← Chapters

ကောလိပ်ကပေးသည့် ဆုလာဘ်....

Vol. 31 Ch. 421

ကောလိပ်ကပေးသည့် ဆုလာဘ်....

Vol. 31 Ch. 421

ဝင်ခွင့်ပြိုင်ပွဲပြီးဆုံးပြီး ငါးရက်မြောက်နေ့တွင် လီလော့ သဘောအကျဆုံးအချိန်ကိုရောက်ရှိလာခဲ့သည်။

ဆုချီးမြှင့်ခြင်း......

ဝင်ခွင့်ပြိုင်ပွဲက သူ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့ပေမယ့် လီလော့ ကတော့ သိပ်ဂရုမစိုက်ခဲ့ပေ။ အကယ်၍ သင့်တွင် မြင့်မားသောဂုဏ်သတင်းနှင့်ကောင်းကင်ရွှေ ဆယ်ပြား

ထိုက်တန်သောဆေးတစ်လက်ရှိပါက လီလော့သည် ဆယ်ပြားတန်ဆေးတစ်လက်ကိုသာရွေးချယ်မည့် လူစားမျိုးပင်....

သူသည် လောဘကြီးသူ၊ ရုပ်ဝါဒီဆန်သော လူယုတ်မာတစ်ဦးဖြစ်ပြီး သူလိုချင်သည်မှာ ကောလိပ်ကပေးအပ်မည့် ဆုလာဘ်များကိုသာပင်.....

ဒါဟာ အစကတည်းက သူ့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်သည်။

သူတကယ်လိုချင်ခဲ့တာက ရွှေမျက်လုံးအဆင့် အဖိုးတန် ဓားနှစ်လက်ဖြစ်သည်။ လုကျန်းနှင့်တိုက်ခိုက်ခဲ့စဉ်က သူ့ရဲ့အရံဓားနှစ်လက်ပျက်စီးသွားခဲ့ခြင်းကြောင့် ပြိုင်ဘက်များ အားကောင်းလာသည်နှင့်အမျှ မှန်ကန်သော လက်နက်တစ်ခု ရှိရန်မှာ အရေးကြီးပါသည်။ ရွှေမျက်လုံးအဆင့် အဖိုးတန်ပစ္စည်းတစ်ခုသည် တိုက်ပွဲစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး၊ ၎င်းမှာ အရေးတကြီးလိုအပ်နေသည့်အရာဖြစ်သည်။

အထူးသဖြင့် အနီးကပ်တိုက်ပွဲတွင် တံလျှပ်သိမ်းငှက်မျက်လုံးလေးကို အချိန်တိုင်း အသုံးမပြုနိုင်ပေ။၎င်းသည် ခိုင်ခံ့သောတည်ဆောက်မှုရှိသည့် ရွှေမျက်လုံးအဆင့် အဖိုးတန်ပစ္စည်းတစ်ခုဖြစ်သော်လည်း ဖြိုဖျက်မရနိုင်လောက်သည်အထိတော့မခိုင်နိုင်ပေ။ တံလျှပ်သိမ်းငှက်မျက်လုံးလေးသာ ထိခိုက်သွားလျှင် ပြုပြင်ဖို့ခက်လိမ့်မည်။

သူသည် ရှန့်ပိန်းတွေ့ဆုံပွဲ တွင် ကြမ်းတမ်းစွာ တိုက်ခိုက်ရလိမ့်မည်။ ထို့ကြောင့် ပြီးပြည့်စုံတဲ့ လက်နက်တစ်ခု လိုအပ်နေသည်။

လီလော့ အမှန်တကယ် အရံလက်နက့များကို ပြင်ဆင်ထားခဲ့ပါသည်။ သူသည် ရှာဖွေရာတွင် ကူညီရန် ချိူင်ဝေကို တောင်းဆိုခဲ့သော်လည်း ရွှေမျက်လုံးအဆင့် ရတနာ ဓားနှစ်လက်၏တန်ဖ်ိုးသည် စီးပွားရေးအခြေနေကောင်းနေပြီဖြစ်သော လော့လန်အိမ်တော်ကို တဖန်ပြန်ပြီးချွတ်ချုံကျသွားစေနိုင်သည်။ထို့ကြောင့် ငွေကြေးကုန်ကျခံစရာမလိုဘဲရရှိနိုင်မည့် ဆုလာဘ်များကို များစွာမျှော်ကိုးနေခဲ့ခြင်းဖြစ်သည်။

လီလော့တစ်ယောက် ချီချန်း ဉီးဆောင်ရာနောက်ကနေ တက်ကြွသောခြေလှမ်းများနှင့်လိုက်ပါနေရင်းကနေ ချီချန်း၏ဝတ်ရုံကို လှမ်းဆွဲလိုက်သည်။

ချီချန်းသည် သူမ၏ ၀တ်ရုံစကို ဝှေ့ယမ်းလိုက်ပြီး ယခင်အတိုင်း ခပ်ခွာခွာ ရှေ့သို့ လျှောက်သွားလိုက်သည်။ သို့တိုင် လီလော့ သည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း သူမ စိတ်ကောင်းဝင်နေမှန်း အလိုလိုသိမြင်ခံစားနေရသည်။

"ဆရာ..... ကျွန်တော့်ကြောင့် ဆရာမျက်နှာကောင်းရခဲ့တယ်မလား....."

သူမ သူ့ကို စိုက်ကြည့်နေပြီး....

"ဒီလိုအရေထူတဲ့အပြောမျိုးနဲ့ ဘာကိုတောင်းဆိုဉီးမလို့လဲ....."

".ဆရာ... နှိမ့်ချဖို့ထက် ရိုးသားဖို့က ပိုအရေးကြီးတယ်"

သူမ စိတ်ကြည်နေသဖြင့် သူ့မေးခွန်းကို မချေပခဲ့ပေ....

"မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ မင်းငါ့ကို စိတ်မပျက်စေခဲ့ဘူး....."

"ဒါ​ပေမယ့်​ ကျွန်​​တော်​တို့ပျော်နေပေမယ့် ရှန်ကျင်းရှောင်ကတော့ အတော်စိတ်ညစ်နေမှာပဲနော်....."

လီလော့ ရယ်မောလိုက်သည်။ ရှန်ကျင်းရှောင်အတွက် မကောင်းသတင်းက သူတို့အတွက် သတင်းကောင်းပင်မဟုတ်လော....

ထို့နောက် ဆရာတပည့်နှစ်ယောက် ရှန်ကျင်းရှောင်အကြောင်း အတင်းတုပ်နေရင်းဖြင့် ခန်းမတခုရှေ့သို့ရောက်လာခဲ့ကြသည်။

ခန်းမ၏ပုံသဏ္ဍာန်သည် ကာကွယ်ရေးသင်္ကေတများပြည့်နှက်နေသည့် ဧရာမလိပ်ကြီးတစ်ကောင်နှင့် တူသည်။ ၎င်း၏ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟထားပြီး ကြေးဝါတံခါးများဖြင့် တင်းကျပ်စွာပိတ်ထားသည်။ လိပ်၏အခွံသည် နေရောင်အောက်တွင် တောက်ပနေကာ၊ ဆွဲဆောင်မှုရှိသော သေးငယ်သည့် မှော်စာလုံးများသည် ထိုခန်းမကိုအသက်ဝင်နေသည်ဟု ထင်ရစေသည်။

အခန်းမအပြင်မှာ စောင့်နေတဲ့လူတွေ

တန်းစီရှိနေပြီး ထိုလူများထဲတွင် ကျန်းရှင်းအာ၊မင်းသမီး၊ ကုန်းရှန်ကျွင်းနှင့်ရင်းနှီးနေသည့် လူအနည်းငယ်ကို တွေ့မြင်လိုက်ရသည်။

သူအပါအဝင်၊ ဝင်ခွင့်ပြိုင်ပွဲအတွက် ကိုယ်စားလှယ် ခုနစ်ယောက်ရှိသည်။

"ဇူရွှမ်းနဲ့ ရဲချူတင်းက ဘာလို့ ဒီကိုရောက်နေတာလဲ..."

လီလော့ တုန်လှုပ်ချောက်ချားစွာ မှတ်ချက်ချလိုက်သည်။ ၎င်းတို့နှစ်ဦးသည် ရှုံးနိမ့်ခဲ့ပြီး ဝင်ခွင့်ပြိုင်ပွဲကို လက်လွတ်လုနီးပါးဖြစ်ခဲ့သည့်အပြင် လီလော့ အပေါ် စိတ်ပိုင်းဆိုင်ရာ ဖိအားများတိုးပွားစေခဲ့သည်။

သူတို့ဘာကြောင့် ဆုလာဘ်တွေ ရရမှာလဲ.....

"ဘာတွေပဲဖြစ်ဖြစ် ကောလိပ်ရဲ့ ရည်မှန်းချက်ကိုပြောင်းလဲမှာမဟုတ်ဘူး.. ရှန့်ပိန်းတွေ့ဆုံပွဲ မတိုင်မီ ကျောင်းသားအားလုံးကို အဘက်ဘက်က အဆင့်မြှင့်တင်ဖို့လိတယ်.... အဖိုးတန်ပစ္စည်းများတွေကို ပေးကမ်းလိုက်တာက ရိုးရှင်းပြီး ထိရောက်မှုရှိတယ်....ကောလိပ်ကပေးမယ့်ဆုလာဘ်တွေက သိပ်ကိုမြင့်မားတာမို့ တခြားကျောင်းသားတွေသိရင် မနာလိုဖြစ်ကုန်လိမ့်မယ်....."

"ဇူရွှမ်းနဲ့ ရဲချူတင်တို့ကို ရွှေမျက်လုံးအဆင့် ရတနာပစ္စည်းတွေ ပေးမှာ မဟုတ်ဘူး... သူတို့အတွက် ရွှေမျက်လုံးအဆင့်တစ်ဝက်ရတနာတွေပဲပေးမှာပါ...

မျက်လုံးတွေ ဖြူဖွေးတောက်ပလာလိမ့်မယ်။ နောက်ဆုံးမှာတော့ မင်းဟာ ကျောင်းလက်မှတ်ကို သယ်ဆောင်လာခဲ့တာ။ အဲဒါမရှိရင် ကျောင်းက သူတို့ကို ကူညီဖို့ မက်လုံးတွေ ရှိလာမှာ မဟုတ်ဘူး..ဘာပဲဖြစ်ဖြစ် နင်က ဝင်ခွင့်ပြိုင်ပွဲရလဒ်ကို ဆုံးဖြတ်ပေးခဲ့တာဆိုတော့ သူတို့နှစ်ယောက်လည်း နင်တို့​နဲ့အတူ ရှန့်ပိန်းတွေ့ဆုံပွဲကိုသွားရမှာလေ...."

ချီချန်း၏ ခပ်တိုးတိုးရှင်းပြချက်များကြောင့် လီလော့ အတော်အံ့သြနေခဲ့ရသည်။

ဒါဆို ဒီကောင်တွေ ငါကိုမှီပြီး ကြီးပွားသွားတာပေါ့......

"ဟေ့.... ငါတို့ရဲ့ သူရဲကောင်း နောက်ဆုံးတော့ ရောက်လာပြီ..."

မင်းသမီးက ကျော့ရှင်းစွာပြုံးပြပြီး နှုတ်ဆက်လိုက်သည့်အခါ တခြားသူတွေကလည်း လိုက်ကြည့်ကြသည်။

" မင်းသမီး..ကျေးဇူးပြုပြီး အာရုံစိုက်ခံရအောင်မလုပ်ပါနဲ့....မင်းသမီးတို့လိုစီနီယာတွေသာ မရှိခဲ့ရင် ကျွန်တော်အခုလိုအောင်မြင်နိုင်မှာမဟုတ်ပါဘူး....."

"မင်းသမီး... ကျေးဇူးပြုပြီး သူ့ကို မနှိပ်စက်ပါနဲ့..." ကျန်းရှင်းအာကပါ ရယ်မောလိုက်သည်။

"ဟေ့...နင်က နင့်ချစ်သူကို ကာကွယ်ပေးချင်တယ်ပေါ့....."

မင်းသမီးက ကျန်းရှင်းအာကို တံတောင်နဲ့တွတ်ပြီးကျီစယ်လိုက်သည်။

"မဟုတ်ပါဘူး...."

ကျန်းရှင်းအာ တဲ့တိုးပြန်ဖြေလိုက်သည့်အခါ ဒူဇီဟုန်လျန် မဲ့ရွဲ့သွားပြီး ကုန်းရှန်ကျွင်းကတော့ ယဉ်ကျေးသော အပြုံးဖြင့် ခပ်အေးအေး ကြည့်နေခဲ့သည်။

ဒုကျောင်းအုပ်စုရှင်းက ကျောင်းသားတွေကို သတိပေးသည့်အနေဖြင့် ချောင်းဟန့်လိုက်သည်။

ယနေ့တွင် သူမ၏ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေပြီး သူမ၏ ကြင်နာသော အသွင်အပြင်ကို ပို၍တောက်ပ စေသည်။

"ကောင်းပြီ.... မင်းတို့အားလုံး ဒီနေရာမှ. ဘာကြောင့် စုဝေးနေကြတယ်ဆိုတာ ငါ သိတယ်.... ဒါကြောင့် သင့်တော်တဲ့ အဖိုးတန် ပစ္စည်းတွေကို တွေ့မယ်လို့ မျှော်လင့်ပါတယ်...."

သူမသည် ရိုးရှင်းသေယ လက်ဟန်အချို့ လှုပ်ရှားလိုက်ပြီး ပဲ့တင်ထပ်သံ စွမ်းအားများကို ရှေ့သို့ ပို့လိုက်သည့်အခါ ကြေးဝါတံခါးပေါ်တွင် အလင်းရောင်အချို့တောက်ပလာသည်။

ခဏကြာတော့ တံခါးတွေ တုန်ခါလာပြီး လိပ်ကြီး၏ဟိန်းဟောက်သံကို အဆောက်အအုံကို ပေါက်ကွဲစေတော့မတတ်ကျယ်လောင်စွာထွက်ပေါ်လာသည်။

ထို့နောက်ကြေးတံခါးများဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

ဒုကျောင်းအုပ်ကြီးစုရှင်း အထဲဝင်သွားသည့်နှင့် လီလော့နှင့် အခြားသူများ တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်စွာ ကြည့်ကာ စိတ်အားထက်သန်စွာ လိုက်သွားခဲ့ကြသည်။

နံရံများတစ်လျှောက်တွင်ဖန်သားများဖြင့် ကာရံထားသော ရတနာပစ္စည်းများကိုမြင်တွေ့နေသော်လည်း အများစုမှာအဖြူရောင်မျက်လုံးအဆင့်ရတနာများသာဖြစ်ကြသည်။

သို့တိုင်၊ ဤစျေးသက်သာသော အဖိုးတန် အဖိုးတန်ပစ္စည်းများကိုတောင်ပုံရာပုံ မြင်တွေ့ရသည်မှာ ထိတ်လန့်စရာ မြင်ကွင်းတစ်ခုပင်။

လီလော့သည် ရွှေနဂါးတာအိုနယ်မြေတွင် ပို၍များပြားသော ပမာဏကို မြင်ဖူးသည့်အတွက် စိတ်လှုပ်ရှားမနေခဲ့ပေ။ ၎င်းသည် လောဘဇောကြောင့် ဆင်ခြင်တုံတရားဆုံးရှုံးမည့်အရေးမှကယ်တင်ပေးနိုင်ခဲ့သည်။

သူတို့အားလုံး လောဘကို ချိုးနှိမ်ပြီ ဒုကျောင်းအုပ်စုရှင်းနောက်သို့ လိုက်သွားခဲ့ကြသည်။

မကြာမီ သူတို့သည် ကျောက်တိုင်ဆယ်တိုင် တည်ရှိနေသည့် ခန်းမကြီးတစ်ခုတွင် ရပ်တန့်သွားခဲ့သည်။ တိုင်တစ်ခုစီ၏အပေါ်တွင် တောက်ပနေသည့် အလင်းတန်းတစ်ခုရှိပြီး အတွင်းမှအရာများကို ကောင်းစွာမီးမောင်းထိုးပြထားလေ၏။

ကျောင်းသားများ၏ အကြည့်များကို ကျောက်တိုင်များပေါ်မှရတနာများက ကောင်းကောင်းကြီး ဆွဲဆောင်နေကြသည်။

ရွှေမျက်လုံးအဆင့်ရတနာ ဆယ်ခု.......

သားရည်ကျလောက်စရာ ရွှေမျက်လုံးအဆင့် ရတနာတွေ.....

လီလော့သည် ၎င်းတို့အားလုံးကို ခိုးယူရန် ပြင်းပြစွာ စိတ်အားထက်သန်နေလေတော့သည်။

***

All Chapters