← Chapters

ရွှေအမြုတေအဆင့်များကို သတ်ဖြတ်ခြင်း

Vol. 18 Ch. 264

ရွှေအမြုတေအဆင့်များကို သတ်ဖြတ်ခြင်း

Vol. 18 Ch. 264

အခန်း ၂၆၄ - ရွှေအမြုတေအဆင့်များကို သတ်ဖြတ်ခြင်း

မည်သို့ပင်ဖြစ်စေကာမူ သူတို့နှစ်ဖက်အကြား ခွန်အားကွာဟချက်က ကြီးမား၏။

ညဝိညာဉ်က ငယ်ရွယ်လွန်းပြီး အခြေတည်စိတ်ဝိညာဉ်သားရဲ့အဆင့်မှာသာ ရှိသေးလေသည်။

လျန့်ချိုးက ဘ၀နေ၀င်ခါနီးအချိန် လူအိုကြီးတစ်ယောက် ဖြစ်သော်လည်း ဘာပဲပြောပြော ရွှေအမြုတေအဆင့်ဖြစ်၏။

ထို့အပြင် ဓါးပျံက သူ၏ အရင်ဆုံး တိုက်ခိုက်မှုတစ်ခုသာလျှင်။

သူ့ဓါးပျံကို ထုတ်လွှတ်ပြီးသည်နှင့် လျန့်ချိုးသည် သူ့ဘယ်ဘက်လက်ဖြင့် စိတ်ဝိညာဉ်ချိတ်စည်းတစ်ခုကို ပုံဖော်လိုက်သောအခါ ကြီးမားသည့် မီးလှံတံကြီးက ဖွဲ့တည်လာ၏။ ၎င်းလှံတံမှ ပတ်၀န်းကျင်ရှိ လေများကို လောင်ကျွမ်းနေသော ခြစ်ခြစ်တောက်အပူရှိန်ကလည်း ထွက်ပေါ်‌နေ၏။ ဖျိုးဖျိုးဖျောက်ဖျောက်အသံများပင် မြည်နေ၏။

"သေပေတော့!"

လျန့်ချိုးက ဟိန်းဟောက်၍ မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်၏။

သူတို့အကြား အကွာအဝေးက နီးကပ်လွန်းနေ၏။ ထို့အပြင် ညဝိညာဉ်သည် အခုပဲ လျန့်ချိုး၏ ဓါးပျံကို ရှောင်လိုက်သောကြောင့် သူ့ခန္ဓာကိုယ်က လေထဲမှာသာ ရှိနေသေး၏။ ထို့ကြောင့် သူသည် လျန့်ချိုး၏ အသစ်ထပ်မံတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်စွမ်း မရှိနေတော့ပေ။

ရွှေအမြုတေတစ်ယောက်၏ စိတ်ဝိညာဉ်တိုက်ကွက်နှင့် ထိတွေ့မိလျှင်၊ နက်မှောင်နေသော ကြေးခွံများ၏ ကာကွယ်မှု ရှိလင့်ကစား ညဝိညာဉ်သည် ဒဏ်ရာအပြင်းအထန် ရရှိပေတော့မည်။

အနီးကပ်တိုက်ခိုက်မှုများက လွန်စွာ အန္တရာယ်များလှ၏။ တစ်ဖက်ဖက်က အချိန်မရွေး ရှုံးနိမ့်နိုင်၊ အသက်ပျောက်သွားနိုင်၏။

ရုတ်ချည်းအခြေအနေ ပြောင်းလဲမှုနှင့်အတူ ညဝိညာဉ်၏ တိုက်ခိုက်မှုက လွဲချော်သွားကာ ချက်ချင်းအောက်စည်းသို့ ပြန်လည်ရောက်သွားပြီး သေရေးရှင်ရေး အခြေအနေ ဖြစ်လာ၏။

တစ်ဖက်မှာတော့ မင်းဟန်သည်လည်း ဆူဇီမိုကို စတင်တိုက်ခိုက်နေပြီဖြစ်၏။

ရွှစ်! ရွှစ်!

ထက်ရှသောဓါးသွားများ လေကို ခွင်းလာသည့်အသံက ကျောချမ်းစရာကောင်းနေ၏။

ညဘက်လေထဲ ဖြတ်သန်းလာသော ဓါးပျံနှစ်လက်က ဆူဇီမိုရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ချလာ၏။

ဆူဇီမိုက အခြေတည်အဆင့်မျှသာ ဖြစ်သည်ဆိုပြီး မင်းဟန်က လျှော့မတွက်ရဲပေ။

ခြင်္သေ့သည် ယုန်တစ်ကောင်ကို လိုက်လျှင်တောင် ခွန်အားကုန် ထုတ်သုံးရသည် မဟုတ်ပါလား။

ဓါးပျံနှစ်လက်က တစ်လက်ပြီးတစ်လက် ရောက်ချလာပြီး ဆူဇီမိုကို ကြားညှပ်ကာ ထွက်လမ်းကို ပိတ်ဆို့ထားလိုက်၏။

၀င်္ကပါများ ပျက်ပြယ်သွားပြီးနောက် ဆူဇီမိုနှင့် ညဝိညာဉ်တို့သည် ရွှေအမြုတေအဆင့်နှစ်ယောက်ရှေ့၌ ထင်းကနဲပေါ်လာကာ ပြင်ပမှီခိုစရာ မရှိတော့ပေ။

သူတို့ အသက်မသေချင်လျှင် သူတို့အားသူတို့ကိုးရပေတော့မည်။

...

မင်းဟန်က တိုက်ခိုက်လိုက်သောအခါ ဆူဇီမိုသည် တိုက်ခိုက်မှုကို မျက်စိနှင့် လိုက်မကြည့်ပေ။

‌ရွှေအမြုတေများက အလွန်တရာ လျှင်မြန်ကြောင်း သူသိထားလေသည်။ ဓါးပျံက ချဉ်းကပ်လာတာကို သူမြင်ရချိန်ဆိုလျှင် ရှောင်တိမ်းဖို့က အချိန်မီတော့မည် မဟုတ်ပေ။

ဆူဇီမိုသည် သူ၏ အာရုံခံသတိစိတ်ကိုသာ အားကိုးရပေတော့မည်။

ဆောင်းလေမ၀င်သေးခင်မှာပင် ပုဇဉ်းရင်ကွဲက ဆောင်းဦးရောက်တော့မှာကို ကြိုသိ၏။

မင်းဟန်၏ ဓါးပျံနှစ်လက် ရောက်ရှိလာချိန်တွင် ဆူဇီမိုသည် သူ့ခန္ဓာကိုယ်ကို မြေတွင် ၀ပ်ချပြီးနေပေပြီ။ သူသည် ခြေလက်လေးဖက်ကိုသုံး၍ မြွေတစ်ကောင်လို ပေါ့ပါးလျှင်မြန်စွာ လျှောထိုး‌၍ ရှေ့သို့တက်လိုက်၏။

ဓါးပျံက လွဲချော်သွားပြီး မင်းဟန်သည် မျက်မှောင်ကြုတ်လိုက်၏။

ဆူဇီမိုက ထိုကဲ့သို့ လှုပ်ရှားနိုင်လိမ့်မယ်ဟု သူလုံး၀ မထင်ထားမိပေ။

ဆူဇီမိုသညိ မြေပြင်တွင်၀ပ်၍ တည်ငြိမ်စွာ ရွေ့လျားလိုက်၏။ သူမျက်လုံးနှစ်ဖက်က သားကောင်တစ်ကောင်ကို ပစ်မှတ်ထားနေသလို အံ့ချီးဖွယ်အရောင်‌တောက်နေ၏။

တစ်ချိန်တည်းနီးပါးမှာပင်။

တစ်ဖက်ခြမ်းတွင် လျန့်ချိုး၏ လက်ချောင်းထိပ်မှ ကြီးမားသည့်လှံတံကြီးက ‌ထွက်လာတော့မည့်ဆဲဆဲဖြစ်၏။ သို့‌သော်လည်း နည်းနည်းလေးတောင် ကြောက်ရွံ့မှုမရှိဘဲ ညဝိညာဉ်၏ မျက်လုံးက ပိန်းပိတ်နက်မှောင်နေ၏။

တောကောင်နှင့် လူတစ်ယောက်ကြားတွင် ထူးဆန်းသည် အရိပ်တစ်ခုက ရုတ်တရတ် ဖျတ်ကနဲ ပေါ်လာ၏။

ရွှစ်!

ထိုအရိပ်က ညဝိညာဉ်၏ အမြီးပင် ဖြစ်လေသည်။

ဖောက်!

ထက်ရှသော လက်နက်တစ်ခုက အသားကို ထိုးဖောက်လိုက်သလို အသံထွက်ပေါ်လာ၏။ ညဝိညာဉ်၏ အမြီးက လျန့်ချိုး၏ လက်ဖျံထဲကို စူး၀င်သွားခြင်းဖြစ်၏။

"အား!"

လျန့်ချိုးသည် အသည်းခိုက်အောင် နာကျင်သွားပြီး စူးရှစွာ အော်ဟစ်လိုက်၏။ သူ့လက်တံက တုန်ယင်သွားပြီး သူ့လက်ချောင်းထိပ်များမှာ စုဖွဲ့ထားသော စိတ်ဝိညာဉ်စွမ်းအင်များက ပျက်ပြယ်လုနီးပါး ဖြစ်သွားရ၏။

သူသည် စိတ်ဝိညာဉ်လှံတံကို ပစ်လွှတ်လိုက်နိုင်သော်လည်း ၎င်းမှာ ပါ၀င်သော ခွန်အားက သိသိသာသာ အားပျော့သွားပြီဖြစ်၏။

ဘုန်း!

လျန့်ချိုးထင်ထားသလိုပင် ညဝိညာဉ်က ၀င်ရောက်လာသော မီးလှံတံကို ရှောင်တိမ်းနိုင်ခြင်း မရှိဘဲ ၎င်း၏ရင်အုပ်တည့်တည့်ကို ထိမှန်သွား၏။

သို့‌သော်လည်း မီးလှံတံ၏ ခွန်အားက အားပျော့သွားပြီဖြစ်တာကြောင့်၊ ညဝိညာဉ်သည် မြေပြင်မှာ တစ်ချက်နှစ်ချက်လှိမ့်ပြီးနောက် ပြန်ကျုံးထလာ၏။ ၎င်း၏ အကြည့်က တင်းမာခက်ထန်နေပြီး ၎င်း၏ ခန္ဓာကိုယ်မှ သွေးဆာအော်ရာက ဖြာထွက်နေ၏။

သူတို့ချင်း တိုက်ကွက်များ ဖလှယ်ပြီးနောက် အခြေအနေက လုံး၀ပြောင်းလဲသွားလိမ့်မည်ဟု လျန့်ချိုး မထင်ထားမိပေ။ ညဝိညာဉ်၏ အသက်လောင်ကြေးထပ် လှုပ်ရှားမှုက ၎င်းကို အကျပ်အတည်းမှ ရုန်းထွက်နိုင်ခဲ့စေရုံသာမက သူ့ကိုပင် ဒဏ်ရာရသွားစေခဲ့၏။

အဲ့ဒါက တစ်ကယ့်တိုက်ခိုက်ရည်ပါရမီပင် ဖြစ်လေသည်။

လျန့်ချိုးတစ်ယောက် အသက်ရှူချိန်တောင် မရသေးခင်မှာပင်၊ နောက်ထပ်မွန်းကျပ်ဖွယ်ရာ သတ်ဖြတ်လိုစိတ်က သူ့အပေါ် ကျရောက်လာ၏။

မြေပြင်မှ အရိပ်တစ်ခု ရုတ်တရတ် ကျုံးထလာပြီး သူ့ထံချဉ်းကပ်လိုက်၏။

"သေစမ်း!"

ကျယ်လောင်စွာအော်ဟစ်၍ ဆူဇီမိုသည် သူ့လက်ကို ဝေ့ရမ်းကာ လေထဲတွင် စက်၀န်းသဏ္ဌန်ရေးဆွဲလိုက်၏။ ချိတ်စည်းတစ်ခုလိုလက်သီးက ကျဆင်းလာသောအခါ ‌လေထုက နားကွဲမတတ် ပေါက်ကွဲမြည်ဟည်းသွား၏။

အချိန်က ရပ်တန့်သွားသည် ထင်ရ၏။

ထိုခဏ၌ လျန့်ချိုး၏ သူငယ်အိမ်က တင်းကျပ်သွားပြီး သူ့နုလုံးခုန်က ရပ်တန့်သွား၏။

အသက်ရှူချိန်ခဏလေးအတွင်း လျန့်ချိုးကြုံတွေ့ခဲ့ရသော တုန်လှုပ်ဖွယ်ရာများက များလွန်းလှ၏။

ညဝိညာဉ်က တစ်ဦးအပါအ၀င် ဖြစ်၏။

မိုလင်းအမည်ရသော ထိုအစိမ်းရောင်ကျင့်ကြံသူက ပိုလိုတောင် ဆိုးနေသေး၏။

ရွှေအမြုတေနှစ်ယောက်၏ ပူးပေါင်း‌တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် အခြေတည်အဆင့်မျှ‌သာရှိသော သူတို့က ထွက်ပြေးရမည့်အစား ပြန်လှန်၍တောင် ခုခံတိုက်ခိုက်ရဲလိမ့်မည်ဟု လျန့်ချိုးတစ်ယောင် လုံး၀မျှော်လင့်မထားမိပေ။

ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ။

ထို့အပြင် ဆူဇီမို၏ ၀င်ရောက်တိုက်ခိုက်မှု တိုင်ပင်က လုံး၀အချိန်ကိုက်ပင်။

လျန့်ချိုး၏ ကာကွယ်ရေးအဆောင်က ကြေမွသွားပြီဖြစ်ပြီး သူ့ဘယ်ဘက်လက်ဖျံကလည်း ဒဏ်ရာရထား၏။ သူ့ဓါးပျံကိုလည်း ပြန်လည်မရုတ်သိမ်းရသေးသလို၊ စိတ်ဝိညာဉ်တိုက်ကွက်တစ်ခုကို ထုတ်ဖော်ပြီးနောက် သူ့စိတ်ဝိညာဉ်စွမ်းအင်များကိုလည်း ပြန်လည်မဖြည့်တင်းရသေးပေ။ ယခုကား သူ၏ အားအနည်းဆုံး အချိန်ပင် ဖြစ်လေသည်။

ဆူဇီမို၏ လက်သီး ၀င်ရောက်လာချိန်တွင် လျန့်ချိုးမှာ ခုခံဖို့အခြားနည်းလမ်း မရှိတော့ဘဲ သူ့ညာလက်ကိုသာ မြှောက်ကာ၍ နောက်သို့ ဆုတ်လိုက်ရ၏။

ဘုန်း!

လျန့်ချိုး၏ လက်‌ဖျံက ဆူဇီမို၏ လက်သီးနှင့် မိတ်ဆက်သွားပြီး ကျယ်လောင်သည့် အသံကြီးက ထွက်ပေါ်လာ၏။

ဂျွတ်!

ထို့နောက် အသည်းခိုက်ဖွယ် အရိုးကျိုးသံကို ကြားလိုက်ကြရ၏။

လျန့်ချိုး၏ လက်ဖျံရိုးက လုံး၀ကျိုးထွက်သွားပြီး ထူးဆန်းဖွယ်ရာ တွန့်လိမ်လည်ထွက်သွား၏။

သူ့ပါးစပ်ကိုဖွင့်၍ အော်ဟစ်တော့မည် ပြုစဉ်မှာပင် ပို၍ကြောက်မက်ကောင်းသည့် မရဏအော်ရာက သူ့ထံကျဆင်းလာပြီး သူ့အသံကို ဆွဲမြိုသွား၏။

သူ့လက်ဖျံကို ကျိုးထွက်သွားစေခဲ့သော လက်သီချိတ်စည်းကြီးက လုံး၀ရပ်တန့်မသွားဘဲ၊ ခွန်အားများစွာလျော့ကျသွားခြင်း မရှိဘဲ.. သူ့ခေါင်း‌ပေါ်သို့ ဆက်လက်ကျဆင်းလာနေ၏။

ထိုအရာနှင့်သာ ထိခတ်မိလျှင် လျန့်ချိုး၏ ဦးခေါင်းက ပေါက်ကွဲထွက်သွားပေလိမ့်မည်။

ရွှစ်!

မင်းဟန်၏ ဓါးပျံတစ်လက်က ဆူဇီမို၏ ဦးခေါင်းနောက်ကျောဘက်သို့ ပျံသန်းသွား၏။

ဆူဇီမိုက ထိုဓါးပျံကို ရှောင်ဖို့လုပ်လျှင် လျန့်ချိုးသည် ထိုအခွင့်အရေးကို အသုံးချ၍ အကျပ်အတည်းမှ ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။

ဆူဇီမိုကသာ ထိုဓါးပျံကို လျစ်လျူရှုခဲ့လျှင် သူသည် လျန့်ချိုးကို သတ်ဖြတ်နိုင်မည် ဖြစ်‌သော်လည်း တစ်ချိန်တည်းမှာပင် ထိုဓါးပျံက သူ့ဦးခေါင်းထဲကို ဖောက်၀င်သွားပေလိမ့်မည်။

ဆူဇီမို၏ မျက်လုံးက ဖျတ်ကနဲလက်သွားပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ချိတ်စည်းသဏ္ဌာန်ပြောင်းလဲထားသော သူ့ညာလက်ကို ပြန်ရုတ်သိမ်းလိုက်၏။

လျန့်ချိုးသည် အခုမှပဲ ဟင်းချနိုင်တော့၏။ သူ့တစ်ကိုယ်လုံးလဲ ချွေးများစိုနေပြီဖြစ်ကာ အခုမှ သေမင်းဂိတ်တံခါးက ပြန်ထွက်လာနိုင်ခဲ့သလို နောက်သို့ဆုတ်လိုက်၏။

ဆူဇီမိုက နောက်ကိုပင် လှည့်မကြည့်ဘဲ သူ့ညာလက်ကို ဦးခေါင်းနောက်သို့ ပစ်၍ လက်ဝါးကိုဖြန့်ကာ ၀င်လာသောဓါးပျံကို လက်ဗလာဖြင့် ခုခံဖို့ လုပ်လိုက်၏။

ထိုသည်ကို မြင်သောအခါ မင်းဟန်နှင့် လျန့်ချိုးတို့ မှင်တက်သွားကြ၏။

မိုလင်း၏ ခန္ဓာကိုယ်က ဘယ်လောက်ပင် သန်မာပါစေ၊ ရွှေအမြုတေတစ်ယောက်၏ သာလွန်အဆင့်ဓါးပျံကို ခံနိုင်ရည်ရှိစရာ အကြောင်းမရှိပေ။ ဒါက ဘယ်လို ပြုမူပုံပါလိမ့်။

မိုလင်းက ရူးသွားတာလား။

ခွမ်း!

ဓါးပျံက ဆူဇီမို၏ ညာလက်ကို ထိုးခွဲလိုက်ပြီး သွေးများက ဖြာထွက်လာ၏။ သို့‌သော်လည်း သတ္တုချင်းထိခတ်သံကပါ ထွက်ပေါ်လာ၏။

ဓါးပျံက ဆူဇီမို၏ လက်ဝါးကို လုံးဝဖောက်ထွက်သွားနိုင်ခြင်း မရှိခဲ့ပေ။

“ဟမ်”

မင်းဟန်၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဆူဇီမိုသည် တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သော်လည်း.. ဓါးပျံမှထွက်ပေါ်လာသော ကြီးမားသည့်စွမ်းအားက သူ့လက်ရှိ အသားများကို သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားစေပြီး.. ခပ်သဲ့သဲ့ ညည်းညူလိုက်ရ၏။

ဆူဇီမိုသည် ထိုထိတွေ့မှုမှ ကန်အားကိုသုံးပြီး ရှေ့သို့ ခုန်တက်လိုက်သောအခါ.. လျန့်ချိုးရှေ့သို့ ချက်ချင်းရောက်ရှိသွား၏။

အခုမှ စိတ်အေးမည်ကြံကာရှိသေးသော လျန့်ချိုး၏ နုလုံးသည် နောက်တစ်ကြိမ် နင့်ကနဲ ဖြစ်သွား၏။

“မဟန်ဘူး!”

ဆူဇီမို၏ အကြည့်ကို မြင်လိုက်ရချိန်တွင် လျန့်ချိုးသည် ကြက်သေသေသွား၏။

ဒါက ဘယ်လိုလုပ် လူတစ်ယောက်ရဲ့အကြည့် ဖြစ်နိုင်မှာလဲ။

လူသားများကို အစိမ်းလိုက် ဝါးစားတော့မည့် အကြည့်မျိုးပင်!

ဆူဇီမိုက သူ့ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ့အရိုးနှင့် အရွတ်များမှ အသံများက ထွက်ပေါ်လာ၏။ သူ့လက်တံက မြွေတစ်ကောင်ကဲ့သို့ ဆန့်တန်းထွက်လာပြီးမှ လျန့်ချိုး၏ ဦးခေါင်းကို ရစ်ပတ်ကာဆွဲလိုက်၏။

လျန့်ချိုး၏ ဦးခေါင်းသည် လည်ပင်းတစ်ဝိုက်နားကနေ ချာလည်လည်ထွက်သွား၏။ လည်ပတ်မှုက ရပ်တန့်သွားသောအခါ.. သူ့မျက်နှာက ရုပ်ပျက်ဆင်းပျက်နှင့် လူရုပ်ပင် မပေါ်တော့ပေ။

လျန့်ချိုးက နေရာမှာတင် ပွဲချင်းပြီး ကိစ္စတုံးသွား၏။

ရွှေအမြုတေအဆင့်တစ်ယောက်တော့ အသက်ပျောက်သွားလေပြီ!

All Chapters