← Chapters

ဓားရောက်လာပြီ.....

Vol. 31 Ch. 425

ဓားရောက်လာပြီ.....

Vol. 31 Ch. 425

လီလော့ ၏အော်သံကြောင့် အခြားလူများအားလုံး သူ့ဘက်လှည့်ကြည့်လိုက်သည်။ အားလုံးက သူ့ကို နားမလည်နိုင်စွာ စိုက်ကြည့်ကြပြီး အချို့က သူ့လက်ဖဝါးသည် နံရံရှိ ဓားဆီသို့ ဆန့်တန်းနေသည်ကို တွေ့သောအခါ လှောင်ပြောင်ကြသည်။

"လီလော့ မင်း ရူးနေပြီလား "

ဇူရွှမ်း၏လှောင်ရယ်သံထွက်ပေါ်လာသည်။

"ဒီလိုအော်ခေါ်လိုက်ရုံနဲ့ သူအလိုလိုပြေးထွက်လာမယ်ထင်နေတာလား....လူထင်ကြီးအောင်လျှောက်လုပ်မနေနဲ့......"

" ကြည့်ရတာ ဓားနဲ့သူ့ကြားမှာတခုခုဆက်စပ်နေတယ်ထင်တယ်....."

ကျန်းချင်းအာ၏မှတ်ချက်ကြောင့် အားလုံးအံ့သြခဲ့ရသည်။

သို့သော်လည်းလီလော့ လှည့်စားနေတယ်လို့သာ တခြားလူတိုင်းက ထင်နေကြသည်။

ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်လောက်နဲ့မျှော်လင့်ချက်ရှိနိူင်ပါ့မလား....

ကျန်းချင်းအာသာလျှင် လီလော့သည် အခြားနှစ်ယောက်ထက် အခွင့်အရေးပိုများ

သည်ဟု ယုံကြည်ခဲ့သည်။ အကယ်၍ သူမသည် ဓါးကို တုံ့ဆိုင်းအောင် လုပ်နိုင်ခဲ့သည်ဆိုပါက၊ လီလော့မှာလည်း အခွင့်အရေးတစ်ခု အပြည့်ရှိနေပေလိမ့်မည်။

"ကျန်းချင်းအာ၊ နင်အချစ်ကြောင့် မျက်စိကန်းသွားနေပေမယ့် ရလဒ်ကိုနင်လည်းသိပြီးသားဖြစ်မှာပါ..."

အမြဲတမ်းတည်ငြိမ်နေတတ်သော ကျန်းချင်းအာသည် လီလော့နှင့်ပတ်သတ်လျှင်အမြဲတမ်းထိရှခံစားလွယ်သောကြောင့် ဒူဇီဟုန်လျန်အခုလိုပြောလိုက်ခြင်းဖြစ်သည်။

ကျန်းချင်းအာက ဒူဇီဟုန်လျန်ကို လျစ်လျူရှုပြီး လီလော့ ကိုသာ ကြည့်နေလေသည်။

လီလော့က ဘာမှပြန်မဖြေဘဲ.....

"လာလိုက်စမ်း " လို့အော်ပြီး သူ့လက်ကောက်ဝတ်မှာ ပူလောင်နေတဲ့ နာကျင်မှုကို တွန်းလှန်ဖို့ ကြိုးစားအားထုတ်နေလေ၏။

အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့အသားအရည်က နဂိုအတိုင်း အရိုးထိမလောင်ကျွမ်းသေးတာကို တွေ့ရတော့ အံ့သြသွားရပြန်သည်။

တစ်ချိန်တည်းမှာပင် ဓား၏သတ္ထုအော်သံသည် ပျော်ရွှင်မှုကြောင့်ပို၍ပင်ကျယ်လောင်လာသည်။

ဤသည်မှာ ကျန်းချင်းအာ၊ ကုန်းရှန်ကျွင်းနှင့်အခြားမည်သူမဆို ပြုလုပ်နိုင်ခဲ့သည့် အပြောင်းအလဲမဟုတ်ပေ။ ဒုကျောင်းအုပ် စုရှင်း၏ မျက်လုံးများသည် အံ့သြမှင်သက်စွာ ပြူးကျယ်သွားသည်။

ရွှန်းးးးးး

ဓား၏တုန်ခါသံသည် ခန်းမတစ်ခုလုံးအနှံ့ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။

ဝှစ်....

မလှုပ်မယှက်သော ဓားသည် သူ့အလိုလို နံရံမှ စတင်ရွေ့လျားလာသည်။ဓားသွား၏တောက်ပသောရွှေရောင်အလင်းတန်းများသည် ခန်းမတစ်ခုလုံးကို တောက်လောင်တောက်ပစွာ လင်းထိန်နေစေသည်။

ဖုန်ထူသော လွင်ပြင်များမှ ပေါ်ထွက်လာသော ရှေးခေတ်ဆင်ကြီးတစ်ကောင်သည် ရွှံ့နှင့် ဖုန်မှုန့်များကို လှုပ်ခါက ရွှေရောင် ဆင်စွယ်များကို လှစ်ဟပြလိုက်သလိုပင်.....

ဓားသည် သူ့ကိုယ်ပိုင်အလင်းရောင်ဖြင့် တောက်ပနေသည်ကို ကျောင်းသားများအားလုံး တအံ့တသြကြည့်နေကြသည်။

အားလုံးက လီလော့ ဘက်လှည့်လိုက်သည့်အခါ သူ့လက်ထဲမှာ ဓားအသစ်တစ်ချောင်းရှိသည်ကိုမြင်လိုက်ရသည်။

ရှေးကျသော ဓားတစ်ချောင်း.....

ယခုအခါတွင်ဓားသွားသည် ဆင်၏ အရေပြားနှင့် ဆင်တူသည့်မှော်အက္ခရာများဖြင့် ဖုံးအုပ်ထားသော ရွှေရောင်အသစ်တို့ဖြင့် ထွန်းလင်းနေခဲ့သည်။ ဓားသွားတစ်လျှောက် ရွှေရောင်အလင်းတန်းများ ပျံ့နှံ့သွားသော်လည်း စူးရှထက်မြက်ခြင်းမရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်ခံ့သောခံစားချက်ကိုပေးစွမ်းနေသည်။

ဓားသည် သူ့လက်ထဲတွင် ပေါ့ပါးသွားသည်ဟု ခံစားမိသော်လည်း ၎င်းကို နောက်ပြန်လွှဲခုတ်လိုက်သောအခါတွင် ကြီးမားသော စွမ်းအားဖြင့် လေထုကိုပိုင်းဖြတ်သွားလေသည်။

ခန်းမဆောင်၏ ထိတ်လန့်တုန်လှုပ်သော တိတ်ဆိတ်မှုအောက်တွင် လီလော့သည် ဓါးသွားကိုသာ ဆာလောင်မွတ်သိပ်နေသော မျက်လုံးများဖြင့်ငေးကြည့်နေ၏။

သူ့နှလုံးခုန်သံက ပေါက်ကွဲလုမတတ်ဆူညံနေပြီး ရူးသွပ်လုမတတ်စိတ်လှုပ်ရှားနေခဲ့သည်။

လူရွှင်တော်လိုခေါ်သံကြောင့် ကျင်းစဲ့ယွီ့ရှန်းဓားကို သူ့ဆီရောက်လာအောင် ခေါ်နိုင်မယ်လို့ဘယ်သူထင်မိမှာလဲ....ဒါက ကုန်းရှန်ကျွင်းတို့မင်းသမီးတို့တောင် မဆွဲထုတ်နိုင်ခဲ့တဲ့ဓားလေ.......

ဒါဟာ စိတ်ကူးယဉ်ထားတာတွေထက်တောင်ကျော်လွန်နေတဲ့စမ်းသပ်မှုတစ်ခုလား.....

လီလော့သည် ၎င်းကို ဂရုတစိုက် ကိုင်တွယ်လိုက်ရာ သူ့ဆီမှ စွမ်းအားများ လွင့်စင်သွားသည်ကို ခံစားလိုက်ရသည်။ ဤသည်မှာ ပဲ့တင်ထပ်သဲ စွမ်းအားမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများပင်ဖြစ်သည်။

ကျင်းစဲ့ယွီ့ရှန်းဓာ သည် ၎င်း၏အသုံးပြုသူကို ကြီးမားသောရုပ်ပိုင်းဆိုင်ရာခွန်အားဖြင့်လှောင်ပြောင်ကျီစယ်နေ၏။

တကယ်ကို မှော်ဆန်လွန်းလှသည်။

လီလော့ ကျေနပ်စွာ ပြုံးလိုက်မိသည်။ ကျောင်းအုပ်ကြီး၏ လက်ဆွဲတော်လက်နက်မှာ အမှန်တကယ်ပင် ထူးခြားသောအရာတစ်ခုဖြစ်သည်။ ၎င်းသည် ရွှေမျက်လုံးအဆင့် အဖိုးတန်ပစ္စည်းတစ်ခုလည်းဖြစ်ခဲ့သော်လည်း ၎င်းသည် မှင်အကြေးခွံဓားနှင့် လုံးဝခြားနားသော အတန်းအစားတစ်ခုဖြစ်သည်။

သူ့လက်ဖဝါးဖြင့် ဓားသွားကို ပွတ်သပ်လိုက်သော လေးလံခိုင်ခံ့သောခံစားမှုသည် ဆင်အိုကြီးတစ်ကောင်ကို ပွေ့ဖက်လိုက်ရသလိုပင်.... ဓါးက မခုခံသဖြင့် လီလွာ တိတ်တဆိတ် စိတ်သက်သာရာ ရသွားခဲ့သည်။

ကျင်းစဲ့ယွီ့ရှန်းဓားသည် သူ့အား မခုခံသည်မှာ ကျောင်းအုပ်ကြီးပေးထားသော လက်ကောက်ကြောင့်မှန်း လိီလော့နားလည်လိုက်သည်။

ကျင်းစဲ့ယွီ့ရှန်းဓား မှာ စိတ်ရှည်သည်းခံမှုရှိပေမယ့် သူ့မှာ စကားပြောဖို့ရန်အတွက်အသိဉာဏ်အစစ်အမှန်မရှိပေ။ဤသည်မှာ တကယ့်သဘောတူညီချက်မဟုတ်ကြောင်း သေချာနားမလည်ခြင်းလည်းဖြစ်နိုင်သည်။

ဒီလိုမှမဟုတ်ရင် အခုလောလောဆယ် ဒုကျောင်းအုပ်ရဲ့ဝတ်ရုံအောက်မှာသွားပုန်းနေရလိမ့်မည်။

လီလော့သည် အခြားကျောင်းသားများ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးနေသော အမူအရာများနှင့် စိတ်ပျက်အားငယ်မှုများကို မြင်လိုက်ရသည် ။

အထူးသဖြင့် ကုန်းရှန်ကျွင်းပင်....

သူ၏ ချောမောသော အသွင်အပြင်သည်တစ်ခုခုကို ချုပ်တည်းထားရသောကြောင့် တောင့်တင်းနေသည်။

ဘယ်လိုမှနားမလည်နိုင်တော့ဘူး... သူ ရိုးသားစွာ တောင်းထားတဲ့ လက်နက်က ဘာလို့ လီလော့ဆီ အရမ်းနာခံပြီး ရောက်သွားတာလဲ.....

မင်းကကျောင်းအုပ်ကြီးရဲ့ လက်ဆွဲတော်လက်နက် မဟုတ်လား? မင်းရဲ့မာနတွေဘယ်ရောက်ကုန်လဲ.....အခုတော့ငါ့မှာ လူရယ်စရာတွေဖြစ်ကုန်ပြီ.....

လူရည်သန့် ကုန်းရှန်ကျွင်းပင်လျှင် ကျိန်ဆဲချင်စိတ်ပေါက်လာခဲ့သည်။ စိတ်ပျက်အားငယ်မှုကို အသက်ပြင်းပြင်းရှူပြီးမနည်းချုပ်ထိန်းနေရသည်။

မင်းသမီး၏ ချစ်စဖွယ်မျက်နှာသည် ကုန်းရှန်ကျွင်းလောက် မူမပျက်သော်လည်း အံ့အားသင့်နေမိကို ပိရိစွာဖုံးဖိနေရသည်။ ကျင်းစဲ့ယွီ့ရှန်းဓားသည် သူမနှင့် လုံးဝ လိုက်ဖက်မှုမရှိသော်လည်း လီလော့ကို အဘယ်ကြောင့် ဓားကို ရွေးချယ်ရကိုလည်း သူမ အံ့ဩမိပါသည်။

ဒီကလေးက တကယ်ထက်မြက်တာလား.... ကျန်းချင်းအာ ထက်တောင် ပိုထက်မြက်နေတာလား.....အဆင့်ကိုးအလင်းပဲ့တင်ထပ်သံပိုင်ရှင် မအောင်မြင်ခဲ့တဲ့အရာကို သူ ဘယ်လို အောင်မြင်ခဲ့တာလဲ...

သူမ၏ စိတ်ထဲတွင် ထူးဆန်းမှု အားလုံးတွေးရင်းသတိလက်လွတ် ငေးမောနေမိသည်။

"လီလော့ နင်ဘာလုပ်လိုက်တာလဲ"

ဒူဇီဟုန်လျန် ပေါက်ကွဲလေပြီ။

"ဘယ်လိုပြောရမလဲ... ကံကြမ္မာကို ဘယ်သူသိနိုင်မှာလဲ....ကျင်းစဲ့ယွီ့ရှန်းဓားက ငါ့ရဲ့ ဘုရင်ဖြစ်ဖို့ အလားအလာကို အသိအမှတ်ပြုတယ်၊ ဒါကြောင့် ရောက်လာတာနေမှာပေါ့....."

"အိပ်​မက်​မက်မနေစမ်းနဲ့....!!"

ဒူဇီဟုန်လျန် ဒေါသထွက်နေသည်မဇာ သူမ၏လျှာကို ကိုက်မိလုနီးပါးပင်။

"ဘုရင်ဖြစ်ဖို့ အလားအလာရှိတယ်ဆို နင်ကအရေအထူဆုံးဘုရင်ပဲဖြစ်လိမ့်မယ်....."

"ဘာဖြစ်လဲ ငါဘယ်လိုသိမှာလဲ..."

လီလော့ ကူကယ်ရာမဲ့စွာငြီးငြူလိုက်သည်။

"ငါလည်း ရူးချင်နေပြီ.... ဓားက ငါ့အလှည့်ကျမှထွက်လာတာဆိုတော့ ငြင်းဆိုမှု ကန့်သတ်ချက်အထိရောက်သွားတာပဲဖြစ်ရမယ်.... ဉပမာ သုံးယောက်ကိုငြင်းပြီးရင်လေးယောက်​မြောက်ကြရင်လက်ခံမယ်ပေါ့...တကယ်ဆို နင်ကြိုးစားကြည့်ရင် ရနိုင်လောက်မယ်....."

ဒူဇီဟုန်လျန်ပါးစပ်အဟောင်းသားဖြင့် သူ့ကို စိုက်ကြည့်နေသည်။

ဒီကောင် အခုဘာတွေပြောနေတာလဲ....ဒီအကြောင်းပြချက်က လီလော့ ဘုရင်ဖြစ်ဖို့ အလားအလာတာထက်တောင်ပိုပြီးရယ်စရာကောင်းနေသေးတယ်.....

သူမ အရင်သွားလျှင် ဓားထွက်လာမှာလား.....

သို့သော် ... သူမ၏ ရင်ထဲတွင် နောင်တနှင့် မျှော်လင့်ချက်မဲ့မှုများဖြင့် ဖုံးလွှမ်းနေလေပြီ။

" ဒီလောက်ဆို လုံလောက်ပြီ"

ဒုကျောင်းအုပ် စုရှင်းက ရယ်သည်။

"ကျောင်းအုပ်ကြီးရဲ့လက်နက်က မင်းကို ရွေးချယ်ခဲ့တာ သေချာပါတယ်....ငါလည်း အံ့သြနေတယ်... ဒါပေမယ့် ဂုဏ်ယူပါတယ်။ မင်းက အခုဆို ကျင်းစဲ့ယွီ့ရှန်းဓားရဲ့ ဒုတိယပိုင်ရှင် ဖြစ်သွားပြီ...."

သူမသည် သူ့ကို အနီးကပ်ကြည့်နေပြီး ဤရလဒ်ကြောင့် အံ့သြနေသေးသည်။

ကျန်းချင်းအာကို ဖြစ်နိုင်ခြေအရှိဆုံး ကိုယ်စားလှယ်လောင်းဟု သူမထင်ခဲ့သည်။

လီလော့သည် အလှည့်တိုင်းတွင် အံ့သြစရာများကိုဖြစ်ပေါ်စေနိုင်ခဲ့သူပင်.....

ဒုကျောင်းအုပ်ကြီး စုရှင်း ၏ စကားကြောင့် လီလော့၏ မျက်နှာ ရွှင်မြူးသွားသည်။

"တကယ်ယူလို့ရလား?"

ကျင်းစဲ့ယွီ့ရှန်းဓားသည် မှင်အကြေးခွံဓား

ထက်ပင် ပိုကောင်းနေသေးသည်။

ဒုကျောင်းအုပ် စုရှင်းက သူ့ကို အားရပါးရ ပြုံးပြသည်။

"အရင်ကပြောခဲ့သလိုပဲ မင်းဒီကိုလာနိုင်ရင် မင်းစဉ်းစားနိုင်တဲ့နည်းနဲ့ ဒီဓားသွားကို ယူသွားနိုင်တယ်.......မကြာမှီ၊ တကယ့် ရှန့်ပိန်းတွေ့ဆုံပွဲရောက်လာတော့မယ်.... လီလော့၊ မင်းလက်ထဲမှာရှိတဲ့ ဓားနဲ့ ကောလိပ်အတွက် ဂုဏ်ကျက်သရေဆောင်ကျဉ်းပေးနိုင်ဖို့မျှော်လင့်ပါတယ်....."

မည်သို့ပင်ဆိုစေ ... သူသည် ကျောင်းအုပ်ကြီး၏ ရွေးချယ်ခံရသူဖြစ်သည်။

***

All Chapters