← Chapters

မြင့်မြတ်သော ဆေးမှင်ကြောင်... *

Vol. 31 Ch. 426

မြင့်မြတ်သော ဆေးမှင်ကြောင်... *

Vol. 31 Ch. 426

ကျောင်း၏ဆုပေးပွဲ နိဂုံးချုပ်သွားကာ လီလော့၏ ဓားဆွဲထုတ်မှုသည် အကျော်ကြားဆုံးအကြောင်းအရာဖြစ်လာပြန်သည်။

"လက်နက်ရွေးချယ်မှုပြီးပြီ... ဝင်ခွင့်ပြိုင်ပွဲမှာ

အနိုင်ရခဲ့တဲ့အတွက် မင်းတို့ရဲ့ပံ့ပိုးပေးမှုအတွက် အားလုံးကို ကျေးဇူးတင်ပါရစေ...

ဒါပေမယ့်၊ဝင်ခွင့်ပြိုင်ပွဲက အဆုံးမဟုတ်ဘူး၊ အစပဲရှိတယ်ဆိုတာ အားလုံးသိကြမှာ သေချာပါတယ်... ငါတို့ကျောင်းရဲ့ တကယ့်ပန်းတိုင်က ရှန့်ပိန်းတွေ့ဆုံပွဲ ရဲ့ အဆုံးစွန်ဆု... လုံကူရှန့်ပိန်းပဲ....."

ထိုစကားများကို ကုန်းရှန်ကျွင်း၊မင်းသမီးနှင့် ကျန်းချင်းအာတို့လို အကြီးတန်းကျောင်းသားများကသာ နားလည်သဘောပေါက်ကြသည်။

အရှေ့ပိုင်းနတ်ဘုရားတိုက်ကြီးတစ်ခွင်လုံးရှိ ကောလိပ်များအားလုံးသည် လုံကူရှန့်ပိန်းကိုရရှိရန် အသည်းအသန်ကြိုးစားခဲ့ကြသည်။

ဤအရာသည် ဂုဏ်ကျက်သရေနဲ့ ကျောင်းသားတွေရဲ့ ဘဝတွေကို ကိုယ်စားပြုသည်။

ဝင်ခွင့်ပြိုင်ပွဲအတွက် ပြိုင်ဆိုင်မှုပြင်းထန်နေပြီး ရှန့်ပိန်းတွေ့ဆုံပွဲ ကိုယ်တိုင်ကလည်း ပြင်းထန်မှုနောက်ထပ်အဆင့်တွင် ရှိနေမည်ကို သူတို့ သိထားသည်။

လီလော့သည် ကျောင်းအုပ်ကြီး၏ တာဝန်ကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် တွေးနေမိသည်။

ကြယ်တစ်ပွင့်ခန်းမ အဖွဲ့ဝင်တစ်ဦးအနေဖြင့်၊ ထိုအဆင့်တိုက်ပွဲတွင် မည်မျှအထိပါဝင်နိုင်မည်နည်း...

"ကျောင်းအုပ်ကြီးက ငါ့ကို ပိုတွက်ထားတာ သေချာတယ်"

လီလော့ ခေါင်းကုတ်ရင်း ရက်စက်စွာ တွေးနေမိသည်။

လုံကူရှန့်ပိန်း မပါဘဲ၊ ကောင်းကင်ဓမ္မတေးသံ၏ ပြီးပြည့်စုံသောမှတ်တမ်းကို ရနိုင်မည်မဟုတ်ပေ။ဤအတိုင်းသာဆို အမြီးသုံးချောင်းကောင်းကင်ဝံပုလွေအပေါ် သူ၏ထိန်းချုပ်မှုမှာ အကန့်အသတ်ရှိမည်ဖြစ်ပြီး အိမ်တော်စုဝေးပွဲအတွက်လည်း ဝှက်ဖဲရှိနိုင်တော့မည်မဟုတ်ပေ။

ကျန်းချင်းအာ၏ ပါးလွှာသော ပခုံးပေါ်၌ ဝန်ထုပ်ဝန်ပိုးအားလုံးကို ထမ်းပိုးခိုင်းရမည်လော......

လုံးဝမဖြစ်နိုင်ပေ.......

လီလော့သည် လုံကူရှန့်ပိန်း ရရှိအောင် သူတတ်နိုင်သမျှ လုပ်ဆောင်မည်ဟု သိန္နဌာန်ချမှတ်ထားလိုက်ပြီဖြစ်သည်။

"ဒုကျောင်းအုပ်.... ရှန့်ပိန်းတွေ့ဆုံပွဲက ဘယ်လိုမျိုးလဲ"

လီလော့ မေးလိုက်သည့်အခါ.........

"ပြိုင်ပွဲစည်းမျဉ်းတွေကနှစ်ပေါင်းများစွာကတည်းကချမှတ်ထားပြီးသားပါ.....ပထမတစ်ခုက ခန်းမတွေရဲ့ တိုက်ပွဲ..... အဲ့ဒီမှာ ခန်းမတစ်ခုစီရဲ့ အသန်မာဆုံးကျောင်းသားကို ရွေးချယ်မယ်..ဒါက ကျောင်းသားတိုင်းအတွက် အမြင့်ဆုံး ဂုဏ်ထူးဆောင်မှုပဲလေ.... ဒီခေါင်းစဉ်က ငါနို့ကောလိပ်ရဲ့ အမာခံခုနှစ်ဉီးထက် အများကြီး ပိုဂုဏ်သိက္ခာကြီးမားပါတယ်။ ကံကောင်းထောက်မစွာပဲ၊ ဒီအချိန်မှာတော့ ငါတို့မှာ အသန်မာဆုံး ကြယ်သုံးပွင့် ခန်းမ ကျောင်းသားတစ်ယောက် ရှိနေပြီ....."

သူမ ကျန်းချင်းအာကို စူးစူးဝါးဝါး ကြည့်နေသည် ။

သူမ၏ အဆင့်ကိုး အလင်းပဲ့တင်ထပ်သံဖြင့် တောက်ပနေသော ကြယ်တစ်ပွင့်ဖြစ်သည့် ကျန်းချင်းအာသည် နှစ်ပေါင်းများစွာအတွင်း ကြယ်တာယာခရီးရှည်ကောလိပ်တွင် မြင်တွေ့ခဲ့ရသည့် အတောက်ပဆုံး ကျောင်းသားဖြစ်ပြီး အရှေ့နတ်ဘုရားတိုက်ကြီး၏ ဇာတ်ခုံကြီးတွင်ပင် ကောင်းစွာလုပ်ဆောင်နိုင်မည်ဟု ခန့်မှန်းထားသည်။

"ချင်းအာသာ ဒီဘွဲ့ကို ရအောင်ယူနိုင်ရင် လုံကူရှန့်ပိန်းရဖို့ပိုသေချာပြီ....."

"ကျွန်မ အကောင်းဆုံးကြိုးစားမှာပါ"

ကျန်းချင်းအာက တည်ငြိမ်စွာဖြင့် ကတိပြုလိုက်သည်။

"အသန်မာဆုံး ကျောင်းသားဘွဲ့ကို ဆွတ်ခူးနိုင်ရင် ဆုတွေရဉီးမှာလား"

လီလော့က သိချင်စိတ်ဖြင့် မျက်တောင်ခတ်လိုက်သည်။

"အသန်မာဆုံးဆိုတဲ့ဂုဏ်ပုဒ်နဲ့တင်မလုံလောက်သေးဘူးလား.......ဟားးဟားးး"

စုရှင်းက အနည်းငယ်ရယ်မောကာ ပြန်ဖြေသည်။

“ဘွဲ့ချည်းပဲပေးမှာမဟုတ်ပါဘူး....

မျိုးဆက်တွေတိုင်းက ကျော်ကြားမှုကိုပဲတက်မက်ကြတာမလား...."

လီလော့ ခေါင်းညိတ် သဘောတူလိုက်သည်။

"ဟုတ်ကဲ့ နာမည်ကျော်ကြားတာကောင်းပါတယ်၊ ဒါပေမယ့် ......."

ဒုကျောင်းအုပ်စုရှင်း သည် တုန်ယင်နေသော လီလော့ကို ကြည့်လိုက်ပြီး.....

"မင်းက အရမ်းလက်တွေ့ကျတဲ့ လူငယ်တစ်ယောက်ပါ...... "

ဒူဇီဟုန်လျန် စိတ်ထိခိုက်သွားသည်။

"နင် ဘာလို့ဒီလောက်ဂရုစိုက်တာလဲ...မသိရင် အဲ့ဘွဲ့ကိုနင်ရမှာကျနေတာပဲ ...."

လီလော့ သူမကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

"ငါက ချင်းအာအတွက်မေးပေးနေတာလေ...သူနဲ့ငါကတစ်သားတည်းပဲဟာ......"

ဒူဇီဟုန်လျန် မျက်မှောင်ကုတ်လိုက်သည်။

ဒီကောင်အတော်အရှက်မဲ့တာပဲ.....

ဒုကျောင်းအုပ်ကြီး စုရှင်း ရယ်ချင်စိတ်ကိုမနည်းထိန်းနေရသည်။

"အရှေ့ပိုင်းနတ်ဘုရားတိုက်ကြီးက ပြင်ပတိုက်ကြီးတွေထဲက တစ်ခုဖြစ်တယ်.... ဒါက အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးတွေနဲ့ နှိုင်းယှဉ်မရပေမယ့်လည်း ငါတို့အားလုံးကို ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က ပံ့ပိုးပေးထားပါတယ်.... ဆုတွေလည်း ရက်ရက်ရောရော ပေးမှာပါ... ဥပမာပြောရရင်.... အသန်မာဆုံး ကျောင်းသားတွေအတွက် မြင့်မြတ်တဲ့ဆေးမှင်ကြောင် ဆုချလိမ့်မယ်....."

"အဲ့ဒါဘာလဲ?"

လီလော့က စိတ်အားထက်သန်စွာ မေးလိုက်သည်။

“ရှင်းရှင်းပြောရရင် ဒါက ခန္ဓာကိုယ်ပေါ်ကဆေးမှင်ကြောင်တစ်ခုပါပဲ....."

“ဒါဆို…”

ဒုကျောင်းအုပ်စုရှင်း ပေးခဲ့တဲ့ ဥပမာအတိုင်းဆို ဒါဟာ ထူးခြားတဲ့ အရာဖြစ်မယ်ဆိုတာ သေချာပါသည်။

"မြင့်မြတ်တဲ့ဆေးမှင်ကြောင်တွေက မြို့စားအဆင့်တွေရဲ့သွေးအဆီအနှစ်ကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုထားတဲ့ မှော်ဆန်သည့်လက်ရာတစ်ခုပါ... မြင့်မြတ်တဲ့ဆေးမှင်ကြောင်အမျိုးအစားများစွာရှိပြီး တစ်ခုချင်းစီတိုင်းမှာ ထူးခြားတဲ့ဂုဏ်သတ္တိတွေရှိကြတယ်... ဥပမာ....အရင်ရှန့်ပိန်းတွေ့ဆုံပွဲ မှ ထုတ်ပေးခဲ့တဲ့ ရတနာကိုးသွယ်သစ်ပင်ဆေးမှင်ကြောင်ဆိုရင် ကျင့်ကြံသူတွေအတွက်သဘာဝစွမ်းအင် စုပ်ယူမှုနှုန်းကို တိုးမြင့်ပေးနိုင်တယ်...ဒါက ကျင့်ကြံသူတွေကိုတောင်ပံတပ်ပေးလိုက်သလိုပဲ....."

"ဟူးးးး"

လီလော့ တိုးညှင်းစွာ လေချွန်လိုက်သည်။

ဒီဆေးမှင်ကြောင်တွေက ဖျားလောက်စရာပဲ.... ပြီးတော့ မြို့စားအဆင့်တွေရဲ့သွေးအဆီအနှစ်ကို ပင်မပါဝင်ပစ္စည်းအဖြစ် အသုံးပြုခဲ့တာလား....သိပ်ကို အဆင့်အတန်းမြင့်လွန်းတယ်.. ဒါ့ပြင် ရတနာကိုးသွယ်သစ်ပင်ဆေးမှင်ကြောင်နဲ့သာဆိုကျင့်ကြံမှုနှုန်းတွေတဟုန်ထိုးမြင့်တက်လာနိုင်ပြီ....

"ရတနာကိုးသွယ်သစ်ပင်ဆေးမှင်ကြောင်က ထောက်ပံ့ရေးအမျိုးအစားဖြစ်တယ်... ခုခံရေး၊တိုက်ခိုက်ရေး၊ကုသရေးအစရှိတဲ့အမျိုးအစားတွေလည်းအများကြီးရှိပါသေးတယ်.....မြင့်မြတ်တဲ့ဆေးမှင်ကြောင်တွေက

အထူးတန်ဖိုးရှိတဲ့ ရှေးဟောင်းပစ္စည်း အမျိုးအစားတစ်ခုနဲ့ တူတယ်...ဒါတွေကို မင်းတို့ဆီကနေ ဘယ်သူမှဖယ်ထုတ်လို့မရဘူး...ဒါပေမယ့် ဆေးမှင်ကြောင်ဆိုတဲ့အတိုင်း ပါဝင်ပစ္စည်းတွေရဲ့ အာနိသင်တွေ လျော့ပါးလာတာနဲ့အမျှ အချိန်ကြာလာတာနဲ့ ကွယ်ပျောက်သွားလိမ့်မယ်....."

"မြင့်မြတ်တဲ့ဆေးမှင်ကြောင်တွေကို အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးတွေမှာ ပိုတွေ့ရလေ့ရှိတယ်။ အဲဒါတွေက အရှေ့ပိုင်းနတ်ဘုရားတိုက်ကြီးမှာ တော်တော်ရှားပါတယ်...."

လီလော့ လျှာကိုက်လိုက်မိသည်။ ဤတစ်ခုတည်းနှင့်ပင် အတွင်းနတ်ဘုရားတိုက်ကြီးများသည် အမှန်တကယ်ခြားနားသောအဆင့်တွင်ရှိနေကြောင်း သူပြောနိုင်သည်။ ရှပြည်ထောင်စုရှိ မြို့စားများသည် လက်ချိုးရေတွက်လို့ရအောင်ရှားပါးလွန်းလှသည်။မြင့်မြတ်သောဆေးမှင်ကြောင်ကို လွယ်ကူစွာ ပြုလုပ်နိုင်ရန် သွေးအဆီနှစ်များကို လှူဒါန်းရန် သဘောတူကြသည်မှာ အတော်ပင်အံ့သြစရာကောင်းလှသည်။ ဤကဲ့သို့သော ဇိမ်ခံပစ္စည်းများကို အတွင်းပိုင်းဘုရားတိုက်ကြီးတွင်သာ တွေ့ရှိနိုင်သည်။

အရည်အချင်းနှင့်ကြွယ်ဝမှုနည်းပါးခြင်း ... ပြင်ပ နတ်ဘုရားတိုက်ကြီးများအနေဖြင့်အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးများကို ယှဉ်နိုင်သည့် နည်းလမ်း မရှိပေ။

သူတင်မကပေ.. ဒူဇီဟုန်လျန် နင့်အခြားသူများသည် တူညီသောသက်ရောက်မှုများကို တွေးတောရင်း ငြိမ်သက်သွားကြသည်။

"လုံကူရှန့်ပိန်းကိုအနိုင်ရတဲ့ဆုတွေကရော ဘယ်လိုလဲ.."

လီလော့ က စိတ်အားထက်သန်စွာ မေးလိုက်ပြီး သူ့နှုတ်ခမ်းကိုက်ထားလိုက်သည်။

ဒုကျောင်းအုပ်စုရှင်းက သူ့ရည်မှန်းချက်ကို မရယ်ဘဲ အေးအေးဆေးအေး ပြန်ဖြေပေးခဲ့သည်။

"လုံကူရှန့်ပိန်း ကိုယ်တိုင်က အကောင်းဆုံးဆုပဲလေ.... ဒါပေမယ့် အဲ့ဒါက ကျောင်းရဲ့ ရှုထောင့်အရပါ.... ကျောင်းအတွက် ဖလားရခဲ့ရင် ဘယ်လိုဆုမျိုးလိုချင်လဲ...."

"ခရမ်းရောင်မျက်လုံးအဆင့် အဖိုးတန်ပစ္စည်းတစ်ခုလား... အဆင့်ကိုးဝိဉာဉ်ရည်လား...ဒ အဆင့်ကိုး လျှို့ဝှက်ရေအရင်းအမြစ်လား...ဒါမှမဟုတ် မြို့စားအဆင့်ကျင့်စဉ်တွေလား....."

လီလော့ကို ဆက်ပြီး သွေးဆောင်နေတာကြောင့် ဒုကျောင်းအုပ်စုရှင်းရဲ့

အပြုံးက ပိုပြီးပီပြင်လာသည်။

"လုံကူရှန့်ပိန်းကိုသာ ယူခဲ့....ကျောင်းက မင်းကို ပေးနိုင်တဲ့ စွမ်းအားတွေ အားလုံးကို ပေးလိမ့်မယ်....."

***

All Chapters