← Chapters

လက်ငါးချောင်းမိန်းကလေး(၁)

Vol. 33 Ch. 494

လက်ငါးချောင်းမိန်းကလေး(၁)

Vol. 33 Ch. 494

ယင်ဟွမ်ပြည်နယ်သည် ထိုက်စီပုရှင်းတောင်တန်းအတိုင်း ဆန့်တန်းတည်ရှိသည်။ မြောက်ဘက်ကောင်းကင်တွင် တိမ်မည်းများ ဖုံးလွှမ်းလျက် ရှိနေသည်။

မိုးလျပ်စီးနှင့် တိမ်မည်းများ လှိုင်းထန်နေသည့်ကြားတွင် ကမ္ဘာလောကကြီးသည် တစ်ရောင်တည်းအဖြစ် ပြောင်းလဲသွားသည့် အလားပင်။ ၎င်းသည် လှောင်အိမ်ကြီးတစ်ခုပမာ ချုပ်နှောင်တင်းကြပ်လာ၏။

အတွင်းရှိ သက်ရှိအပေါင်းတို့မှာ ထိုလှောင်အိမ်ကြီးထံမှ လွတ်မြောက်နိုင်ခြင်း မရှိကြဘဲ ထိုဖိနှိပ်ချုပ်နှောင်မှုကို တောင့်ခံ၍သာ နေကြရ၏။

သည်းထန်စွာ ရွာသွန်းနေသော မိုးများသည် မြေပြင်အား ရိုက်ခတ်ကာ ပတ်ဝန်းကျင်သို့ တိမ်မြူများကဲ့သို့ စက်ဝန်းသဏ္ဍာန် ရေငွေ့မြူများ ဖြစ်ပေါ်စေလျှက် နေရာအနှံ့သို့ ကျူးကျော်ပြန့်နှံ့သွားကြ၏။

ထိုသည်းထန်နေသည့်မိုးများထဲတွင် ပေသုံးသောင်းရှိသည့် သင်္ဘောပျံကြီးတစ်စင်းသည် တဝုန်းဝုန်း ပျံသန်းနေ၏။

၎င်း၏ အရှိန်သည် မြန်လွန်းသဖြင့် လမ်းကြောင်းတစ်လျှောက်တွင် အသံပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။

အဝေးမှ ကြည့်လျှင် ကောင်းကင်တွင် နဂါးပြာကြီးတစ်ကောင် ကူးခတ်နေသည့်အလား ထင်မှတ်ရ၏။

အထူးဖြင့် ၎င်းသင်္ဘောကြီးသည် နဂါးနှင့်ဆင်တူသော အသွင်ရှိသည်။

ထိုသင်္ဘောကြီး၏ ဦးပိုင်းဖျားတွင် နဂါးနှုတ်ခမ်းမွေးနှစ်ခုသည် လေထဲ၌ လူးလွန့်လျက် ရှိသည်။ ၎င်းတို့သည် မှိန်ဖျော့ဖျော့အလင်းများပေးကာ ပတ်ဝန်းကျင်အား ကင်းထောက်နေကြ၏။

သင်္ဘောပျံကြီးပေါ်တွင် ရွှီချင်းသည် ရွှေရောင်ကွပ်ထားသည့် ခရမ်းရောင်တာအိုဝတ်စုံကို ဝတ်ထား၏။ သူ့ဆံပင်များအား အနီရောင်ဖျော့ဖျော့သန်းသည့် အဖြူရောင်ခေါင်းစည်းဖြင့် စည်းထားသည်။ သူသည် သင်္ဘောလက်ရန်းများကြားမှတစ်ဆင့် မိုးစက်များအား ဖြတ်ကျော်လျှက် အဝေးသို့ ကြည့်နေသည်။

သူ့မြင်ကွင်းတို့ မှုန်ရီဝေဝါးလာသည်။ ယခုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးသည် ရှေးဟောင်းပရမ်းပတာဖြစ်ရပ်ကြောင့် ထက်ခြမ်းကွဲထွက်လာသော အဆုံးအစမဲ့ခြင်းနှင့် ဆင်တူ၏။

ထိုမြင်ကွင်းအားအဝေးမှကြည့်ရင် သူသည် လွန်စွာ သွေးနုတ်သည့်ခံစားချက်ကို ရနေသည်။

၎င်းသည် အလောင်းကောင်တားမြစ်နယ်မြေထဲတွင် သူမြင်လိုက်ရသော ရှေးဟောင်းကြေးတံခါးကြီးနှင့် တားမြစ်ဓမ္မလက်နက်မှတစ်ဆင့် ချောင်းကြည့်ကာ မြင်ရသော တခြားနယ်မြေတို့က သက်ရှိ၊ မကောင်းဆိုးဝါး ဖြစ်တည်မှုတို့အား အမှတ်ရစေသည်။

၎င်းတို့သည် ဤကမ္ဘာလောကကြီးအား တွယ်ကပ်နေကြပြီး သတ္တဝါအပေါင်းတို့မှာ သူတို့၏ အစာအာဟာရများ ဖြစ်နေကြသည့်အလားပင်။

ထိုအရာမှာ ရွံရှာဖွယ် ကောင်းလွန်းလှသည်။

ရွှီချင်းက သက်ပြင်းအသာ ချလိုက်ပြီး သူ့အတွေးတို့အား ပြန်ရုတ်သိမ်းလိုက်သည်။

သူတို့ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်မှ ထွက်လာခဲ့သည်မှာ လဝက်ခန့် ရှိပြီ ဖြစ်သည်။

ထိုလဝက်အတွင်းတွင် ကျင့်ကြံခြင်းမှလွဲလျှင် သူသည် အချိန်အများစုကို လှေဦးတွင် ရပ်လျက် အဝေးသို့ ငေးကြည့်နေတတ်၏။ ဤခရီးရှည်သည် သူ့အား ထူးခြားသည့် ခံစားချက်အချို့ ဖြစ်ပေါ်စေသည်။

သူသည် မျှော်မှန်းခြင်း၊ လွမ်းဆွတ်တမ်းတမိခြင်းနှင့် အခြားသော ရှုပ်ထွေးမှုများအား ခံစားရသည်။

မျှော်မှန်းခြင်းသည် သူက စိမ်းသက်သည့် နေရာသစ်တစ်ခုတွင် ဘဝသစ်တစ်ခုစရတော့မည်ဖြစ်သောကြောင့်ပင်။ သူသည် နန်ဟွမ်ကုန်းမြေ၏ အစွန်အဖျားတစ်နေရာမှသည် ချီယွဲ့ထုံအထိ၊ ထို့နောက် ယင်ဟွမ်ပြည်နယ်ထိ လျှောက်လှမ်းလာနိုင်သည်။ ယခု သူသွားမည့် နေရာသည် သာမန်လူတို့ တသက်လုံး လက်လှမ်းမီနိုင်သည့် နေရာမျိုးမဟုတ်ပေ။

ဒေသငယ်တစ်ခု၏ မြို့တော်ဖြစ်သည်။

လွမ်းဆွတ်မိခြင်းကတော့…ကျောက်ရှာတောင်အား သတိရမိခြင်းကြောင့် ဖြစ်သည်။

သူက ထိုနေရာသို့ချက်ချင်းပင် ရောက်ရှိနိုင်ရန် စိတ်စောနေမိပြီး သင်္ချုင်းဂူများအား မျက်ဝါးထင်ထင် ကြည့်ရမည်ကိုလည်း စိတ်လှုပ်ရှားလျက်ရှိသည်။

ထိုခံစားချက်တို့မှာ ရောထွေးရှုပ်ပွနေ၏။

ရွှီချင်း ငြိမ်ကျသွားသည်။

အချိန်အတန်ကြာပြီးနောက်တွင် သူက လက်ထဲရှိ တံဆိပ်တုံးငယ်လေးအား ကြည့်သည်။ ထိုပစ္စည်းလေးသည် လက်သည်းခွံတစ်ခုစာအရွယ်သာရှိပြီး မည်းနက်နေသည်။ ၎င်းအပေါ်တွင် ကြမ်းကြုတ်သော သားရဲသွင်ပြင်များ ရေးထွင်းထားပြီး လွန်စွာအသေးစိတ် လက်ရာမြောက်သည်။

သူသည် လဝက်အတွင်း၌ ဘိုးဘေးပေးလိုက်သော ထိုတံဆိပ်တုံးငယ်အား နှံ့စပ်စွာလေ့လာထားပြီး ဖြစ်သည်။

တံဆိပ်တုံးသည် သတ်ဖြတ်ခြင်းအား အဓိကထားသည့် အစွမ်းထက်လက်နက်တစ်ခု ဖြစ်သည်။ ၎င်းအား သုံးလိုက်သည်နှင့် ကြီးမားသော အဖျက်စွမ်းအားတစ်ခု ဖြစ်ပေါ်လာမည်။

သို့ရာတွင် သူ့ရွှေအမြုတေအဆင့်ဖြင့် တံဆိပ်တုံးအား ချက်ချင်း သုံးနိုင်မည်တော့မဟုတ်ပေ။ သူက ၎င်းအား အချိန်အတန်ကြသည်ထိ အားဖြည့်ထားပြီးမှ ထုတ်သုံးနိုင်မည် ဖြစ်သည်။

တံဆိပ်တုံးကို အားဖြည့်မှုသည် လဝက်အတွင်း ပြီးစီးသွားသည်။ ၎င်းအား ဆော့ကစားကာ သိမ်းလိုက်ချိန်တွင်ပင် သင်္ဘောခန်းထဲမှ လူတစ်ဦးထွက်လာပြီး ရွှီချင်းဘေးသို့ လျှောက်လာသည်။

“ပဥ္စမသခင်မကြီးအား ဂါရဝပြုပါတယ်။”

ရွှီချင်းက လက်သီးအုပ်လျက် ဦးညွှတ်သည်။

ရောက်ရှိလာသူသည် အဘွားကြီးတစ်ဦး ဖြစ်ပေသည်။ သူမသည် ချီယွဲ့ထုံပဥ္စမတောင်ထိပ်၏ တောင်ထိပ်သခင်ဖြစ်သည်။ သူမသည် အစိမ်းရောင်ကို ဝတ်စုံဝတ်ထားပြီး အိုမင်းသောမျက်နှာ ရှိသည်။ ဆံပင်တို့မှာ မီးခိုးကဲ့သို့ ဖြူနေသော်လည်း မျက်လုံးများကတော့ တောက်ပနေ၏။

ထိုအဘွားကြီးက ရွှီချင်းကို ကြည့်ကာ ပြုံးသည်။

သူမက ချီယွဲ့ထုံအတွက် မြောက်များစွာ ဂုဏ်ဆောင်ထားသည့် ထိုတပည့်ကို စိတ်ရင်းဖြင့် အသိအမှတ်ပြုသည်။ သူမသည် ရွှီချင်းကို ကြည့်နေခြင်းက ချီယွဲ့ထုံ၏ အနာဂတ်ကို မြင်ယောင်မိလာသည်။ ထို့ကြောင့် သူမက များစွာ ရင်းနှီးဖော်ရွေနေခြင်းလည်း ဖြစ်သည်။

ယင်ဓာတ်အစီအရင်များအား နှစ်ပေါင်းစွာလေ့လာခဲ့ပြီးနောက် သူမသည် အလိုအလျှောက် အအေးဓာတ်တစ်မျိုး ထုတ်လွှတ်နေခြင်းတို့ကြောင့်သာ သူမ၏ အပြုံးသည် တင်းမာမှုတချို့ ရောယှက်နေခြင်း ဖြစ်သည်။

“မင်းစိတ်နှလုံးက တည်ငြိမ်မှုမရှိဘူးပဲ။”

အဘွားကြီးက ရွှီချင်းမျက်လုံးများထဲသို့ စိုက်ကြည့်သည်။ သူမရှေ့က ဂိုဏ်းတပည့်၏ ရင်ထဲတွင် လှိုင်းများထန်နေကြောင်း သူမ ခံစားနိုင်သည်။

ရွှီချင်း ခေါင်းညိတ်သည်။

“လူတစ်ယောက်ရဲ့ဘဝမှာ နှုတ်ဆက်ခြင်းတွေ၊ ခရီးရှည်တွေနဲ့ ခက်ခဲတဲ့ခံစားချက်တွေဆိုတာ အမြဲရှိနေမှာပါပဲ။ အပြင်လူတွေက ဒီကိစ္စမှာ မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး။ မင်းကိုယ်မင်းသာ နားလည်အောင်ကြိုးစားပြီး ကူညီနိုင်မှာပဲ။ မင်းက ငယ်ပါသေးတယ်။ ဒီခရီးကို အခြားဒေသတွေရဲ့ ဓလေ့ထုံးတမ်းတွေ လာကြည့်တယ်လို့ပဲ မှတ်ထားလိုက်ပေါ့။”

“ဖုန်းဟိုင်ဒေသငယ်မှာ ပြည်နယ်ဆယ့်သုံးခုရှိပြီး ယင်ဟွမ်ပြည်နယ်ဟာ တောင်ဘက်အစွန်ဆုံးမှာ ရှိနေတယ်။ ဒီနောက်မှာ ငါတို့က ပြည်နယ်လေးခုကို ဖြတ်ကျော်ပြီး ဖုန်းဟိုင်ဒေသငယ်ရဲ့မြို့တော်ကို ရောက်ရှိလာမှာပဲ။”

“ပြည်နယ်တစ်ခုချင်းစီရဲ့ အခြေအနေတွေကလည်း မတူဘူး။ လူသားမျိုးနွယ်က အဓိကမျိုးနွယ်ဖြစ်နေပေမဲ့ လူမဟုတ်တဲ့ မျိုးနွယ်အများကြီးလည်း ရှိနေသေးတယ်။”

အဘွားကြီးက တင်းမာမှုတို့ ရောယှက်လျက် ပြုံးလိုက်သေးသည်။

“ပဥ္စမသခင်မကြီး… ဒီခရီးက ရှစ်လကြာမှာပါလား။”

ရွှီချင်းက နှစ်သိမ့်မှုအတွက် အဘွားကြီးအား လက်သီးအုပ်ကာ ကျေးဇူးတင်ကြောင်း ပြောလိုက်ပြီး ညင်သာစွာမေးသည်။

“ဟုတ်တယ်။ ငါ အဲဒါ လာပြောမလို့ပဲ။”

“ဒီတစ်ကြိမ်မှာ ငါတို့က အများသုံး တည်နေရာပြောင်း အစီအရင်ခုနစ်ခု အကူအညီကို ငှားပြီး ထူးခြားတဲ့လမ်းကြောင်းသုံးခုနဲ့ သုံးလကန္တရခရီးပျံသန်းခြင်းပြီးရင် မြို့တော်ကို ရောက်မှာ ဖြစ်တယ်။ အချိန်ကို တွက်ကြည့်ရင် ရှစ်လကွက်တိ ကြာမှာပဲ။ လုံခြုံရေးအတွက် ခရီးလမ်းကြောင်းကို လျို့ဝှက်ထားပါ။”

ထိုသို့ ပြောပြီးနောက် အဘွားကြီးက ရွှီချင်း၏ ပုခုံးအား ပုတ်သည်။

“ရွှီချင်း ငါတို့ ထွက်မလာခင်က မင်းဆရာနဲ့ ဘိုးဘေးတို့က ငါတို့ဒေသငယ်မြို့တော်ကို ရောက်ရင် လုပ်ချင်တာရှိတာတွေ ငါ့ကို ပြောဖို့မှာလိုက်တယ်။ ငါက တိုက်ခိုက်ရေးမှာ မကျွမ်းကျင်ပေမဲ့ ဝင်္ကပါအစီအရင်နဲ့ သတ်ဖြတ်ရာမှာတော့ ကျွမ်းကျင်တယ်။”

ထိုအချိန်တွင် ပဥ္စမသခင်မကြီး၏ တင်းမာမှုတို့က ထုတ်လွှတ်နေသည့် အပြုံးသည် ပိုမိုထင်ရှားအေးစက်လာပြီး သွေးဆာစိတ်တို့ပင် ထွက်ပေါ်လာ၏။

ရွှီချင်းက အံ့သြခြင်းတော့ မဖြစ်ပေ။ ချီယွဲ့ထုံ၏ ပုံစံက ထိုသို့ အမြဲ ဖြစ်နေသည်။ ဝင်္ကပါလမ်းစဉ်တာအို၏ အစွမ်းနှစ်ဖက်လမ်းကြောင်းတို့က ကွဲပြားသည်။ ပဥ္စမသခင်မကြီးသည် မိစ္ဆာဝင်္ကပါလမ်းစဉ်တွင် ကျွမ်းကျင်ပြီး သတ်ဖြတ်ခြင်းတွင် ဆရာတစ်ဆူဖြစ်သည်။

“ကျေးဇူးတင်ပါတယ်။ ပဥ္စမသခင်မကြီး။”

ရွှီချင်းက လက်သီးအုပ်ကာ ဦးညွှတ်သည်။

တစ်ချိန်တည်းမှာပင် သည်းထန်နေသည့် မိုးစက်များသည် လူ့ကမ္ဘာသို့ ကျဲပက်နေသည့် အချိန်တွင် ထိုက်စီပုရှင်းတောင်တန်းပေါ်က သီးခြားထွက်နေသည့် သင်္ချိုင်းဂူတစ်ခုဘေးတွင် ကောက်ရိုးမိုးကာဝတ်စုံတစ်ခုဖြင့် လူတစ်ဦး ရှိနေသည်။

သူသည် သည်းထန်သော မိုးရေထဲတွင် ငြမ်သက်စွာရပ်နေလျက် ကိုယ်ပေါ်သို့ မိုးများ ကျရောက်စိုရွှဲသည်ကို လစ်လျူရှုနေလျက်ရှိသည်။

All Chapters