မိကျောင်းမင်းရေခင်းပြခြင်း
Vol. 34 Ch. 503
သို့ရာတွင် ခန့်မှန်းချက်နှင့် မှန်းဆထင်မြင်ချက်တို့သည် အလောတကြီး လုပ်သင့်သောအရာ မဟုတ်ပါ။ ဂိုဏ်းခွဲက သူတို့အား လာရောက်မကြိုဆိုနိုင်ရခြင်းအတွက် တခြားသောအကြောင်းရင်းများလည်း ရှိနေနိုင်၏။
ထိုအကြောင်းရင်းကိုလည်း ဂိုဏ်းခွဲသို့ သွားရောက်လိုက်ပါက သိနိုင်သော ကိစ္စဖြစ်သည်။
နတ်မိမယ်ကျစ်ရွှမ်က ခေါင်းမော့လိုက်ပြီး ဝေဟင်ပေါ်က မြို့တော်အား ကြည့်လိုက်သည်။
ဂိုဏ်းခွဲကလူများ ရောက်ရှိမလာသဖြင့် သူတို့အား လမ်းပြမည့်လူမရှိသော်လည်း ထိုကိစ္စကို ဖြေရှင်းရန်အတွက်ကတော့ သိပ်မခက်ခဲပါ။
ပဥ္စမသခင်ကြီး၏ မျက်လုံးတို့တွင်လည်း အေးစက်မှုတို့ ထင်ဟပ်လာသည်။ တခြားသော လူများတွင်တော့ အများစုက အတွေးများ နက်နေကြသည်။ လူအများအပြားက ရွှီချင်းနှင့် ခေါင်းဆောင်တို့အား ခိုးကြည့်နေကြ၏။
ချန်ထင်းဟောင်နှင့် စွန်းလိယန်တို့ကလည်း တစ်ခုခုမှားနေသည်ကို အာရုံခံမိကြသည်။ ယဉ်ကျေးစွာ မေးကြည့်လိုက်ပြီးနောက်တွင် ချန်ထင်းဟောင်က ချက်ချင်းပြောလိုက်၏။
“စီနီယာကျစ်ရွှမ်၊ မိတ်ဆွေရွှီချင်းနဲ့ မိတ်ဆွေအားညို ခင်ဗျားတို့ရဲ့ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ဂိုဏ်းခွဲ တစ်ခုခု ဖြစ်နေသလားဆိုတာ နောက်ပိုင်း ကူပေးပေးလို့ရတယ်။ မြို့ထဲကိုတော့ ကျုပ်တို့ပဲ လမ်းပြပေးလို့ ရပါတယ်။”
သူက ထိုသို့ပြောလိုက်ပြီး ချက်ချင်းကျောက်စိမ်းပေလွှာ တစ်ခုကို ထုတ်ကာ အသံပို့လွှတ်လိုက်သည်။
ရွှီချင်းနှင့် ခေါင်းဆောင်တို့က ထိုစကားကို ကြားလျှင် ချန်ထင်းဟောင်အား ဦးညွှတ်ကာ ကျေးဇူးတင်ကြောင်း ပြောလိုက်ကြသည်။
နတ်မိမယ်ကျစ်ရွှမ်ကလည်း ခေါင်းအသာညိတ်ပြလိုက်သည်။ အရေးတကြီးမဟုတ်ပါဘဲ ဒေသငယ်မြို့တော်ထဲက အဆက်အသွယ်များကို ပထမဆုံး ရောက်သည့်နေ့တွင် အသုံးမပြုလိုပေ။ အထူးသဖြင့် မြို့ထဲသို့ဝင်ခြင်းကဲ့သို့ အသေးအဖွဲကိစ္စမျိုး ဖြစ်သည်။
ထို့အပြင် အရေးကြီးဆုံးက ဤနေရာသည် ဒေသငယ်မြို့တော်ဖြစ်ပြီး အစွမ်းထက်ကျင့်ကြံသူများစွာ ရှိနေကြသည်။ သူမက ယင်ဟွမ်ပြည်နယ်ထဲတွင်ကဲ့သို့ အကြောက်အလန့်ကင်းနေ၍ မဖြစ်ချေ။
ထို့ကြောင့် သူမက ပို၍ သတိထားရန် လိုနေသည်။
အထူးသဖြင့် သူတို့ ယခုမှ ရောက်လာသော အချိန်တွင် ဖြစ်သည်။
ထို့ကြောင့် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ဌာနခွဲတွင် မည်သည့်ကိစ္စတို့ ဖြစ်နေကြောင်းကို ဦးဆုံး သိရှိရန် လိုနေသည်။
ချန်ထင်းဟောင်၏ အကူအညီတောင်းခံမှုကြောင့် အပေါ်ရှိ မြို့တော်မှ အလင်းတန်းသုံးခုသည် လျင်မြန်စွာ ပျံသန်းလာပြီး လူသုံးဦးအသွင်သို့ ပြောင်းလဲသွားကြသည်။
ထိုလူသုံးသည် နက်ညိုရောင်ဆင်တူဝတ်စုံများ ဝတ်ထားကြပြီး ခန္ဓာကိုယ်များတွင် မိုးကြိုးလျပ်စီးများ တဖျတ်ဖျတ် တောက်နေသည်။ သူတို့သည် ချန်ထင်းဟောင်နှင့် တစ်ဂိုဏ်းတည်းသားများ ဖြစ်ကြောင်း ထင်ရှားနေ၏။
သို့ရာတွင် သူတို့သည် ဓားကိုင်များတော့ မဟုတ်ကြပေ။
သူတို့က ရောက်ရှိလာသည်နှင့် နှုတ်ဆက်စကားတို့ ဖလှယ်လိုက်ကြသည်။ ချန်ထင်းဟောင်၏ မိတ်ဆက်ပေးမှုဖြင့် ထိုသူတို့သည် မြို့ထဲတွင် ကင်းလှည့်တာဝန်ကျနေကြသည့် ကမ္ဘာဦးမိုးကြိုးမျိုးနွယ်တပည့်များ ဖြစ်ကြကြောင်း ရွှီချင်း သိရှိလိုက်ရသည်။
သူတို့သုံးဦးက ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် ဓားကိုင်များဖြစ်ကြောင်း သိလိုက်လျှင် သိသာစွာယဉ်ကျေးလာကြသည်။ သူတို့က ရိုသေလေးစားမှုအပြည့်ဖြင့် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့က လူစုကို ဒေသငယ်မြို့တော်ထဲသို့ လိုက်ပါပို့ဆောင်ပေးလိုက်ကြသည်။
ထိုမြင်ကွင်းတွင် အမြင်စူးရှသော ရွှီချင်းသည် ဓားကိုင်တစ်ဦး၏ အဆင့်အတန်းကို ပို၍နားလည်လာတော့သည်။
တစ်ချိန်တည်းမှာပင် သူက တဖြည်းဖြည်းနီးကပ်လာသည့် မြို့တော်အား အလိုအလျှောက် ကြည့်လိုက်သည်။
မြို့တော်သည် အဝေးမှကြည့်လျှင် စက်ဝိုင်းပုံရှိနေပြီး လွန်စွာကျယ်ပြန့်၏။ မြို့အား မြင့်မားသော နံရံကြီးများ ပတ်ပတ်လည် ကာရံထားပြီး အတွင်းတွင် ကမ္ပည်းစာအမှတ်အသားမြောက်မြားစွာ လှုပ်ခါမှုကြောင့် ပြင်းထန်လှသော ဖိအားများ ဖွဲ့စည်းဖြစ်တည်လျှက် ရှိသည်။
အနီးကပ်လာချိန်တွင် ထိုအချင်းအရာများမှာ ပို၍ သိသာထင်ရှားလာ၏။ ဖိအားသည် အလွန်ပြင်းထန်၏။ ၎င်းက သူတို့အပေါ်က ဖြတ်သွားချိန်တွင် သူတို့၏ သရုပ်မှန်တို့ကို စစ်ဆေးအတည်ပြုနေဟန် ရှိနေသည်။
ချန်ထင်းဟောင်နှင့် ကင်းလှည့်သူသုံးဦးတို့၏ အာမခံချက်ဖြင့် ရွှီချင်းတို့အဖွဲ့မှာ မြို့ထဲသို့ ဝင်ရောက်ရာ၌ မည်သည့်အခက်အခဲမှ မရှိကြပါ။
သူတို့သည် ဒေသငယ်မြို့တော်ထဲသို့ အောင်မြင်စွာဝင်ရောက်လာကြ၏။
မြို့တွင်းသို့ ခြေချလိုက်သည်နှင့် ရွှီချင်း၏ မျက်လုံးထဲတွင် ခန်းနားထည်ဝါသော မြို့ကြီးတစ်မြို့ ထင်ဟပ်လာသည်။
မြို့တော်ကြီးသည် ကြီးမားသော်လည်း သေသပ်လှပသည်။ ရှည်လျားသော လမ်းမများတွင် အဆောက်အအုံများစွာ တည်ရှိနေပြီး အများစုမှာ အစိမ်းရောင်ကျောက်စိမ်းများဖြင့် ဆောက်လုပ်ထားကာ ခရမ်းနှင့် အနီရောင်အမိုးများဖြင့် ဖြစ်ကြသည်။ အဆောက်အဦများသည် ထည်ဝါနေရုံသာမက သဘာဝကျကျ လေးနက်ခန်းနားမှုတစ်မျိုးကိုလည်း ပေးနေသည်။
ထို့အပြင် မြို့သည် ဝိညာဉ်သစ်ပင်များနှင့် ဆေးပင်များတို့ဖြင့် ပြည့်နေသဖြင့် ထိုလေးနက်ထည်ဝါသော လေထုတွင် ကျော့ရှင်းသပ်ရပ်မှုတချို့လည်း ရောယှက်နေ၏။
အုတ်ခဲတိုင်း၊ အမိုးချပ်တိုင်း၊ မြက်ပင်တိုင်းနှင့် သစ်ပင်တိုင်းမှ ဝိညာဉ်ချီများ ကြွယ်ဝစွာထုတ်လွှတ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံစေကာ မြို့တော်တစ်ခုလုံးအား အသက်စွမ်းအားတို့ဖြင့် ပြည့်နေစေတော့သည်။
မြို့ထဲတွင် သာမန်သေမျိုးများနှင့် ကျင့်ကြံသူများစွာ ရှိနေကြပြီး လမ်းများတွင် လူများလှုပ်ရှားစည်ကားနေကြသည်။
အဆောက်အအုံတို့သည် အဝေးမှပင် ထည်ဝါကြောင်း ထင်ရှားနေသည်။ အနီးကပ်ကြည့်လျှင် သပ်ရပ်လှပမှုလည်း မနှိမ့်လှကြောင်း တွေ့မြင်နိုင်သည်။ တံခါးကြီးများစွာ၊ ခြံဝင်းများစွာတို့ဖြင့် လှပသေသပ်သော အိမ်ငယ်များစွာတို့လည်း ရှိနေကြသည်။
သွင်ပြင်အရဖြစ်စေ၊ အရေအတွက်အရဖြစ်စေ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်မြို့များ ယှဉ်ပြိုင်နိုင်ခြင်းမျိုး မဟုတ်ပေ။ နှစ်ဖက်ကြားရှိ အခြေခံအုတ်မြစ်ကွာခြားမှုမှာ သိသာထင်ရှားနေသည်။
ရွှီချင်းအား အံ့အားသင့်စေသည်ကတော့ နေရာ နှစ်နေရာ ဖြစ်သည်။
ပထမအချက်မှာ ဒေသငယ်မြို့တော်သည် ရှေးဘုရင်ရွှမ်ယုံရုပ်တု၏ ရင်ဘတ်တွင် တည်ရှိသဖြင့် သူတို့ခေါင်းမော့ကြည့်လိုက်ပါ ဦးဆုံးမြင်တွေ့ရသည်မှာ နတ်ဘုရားမျက်နှာပျက်ကြီး မဟုတ်သလို နေနှင့်လတို့လည်း မဟုတ်ကြပေ။ သူတို့က ရှေးဘုရင်ရွှင်ယုံရုပ်တုကြီး၏ ဦးခေါင်းကို ဦးဆုံး မြင်ရသည်။
၎င်း၏ သန့်စင်မြင့်မြတ်သော စိတ်အားမာန်၊ သက်ရှိများကို ကြည့်ရှုသော အကြည့်နှင့် မျက်နှာပြင်ပေါ်တွင် ကြင်နာသနားသော အငွေ့အသက်များမှာ သိသာထင်ရှားနေ၏။
ဒုတိယတစ်ချက်မှာ မြို့ထဲသို့ ခြေချလိုက်သည်နှင့် ရွှီချင်းက ဖုန်းဟိုင်ဒေသငယ်၏ ထိပ်ဆုံးတွင် ရပ်နေသကဲ့သို့ ခံစားချက်မျိုး ရလိုက်ခြင်း ဖြစ်သည်။ သူ့ကိုယ်ခန္ဓာ၊ ဝိညာဉ်နှင့် အရာအားလုံးတို့က ဤမြို့ထဲသို့ ဝင်လိုက်သည်နှင့် ဖုန်ဟိုင်းဒေသဖြင့် ခပ်ရေးရေးပေါင်းစည်းသွားဟန် ရှိလာသည်။
ထိုခံစားချက်မှာ နိုင်းယှဉ်မရအောင် ထူးဆန်းနေသည်။ ရွှီချင်း ရောက်ဖူးသမျှ မြို့များတွင် ထိုသို့တစ်ကြိမ်တစ်ခါမှ ခံစားမိခြင်း မရှိသေးပေ။
ဤနေရာသည် ဖုန်းဟိုင်ဒေသငယ်၏ အမြင့်ဆုံးမဟုတ်ကြောင်းလည်း ထင်ရှားနေ၏။
“ဒါက ကံစွမ်းအားပဲ။”
နတ်မိမယ်ကျစ်ရွှမ်က တိုးညင်းစွာ ပြောလိုက်သည်။
“ဒေသတစ်ခုရဲ့မြို့တော်နဲ့ ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးရဲ့ ဗဟိုအချက်အခြာအဖြစ် ဖုန်းဟိုင်ဒေသငယ်ရဲ့ ကံစွမ်းအားတွေဟာ ဒီနေရာမှာ စုစည်းလာတယ်။ ကံစွမ်းအားဟာ ထိကိုင်လို့မရပေမဲ့ တကယ်တည်ရှိနေတယ်။”
“ဒါပေမဲ့ ကံစွမ်းအားအများစုဟာ အထက်လမ်းစဉ် မျိုးနွယ်တွေဆီမှာပဲ စုစည်းနေကြတယ်။ ဂိုဏ်းတွေနဲ့ တခြားအဖွဲ့တွေ ရရှိနိုင်ဖို့တော့ မလွယ်ဘူး။”
ရွှီချင်း အတွေးနက်သွား၏။
သူတို့ ရှေ့သို့ ဆက်လျှောက်လာစဉ် ချန်ထင်းဟောင်က ဒေသငယ်မြို့တော်အား မိတ်ဆက်ပေးနေသည်။
“ဒေသတစ်ခုလုံးကို စည်းကိုးစည်းနဲ့ ခရိုင်ခုနစ်ဆယ့်ခုနစ်ခု ခွဲထားပါတယ်။ အသေးစိတ်ကိုတော့ နောက်ပိုင်းကျရင် သိလာမှာဖြစ်လို့ ရှင်းမပြတော့ပါဘူး။”
ဂိုဏ်းခွဲသို့ အလျင်အမြန်သွားရမည် ဖြစ်သဖြင့် ချန်ထင်းဟောင်က အသေးစိတ် ရှင်းပြမနေတော့ချေ။ ထိုအစား ဂိုဏ်းခွဲ၏ တည်နေရာကို မေးမြန်းပြီးနောက် မြန်ဆန်စွာ ထွက်လာကြသည်။ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်၏ ဂိုဏ်းခွဲသည် မြို့တော်၏ အနောက်တောင်ဘက် ခရိုင်အမှတ် ၅၉ တွင် တည်ရှိသည်။
ထိုနေရာသည် အစွန်အဖျားကျသည်ဟု မဆိုနိုင်သော်လည်း မြို့ထဲနှင့် နီးသည်ဟုလည်း မဆိုနိုင်ပေ။ သို့ရာတွင် ပြင်ပမှအမြင်အရတော့ ၎င်းသည် ခြံဝင်းအိမ်ရာကောင်းတစ်ခု ဖြစ်ကြောင်း တွေ့မြင်နိုင်၏။ အတွင်းတွင် တောင်အတုများနှင့် စမ်းချောင်းငယ်များစီးဆင်းလျှက် ရှိပြီး တင့်တယ်လှပမှုတို့ ပေါင်းထည့်ပေးနေသည်ကို ခပ်ရေးရေးမြင်နိုင်သည်။
သို့ရာတွင် ယခု ထိုနေရာ၌ ဂိုဏ်းခွဲတပည့်တစ်ဦးတစ်ယောက်မျှ ရှိမနေချေ။ ထို့အပြင် ခြံဝင်း၏ ဂိတ်တံခါးကိုလည်း အနက်ရောင်အဆောင်များဖြင့် ချိတ်ပိတ်ထားကြသည်။
ထိုချိပ်ပိတ်မှုကိုကြည့်ရင်း ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်တို့၏ မျက်နှာတို့ ပျက်ယွင်းသွားကြသည်။ နတ်မိမယ်ကျစ်ရွှမ်၏ အကြည့်က ထိုချိပ်ပိတ်မှုထံသို့ ရောက်သွားပြီး သူမက ဟန်မပျက်ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ကာ ဒေသငယ်မြို့တော်ထဲရှိ အသိမိတ်ဆွေတို့အား မေးမြန်းကြည့်လိုက်သည်။
ထိုချိပ်ပိတ်တံဆိပ်က အားလုံးကို ရှင်းပြထားသည်။
ဂိုဏ်းခွဲတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေ၏။
“ကျန်းစစ်ယွင်လား။”
ရွှီချင်းက ချိပ်တံဆိပ်အား ကြည့်လိုက်ပြီး ခေါင်းဆောင်အား ကြည့်လိုက်သည်။ ခေါင်းဆောင်နှင့် ရွှီချင်းတို့ အချင်းချင်းကြည့်လိုက်ကြပြီး မျက်လုံးများ တဖြည်းဖြည်း မှေးကြုတ်သွားကြသည်။
သူနှင့် ရွှီချင်းတို့နှစ်ဦးလုံးသည် လူဆိုးထိန်းဌာနမှ ဖြစ်ကြသည်။ သူတို့က ချိပ်တံဆိပ်များကို မြင်တွေ့ခဲ့ဖူးရုံမက ဆင်တူသော ပစ္စည်းများကိုလည်း သုံးဖူးကြ၏။
ထို့ကြောင့် အကြမ်းဖျင်းဆိုသော် အိမ်ခြံဝင်းတစ်ခုအား ချိပ်တံဆိပ်ပိတ်ခြင်းသည် အမှုကိစ္စအား နှံ့စပ်စွာ စုံစမ်းခြင်းမပြုနိုင်သေးခြင်းအား ဖော်ပြကြောင်း သူတို့နားလည်ကြသည်။ ထို့ကြောင့်ပြင်ပလူများက ထိုနေရာသို့ဝင်ရောက် ဖျက်ဆီးခွင့်မရှိခြင်း ဖြစ်သည်။ သူတို့က သက်ဆိုင်ရာဌာနဖြေရှင်းပြီးသည်အချိန်ထိ စောင့်ရမည် ဖြစ်သည်။
ထို့အပြင် သူတို့က ဒေသငယ်မြို့တော်သို့ ပထမဆုံးအကြိမ်ရောက်လာချိန်တွင် ထိုသို့သော ကိစ္စမျိုး ကြုံတွေ့နေရသည်။ သူတို့အား ပစ်မှတ်ထားခြင်း ဖြစ်နိုင်ချေက လွန်စွာများနေသည်။ လက်သည်တရားခံအတွက်တော့…ရွှီချင်းက စဉ်းစားကြည့်လိုက်ပြီးနောက်တွင် အရာအားလုံး၏ ဦးတည်ရာသည် ကျန်းစစ်ယွင်အား ညွှန်ပြနေ၏။
ကျန်းစစ်ယွင်သည် ဓားကိုင်အဖြစ် တိုက်ရိုက်ခေါ်ယူ ခန့်အပ်ခံရသည်။ ၎င်းအချက်ကပင် ဒေသငယ်မြို့တော်ရှိ သူ၏နောက်ခံကို ဖော်ပြရန်လုံလောက်နေသည်။
ထိုချိပ်တံဆိပ်ကို မြင်ချိန်တွင် ချန်ထင်းဟောင်ကလည်း မျက်မှောင်ကြုတ်လိုက်သည်။ သူက ကျောက်စိမ်းပေလွှာတစ်ခုထုတ်ကာ စုံစမ်းလိုက်သည်။ သူ့ဂိုဏ်းတူညီနောင်သုံးဦးကလည်း စုံစမ်းမေးမြန်းကြည့်လိုက်ကြသည်။
မြို့တော်သည် ကြီးမားကျယ်ပြန့်၏။ ထို့ကြောင့် သက်ဆိုင်ရာတာဝန်အောက်တွင်ရှိသည့် ကိစ္စမဟုတ်သရွေ့ တခြားသောနယ်မြေတို့က ကိစ္စများကို သိရှိနိုင်ရန်မှာ လူတိုင်းအတွက် မလွယ်ကူပေ။
သို့ရာတွင် ဒေသငယ်မြို့တော်၏ ဒေသခံခေါင်းဆောင်ငယ်များ ဖြစ်သဖြင့် သူတို့သည် သဲလွန်စတချို့အား ရလာကြသည်။
“လွန်ခဲ့တဲ့ခုနစ်ရက်တုန်းက ဒီဂိုဏ်းခွဲကလူတွေကို အာဏာအလွဲသုံးစားလုပ်မှုနဲ့ တရားရေးရုံးတော်က ဖမ်းခေါ်သွားခဲ့တယ်။ သူတို့က လက်ရှိမှာ စစ်ဆေးမေးမြန်းခံနေရတယ်လို့ ကြားသိရတယ်။”
ချန်ထင်းဟောင်က မျက်ခုံးများပင့်လိုက်ပြီး ရွှီချင်းတို့အား ကြည့်လိုက်သည်။
ထိုအချိန်တွင် နတ်မိမယ်ကျစ်ရွှမ်ကလည်း အသိတစ်ဦးထံမှ ပို၍ အသေးစိတ်ကျသော သတင်းများအား ရရှိသည်။
“အမိန့်ကို တရားရေးရုံးတော်ရဲ့ တတိယဌာနက ဌာနမှူး ယောင်ယွင်ဟွေ့က ထုတ်ခဲ့တာပဲ။ အာဏာအလွဲသုံးစားမှုက ကြီးလေးနိုင်သလို သေးငယ်တဲ့ ကိစ္စလည်း ဖြစ်နိုင်တာမျိုးပဲ။ ဒါက သေချာရည်ရွယ်ပြီး လုပ်တာပဲ။ ရွှီချင်း… ဒီတစ်ခေါက် ဓားကိုင်ရုံးတော်က ဓားကိုင်လက်သစ်တွေထဲမှာ ထိုက်စီရှန်းမုန်ဂိုဏ်းက တစ်ယောက်ရဲ့ မျိုးရုံးနာမည်က ဘာတဲ့လဲ။”
“သူ့မျိုးရုံးက ကျန်းပါ။ ကျန်းစစ်ယွင်…။”
ရွှီချင်းက ခပ်တိုးတိုးပြောလိုက်သည်။
“မင်းတို့ အငြင်းပွားမှုရှိခဲ့သေးလား။”
နတ်မိမယ်ကျစ်ရွှမ်က မေးလိုက်သည်။
“ရှိတယ်။”
ရွှီချင်း ခေါင်းညိတ်လိုက်သည်။
“ဒါဆို သူပဲဖြစ်မယ်။ ငါ့မိတ်ဆွေဆီက သိရတာအရ ဒီယောင်ယွင်ဟွေ့က ယောင်မိသားစုဝင်ပဲ။ အရင်က သူဟာ ထိုက်စီရှန်းမုန်ဂိုဏ်းထဲကို လက်ထပ်သွားခဲ့လို့ သူ့မိသားစုက မကျေမနပ်ဖြစ်သေးတယ်။ သူရဲ့ တာအိုကျင့်ကြံဖော်မျိုးရိုးနာမည်က ကျန်းဖြစ်ပြီးတော့ လက်ထပ်ပြီး မကြာခင် ကွယ်လွန်သွားခဲ့တယ်။ သူတို့နှစ်ဦးမှာ သားတစ်ယောက်တော့ ကျန်ခဲ့တယ်။”
နတ်မိမယ်ကျစ်ရွှမ်၏ မျက်လုံးတို့တွင် အေးစက်သော အလင်းများ ဖြစ်ပေါ်လာသည်။
“ဒီအတိုင်းဆို အာဏာအလွဲသုံးစားလုပ်မှုရဲ့ ပစ်မှတ်က ဂိုဏ်းခွဲမဟုတ်ဘဲ ရွှီချင်းဖြစ်နေတာပဲ။”
ပဥ္စမသခင်ကြီးက ကြမ်းရှရှပြောလိုက်သည်။
“သူက စိတ်မရှည်နိုင် ဖြစ်နေပုံပဲ။ ခုနစ်ရက်ဆိုတာက စစ်မေးဖို့အတွက် စကောစကကြာချိန်ဖြစ်နေတာပဲ။ ချင်းလေး လူဆိုးထိန်းဌာနမှာ ဒီလိုမျိုးလုပ်မယ်ဆိုရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ။”
ခေါင်းဆောင်က ဘေးမှ အေးဆေးစွာ ပြောလိုက်သည်။ ရွှီချင်းက ခေါင်းမော့လိုက်ပြီး အဝေးသို့ငေးကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ထောင်ချောက်တစ်ခု ဆင်ပြီး ပစ်မှတ်ကို တစ်ချက်တည်းသတ်ပစ်မယ်။”
“မှန်တယ်။ ငါတို့က အင်အားကြီးရင် ဒီလိုအစီအစဉ် လုပ်နေဖို့မလိုဘူး။ တန်းပြီး ဖမ်းလိုက်မှာပဲ။ ငါတို့က တစ်ခုခုကို သတိထားနေရချိန်မှာပဲ ဒီလိုလုပ်မှာ။ ဒါပေမဲ့ ငါတို့ သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ ငါတို့က ထောင်ချောက်တွေ ပိုထောင်ပြီး ရန်သူမသိနိုင်အောင် လုပ်ရမှာပေါ့။ သေကွင်းသေကွက်ကို တစ်ချက်တည်း တိုက်နိုင်ဖို့ဆို အခွင့်အရေးကို စောင့်ပြီး တန်ပြန်တိုက်နိုင်ခြေလုံးဝမရှိအောင် ရှင်းလင်းပစ်ရမယ်။”
ခေါင်းဆောင်က နှုတ်ခမ်းသပ်လိုက်သည်။
“မင်းက လောနေရင်တော့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ၊ နာမည်ဖျက်တာ။ ဒီတော့ လူတစ်စုကို အရင်ဖမ်းပြီး ပစ်မှတ်ပေါ်လာချိန်ကိုစောင့်၊ ပြီးရင် စုံစမ်းမှုအတွက်ဆိုပြီး သူ့ကိုပါ ဖမ်းခေါ်မယ်။ တစ်ချိန်တည်းမှာ ပိုပြီး ထောင်လွှားနေလိုက်။ ပစ်မှတ်ကို ဒေါသထွက်အောင် လုပ်ပြီးမှ ဖမ်းနိုင်ရင်ပိုကောင်းတယ်။ လူဆိုးထိန်းဌာနကတော့ ဒီနည်းက သိပ်မကောင်းလွန်းလို့ မသုံးဘူး။”
“ဘာလို့လဲ။”
ဝူကျန်းဝူက နားမလည်သဖြင့် တန်းမေးလိုက်သည်။ နင်ယန်က ထိုမေးခွန်းကို ကြားလျှင် အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
“ဒါက ကိစ္စသေးကို ကြီးအောင်ချဲ့ဖို့ အခွင့်ကောင်းပဲ။ ဒီကိစ္စကို နည်းနည်းပိုပြင်ပြီး ပစ်မှတ်ကို အလိုရှိစာရင်းထဲ တန်းထည့်နိုင်တယ်။ မဟုတ်ရင် ဖြည်းဖြည်းချင်း လုပ်နေရဦးမှာပဲ။”
ခေါင်းဆောင်၏ အသံက အေးစက်နေကာ ရွှီချင်းအား အဓိပ္ပာယ်ပါပါ ကြည့်သည်။
“ချင်းလေး ဒီကိစ္စကို မင်းဘယ်လိုဖြေရှင်းဖို့ ကြံထားလဲ။”
“ဒီကိစ္စကို ရှင်းတာက အရမ်းလွယ်တယ်။”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
“ဟုတ်တယ်။ ဖြေရှင်းတာက လွယ်တယ်။ တန်ပြန်တိုက်ဖို့ပဲ စဉ်းစားရမယ်။”
“ရေကြောင်းပြဌာနရဲ့ နည်းလမ်းကို နည်းနည်းပြောင်းလိုက်ရုံပါပဲ။”
“စိတ်ဝင်စားစရာပဲ။ သူတို့က ငါတို့လို လူဆိုးထိန်းဌာနဝင်ဟောင်းတွေကို ဘယ်လိုလုပ် အကွက်ဆင်ရဲတာလဲ။”
ခေါင်းဆောင်က ရယ်မောလိုက်သည်။
သူတို့နှစ်ဦး၏ ပြောစကားတို့သည် ဝန်းကျင်ရှိလူများအားလုံးကို ပင့်သက်ရှိုက်မိစေ၏။
ချန်ထင်းဟောင်လည်း ထိုနည်းတူ ဖြစ်သည်။ ရွှီချင်းနှင့် ခေါင်းဆောင်တို့အား ကြည့်သော သူ့အကြည့်တွင် အဓိပ္ပာယ်တို့ ပိုမိုနက်ရှိုင်းလာတော့သည်။
နတ်မိမယ်ကျစ်ရွှမ်၏ မျက်လုံးတို့တွင် လေးစားချီးကျူးမှုတို့ ထင်ဟပ်လာပြီး ပဥ္စမသခင်ကြီးကလည်း ပြုံးလိုက်သည်။
“ကျန်းစစ်ယွင်ရဲ့အမေက မကြာခင် လူလွှတ်လာတော့မယ်။”
ရွှီချင်းက အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ သူ့အသံထွက်ပေါ်သွားပြီးသည်နှင့် သူ ကြည့်နေသည့် လမ်းများထဲမှ လူရိပ်သဏ္ဌာန်နှစ်ခု ပျံသန်းလာသည်။
သူတို့သည် ရောက်ရှိမလာသေးခင်ကပင် သတ်ဖြတ်လိုစိတ်တို့ ပြင်းထန်စွာ ဖြန့်ကြက်ကာ ထိုနေရာတစ်ခုလုံးအား ဖိအားပေး၏။
“ရောက်လာကြပြီ။”
လျင်မြန်စွာချဉ်းကပ်လာသည့် လူရိပ်နှစ်ခုကို ကြည့်လိုက်ရင်း ခေါင်းဆောင်၏ မျက်လုံးတို့တွင် အနက်ရောင်အရိပ်တို့ လင်းလက်သွားသည်။
သူတို့က ရွှီချင်းတို့ရှေ့သို့ မြန်ဆန်စွာ ရောက်လာသည်။
ထိုနှစ်ဦးသည် အပြာရောင်တာအိုဝတ်စုံများဝတ်ထားကြပြီး နောက်ကျောတွင်တော့ အနက်ရောင်ဝတ်ရုံရှည်တစ်ခု ဝတ်ထားကြသည်။ ထိုဝတ်စုံများသည် ဓားကိုင်ရုံးတော်၏ တာအိုဝတ်စုံများနှင့် ဆင်တူသော်လည်း ညီညွတ်မှုကို ပို၌အသားပေးထားသည်။ သူတို့၏ အမူအရာတို့ကတော့ သုန်မှုန်နေကြသည်။ သူတို့က နတ်မိမယ်ကျစ်ရွှမ်ကို လစ်လျူရှုလိုက်ပြီး ဘေးဘီဝေ့ကြည့်ကာ ရွှီချင်းကို အာရုံစိုက်လိုက်ကြသည်။
“မင်းက ရွှီချင်းလား။”
“ငါတို့တရားရေးရာရုံးတော်က လူတွေက ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ဂိုဏ်းခွဲက လူတွေကို စစ်မေးခဲ့ပြီး ရွှီချင်းက အာဏာအလွဲသုံးစားလုပ်ခဲ့ကြောင်း သံသယရှိနေတယ်။ ဒါကြောင့် တရားရေးရုံးတော်က ရွှီချင်းကို စုံစမ်းမေးမြန်းမှုအတွက် ဆင့်ခေါ်တယ်။”
“ခုခံဟန့်တားရင် တရားရေးရုံးတော်က သတ်ဖြတ်ပိုင်ခွင့်ရှိတယ်။ စုံစမ်းမှုကို ငြင်းပယ်ရင် တရားရေးရုံးတော်က အင်အားသုံးပိုင်ခွင့်ရှိတယ်။”
“အပြင်လူက တရားရေးရုံးတော်ရဲ့ တာဝန်ကို နှောင့်ယှက်ဟန့်တားရင် ဖိနှိပ်ခံရမယ်။”
သူတို့နှစ်ဦးသည် ရွှေအမြုတေနန်းတော်ခြောက်ခုကျင့်ကြံဆင့်ရှိသူများ ဖြစ်ကြသည်။ သူတို့အသံက အရပ်မျက်နှာအားလုံးသို့ တမင်ဖြန့်ကြက်ထုတ်လွှတ်လိုက်သဖြင့် ပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများအားလုံး ကြားနိုင်ကြ၏။
သူတို့နှစ်ဦးက ရွှီချင်းအား ချက်ချင်းဖမ်းဆီးခြင်း မပြုကြသေးပေ။ ထိုအစား သူတို့၏ အကြည့်တို့က ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်တပည့်များထံသို့ ကျရောက်နေသည်။ အထူးသဖြင့် နတ်မိမယ်ကျစ်ရွှမ်အား ကြည့်နေလိုက်ကြသည်။ သူတို့အား တုံ့ပြန်ချိန်ပေးနေသည့်အလား အကြိမ်ကြိမ် ကြည့်နေခြင်း ဖြစ်သည်။
ထိုအချိန်တွင် ချန်ထင်းဟောင်နှင့် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်တပည့်များက ရွှီချင်းနှင့် ခေါင်းဆောင်တို့အား ထူးဆန်းစွာ ကြည့်လိုက်ကြသည်။ ဤမြင်ကွင်းက ရွှီချင်းတို့ ပြောသည့်အတိုင်း တထေရာတည်း ဖြစ်နေသည်။
ရွှီချင်းသည် လူဆိုးထိန်းဌာနတွင် သုံးနှစ်ကြာ လုပ်ကိုင်ဖူးသည်။ သာမန်လူဆိုးထိန်းအဖြစ်မှ သတ္တမတောင်လူဆိုးထိန်းဌာန၏ ဌာနမှူးအဆင့်ထိပင် တက်လှမ်းနိုင်သူ ဖြစ်သည်။ သူက ထိုအကွက်ဆင်မှုတို့အား လွန်စွာရင်းနှီးနေပြီ ဖြစ်သည်။
ခေါင်းဆောင်မှာ ပို၍ပင် အတွေ့အကြုံများ၏။
တဖက်လူက ထိုသို့ပြောလျှင် ရွှီချင်းက နတ်မိမယ်ကျစ်ရွှမ်ထံသို့ လက်သီးအုပ်နှုတ်ဆက်လိုက်သည်။
“စီနီယာ ဒီကိစ္စကို ကျွန်တော်ကိုင်တွယ်လိုက်ပါ့မယ်။ ကိစ္စမရှိပါဘူး။”
ထို့နောက် ရွှီချင်းက ပဥ္စမသခင်ကြီးနှင့် ချန်ထင်းဟောင်တို့ထံသို့ လက်သီးအုပ်၍ နှုတ်ဆက်လိုက်သည်။ နောက်ဆုံးတွင် သူက ခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်ပြီး တရားရေးရုံးတော်တပည့်နှစ်ဦးထံသို့ လျှောက်လှမ်းသွားလိုက်သည်။