← Chapters

ရူးသွပ်နေခြင်း

Vol. 33 Ch. 482

ရူးသွပ်နေခြင်း

Vol. 33 Ch. 482

“ဘာ၊ ဒါ မင်း တော်တော်လေး အတင့်ရဲလွန်းနေပြီ မဟုတ်လား”

“မင်းက အခြားသူတွေကို Vatti အမှတ်တံဆိပ်နဲ့ သူတို့ လုပ်ချင်တာ လုပ်ဖို့ ခွင့်ပြုထားတာပဲ၊ မင်း ရူးနေပြီ”

“မြတ်စွာဘုရား၊ ဒီလို ဆုံးဖြတ်ချက်မျိုး ချဖို့အတွက် မင်းဦးနှောက်က ဘယ်လောက်တောင် ရှုပ်ထွေး နေလိုက်မလဲ”

“အခြားသူတွေကို Vatti အမှတ်တံဆိပ်ကို ပေးငှားပြီး သူတို့ ရလာတဲ့ ပိုက်ဆံကို မျှဝေတယ် ဟုတ်လား၊ ဒါ အနိုင်ကျင့်တာပဲ”

…

လူတိုင်း၏ စိတ်ထဲ၌ ဗလာ ဖြစ်နေသည်။ သူတို့သည် မာတင်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေပြီး သူတို့အချင်းချင်း စတင် ပြောဆိုလာကြသည်။

ဥက္ကဋ္ဌာမာ၏ အမူအရာသည်လည်း မည်းမှောင်နေသည်။ သူက မာတင်ကို ရုတ်တရက် စူးစူးရဲရဲ ကြည့်လာပြီး သူ့အသက်

“မာတင် ဒီလိုကိစ္စမျိုး တကယ် ဖြစ်ခဲ့လား”

ဥက္ကဋ္ဌမာ၏ အသံက အနည်းငယ် တုန်ယင်နေသည်။

မာတင် ကြက်သီးထသွားပြီး မော့မကြည့်ရဲချေ။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သတ္တိမွေး၍ ပြောလိုက်ရုံသာ ရှိသည်။

“ဟုတ်ကဲ့ …”

အစက သူသည် အခြေအနေကို မတင်ပြခင် ဆရာရဲ့၏ ဒီဇိုင်းက တန်ဖိုးကြီးဈေးကွက်၌ အောင်မြင်စွာ လွှမ်းမိုးသည်အထိ စောင့်ချင်ခဲ့သည်။ ယင်းက သူ့ဖခင်၏ ဒေါသကို ဖြေဖျောက်ပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ သို့သော် သူ့လျှို့ဝှက်ချက်များကို သူ့အစ်ကိုက သိနေလိမ့်မည်ဟု သူ ထင်မထားမိပေ။

သူ့အစ်ကိုက သူ့ကို အလွန် စိတ်ဝင်တစား ရှိပုံရသည်။

“ဒုန်း”

ဥက္ကဋ္ဌမာက စူးခနဲ ကြည့်၍ စားပွဲကို ရိုက်ချလိုက်သည်။ သူက မိုးကြိုးပစ်ချလိုက်သကဲ့သို့သော အသံဖြင့် အော်ဟစ်လေသည်။

“မင်း ရူးနေပြီ”

“မင်းက Vatti တစ်ခုလုံးကို လောင်းကြေးထပ်နေတာပဲ”

ဥက္ကဋ္ဌမာ၏ မျက်နှာက နီရဲနေပြီး အကြိမ် အနည်းငယ်မျှ ချောင်းဆိုးလေသည်။ သူ့ဒေါသကို ထိန်းချုပ်ရ ခက်နေ၏။

“တစ်ဖက်လူက ဒီအခြေအနေကို အသုံးချပြီး Vatti ကို ပြန်ဓားနဲ့ ထိုးမယ့် အခြေအနေမျိုး ဖြစ်လာမှာကိုရော မင်း တွေးကြည့်ဖူးလား၊ ဒီဇိုင်းက အမှိုက်ဖြစ်နေခဲ့မယ်ဆိုရင် Vatti ဒီနှစ်တွေမှာ ထိန်းသိမ်းလာတဲ့ ကျော်ကြားမှုက မြောင်းထဲ ရောက်သွားလိမ့်မယ်၊ ဒီလောက် အရေးကြိးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မင်း ဘာလို့ အဲ့လောက်ထိ မဆင်မခြင် ဖြစ်နိုင်ရတာလဲ”

“အဖေ ကျွန်တော် ဒီကိစ္စကို စဉ်းစားပြီးပါပြီ၊ ကျွန်တော် အဖေ့ကို စိတ်မပျက်စေရပါဘူး”

မာတင် မနေနိုင်ဘဲ ပြန်ပြောမိသည်။

“ဒုန်း”

ဥက္ကဋ္ဌမာက စားပွဲကို ထပ်ရိုက်သည်။

“ကုမ္ပဏီမှာ မင်း ငါ့ကို ဥက္ကဋ္ဌမာလို့ ခေါ်ဝေါ်ရမယ်ကွ၊ မင်းက ဒါကို သေချာ စဉ်းစားပြီးပြီ ဟုတ်လား၊ မင်း ဘာတွေကိုများ စဉ်းစားခဲ့တာလဲ၊ ကုမ္ပဏီတစ်ခုလုံးကို ဘယ်လို ဖျက်ဆီးရမလဲလို့ မင်း စဉ်းစားနေတာလား”

“ဥက္ကဋ္ဌာမာ၊ ညီလေးရဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်၊ သူ့ရဲ့ စွမ်းဆောင်ရည်အရဆို တစ်ဖက်လူရဲ့ ဒီဇိုင်းက မယုံနိုင်လောက်အောင် စံချိန်စံနှုန်း မြင့်မားပါတယ်၊ ညီလေးက ဒါကို ကုမ္ပဏီအတွက် လုပ်နေတာပါ”

မာတင်၏ အစ်ကိုက သူ့ညီအတွက် ဆင်ခြေဝင်ပေးသကဲ့သို့ ပြောလာပြန်သည်။

“မင်း နားမလည်ဘူး မာခယ်”

ဥက္ကဋ္ဌမာက မာတင်ကို စိတ်ပျက်ဟန်ဖြင့် ကြည့်လေသည်။

“သူ ပထမဆုံး မင်းကို ပြမယ့်အရာက သူ့ဒီဇိုင်းက ဘယ်လောက် အံ့ဩဖို့ ကောင်းလဲဆိုတာပဲ၊ ဒါ အချီကြီး ရဖို့ သူ့ရဲ့ ရေရှည် အစီအစဉ်ပဲ၊ ဒါ စီးပွားရေး လောကထဲမှာ အရိုးရှင်းဆုံး ထောင်ချောက်ပဲ၊ မင်း အရမ်း ငယ်လွန်းသေးတယ် မာတင်”

“ဟုတ်တယ်၊ ဒါ အဓိပ္ပာယ် မရှိဘူး မဟုတ်လား”

“သူတို့ ရလဒ်က ဒီလောက် အကြီးအကျယ် တိုးတက်နေတာ အံ့ဩစရာ မရှိတော့ဘူး၊ ဒါ ငါတို့ Vatti တစ်ခုလုံးရဲ့ ကုန်ကျစရိတ်ပဲ”

“Vatti က သမိုင်းတစ်လျှောက် ကုမ္ပဏီကြီးတစ်ခု ဖြစ်ခဲ့တာ၊ ငါတို့ အဲ့လိုဌာနမျိုး ဘယ်လိုလုပ် ထားနိုင်မှာလဲ၊ အဓိပ္ပာယ် မရှိလိုက်တာ”

“အရူးပဲ၊ သူက ဥက္ကဋ္ဌာမာရဲ့ သားလေ၊ ဒီလို ဉာဏ်နည်းတဲ့ကိစ္စကို သူ မလုပ်သင့်ဘူး”

“မာတင်မှာက အတွေ့အကြုံ အများကြီး မရှိဘူးလေ၊ ဒါပေမဲ့ မာခယ်က ပိုပြီး အားကိုးရတယ်”

…

လူတိုင်း အားကျခဲ့သော စွမ်းဆောင်ရည်က အပြစ်တင်စရာ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။

“ဟေ့ ညီလေး၊ စီးပွားရေးလောကက စစ်မြေပြင်လိုပဲကွ၊ မင်း ပေါ့တီးပေါ့ဆ လုပ်လို့မဖြစ်ဘူး၊ မင်း ငါ့ကို မမုန်းဖို့ မျှော်လင့်ပါတယ်၊ ငါ မင်းကို စိုးရိမ်လို့ မင်းဘက်က အခြေအနေကို စုံစမ်းခဲ့တာပါ”

မာခယ်က ရိုးသားဟန်ဖြင့် ပြောလေသည်။

“မင်း ဒီတစ်ခေါက် လုပ်တာ ကောင်းတယ်”

ဥက္ကဋ္ဌာမာက မာခယ်ကို ကြည့်နေသည်။

“မင်း ပူးပေါင်းမှုကို အချိန်မီ တွေ့ပြီး မာတင် ပြဿနာ ဖန်တီးမှာကို တားလိုက်လို့ တော်သေးတယ်၊ ပူးပေါင်းမှုကို ဖျက်သိမ်းဖို့ အရမ်း နောက်မကျသေးဘူး”

“ပူးပေါင်းမှုကို ဖျက်သိမ်းမယ် ဟုတ်လား”

ငြိမ်နေသော မာတင်က ရုတ်တရက် ခေါင်းမော့လာပြီး ပြောလေသည်။

“အခု ရပ်လို့မဖြစ်ဘူး၊ အရေးအကြီးဆုံးအဆင့်ကို ရောက်နေပြီ၊ အခု Vatti က ဦးဆောင်နိုင်မလားဆိုတာက ဒီအဆင့်ပေါ် မူတည်နေတာ”

“မင်းရဲ့ ဆုံးဖြတ်နိုင်စွမ်းက တကယ် ဝေဝါးနေပြီလို့ ငါ ထင်တယ်”

ဥက္ကဋ္ဌမာ၏ မျက်လုံးက ရုတ်တရက် အေးစက်လာသည်။

“သူက လူတစ်ယောက်တည်းပါ၊ သူက ငါတို့ကို ဦးမော့လာအောင် ဘယ်လိုလုပ် ကူညီနိုင်မှာလဲ၊ မင်း သူ ပြုစားထားတာများ ခံထားရတာလား”

“သူက သာမန်လူ မဟုတ်ဘူး ဥက္ကဋ္ဌမာ၊ ခင်ဗျား ကျွန်တော့်ကို ယုံကြည်ရမယ်၊ ကျွန်တော်တို့ တိုးတက်မှုကို မရှာရင် လုံးဝ ဖယ်ရှားခံရလိမ့်မယ်”

မာတင်က ငြိမ်နေဘဲ အကျိုးသင့် အကြောင်းသင့် ပြန်ငြင်းသည်။

သူသည် ပြည်ပ၌ ပညာသင်ယူပြီးနောက် အတော်လေး သင်ယူနိုင်ခဲ့သည်။ ဈေးကွက်တွင်းမှ ပြိုင်ဆိုင်မှုသည် ပို၍ ပြင်းထန်မှု တိုးလာခဲ့လေသည်။ နာမည်ကြီး အမှတ်တံဆိပ်များအပြင် တိုးတက်လာသော အရာများလည်း များစွာ ရှိသည်။ Vatti သည် နှစ်ပေါင်းများစွာ လူသိများလာသော်လည်း နေဝင်ချိန်သို့ ရောက်နေလေပြီ။

အဝတ်အစား ဒီဇိုင်းနယ်ပယ်တွင်းမှ ယှဉ်ပြိုင်မှုသည် ပို၍ ရက်စက်သည်။ ၎င်းသည် သူ ရဲ့လင်းချန်နှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည့် အကြောင်းပြချက် ဖြစ်လေသည်။

“မင်း ရူးနေပြီ”

ဥက္ကဋ္ဌမာက ခေါင်းခါ၍ စိတ်ပျက်စွာ ပြောလာသည်။

“ငါ မင်းကို အစကတည်းက ဒေသတစ်ခု စီမံဖို့ ခွင့်မပြုခဲ့သင့်တဲ့ပုံပဲ၊ မင်းရဲ့ လက်ရှိ အရည်အချင်းအရဆို ကုမ္ပဏီမှာပဲ နေပြီး ဆက်လေ့လာသင့်တယ်”

မာခယ်၏ နှုတ်ခမ်းများ တွန့်ကွေးလာသည်။ သူသည် မာတင်အား မချိုမချဉ် အကြည့်ဖြင့် ကြည့်နေလေသည်။

*တုံးလွန်းတဲ့ ညီလေး၊ မင်းတော့ ခြေလှမ်းမှားသွားပြီ၊ ဟားဟားဟား …*

“အဖေ ကျွန်တော် ဒါကို စွမ်းဆောင်ရည်အတွက် လုပ်နေတာ မဟုတ်ဘူး ပြီးတော့ ပထမနေရာ ရဖို့လည်း မဟုတ်ဘူး၊ ကျွန်တော် ဒါကို Vatti အတွက် လုပ်နေတာ”

မာတင်က အော်လေသည်။

“ကုမ္ပဏီမှာဆိုရင် ငါ့ကို ဥက္ကဋ္ဌမာလို့ ခေါ်ဖို့ မင်းကို ပြောထားတယ်လေ”

“အဖေ ကျွန်တော့်ကို ယုံပေးပါ၊ ပစ္စည်းတွေက စစ်ဆေးအကဲဖြတ်တဲ့ အဆင့်ကို ရောက်နေပါပြီ၊ တန်ဖိုးကြီး ကုန်ပစ္စည်းအဆင့်ထဲ ဝင်မယ်လို့ ကျွန်တော် ကတိပေးပါတယ်”

မာတင်က ဥက္ကဋ္ဌမာကို မျက်လုံးချင်းဆုံအောင် ကြည့်၍ ဆက်ပြောသည်။

ဥက္ကဋ္ဌမာက သူ့ကို ဆက်ကြည့်နေသည်။ သူ့မျက်လုံးများက ဖျပ်ခနဲ လင်းသွားပြီး စကား ဆက်မပြောတော့ချေ။

အချိန်အတော်ကြာပြီးနောက် သူက သက်ပြင်းချ၍ ပြောလိုက်သည်။

“ငါ့ကို ဒါတွေအားလုံး ပြောနေလည်း အပိုပဲ၊ မင်းအတွေးတွေကို ရှင်းပြဖို့ အခွင့်အရေးတစ်ကြိမ် ငါ မင်းကို ပေးမယ်၊ Vatti ရဲ့ စီနီယာ အမှုဆောင်အဖွဲ့ဝင်တွေ ဘယ်လိုတွေးလဲ ကြည့်ရတာပေါ့၊ ငါတို့ ပုံမှန်အတိုင်း မဲပေးကြမယ်”

မာတင်က ပင့်သက်ရှိုက်၍ သူ့အတွေးကို စတင်၍ ရှင်းပြသည်။

တစ်ချိန်တည်းမှာပင် ခေတ်သစ် အဆင့်မြင့် အဆောက်အဦးသည် တရုတ်ထုတ်ကုန်ပစ္စည်းများ တင်ပို့ခြင်း၏ ဝင်ပေါက်၌ တည်ရှိနေသည်။ ထိုနေရာတွင် တရုတ်ထုတ်ကုန် ပစ္စည်းများ၏ နိုင်ငံတကာ အကဲဖြတ်သူများက ပြည်ပပို့ကုန်များ၏ အရည်အသွေးကို အကဲဖြတ်နေကြသည်။ သူတို့ထဲတွင် ဘက်မလိုက်သော တန်ဖိုးကြီးပစ္စည်း အကဲဖြတ်ရေး စင်တာ တစ်ခု ရှိလေသည်။

ကုမ္ပဏီတိုင်းက တန်ဖိုးကြီးပစ္စည်း အကဲဖြတ်ရေး စင်တာသို့ မတင်ပို့နိုင်ပါ။ အခြေခံ အကျဆုံး လိုအပ်ချက်မှာ သူတို့၏ အသိအမှတ်ပြုမှု ရရှိရန် ဖြစ်သည်။ ပထမအဆင့် ပြည်တွင်း ကုမ္ပဏီတစ်ခု ဖြစ်ရန် မဖြစ်မနေ လိုအပ်သည်။ အမှတ်တံဆိပ်သည် တန်ဖိုးကြီး ကုန်ပစ္စည်းသို့ တင်ပို့ချင်လျင် ကောင်းမွန်နေမှ ဖြစ်ပေမည်။

ထို့အပြင် ကုမ္ပဏီ၏ နှစ်စဉ် ရောင်းအား၊ ပစ်မှတ်ထားသော ဝယ်သူများ၏ အခြေအနေနှင့် ပစ္စည်းဒီဇိုင်း အစရှိသည့် စံချိန်စံနှုန်းတချို့ ရှိရပေမည်။

သို့သော်လည်း တန်ဖိုးကြီးပစ္စည်း အကဲဖြတ်ရေး စင်တာ၏ နေ့စဉ် အလုပ်က အလွန် ကြီးမားနေသေးသည်။ ကုမ္ပဏီများစွာက အကဲဖြတ်မှု ရရှိရန် သူတို့၏ အကောင်းဆုံးဟု ထင်သော ပစ္စည်းများကို ပို့ကြသည်။ အဝတ်အစားဖြစ်စေ၊ အိတ်များဖြစ်စေ ကျောက်စိမ်းကဲ့သို့သော လက်ဝတ်ရတနာများ ဖြစ်စေ၊ ၎င်းတို့၌ ၎င်းတို့၏ ကိုယ်ပိုင် စံနှုန်းများ ရှိကြလေသည်။

တန်ဖိုးကြီး ထုတ်ကုန် ဖန်တီးခြင်းက အမှတ်တံဆိပ်တိုင်း၏ ဘဝတစ်သက်စာ လိုက်စားနေသည့် အိပ်မက်တစ်ခု ဖြစ်လေသည်။

တရုတ်သည် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်သည့် တန်ဖိုးကြီး ပစ္စည်းများ လုံးဝ မလုပ်နိုင်ဟု ကျော်ကြားပြီး ယင်းက ထိုသို့ ပြုလုပ်နိုင်သည့် အခက်အခဲကို‌ ဖော်ပြနေသည်။

တန်ဖိုးကြီးပစ္စည်း အကဲဖြတ်မှုကို ရရှိပြီးလျင် ပစ္စည်းသည် တန်ဖိုးကြီး ပစ္စည်းအဆင့်များကြားထဲ၌ ပေါ်လာမည် ဖြစ်သည်။ ယင်းသည် အကောင်းတ့ကာ အကောင်းဆုံးဟု ခေါင်းစဉ်တပ်လိုက်ခြင်းနှင့် အတူတူပင်။ ဈေးနှုန်းက မြင့်လာမည့်အပြင် နောင်အနာဂတ်၌ နိုင်ငံတကာတွင် ရောင်းချနိုင်စွမ်း ရှိလာမည် ဖြစ်ကာ မျှော်လင့်မထားသော အမြင့်အထိ ရောက်နိုင်ချေ ရှိလေသည်။ သူတို့ မကျော်ဖြတ်နိုင်ပါက သာမန်ပစ္စည်းဟုသာ သတ်မှတ်ခံရမည် ဖြစ်ပြီး မည်သို့ ရောင်းချရမလဲ ဆိုသည်က ကိုယ့်ဆိုင်၏ ကိစ္စ ဖြစ်သွားလေပြီ။

အဆောက်အဦးထဲမှ အကဲဖြတ်သူများသည် သူတို့အရှေ့၌ အမျိုးစုံသော စိစစ်ရေး ပစ္စည်းများကို ချထားကြသည်။ သူတို့သည် ပစ္စည်းများအား တစ်ခုချင်းစီ ကြည့်ကြသည်။ သူတို့က အချိန်နှင့်အမျှ အထင်သေးဟန်ဖြင့် ခေါင်းခါနေပြီး သူတို့မျက်လုံးတွင်း၌ သရော်ဟန်များ ပေါ်နေ၏။

“ငါ ရယ်ရလွန်းလို့ သေတော့မယ်၊ တရုတ်ရဲ့ ဒီဇိုင်းက အရမ်း ဖန်တရာတေနေတာပဲ၊ တုပကူးယူတာက လွဲရင် နိုင်ငံတကာကို သွားနိုင်မယ့် အရည်အသွေးမျိုး လုံးဝ ရနိုင်မှာ မဟုတ်ဘူး”

All Chapters