဘယ်သူသိနိုင်မှာလဲ။”

ဝူကျန်းဝူက လက်နောက်ပစ်ကာ ကောင်းကင်သို့မော့ကြည့်သည်။ ထို့နောက် ခံစားချက်တို့ဖြင့် သက်ပြင်းချလိုက်၏။

“ကောင်းကင်အင်ပါယာဖြစ်လာလို့ကတော့ ငါ့ကို အရှက်ရစေသူအားလုံးကို သေချာပေါက်သတ်ပစ်မယ်။”

ဝူကျန်းဝူ၏ စကားသံထွက်လာသည့် တခဏတွင်ပင် အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု မြည်ဟိန်းထွက်လာသည်။ ဝူကျန်းဝူ၏ ဟန်ပန်တို့ ချက်ချင်းပြောင်းသွားပြီး ခန္ဓာကိုယ်မှာလည်း တုန်ယင်လာသည်။ သူက ချက်ချင်း မျက်နှာချိုသွေးဟန်ပြောင်းသည်။

ခေါင်းဆောင်လည်း ထိုနည်းတူပင်။ သူက မသိစိတ်ဖြင့် အလိုလို ရွှီချင်းဘေးသို့ ကပ်လာသည်။

နတ်မိမယ်ကျစ်ရွှမ် ရောက်လာပြီဖြစ်သောကြောင့်ပင်။

သူမသည် ချီယွဲ့ထုံ၏ ပဥ္စမတောင်ထိပ်သခင်နှင့်အတူ ရောက်ရှိလာသည်။ တောင်ထိပ်သခင်မှ သူမနောက်မှ ရိုသေစွာလိုက်ပါလာသည်။

နတ်မိမယ်ကျစ်ရွှမ်၏ ကိုယ်ပေါ်ရှိ ခရမ်းရောင်ဝတ်စုံရှည်က ပန်းပွင့်နီတစ်ပွင့်ပမာအသွင်ပြုသည်။

သင်္ဘောပျံပေါ် တက်လှမ်းလာပြီးနောက် သူမက ရွှီချင်းအား ပြုံးပြလိုက်ပြီး စကားဆိုခြင်းတော့ မရှိပေ။ ထို့နောက်သူမက ပဥ္စမတောင်ထိပ်သခင်နှင့်အတူ လှေဝမ်းထဲသို့ဝင်ရောက်သွား၏။ ထို့နောက်တွင် ပဥ္စမတောင်ထိပ်သခင်က သူမအား အစီအစဉ်များတင်ပြရန်ပြင်သည်။

ပဥ္စမတောင်ထိပ်သခင်သည် အမျိုးသားမဟုတ်ဘဲ အဘွားကြီးတစ်ဦးသာဖြစ်သည်။

သို့ရာတွင် ချီယွဲ့ထုံတွင်တော့ အားလုံးက တောင်ထိပ်သခင်များအား သခင်ကြီးများအဖြစ်သာ ညွှန်းဆိုကြသည်။

သင်္ဘောအတွင်းခန်းထဲသို့ မဝင်ခင် သူမက ရွှီချင်းနှင့် ခေါင်းဆောင်တို့အား ပြုံးလျက်ကြည့်လိုက်သေးသည်။

ဝူကျန်းဝူကတော့ ဇက်ကိုပြန်တည့်ကာ လေပူမှုတ်သည်။

ခေါင်းဆောင်က ဝူကျန်းဝူအား အထင်သေးစွာကြည့်သည်။

“မင်းရဲ့ သတ္တိကြောင်နေပုံကို ကြည့်လိုက်ဦး။ ဘာတွေ ဒီလောက်ကြောက်နေတာလဲ။”

“မင်းက ပိုတောင်ကြောက်နေသေးတယ်။ မင်းက စိတ်ထဲမှာအမြဲကျိတ်အော်နေတာပဲ။”

ဝူကျန်းဝူက ခေါင်းဆောင်ထံ မျက်လုံးလှန်သည်။ သူကဗျာစွမ်းရည်တို့က ယခင်ကထက်ဆိုးရွားလာသည်။ သူသည် သုံးလကြာ လေ့ကျင့်နိုင်စွမ်းမရှိခဲ့ပါ။

ရွှီချင်းက ခေါင်းဆောင်နှင့် ဝူကျန်းဝူတို့အား တစ်ချက်ကြည့်လိုက်ပြီး နောက်သို့ ခြေလှမ်းအချို့ဆုတ်ကာ ခွာနေသည်။

တစ်ချိန်တည်းမှာပင် သူက သင်္ဘောပျံပြင်ပသို့ ရောက်ရှိလာသူတို့အား ကြည့်သည်။ ဂိုဏ်းပေါင်းစုံက တပည့်များသည် ထိုသင်္ဘောပျံပေါ်သို့ တက်လှမ်းလာပြီးနောက်တွင် တက်ကြွမှုတို့ဖြင့် ပြည့်လာကြသော်လည်း သတိများတော့ လျော့ကျခြင်းမရှိသေးပေ။

ဤခရီးက လူအများစုအတွက် တစ်သက်လုံးတွင် အရှည်ဆုံးခရီးလည်း ဖြစ်နေပေသည်။ လမ်းတွင်မည်သို့ဖြစ်မည်ကို မသိနိုင်သလို ဒေသမြို့တော်သို့ရောက်ချိန်တွင်လည်း မည်သို့ တွေ့ကြုံမည်ကို မသိကြပေ။

ထိုသို့ သူတို့၏ မသေချာမှုများကြားတွင် သူတို့အကြည့်တို့က ရွှီချင်းနှင့် ခေါင်းဆောင်တို့အပေါ် ကျရောက်ချိန်တွင်တော့ ရိုသေမှုတို့ ပြည့်လာကြသည်။

အဘယ်ကြောင့်ဆိုသော် သူစိမ်း ဒေသမြို့တော်တွင် ရွှီချင်းနှင့် ခေါင်း‌ဆောင်တို့က သူတို့နှင့် တူညီခြင်း မရှိ‌သောကြောင့်ပင်။ သူတို့က ဂိုဏ်းခွဲသို့သွားကြမည်ဖြစ်ပြီး ရွှီချင်းတို့ကတော့ တာဝန်အတွက် သတင်းသွားပို့ကြမည်ဖြစ်သည်။

သူတို့၏တာဝန်သည် မဟာမိတ်တို့၏ဓားကိုင်များအောက်တွင် ထမ်းဆောင်ရန်ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။ တစ်ချိန်တည်းမှာပင် သူတို့က ဒေသငယ်တွင် ပြဿနာတစ်စုံတစ်ရာပြုမိလျှင် ဓားကိုင်တို့ဖြေရှင်းပေးရန် လိုအပ်မည်ဖြစ်ပေသည်။

သို့ဖြင့်ရာ သူတို့၏ရာထူးအဆင့်တို့က ထိုသင်္ဘောပေါ်တက်ရောက်လိုက်သည်နှင့် စတင်ပြောင်းလဲလာ‌၏။

တုံးအသော သူများ နေရာတိုင်းတွင် ရှိတတ်သော်လည်း ဤအဖွဲ့ထဲတွင်တော့ လွန်စွာနည်းပါသည်။

သူတို့အားလုံးသည် အနာဂတ်ကိုရှင်းလင်းစွာမြင်နိုင်ကြသည်။

သို့ဖြင့် အားလုံးရောက်ရှိလာပြီး ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့ ကျင့်ကြံသူများအောက်မှ ကြည့်နေစဉ် လူတစ်ရာကျော်သယ်ဆောင်ထားသည့် သင်္ဘောပျံကြီးသည် အဝေးသို့ ပျံထွက်သွား၏။

အမှတ်ခုနစ်သခင်ကြီးက သင်္ဘောအား ကောင်းမွန်သော တောင်းဆုများဖြင့် ကြည့်သည်။

“အားလုံးအဆင်ပြေဖို့ မျှော်လင့်တာပဲ။”

“ဘာလို့လဲ။ ခွဲခွာရတာ စိတ်မကောင်းဘူးလား။”

ရွှယ်လျန့်ကျစ်က အမှတ်ခုနစ်သခင်ကြီးဘေးတွင် ထိုင်ကာပြုံးသည်။

“အဝေးကြီးရောက်သွားကြတာပဲလေ။ ဒါပေမဲ့ ငယ်ရွယ်ချိန်မှာ ခရီးထွက်ပြီး လေ့ကျင့်သင်ယူတာကောင်းတာပါပဲ။”

အမှတ်ခုနစ်သခင်ကြီးလည်း ပြုံးသည်။

“ပြီးတော့ နောင်ကျရင် ယင်ဟွမ်ပြည်နယ်က ငြိမ်းချမ်းမှာမဟုတ်လောက်တော့ဘူး။ ထွက်သွားတာကောင်းတာပဲ။”

“အလောင်းကောင်တားမြစ်နယ်မြေ…”

ရွှယ်လျန့်ကျစ်က အလောင်းကောင်တားမြစ်နယ်မြေဘက်သို့ လေးနက်တည်ကြည်စွာကြည့်လိုက်၏။

“ဘယ်သူလဲဆိုတာ ဖော်ထုတ်နိုင်ခဲ့ပြီလား။”

“သဲလွန်စအားလုံးက…ငါတို့ဖုန်းဟိုင်ဒေသငယ်တည်ရှိတဲ့ သန့်စင်ရေလှိုင်းဒေသထဲက သန့်စင်ရေလှိုင်းမျိုးနွယ်ကို ညွှန်ပြုနေတယ်။”

အမှတ်ခုနစ်သခင်ကြီးက ညင်သာစွာပြောသည်။

“သန့်စင်ရေလှိုင်းဒေသရဲ့ အုပ်စိုးသူတွေက လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီး သန့်စင်ရေလှိုင်းမျိုးနွယ်လို့ သူတို့ကလန်သီးသန့်ထောင်ထားတယ်။ အနက်ရောင်ကောင်းကင်မျိုးနွယ်နှင့် အတူပေါင်းနေကြပြီး ငါတို့လူသားမျိုးနွယ်ကို ရက်စက်လွန်းကြတယ်။”

All Chapters