ကျင်းစဲ့ယွီ့ရှန်းဓား....
Vol. 31 Ch. 423
[ Golden-Jade Onyx-Elephant Blade ကိုမြန်မာလိုတိုက်ရိုက်ပြန်ရခက်လို့အနီးစပ်ဆုံးတူအောင်ရေးထားပါတယ်...တရုတ်တွေမှာက အနက်ရောင်ကျောက်စိမ်းနဲ့လုပ်ထားတဲ့ဆင်ရုပ်တွေက ကျော်ကြားမှုနဲ့ ဉစ္စာဓနကိုကိုယ်စားပြုပါတယ်.....]
အားလုံး အံ့အားသင့်စွာ ကြည့်နေသဖြင့် ကုန်းရှန်ကျွင်းသည် နံရံရှေ့တွင် ရပ်တန့်ကာ စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
"အဲဒါဘာလဲ?!"
ဒူဇီဟုန်လျန်က မေးသည်။
ကျန်းချင်းအာနှင့်လီလော့တို့နှစ်ယောက်လုံး မသိကြသော်လည်း ထိုအရာနှင့်ပတ်သက်ပြီး ထူးခြားမှု တစ်ခုခု ရှိနေသည်ကို သူတို့ ရိပ်မိကြသည်။ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းထားသော်လည်း အောက်ဘက်တွင် တောက်လောင်နေသော ရွှေရောင်ရှိသည်။၎င်းသည် ကျောက်တိုင်များပေါ်ရှိ အခြားလက်နက်များနှင့်မတူဘဲ လက်နက်တစ်ဝိုက်တွင် စွမ်းအင်အငွေ့အသက်မရှိသော်လည်း တစ်နည်းနည်းဖြင့် အန္တရာယ်ရှိသည်ဟု ခံစားရသည်။
ကောလိပ်ရဲ့ ဘဏ္ဍာတိုက်အလယ်မှာ နစ်မြှုပ်နေတဲ့ ဒီဓားဟာ သာမန်မဟုတ်မှန်း ထင်ရှားလွန်းနေသည်။
ထိုအခါ မင်းသမီးက ....
“ငါထင်တာမမှားရင် အဲ့ဒါက ကျင်းစဲ့ယွီ့ရှန်းဓားပဲ ဖြစ်ရမယ်...ဒီဓားကို ရွှေကျောက်စိမ်း ဆင်စွယ်နဲ့ ပြုလုပ်ထားတာကြောင့် တောင်တစ်တောင်ကိုတောင်အသာအယာနှစ်ခြမ်းခွဲပစ်နိုင်တယ်...."
"ရွှေမျက်လုံးအဆင့် အဖိုးတန် ရှေးဟောင်းပစ္စည်း ဟုတ်လား...."
လီလော့တစ်ယောက်တည်း ထပ်ခါထပ်ခါ ရေရွတ်နေလေ၏။
သူ အနည်းငယ် စိတ်ပျက်သွားသည်။ ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သောဓားတစ်လက်သည် ခရမ်းရောင်မျက်လုံးအဆင့် အဖိုးတန် ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ခဲ့သည်။ ဒါမှမဟုတ် အနည်းဆုံး သာလွန်အဆင့် ရွှေမျက်လုံးလောက်တော့ဖြစ်သင့်သည်မဟုတ်လော....
ရွှေမျက်လုံးအဆင့်ရှိသောလည်း လျှို့ဝှက်စွာ သိမ်းဆည်းထားသည့် ရတနာပစ္စည်းများကို တန်ဖိုးနည်းသည်ဟု မယူဆနိုင်ပေ။ ကုန်းရှန်ကျွင်းလို လူမျိုးဆီကကြီးမားသော တုံ့ပြန်မှုကြောင့် မျှော်လင့်ချက်များတဖန်တောက်ပလာခဲ့ပြန်သည်။
ကုန်းရှန်ကျွင်းသည် ကိုယ်စားအုပ်ချုပ်သူ ၏သားဖြစ်သည်။ သူ့မှာ စျေးကြီးတဲ့အရာတွေရှိမှာ သေချာပြီး ရွှေမျက်လုံးအဆင့် အဖိုးတန် ရှေးဟောင်းပစ္စည်းတွေကို လိုအပ်နေမည့်သူမဟုတ်ပေ။
"ကျင်းစဲ့ယွီ့ရှန်းဓားရဲ့သမိုင်းကြောင်းနဲ့ပတ်သက်ပြီး ထူးခြားမှု တစ်စုံတစ်ရာ ရှိနေလို့လား....."
ကျန်းချင်းအာကလူတိုင်းသိချင်နေသည့်မေးခွန်းကိုမေးလိုက်သည်။
မင်းသမီးက ခပ်တိုးတိုးလေးရယ်လိုက်ပြီး ဒုကျောင်းအုပ်ကြီးစုရှင်းကို ရှင်းပြဖို့အချက်ပြလိုက်သည်။
"ဒါက တစ်ချိန်က ကျောင်းအုပ်ကြီးရဲ့လက်နက်ပဲ...."
ကျောင်းသားများ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ကျောင်းအုပ်.....
တစ်ချိန်က ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်သုံးခဲ့တဲ့လက်နက်.......
ရုတ်တရက်ပင် လေထဲတွင် စိတ်လှုပ်ရှားမှု များပေါ်လာသည်။ ကျန်းချင်းအာပင်လျှင် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
“ကျင်းစဲ့ယွီ့ရှန်းဓားက ကျောင်းအုပ်နဲ့အတူ အချိန်အကြာဆုံးရှိခဲ့ပြီး သူ့ရဲ့ကြီးထွားမှုကို သက်သေပြခဲ့တယ်... ကျောင်းအုပ်ကြီး ဘုရင်အဆင့်ကို ရောက်တဲ့တော့ ဒီလက်နက်က သူ့အတွက် အသုံးမဝင်တော့ဘူးလေ....ဒါကြောင့် ဒီနေရာမှာ ချိတ်ပိတ်ထားခဲ့တာ... အဆင့်သတ်မှတ်ချက်အရဆို ဒီဓားက ရွှေမျက်လုံးအဆင့်သာရှိပေမယ့် ကျောင်းအုပ်ကြီးနဲ့အတူ အချိန်အတော်ကြာအောင် နေရပြီးနောက်မှာ ပိုပြီးထက်ရှမာကြောလာတယ်...ဒါ့ကြောင့် ထိုက်တန်တဲ့သူသုံးနိုင်ဖို့ဒီနေရာမှာချန်ထားပေးခဲ့တာ....."
"ဒါ့အပြင်၊ ဘုရင်အဆင့်တွေ ပိုင်ဆိုင်တဲ့အရာတွေမှာ ဘုရင်ချီလို့ခေါ်တဲ့အော်ရာတစ်မျိုးရှိတယ်....ဘုရင်ချီနဲ့အဆက်မပြတ် ထိတွေ့နေခြင်းက လူတစ်ယောက်၏ အနာဂတ်တိုးတက်မှုလမ်းကြောင်းကို ပိုပြီးကောင်းမွန်စေတယ်....."
ဒုကျောင်းအုပ် စုရှင်း၏ ရှင်းပြချက်ကြောင့် လေထဲတွင် စိတ်လှုပ်ရှားမှု ပိုများလာသည်။
ဒီဓားက ကောင်းတယ်! ကုန်းရှန်ကျွင်း ဒီလောက်ထိ စိတ်ဝင်စားနေတာ ထူးဆန်းမနေတော့ဘူး....
“ကျင်းစဲ့ယွီ့ရှန်းဓါးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အတော်လေး သိုဝှက်ထားတယ်... ဒါပေမယ့် မင်းတို့နှစ်ယောက်မမြင်နိုင်တယ ဘာမှမရှိဘူးထင်တယ်”
စုရှင်းက တော်ဝင်မောင်နှမကို ချီးကျူးသည့်အနေဖြင့်ပြောလိုက်သည်။ ကုန်းရှန်ကျွင်း ၏တုံ့ပြန်မှုစတင်ကတည်းက သူသည် ကျင်းစဲ့ယွီ့ရှန်းဓားကို ရည်မှန်းထားသည်မှာ ထင်ရှားသည်။
"ဒုကျောင်းအုပ်....ကျွန်မတို့ ဒီဓားကို ယူခွင့်ရှိလား....."
မင်းသမီးက မေးသည့်အခါ.....
“ငါပြောခဲ့သလိုပဲ ဒီမှာ ဘာမဆို ရွေးချယ်နိုင်ပါတယ်...ကျင်းစဲ့ယွီ့ရှန်းဓားကို မင်းရှာတွေ့ပြီးကတည်းက၊ အဲဒါက ရွေးချယ်စရာတွေထဲက တစ်ခုဖြစ်သွားပြီငါ မင်းကို တားမှာ မဟုတ်ဘူး” လို့ ပြုံးပြီး အတည်ပြုလိုက်သည်။
"ငါ...မင်းကိုတားမှာမဟုတ်ဘူး...ဒါပေမယ့် နံရံကနေ ဆွဲထုတ်လို့ရပါ့မလား...."
ထိုမေးခွန်းက အဘယ်သို့နည်း....
နံရံမှ ဓားတစ်ချောင်းကို ဖယ်ရှားရန် အလွန်ခက်ခဲပါသလား....
"ငါပြောသလိုပဲ၊ ဒီဓါးဟာ တခြားရွှေမျက်လုံးရတနာတွေထက် လွန်ကဲတဲ့ စိတ်ခံစားမှုကို ပိုင်ဆိုင်ထားပြီး သူ့မှာ ဘုရင်ချီ ရှိတယ်... ဒါ့အပြင်၊ ဘဏ္ဍာတိုက်နဲ့ ချိတ်ဆက်ထားတာ ကြာမြင့်နေပြီဖြစ်တာမို့ ဖယ်ရှားဖို့ လွယ်ကူမှာမဟုတ်ဘူး....."
“စိတ်ဝင်စားတယ်ဆိုရင်တော့ စမ်းကြည့်လို့ရပါတယ်။ ဆွဲထုတ်နိုင်တဲ့သူယူလို့ရတယ်....”
"အင်း ဒါဆို ငါစမ်းကြည့်မယ်..."
ကုန်းရှန်ကျွင်းက ခပ်ကျယ်ကျယ် အော်လိုက်သော်လည်းမည်သူမျှ မကန့်ကွက်ခဲ့ပေ။ သူသည် ဓားကိုအရင်ဆုံးတွေ့ခဲ့သူဖြစ်သည့်အတွက် အရင်ဆုံးကြိုးစားသင့်ပါသည်။
လီလော့သည် သူ့ပါးကို ခပ်ဆတ်ဆတ်လေးရိုက်လိုက်မိသည်။
ဟုတ်ပါတယ် သူလည်း ကျင်းစဲ့ယွီ့ရှန်းဓားရဲ့ သွေးဆောင်မှုကို ခံခဲ့ရပါတယ်....ဒါပေမယ့်လည်း အလွယ်တကူရမယ့်ပုံမပေါ်ဘူး...ကုန်းရှန်ကျွင်းတောင်မရနိုင်ရင် သူသာဆိုတွေးနေစရာတောင်မလိုတော့ပေ။
လီလော့ သူ့ကိုယ်ပိုင်အတွေးထဲတွင် ပျောက်ဆုံးနေချိန်တွင် ကုန်းရှန်ကျွင်းဘက်က လှုပ်ရှားမှုကို စတင်နေပြီဖြစ်သည်။ သူသည် ပဲ့တင်ထပ်သံ စွမ်းအားကို လျင်မြန်စွာ ထုတ်ဖော်ကာ ကောင်းကင်ပုလဲများအားလုံးကို ဆင့်ခေါ်လိုက်သည်။
လက်ကောက်ဝတ်ကို ခက်သွက်သွက် လှည့်လိုက်သည့်အခါ ဓား၏အပေါ်တွင် ဖုံးလွှမ်းနေသော ဖုန်မှုန့်အားလုံးကို ရှင်းထုတ်ပြီး ၎င်း၏မူလ၊ အရောင်ဖြစ်သော ရွှေရောင်ကို မြင်တွေ့လိုက်ရသည်။
ကုန်းရှန်ကျွင်းက သူ့လက်ဖဝါးကို ဓားရိုးပေါ် ဂရုတစိုက်တင်လိုက်ပြီး တုံ့ဆိုင်းသွားသည်။ လက်နက်၏ ပြင်းထန်သော ခုခံမှုကို သူ ခံစားနိုင်သည်။ထို့ကြောင့် သူ့လက်ချောင်းတွေကို တမင်တကာ ဖြည်းညှင်းစွာ ရစ်ပတ်လိုက်ပြန်သည်။
သတ္တုသံက လေထဲမှာ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
ကုန်းရှန်ကျွင်း၏မျက်နှာ ညှိုးငယ်နေရှာသည်။ သူ၏ အရွယ်အစားကြီးမားသော နဂါးပဲ့တင်ထပ်သံစွမ်းအားသည် သူ့လက်မောင်းကို ဖုံးလွှမ်းသွားပြီး သွေးကြောများ ဖောင်းကားလာသည်။
ကောင်းကင်ပုလဲများသည်လည်း ကြယ်များကဲ့သို့ပင် သူ့လက်ပေါ်၌ နစ်မြုပ်နေတော့သည်။
လူတိုင်း သူ၏ညာလက်ရှိ မယုံနိုင်လောက်အောင်ပြင်းထန်သော စွမ်းအားကို ခံစားနိုင်သည်။
ဒီလက်တစ်ဖက်တည်းနဲ့တင် တ မြစ်တွေ တောင်တန်းတွေကို ကွဲကြေသွားစေနိုင်လောက်သည်။
သို့သော်လည်း ဓားကို ဘယ်လိုမှ မထုတ်နိုင်ခဲ့ပေ။
ဘုန်းးးးးးး
ကုန်းရှန်ကျွင်းသည် ကြီးမားသော မီးပုံထဲသို့ ယမ်းတစ်ထုပ်ပစ်ချလိုက်သည့်နှယ် ပြင်းခန်သောပေါက်ကွဲမှုကိုဖြစ်ပေါ်စေခဲ့သည်။
သူ၏ ပြင်းထန်သော ပဲ့တင်ထပ်သံ စွမ်းအားသည် တည်ငြိမ်သော လှိုင်းလုံးများအဖြစ် အထပ်ထပ် ရောက်ရှိလာပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လက်မောင်းမှ စတင်ကာ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲရစ်ပတ်သွားသည်။ သို့သော် သူသည် စွမ်းအားမည်မျှပင် အသုံးပြုသည်ဖြစ်စေ နံရံရှိ ဓားသည် လုံး၀ မတုန်လှုပ်ပေ။
ရှင်းနေသည်မှာ၊ ဤအခန်း၏နံရံများကိုလည်း အထူးပစ္စည်းအချို့ဖြင့် တည်ဆောက်ထားပြီး မှော်အက္ခရာများဖြင့် အားဖြည့်ထားသည်။ မဟုတ်ရင် ကုန်းရှန်ကျွင်း ရဲ့ ခွန်အားကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ဒါဟာ တုန်လှုပ်ချောက်ချားစရာ မြင်ကွင်းတစ်ခုဖြစ်သလို စိတ်ပျက်စရာလည်း ဖြစ်နေခဲ့သည်။
ဘုန်းးးးးးး
နောက်ဆုံးတစ်ချက်......
အစွမ်းထက်တဲ့ ပေါက်ကွဲသံနဲ့ ကျန်နေတဲ့ စွမ်းအားတွေက နံရံတွေကနေ ပဲ့တင်ထပ်ပြီး တခြားကျောင်းသားတွေဆီ ပြန့်ကျဲသွားခဲ့သည်။ ထို့ကြောင့်ဒုကျောင်းအုပ်ကြီး စုရှင်း က ရိုးရှင်းစွာလက်ဝှေ့ယမ်းပြီး ကျောင်းသားများမထိခိုက်အောင်ကာကွယ်ပေးလိုက်ရသည်။
ကုန်းရှန်ကျွင်း၏ဆံပင်နှင့်အဝတ်အစားများ ဖွာလန်ကျဲရှုပ်ပွနေပြီ။
သူ၏ ပဲ့တင်ထပ်သံ စွမ်းအားများ ပျောက်ကွယ်သွားစေရန် တွန်းအားပေးရင်း ပြင်းပြင်းထန်ထန် မောဟိုက်လာသည်။
သူ့အဝတ်အစားကို ပိုသပ်ရပ်အောင် ပြန်ပြင်ဆင်ပြီး ရယ်မောလိုက်သည် ။
“ဒုကျောင်းအုပ်က ကျွန်တော်တို့ကို စမ်းကြည့်ခိုင်းတာ အံ့သြစရာ မရှိပါဘူး..ကျွန်တော် ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့မိတယ်......အခုဘာပြောရမှန်းတောင်မသိတော့ဘူး....."
ဒုကျောင်းအုပ် စုရှင်း က သူ့ကို ကြင်နာစွာ ခေါင်းညိတ်ပြပြီး ဒူဇီဟုန်လျန်ကတော့ သူ့ကို သဘောကျစွာ ကြည့်နေသည် ။
တိတ်ဆိတ်သွားချိန်တွင် လီလော့ မဝံ့မရဲပြောလာသည်က.....
" တကယ်ဆို ရတနာတွေကို အနှောက်အယှက်ပေးခဲ့မိတဲ့အတွက်တောင်းပန်တယ်လို့ပြောသင့်တယ်...."
***