လက်နက်ရွေးချယ်ခြင်း.
Vol. 31 Ch. 422
ကျောက်တိုင်ဆယ်ခုစလုံးကို သဘယဝစွမ်းအင်များကလှည့်ပတ်ဝန်းရံနေပြီး ၎င်းတို့အထက် လေထုထဲတွင် ကျက်သရေရှိသော စွမ်းအင်ပတ်လမ်းကြောင်းများကို ဖန်တီးပေးနေသည်။
လီလော့သည် ပုံသဏ္ဍန်မမှန်ဘဲရွေ့လျားနေသောအလင်းတန်းများကြောင့် ကျောက်တိုင်ထိပ်များတွင်ရှိသော ရတနာများကို ဝိုးတဝါးမြင်တွေ့နေရသည်။
"ဒါဆို ဒါတွေက ရွှေမျက်လုံးအဆင့်အစစ်အမှန်ရတနာတွေပဲ..."
အဆိုပါ အဖိုးတန်ပစ္စည်းများတွင် သူ၏တံလျှပ်သိမ်းငှက်မျက်လုံးလေးထက် သာလွန်သော စွမ်းအင်ရောင်ဝါများ ပါရှိသည်။ ထို့အပြင် ထိုရတနာများသည် သဘာဝစွမ်းအင်များကိုသူ့အလိုလိုစုပ်ယူနိုင်ကြသည်။
ဤရွှေမျက်လုံးအဆင့် အဖိုးတန်ပစ္စည်းများသည် တစ်နည်းအားဖြင့် အသက်ရှင်နေသည်ဟုခံစားနေရသည်။
ဤနေရာတွင် မင်းသမီးနှင့်ကုန်းရှန်ကျွင်းတို့သည် မင်းမျိုးမင်းနွယ်များဖြစ်သည့်အတွက် ၎င်းတို့၏ အဆင့်အတန်းကြောင့် ရွှေမျက်လုံးအဆင့် အဖိုးတန်ပစ္စည်းများကို မြင်တွေ့နေရသော်လည်း တုန်လှုပ်အံ့သြခြင်းမရှိခဲ့ပေ။
တစ်ဖက်တွင် လီလော့လို သနားစရာကောင်းသော ကလေးများသည် တစ်ချိန်တည်းတွင် ပါးစပ်တစ်ခုလုံးကနေ သားရည်များ ရွှဲနစ်နေသည်အထိ အံ့သြနေကြသည်။
ကျန်းချင်းအာပင်လျှင် စိတ်လှုပ်ရှားနေမိသည်။ သူမ၏ တော်ဝင်ခံတပ်ဓားရှည်သည် ရွှေမျက်လုံးအဆင့် အဖိုးတန် ပစ္စည်းတစ်ခု ဖြစ်သော်လည်း သူမတွင် တစ်ခုတည်းသာ ရှိသည်။ ထို့ကြောင့် နောက်တစ်ခုရရှိမည်ဆိုသည်ကို ငြင်းဆန်နေစရာအကြောင်းမရှိပေ။
ဤရတနာများကို ရရှိမည်မဟုတ်မှန်း သိသော ဇူရွှမ်းနှင့်ရဲချူတင်းတို့မှလွဲ၍ အခြားသူများသည် ကျောက်တိုင်များကို မွတ်သိပ်စွာ စိုက်ကြည့်နေကြသည်။ ကျောင်းမှ ပေးအပ်မည့် ရွှေမျက်လုံးအဆင့်နှင့် တူညီသောအဆင့်တွင် ရှိမနေသော်လည်း ရွှေရောင်မျက်လုံးတစ်ဝက်အဆင့်ရတနာများကို အလကားရရှိခြင်းသည် မကောင်းသောအရာတော့မဟုတ်ပေ။
သို့တိုင် ၎င်းတို့သည် နိုင်ပွဲအတွက် လုံး၀ ပါဝင်မပေးခဲ့ပေ။ တခြားသူတွေကြောင့်သာ မဟုတ်ရင် အခုလို ရတနာစံအိမ်ထဲတွင် ရပ်နေနိုင်မည်မဟုတ်ပေ။
တစ်နည်းဆိုရသော် လီလော့ကြောင့်သာ ၎င်းတို့သည် ဤရွှေမျက်လုံးတစ်ဝက်ရတနာကို ရရှိခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း သဘောထားသေးသိမ်သူများပီပီ ကျေးဇူးတင်စကားပြောဖို့ဝေးစွခြောက်ပါးပင်....
ဤသည်ကိုလည်း လီလော့ ဂရုမစိုက်ခဲ့ပေ။ သူ့မှာ ကျေးဇူးတင်စကားနဲ့ ကောင်းကင်ရွှေ ၁၀ပြား ရှိရင် ကောင်းကင်ရွှေဆယ်ပြားကိုသာရွေးချယ်ပါလိမ့်မည်....
ကျေးဇူးတင်စကားတစ်ခွန်းလောက်နှင့် ဝိဉာဉ်ရည်တွေဝယ်လို့ရမလား....ကောင်းကင်ရွှေကမှ ဝိဉာဉ်ရည်တွေဝယ်လို့ရသေးတယ်......
ထို့ကြောင့်ရွှေမျက်လုံးအဆင့် အဖိုးတန် ပစ္စည်းတစ်ခုပေးအပ်သည့် ကျောင်း၏ ကျေးဇူးတရားကို သူ ပို၍ စိတ်ဝင်စားခဲ့သည်။ သို့တိုင်၊ ယခုတွေ့မြင်နေရသည့် ရတနာဆယ်ခုတွင် ဓားနှစ်လက် အမျိုးအစား အဖိုးတန်ပစ္စည်း မရှိကြောင်းကို မြင်သောအခါ သူ စိတ်ပျက်သွားသည်။
မျှော်လင့်ထားသည့်အတိုင်းပင်.....
နောက်ဆုံးတွင်၊ ဓားနှစ်ချောင်းကို သီးခြားစီဝယ်ယူရမည်ဖြစ်ပြီး တစ်ချောင်းချင်စီ၏အဆင့်သည် ရွှေမျက်လုံးအဆင့်ဖြစ်နေပါက တန်ကြေးနှစ်ဆကုန်ကြမည်ဖြစ်သည်။ကုန်ကျစရိတ်က ရူးလောက်စရာပင်.....
လီလော့၏ ယခင်ဓားနှစ်လက်သည် အဖြူရောင်မျက်လုံးအဆင့်များပင်မဟုတ်ပဲ သာမန်ပဲ့တင်ထပ်သ့ ရှေးဟောင်းပစ္စည်းများသာဖြစ်သည်။ သို့သော် ရွှေမျက်လုံးအဆင့်တွင်၊ မည်သည့်လက်နက်တိုက်တွင်မဆို ထိုကဲ့သို့သော အမြွှာဓားနှစ်လက်ကို အလွယ်တကူရှာတွေ့ဖို့လွယ်ကူမည်မဟုတ်ပေ။
လီလော့သည် ဤရလဒ်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ၎င်းအစား ဓားတစ်ချောင်းတည်းသာ ရွေးချယ်ဖို့ဆုံးဖြတ်ထားခဲ့သည်။
ဤသည်ကမှရှာရလွယ်ကူလိမ့်မည်.....
ရတနာ ဆယ်ခုတွင် ဓားအမျိုးအစားရတနာနှစ်ခု ရှိသည်။ သူသည် လေထဲတွင် ချိတ်ဆွဲထားသည့် စာလုံးများကို စူးစူးစိုက်စိုက်ကြည့်ကာ လက်နက်များကို သေချာအကဲခတ်နေသည်။
"ရေခဲလှိုဏ်ဂူဓား၊ ရွှေမျက်လုံးအဆင့် အဖိုးတန်ရတနာ..... အေးခဲနေသော မြေအောက်သတ္တုရိုင်းများမှ ပြုလုပ်ထားပြီးရေခဲနှင့်သတ္တု စွမ်းအားနှစ်ခုကို ချောမွေ့စွာ ပေါင်းစပ်ထားသည်။ ရေခဲဖြတ်စက်ဟုလည်း လူသိများသည်..."
နီလာရောင်ဓားသည် အေးစက်သောအလင်းရောင်ဖြင့် ပတ်ဝန်းကျင်တစ်ခွင်ကို ရေခဲတောထဲနစ်မြှုပ်နေသလို အေးမြနေစေသည်။
"မှင်အကြေးခွံဓား..... ရွှေမျက်လုံးအဆင့် အဖိုးတန်ရတနာ အရှေ့ဘက်ပင်လယ်ရဲ့ နက်နဲတဲ့ပင်လယ်ပြင်မှာ ကျင်လည်နေတဲ့ မှင်အကြေးခွံနဲ့ ပြုလုပ်ထားတာကြောင့် ဓားပေါ်မှာ အနက်ရောင်အကြေးခွံတွေနဲ့ ဖုံးလွှမ်းနေတယ်.... အများအားဖြင့်တော့ မီတာတစ်ထောင်အတွင်း အလိုရှိရာဆီလျင်မြန်စွာသွားလာနိုင်ပြီး မြို့စားအဆင့်တွေတောင် ရှောင်တိမ်းနိုင်ဖို့ခက်ခဲတယ်......"
မှင်အကြေးခွံဓားသည် ပိုတိုပြီး ပါးလွှာသော ဓားဖြစ်သည်။ ပုံမှန်ကြိမ်နှုန်းများတွင်၊ အလင်းတန်းတစ်ခုသည် ဓါးသွားပေါ်မှဆင်းသက်ကာ အာကာသအတွင်း ပါးလွှာသောဖြတ်တောက်မှုတစ်ခုကို ဖန်တီးပေးနိုင်သည်။
လီလော့သည် ရေခဲလှိုဏ်ဂူဓားက သူနှင့် အလွန်လိုက်ဖက်မှုမရှိသောကြောင့် ခေတ္တရပ်ဖယ်ထုတ်ထားလိုက်သည်။ သူ့မှာ ပဲ့တင်ထပ်သံတတေေတွေ အများကြီးရှိပေမယ့် ရေခဲပဲ့တင်ထပ်သံမပိုင်ဆိုင်ထားပေ။
ထို့ကြောင့် ၎င်း၏စွမ်းအားများကို ထိရောက်စွာ ထုတ်သုံးနိုင်မည်မဟုတ်ပေ။မှင်အကြေးခွံဓားကသာ သူ့ကို ဆွဲဆောင်သွားခဲ့သည်။
၎င်းကို စိုက်ကြည့်သောအခါတွင်အနက်ရောင်အလင်းတန်းသည် သူ့မျက်လုံးများကို ထိခိုက်လုနီးပါးဖြစ်စေခဲ့သည်။
ထိုကဲ့သို့ ထက်မြက်ပြီး အစွမ်းထက်သော ဓားသွားသည် ယခင်က သူအသုံးပြုခဲ့သည့် ဓားတိုနှစ်လက်ထက် များစွာ သာလွန်ကောင်းမွန်သည်။
တွေးလေ ပိုကြိုက်လေလေပင်....
"ဒီနှစ်ခုစလုံးကို လိုချင်လို့လား"
ကျန်းချင်းအာရဲ့အသံကိုကြားလိုက်ရသည်။
"ငါတို့ တစ်ခုစီ ယူလို့ရတယ်" လို့ သူမ ပြောလိုက်သည့်အခါ လီလော့၏နှလုံးခုန်သံများ မြန်ဆန်လာသည်။
"မလိုပါဘူး....နင့်အတွက်လည်း ရွှေမျက်လုံးအဆင့်ရတနာတစ်ခုလိုတယ်မလား...ငါ့အတွက်နဲ့အခွင့်ရေးကိုမဖြုန်းတီးနဲ့....."
"ဒီဓားနှစ်ချောင်းကို မကြိုက်ဘူးလား"
"ငါရဲ့ ကျင့်ကြံမှုအရ တူညီတဲ့ ဖန်တီးမှုမဟုတ်ရင် ရွှေမျက်လုံးအဆင့်ရတနာ နှစ်ခုကို ကိုင်တွယ်နိုင်မယ် မထင်ဘူး.... လက်နက်တစ်ခုတည်းပေါ်မှာပဲအာရုံစိုက်ထားသင့်တယ်လို့ထင်တယ်...."
ကျန်းချင်းအာက ဒါကို စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
လီလော့ ပြောတာ မှန်တယ်.....ရွှေမျက်လုံးအဆင့် ရတနာတွေက အားကောင်းပေမယ့် သုံးစွဲသူရဲ့ ပဲ့တင်ထပ်သံ စွမ်းအားကို သိသိသာသာ အကုန်မြန်စေတယ်....ပုံသဏ္ဍာန်ပြောင်းလဲ့ခြင်းအဆင့်လောက်နဲ့ ရတနာနှစ်ခုစလုံးသုံးဖို့မလွယ်လောက်ဘူး....
"ကောင်းပြီလေ၊ တကယ်တော့ နင့်အတွက် ရွှေမျက်လုံးအဆင့်ရတနာတစ်ခုယူပေးဖို့ ငါအမြဲ တွေးနေခဲ့တာ...အနည်းဆုံးတော့ ငါ့မှာတစ်ခုရှိပေမယ့် နင့်မှာဘာမှမရှိဘူးလေ....."
"ဒါ ကြွားလုံးထုတ်နေသလိုခံစားရတယ်...."
လီလော့ ငြီးတွားလိုက်သည်။
"ဟုတ်လား?"
ကျန်းချင်းအာက အပြစ်ကင်းစင်သော ရွှေရောင်မျက်လုံးများကို ခါတိုင်းထက် ခပ်ကျယ်ကျယ် ဖွင့်လိုက်သည့်အခါ လီလော့မျက်လုံးများကို မှိတ်ထားလိုက်မိသည်။
ဝမ်းတွင်းမည်းတဲ့ငန်းဝတုတ်......
"နင် ကြိုက်တာတွေ့ပြီလား"
ရွှေပုလဲသုံးလုံးချထားသော တိုင်တစ်ခုဆီသို့ သူမ ညွှန်ပြလိုက်သည်။ တစ်ခုစီတွင် အလယ်တွင် မျဉ်းငယ်တစ်ခုစီပါရှိပြီး ၎င်းတို့သည် ပိတ်ထားသော မျက်လုံးများနှင့်တူသည်။
ရွှေရောင်ပုလဲမျက်သွယ်သုံးခု....ရွှေမျက်လုံးအဆင့်ရတနာ .. ၎င်းသည် ပြိုင်ဘက်၏ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်နှင့်၊ ၎င်းတို့၏ ပဲ့တင်ထပ်သံ စွမ်းအားများ လျင်မြန်စွာ ပျက်ပြယ်သွားမည်ဖြစ်သည်။ အဖျက်စွမ်းအားသည် အရောင်သုံးမျိုးဖြင့် ထွက်ပေါ်လာပြီး အဆိုပါသုံးမျိုးပေါင်းစပ်မှုသည် ပြိုင်ဘက်ကို လုံးဝပိတ်ပစ်လှောင်ထားနိုင်သည်.....
လီလော့ သဘောကျသွားသည်။ဤသည်မှာ ကျန်းချင်းအာလို ပြိုင်ဘက်ကင်းတိုက်ခိုက်ရေးသမားအတွက် အထူးသင့်လျော်သော အဖိုးတန်ပစ္စည်းတစ်ခုဖြစ်သည်။ထိုပုလဲသုံလုံးသည် သူမအတွက် ပို၍ကြီးမားသော စွမ်းအားတစ်ခု ဖြစ်လာလိမ့်မည်။
ကောလိပ်သည် ရှန့်ပိန်းတွေ့ဆုံပွဲ အတွက် ကျောင်းသားများ လိုအပ်မည့်အရာများကို ထောက်ရှုလျက် ဤအခန်းကို သေချာစွာ ပြင်ဆင်ထားသည်။
လီလော့နှင့်ကျန်းချင်းအာတို့ လက်နက်များကိုသေချာအကဲနေစဉ် ဒုကျောင်းအုပ် စုရှင်း သည် ကုန်းရှန်ကျွင်းနှင့်မင်းသမီးထံသို့ လျှောက်သွားခဲ့သည်။
"မင်းတို့ နှစ်ယောက်အတွက် ရွှေမျက်လုံး ရတနာတွေ မရးလိုတာ ငါသိပါတယ်၊ ဒါပေမယ် ဒါက ကောလိပ်ရဲ့ တန်ဖိုးထားမှု အမှတ်အသားပါ....ဘယ်အရာကိုမဆို ရွေးချယ်နိုင်ပါတယ်....."
ကုန်းရှန်ကျွင်းက သူမကို ရုတ်တရက် သိချင်သော အပြုံးကို မေးလိုက်သည်။ ယ
"ဘာပဲဖြစ်ဖြစ်ရလား..?"
ထိုမေးခွန်းကြောင့် မင်းသမီး၏ မျက်ခုံးများ ပင့်တက်သွားသည်။
ဒုကျောင်းအုပ် စုရှင်းက ခေါင်းညိတ်လိုက်သည်။
"ဘာမဆို ရတယ်...."
ကုန်းရှန်ကျွင်း၏အပြုံးများပို၍ ပီပြင်လာသည်။
"ကောင်းပြီ၊ ဒုကျောင်းအုပ်က ဒီလောက် ရက်ရောနေမှတော့ ကျွန်တော့်ကိုလောဘကြီးတယ်လို့မမြင်နဲ့နော်....."
သူမ သိလျက်နဲ့ ခေါင်းညိတ်လိုက်သည်။
သူတို့သည် သာမာန်အသံဖြင့် ပြောဆိုခဲ့ကြပြီး အခြားသူများသည် ဤစကားဝိုင်းကို ကြားနိုင်လောက်အောင် အနီးတွင်ရှိကြသည်။ ကုန်းရှန်ကျွင်း ဘာကိုဆိုလိုသည်ကို အားလုံးနားလည်လိုက်ကြသည်။
အမှန်တော့၊ ရွှေမျက်လုံးအဆင့် ရတနာဆယ်ခုက ရွေးချယ်စရာ အတော်လေးနည်းပါးသည်။
ကုန်းရှန်ကျွင်းသည် ခန်းမနောက်ဘက်သို့ လျှောက်သွားကာ နံရံမှ တစွန်းတစထွက်နေသော အရာဝတ္ထုတစ်ခုဆီသို့ လက်လှမ်းလိုက်သည်။
၎င်းသည် မီးခိုးရောင်သန်းနေသော ရှည်လျားသောဓားရိုးတစ်ခုဖြစ်ပြီး ကုန်းရှန်ကျွင်းသာ မပြောခဲ့လျှင် မည်သူမျှဂရုစိုက်မိမည်မဟုတ်ပေ။
ကုန်းရှန်ကျွင်း စိတ်အားထက်သန်စွာ စစ်ဆေးနေစဉ်တွင် လီလော့သည် သူ့နှလုံးခုန်သံ မြန်လာသည်ကို ခံစားလိုက်ရသည်။
ရှည်လျားတဲ့ လက်ကိုင်က ဓားရိုးဖြစ်နိုင်တယ်...
သူသည် ကျန်းချင်းအာနှင့် အံ့အားသင့်စေသော အကြည့်ကို မျှဝေခဲ့သည်။
နံရံမှာ ဓားတစ်ချောင်း မြှုပ်ထားတယ်.....
***