← Chapters

လာလိုက်စမ်း.....

Vol. 31 Ch. 424

လာလိုက်စမ်း.....

Vol. 31 Ch. 424

လီလော့၏ အကြံပြုချက်သည် အဆင်မပြေမှုမှ အလွန်ဆိုးရွားသော အဖြစ်သို့ ပြောင်းလဲသွားသည်။ တခြားသူတွေက သူ့ကို ထူးဆန်းစွာ စိုက်ကြည့်နေ၏။

ကုန်းရှန်ကျွင်းက လှလှပပ နောက်ပြန်ဆုတ်ဖို့ ကြိုးစားနေပြီးကို ဒီကောင်က စင်ပေါ်ကနေ တွန်းချချင်နေတာလား....

အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်တဲ့.....

ကုန်းရှန်ကျွင်း ထိုမှတ်ချက်ကြောင့် လန့်သွားသည်။

"ဂျူနီယာ လီလော့က အရမ်းရယ်ရတယ်" ဟု ခြောက်ကပ်စွာပြောလိုက်သည်။

"ဒုတိယကျောင်းအုပ်..ဒီလက်နက်အတွက် ကျွန်တော့်နဲ့ကံမစပ်ဘူးထင်တယ်...."

သူ့လေသံက ပေါ့ပါးနေပေမယ့် တကယ်တမ်းတော့ သူလုပ်နိုင်တာ ဘာမှမရှိခဲ့သည့်အတွက်ကူကယ်ရာမဲ့နေလေ၏။

ဒုကျောင်းအုပ် စုရှင်းက ခေါင်းညိတ်ပြလိုက်သည်။ ရလဒ်ကို သူမ မအံ့သြမိခဲ့ပေ။ ကျင်းစဲ့ယွီ့ရှန်းဓားရိုးသည် ဤနေရာတွင်ရှိနေသည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။ ယခင်ကလည်း ကုန်းရှန်ကျွင်း မတိုင်မီ ကျောင်းသားများ ဤနေရာကို လာခဲ့ကြသည်။ ဓားကို မည်သူမျှ မဆွဲထုတ်နိုင်ခဲ့ပေ။

အကြောင်းရင်းကို သူမ ကောင်းကောင်းသိသည်။ ဤဓားသည် ကျောင်းအုပ်ကြီး၏နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့သည့်အတွက် စိတ်ဝိညာဉ် တိုးတက်လာတာနဲ့အမျှ ခိုင်မာတဲ့ မာနတွေ ပေါ်လာပြီဖြစ်သည်။ ဘုရင်အဆင့်၏ တန်ခိုးကို မြည်းစမ်းကြည့်ပြီးနောက် အခြားမည်သူ့ကို အသိအမှတ်ပြုနိုင်မည်နည်း။ ရတနာစံအိမ်ထဲတွင် အချိန်ကြာမြင့်စွာရှိနေခဲ့သည့်အတွက် ခန်းမနှင့် ကောင်းမွန်စွာ ပေါင်းစပ်ထားပြီးဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော ခွန်အားဖြင့် ထုတ်ယူရန် ကြိုးစားခြင်းသည် အခန်းမလုံးကို ဖယ်ရှားရန် ကြိုးစားခြင်းကဲ့သို့ပင်။

ထို့ကြောင့် ကုန်းရှန်ကျွင်းသည် လက်ရှိတွင် အသန်မာဆုံး ကျောင်းသားဖြစ်သော်လည်း ဓားကို အတင်းဆွဲထုတ်ရာတွင် မည်သည့်အခါမျှ အောင်မြင်မည်မဟုတ်ပေ။

"နောက်ထပ် စမ်းကြည့်ချင်သေးလား" စုရှင်း က တခြားသူတွေကို မေးလိုက်သည်။

ကုန်းရှန်ကျွင်းဘက်က စတင် ပြီးပြီမို့ လူတိုင်းကို အခွင့်အရေးရမှ တရားမျှတပေလိမ့်မည်။

မင်းသမီးက ရလဒ်ကိုကြိုသိနေသကဲ့သို့ ရှေ့သို့ တိုးလာပြီး...

“ကျွန်မအတွက် မဖြစ်နိုင်ဘူးဆိုတာသိပါတယ်...ဒါပေမယ့် တော်တော်ပျော်စရာကောင်းပုံရတယ်.. ပြီးတော့ မထိခိုက်နိုင်ဘူးဆိုတော့ ကြိုးစားကြည့်ပါရစေ....."

စုရှင်းက ပြုံးပြီး ရှေ့ကို လက်ပြလိုက်သည်။

မင်းသမီးသည် ဓားပေါ်လက်တင်လိုက်ပြီး ကြီးမားသောအစိမ်းရောင်လွမ်ပုံရိပ်ကိုထုတ်ဖော်လိုက်သည်။

၎င်း၏ အတောင်ပံများကို ပြင်းပြင်းထန်ထန် ခတ်ကာ သဘာဝစွမ်းအင်များကို စတင်စုဆောင်းခဲ့သည်။

ပါးလျသောသဘာဝစွမ်းအင်များက သူမ၏ လက်ဆီသို့ စီးဆင်းသွားပြီးအံကြိတ်လိုက်သည်။

သူရဲကောင်းဆန်သော ဆွဲငင်မှုဖြစ်သောလည်း ဓားရိုးကတစ်လက်မမျှ မရွေ့သေးပေ။

မင်းသမီးသည် စိတ်ပျက်အားလျော့ပုံမပေါ်ဘဲ လှည့်ထွက်သွားကာ ခေါင်းယမ်းလိုက်သည်။

"ဒီလက်နက်က ကျွန်မနဲ့လည်း ကံမစပ်ဘူး"

အခုတော့ ကုန်းရှန်ကျွင်းတို့မောင်နှမ နှစ်ယောက်စလုံး ကျရှုံးသွားတော့ တခြားသူတွေက ပိုလို့တောင် မျှော်လင့်ချက်မဲ့သွားသလို ခံစားနေရသည်။ ဓားသည် ဆွဲနှုတ်ရန် သန်မာလွန်းသောကြောင့် ဤနေရာတွင် နှစ်ပေါင်းများစွာ ကျန်ရစ်ခဲ့သည်မှာ ထင်ရှားပါသည်။

အခုဆိုအားလုံးက စိတ်ပိုင်းဆိုင်ရာအရ လက်လျှော့ဖို့ အဆင်သင့်ဖြစ်နေကြပြီ။

သို့သော်လည်း ကျန်းချင်းအာကတော့ တုန်လှုပ်ခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကုန်းရှန်ကျွင်း နှင့်မင်းသသမီးတို့၏ ကျရှုံးမှုများသည် သူမကို ပို၍ပင် စိတ်ဝင်စားစေသောကြောင့် သူမ၏ ရွှေရောင်မျက်လုံးများထဲတွင် ရှားရှားပါးပါး စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ရှိနေသည်။

"ချင်းအာ၊ စမ်းကြည့်ဦးမလား၊ ငါတို့မှာ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံ အသုံးပြုသူ တစ်ခါမှ မရှိခဲ့ဖူးဘူး... ကျောင်းအုပ်ကြီးရဲ့လက်နက်က မင်းနဲ့ပူးပေါင်းဖို့ သဘောတူလောက်မယ်ထင်တယ်" ဟု ဒုကျောင်းအုပ် စုရှင်းက သူမကို တိုက်တွန်းခဲ့သည်။

ဒုကျောင်းအုပ် စုရှင်း က ကျန်းချင်းအာ ကို စမ်းကြည့်စေချင်ပုံရသည်။

လီလော့က မနာလိုမှုကြောင့် မဲ့ရွဲ့လုနီးပါးဖြစ်နေလေ၏။

အဆင့်ကိုးပဲ့တင်ထပ်သံက အဲ့လောက်တောင်ကြောက်စရာကောင်းသလား.....

ကျန်းချင်းအာ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး လီလော့ ဘက်လှည့်လိုက်သည်။

"ငါစမ်းကြည့်မယ်... ဓားရရင် နင့်ကိုပေးမယ်..."

လူတိုင်းက သူမကို စိုက်ကြည့်နေကြသည်။

ဒူဇီဟုန်လျန်က ဟစ်အော်လိုက်ပြီး ဇူရွှမ်းနှင့်ရဲချူတင်းတို့သည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။

ဒီကောင် ကံကောင်းလှချည်လား....အရင်ဘဝက ဘာတွေများလုပ်ခဲ့လို့လဲ......

" ကြိုးစားထား ချင်းအာ!"

ကျန်းချင်းအာသည် သူမ၏လက်ကို ဓားပေါ်တင်လိုက်သောအခါ သူမ၏ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံစွမ်းအားများ ပိုမိုတောက်ပလာသည်။

ဝုန်းးးးး

လေထုထဲတွင် စူးစူးရှရှ အသံတစ်ခု ထွက်ပေါ်လာသည်။ နောက်ဆုံးကြိုးစားမှု နှစ်ကြိမ်အတွင်း တစ်လက်မမျှ မတက်ခဲ့သော ဓားက တုံ့ပြန်နေပြီ။ ပြီးတော့ တဖြည်းဖြည်း လျှောကျသွားတာကို သူတို့ မြင်နိုင်တယ်။ လေထုနှင့်ထိတွေ့သော တောက်ပနေသောဓားသွားကိုမြင်နေရသည်။

အလုပ်ဖြစ်တယ်...

နောက်ထပ် တောက်လောင်နေသော ရွှေရောင်အလင်းတန်းသည် တစ်လက်မခန့် နံရံမှထွက်ပေါ်လာသည်။

လူတိုင်း အသက်မရှုဝံ့တော့ပေ.... တကယ်ဆွဲထုတ်နိုင်တော့မှာလား.....

သို့သော် ကျန်းချင်းအာသည် ရုတ်တရက်၊ စွမ်းအားအသစ်တစ်ခုကို ခံစားလိုက်ရသည်။ ဘယ်လောက်ပဲ ပဲ့တင်ထပ်သံ စွမ်းအားတွေကိုဖြည့်သွင်းနေပါစေ ဓားရိုးကို နောက်ထပ်မဆွဲထုတ်နိုင်တော့ပေ။

"အဆင်​မ​ပြေ​သေးဘူးလား?"

ကျန်းချင်းအာ ခပ်တိုးတိုးရေရွတ်လိုက်သည်။

ဤဓားသည် အမှန်တကယ် ဉာဏ်ကောင်းပြီး ခေါင်းမာလှသည်။ ၎င်းသည် ယခင်ပိုင်ရှင်ကိုသာ သစ္စာခံထားပြီး နောက်တစ်ယောက်ရွေးချယ်ဖို့ငြင်းဆန်နေသည်။

အဆင့်ကိုးအလင်းပဲ့တင်ထပ်သံက ၎င်းကို ဆွဲဆောင်ခဲ့သော်လည်း အဆုံးတွင် ခိုင်မာစွာရပ်တည်ရန်သာရွေးချယ်ခဲ့သည်။

"ဒါဆို မင်းဆန္ဒအတိုင်းပဲ" .

ကျန်းချင်းအာ လက်လွှတ်ချလိုက်ပြီး စွန့်လွှတ်လိုက်သည်။ သူမသည် ဓားရိုးကိုမြင်ရသည်အထိ နံရံထဲသို့ပြန်ထိုးထည့်လိုက်သည်။

သူမ ခေါင်းယမ်းရင်း နောက်ပြန်ဆုတ်သွားကာ....

"ဒုကျောင်းအုပ်ကြီး၊ ဒီဓါးက သန်မာလွန်းတယ်.... ကျောင်းအုပ်ကြီးရဲ့ တောက်ပတဲ့နေ့ရက်တွေက သူ့မှတ်ဉာဏ်ထဲမှာ တောက်ပနေတုန်းပဲ။ တခြားပိုင်ရှင်ကို ရွေးချယ်မှာ မဟုတ်ဘူး...."

“ခေါင်းမာတယ်....ဓားကလည်းပိုင်ရှင်လိုပဲခေါင်းမာတယ်”

ကျန်းချင်းအာ ရှုံးနိမ့်မှုနှင့်အတူ အခြားသူများလည်း လုံးဝလက်လျှော့လိုက်ကြသည်။ ဒူဇီဟုန်လျန်သည်ပင် ကြိုးစားရန် စိတ်ဝင်စားမှု မရှိတော့ပေ။

သူတို့၏ အတွေးများသည် ကျောက်တိုင်ပေါ်ရှိ ရွှေမျက်လုံးအဆင့် ရတနာ ဆယ်ပါးဆီသို့ ပြန်လှည့်နေပြီ ဖြစ်သည်။

လီလော့လည်း အများနည်းတူပင်။ ဒီသုံးယောက်ရဲ့ ရှုံးနိမ့်မှုက မည်မျှ ခက်ခဲနေသည်ကို သက်သေပြခဲ့သည်မဟုတ်လော... သူလို အရူးတစ်ယောက်တောင်မှ မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ရသည်။ သက်ပြင်းချရင်း သူ့အတွေးတွေကို မှင်အကြေးခွံဓားဆီ ပြန်လှည့်လိုက်ရသည်။

ရုတ်​တရက်​ သူ့လက်​​ကောက်​ကနေ နာကျင်​မှုတစ်​ခုကို ခံစားလိုက်​ရသည်​။ သူ အံ့သြစွာ ငုံ့ကြည့်လိုက်သည့်အခါ သူ့အရေပြားပေါ်ရှိ အနီရောင်လက်ကောက်က ခပ်ဖျော့ဖျော့အလင်းတန်းတစ်ချို့ထုတ်လွှတ်နေလေ၏။

အထဲမှာတော့ အမြီးသုံးချောင်းရှိတဲ့ ကောင်းကင်ဘုံ ဝံပုလွေ.......

ဘာတွေဖြစ်နေတာလဲ?

ဝုန်းးးးး

တစ်ချိန်တည်းမှာပင်၊ လီလော့နားထဲတွင် ကျင်းစဲ့ယွီ့ရှန်းဓားမှ ထုတ်လွှတ်နေသော စူးစူးရှရှ အသံတစ်ခုကို ကြားလိုက်ရသည်။

နံရံရှိ ဓားကို ပြန်လှည့်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။ သူ စိတ်ကူးယဉ်နေတာလား.... ဓားရိုး တုန်ခါနေတယ်လို့မြင်လိုက်တာလား......

သူ့လက်ကောက်ဝတ်မှာ အပူတွေ တဟုန်းဟုန်းတောက်လောင်လာပြန်သည်။

လှုံ့ဆော်မှုတစ်ခု.....

ကျောင်းအုပ်ကြီးက သူ့ကို ဒီလက်ကောက်ပေးထားခဲ့တယ်... ကျင်းစဲ့ယွီ့ရှန်းဓားက ကျောင်းအုပ်ကြီးရဲ့ဓား.....

ဓားက သူ့ကို ကျောင်းအုပ်အဖြစ် အသိအမှတ်ပြုခဲ့တာလား......

လီလော့ စိတ်လွတ်နေသူတစ်ယောက်လိုရယ်မောနေမိသည်။

ဘယ်လိုဟာသမျိုးလဲ.....

သူသည် အဝေးမှနေ၍ လက်ဖဝါးကို မြှောက်ကာ နံရံကို ညွှန်လိုက်သည်။

မင်းသမီး၊ ကျန်းချင်းအာနှင့်ဒူဇီဟုန်လျန် တို့သည် ဤထူးဆန်းသောအခိုက်အတန့်ကို စိုက်ကြည့်နေကြသည်။

ဒီအရူး ဘာလုပ်နေတာလဲ....

လီလော့ အနည်းငယ် ရှက်ရွံ့နေသော်လည်း ယခုအချိန်တွင်သာ ကျန်တာတွေကိုဂရုမစိုက်နိုင်သေးပေ.....

"ကဲ....လာလိုက်စမ်း....."

***

All Chapters