← Chapters

ကုန်းရှန်ကျွင်း၏ကမ်းလှမ်းချက်....

Vol. 31 Ch. 427

ကုန်းရှန်ကျွင်း၏ကမ်းလှမ်းချက်....

Vol. 31 Ch. 427

ဒုကျောင်းအုပ်ကြီးစုရှင်းက ဆုများပေးအပ်ပြီးနောက် ၎င်းတို့အား နှုတ်ဆက်ကာ ရှန့်ပိန်းတွေ့ဆုံပွဲအကြောင်း ထပ်မံအသိပေးခဲ့သည်။

"ဝူးး...ကြယ်တာယာခရီးရှည်ကောလိပ်က တကယ်ကို ချမ်းသာတာပဲ... စည်းစိမ်ဥစ္စာတွေအများကြီးသိမ်းထားတာကိုပဲကြည့်လေ...."

လီလော့ ဝမ်းသာအားရ သက်ပြင်းချလိုက်သည်။ ဒုကျောင်းအုပ် သူတို့ပြောပြသမျှဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆုလာဘ်တွေအကြောင်းဖြစ်သည့်အတွက် ကုန်းရှန်ကျွင်း နှင့် မင်းသမီးတို့လို ကမင်းမျိုးမင်းနွယ်များပင်လျှင်ဘာမှ မပြောနိုင်ဘဲ သွေးဆောင်ခံရလိမ့်မည်။

လုံကူရှန့်ပိန်းရဖို့အတွက် ကောလိပ်က လိူအပ်သမျှ ပုံအောပေးလိမ့်မည်။

"လီလော့....ထိပ်တန်းဆုရတဲ့အတွက် ဂုဏ်ယူပါတယ်"

မင်းသမီး၏အပြုံးက လူယုတ်မာဆန်နေသည်ဟုထင်ရသည်။

"မဟုတ်ရပါဘူးဗျာ...တကယ်တော့ စီနီယာတို့ရဲ့ ကျေးဇူးကြောင့်ရခဲ့တာပါ...စီနီယာတို့သာရှာမတွေ့ခဲ့ရင် ဒီလို ကောင်းချီးပေးမယ့် ရလဒ်ကို ဘယ်လို ရနိုင်မှာလဲ..."

မင်းသမီး၏နဖူးကြောများထောင်တက်လာပြီးရုတ်တရက်အံကြိတ်လိုက်ကာ....

"နင် အရိုက်ခံချင်နေတာလား....."

သူမနှင့် ကုန်းရှန်ကျွင်းတို့ နှစ်ဦးစလုံးသည် လျှို့ဝှက်ထားသော ကျင်းစဲ့ယွီ့ရှန်းဓားအတွက် ရောက်ရှိလာခဲ့ကြသည်။ သို့သော်၊ ဓားသည် လီလော့လို ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့် လက်ထဲတွင် အဆုံးသတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူတို့သည် ဓားနှင့်ပတ်သက်သည့် မျှော်လင့်ချက်ဖြင့် ရောက်လာသော်လည်း လီလော့၏ပြောပေါက်က အနာပေါ်ဆားသိပ်လိုက်သလိုပင်.....

လီလော့သည် ကျန်းချင်းအာကို အမြန်ရှေ့ပို့လိုက်ပြီး မင်းသမီးနှင့်သူ့ကြားတွင်တံတိုင်းကာထားလိုက်သည်။

"ဟေ့...ကိုယ်သခင်လေးကိုကိုယ်ထိန်းဉီးနော်....."

မင်းသမီးက ကျန်းချင်းအာကို စိတ်တိုနေဟန်ဖြင့်လှမ်းအော်လိုက်သည်။

"မင်းသမီး သူ့ကိုရိုက်ချင်ရင် ရိုက်ပါ....မစွက်ဖက်ဘူးလို့ ကတိပေးပါတယ်.."

“မယုံပါဘူး..နင်က .နင့်ချစ်သူကိုရိုက်နေတာကို ထိုင်ကြည့်နေမှာမဟုတ်ဘူးလေ....."

ကျန်းချင်းအာ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး ရှက်သွေးဖြာသွားကာ သူမ နောက်သို့ လှည့်ကြည့်လိုက်သည်။

လီလော့၏ မရိုးမရွ ပြုံးနေသည့် မျက်နှာကို မြင်လိုက်ရသည့်အတွက် တံတောင်နှင့်လှမ်းတွတ်လိုက်လေသည်။

လီလော့၏အပြုံးသည် သူ့အဆုတ်ထဲမှ ထွက်သက်ဝင်သက်ကြောင့် အေးခဲသွားသည်။ နာကျင်စွာ ညည်းတွားပြီး ကျန်းချင်းအာကို ဆူပုတ်ပုတ်မျက်နှာပေးဖြင့်လှမ်းကြည့်လိုက်သည်။

မင်းသမီးသည် ဤချစ်သူစုံတွဲ၏ ရန်ပွဲအား ရွှင်မြူးစွာဖြင့် ကြည့်ရှုခဲ့သည်။ အပြန်အလှန် ဖလှယ်မှုက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို နက်နက်နဲနဲ နားလည်စေခဲ့သည်။

ကျန်းချင်းအာ၏ ပင်ကိုယ်စရိုက်ကို သူမ ကောင်းကောင်းသိသည်။ စိတ်အားထက်သန်သူ ၊ သူမ၏ကိုယ်ပိုင်ထင်မြင်ယူဆချက်များကို မှီခိုပြီး ထက်မြက်ပြီး သတိထားတွေးခေါ်တတ်သူ.....သူမ၏ အရည်အချင်းများနှင့် ပေါင်းစပ်လိုက်သောကြောင့်မင်းသမီးကဲ့သို့ ဂုဏ်ယူဝံ့ကြွားသူတစ်ဦးပင်။ အဲ့ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်။

ကျောင်းတွင် ကျန်းချင်းအာ၏ ဂုဏ်သတင်းကအင်မတန် ရိုးစင်းလှသည်။ သူမသည် လူအများနှင့်ပေါင်းသင်းရန်တက်ကြွဖော်ရွှေသူမဟုတ်သော်လည်း မာနကြီးမှု အရိပ်အမြွက်မပါဘဲ လူတိုင်းနှင့် စကားပြောဆိုနိုင်သူဖြစ်သည်။ သို့သော် ကျန်းချင်းအာ သည်မည်သူ့ကိုမျှသူမနှင့်အလွန်နီးကပ်စွာ ဆက်ဆံခွင့် ပေးမထားခဲ့ပေ။

လီလော့နှင့်သာ ကျန်းချင်းအာ၏ အခြားတစ်ဖက်ကိုမြင်တွေ့ရနိုင်သည်။

ကုန်းရှန်ကျွင်း သူတို့ဆီ လျှောက်လာနေတာကြောင့် သူတို့ရဲ့ ဖော်ရွေတဲ့ ရန်ဖြစ်မှုဟာ အလွန်လျင်မြန်စွာ အဆုံးသတ်သွားခဲ့သည်။

ကုန်းရှန်ကျွင်းကအနားရောက်တာနဲ့ သုံးယောက်ကို ကြင်နာစွာ ပြုံးပြပြီး.....

"ဂျူနီယာ လီလော့... ငါ့မှာ အထင်ကြီးလောက်တဲ့ ကမ်းလှမ်းမှုတစ်ခုရှိတယ်...မင်းကြားချင်မလားမသိဘူး....."

"အထင်ကြီးလောက်စရာဆိုပေမယ့်လည်း..မကြားချင်ဘူး......"

ကုန်းရှန်ကျွင်းက လီလော့ရဲ့ တိုက်ရိုက်ငြင်းဆိုမှုကြောင့် ထိတ်လန့်သွားခဲ့သည်။

" ဂျူနီယာလီလော့က ဒါကို ခန့်မှန်းထားပြီးပြီထင်တယ်.... ဟုတ်တယ်... ကျင်းစဲ့ယွီ့ရှန်းဓားသွားအကြောင်းပါ"

ကုန်းရှန်ကျွင်းက တော်ဝင်သွေးသားပီပီ ငြင်းဆိုမှုအား ကျွမ်းကျင်စွာ ထိန်းကျောင်းပြောဆိုခဲ့သည်။

"မင်းငါ့ကို ရောင်းဝယ်ဖောက်ကားဖို့ ဆန္ဒရှိမရှိ ဂျူနီယာလီလော့ ကို မေးချင်ပါတယ်... မင်းက ဓားရှည်နှစ်လက်ကို ကျွမ်းကျင်တယ်ဆိုတော့.....မင်းကိုင်ထားတဲ့ ကျင်းစဲ့ယွီ့ရှန်းဓားအတွက် ရွှေမျက်လုံးအဆင့်အဖိုးတန် ဓားနှစ်လက်ကို ပေးပါ့မယ်... ."

"ရွှေမျက်လုံးအဆင့်ဓားတိုနှစ်လက်...."

လီလော့ ခဏတာ တုန်လှုပ်သွားသည။ကုန်းရှန်ကျွင်း၏ကမ်းလှမ်းမှုသည် အလွန်ဆွဲဆောင်မှုရှိပြီး သူလိုချင်သည့်အရာကို တည့်တည့်ထိမှန်နေသည်။

လီလော့ ကျန်းချင်းအာကို လှည့်ကြည့်လိုက်သော်လည်း သူမက သူ့ကိုကိုယ်ပိုင် ဆုံးဖြတ်ချက်ချခိုင်းနေသည်။

လီလော့ ခဏတာ ငြိမ်သက်နေခဲ့ပြီး...

"ဘာလို့ ဒီလက်နက်ကို လိုချင်တာလဲ ...."

"ဒါက လေးစားရတဲ့ ကျောင်းအုပ်ကြီးရဲ့လက်နက်လေကွာ... ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ပိုင်ဆိုင်မှုကနေ ဉာဏ်အလင်းအချို့ရနိုင်တယ်...."

လီလော့သေချာစွာစဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်။

"တောင်းပန်ပါတယ် ... ရွှေမျက်လုံးရတနာ ဓားနှစ်လက်က အခုအချိန်မှာ ကျွန်တော့်ရဲ့ အကြီးကျယ်ဆုံး ဆန္ဒတွေထဲက တစ်ခုပါ... ဒါပေမယ့် ဒီဓားက ကျွန်တော့်ကို ရွေးချယ်ခဲ့တာပါ...တကယ်လို့ ရောင်းဝယ်ဖောက်ကားခဲ့မယ်ဆိုရင် ဒီဓားလေးရဲ့အသည်းကိုခွဲစလိုဖြစ်နေလိမ့်မယ်..... မလုပ်ပါနဲ့ဗျာ....."

မင်းသမီးနှင့်ကျန်းချင်းအာက ရယ်မောလိုက်သည်။

ဓားလေး အသည်းကွဲသွားလိမ့်မယ်...ဟားးးဟားးးးးး

ကုန်းရှန်ကျွင်းက ခဏလောက် နှုတ်ဆိတ်နေပြီးထပ်မေးပြန်သည်။

" ဂျူနီယာလီလော့ ပြန်စဉ်းစားပါဉီး.... ရွှေမျက်လုံးအဆင့် ဓားနှစ်လက်နဲ့ မလုံလောက်ရင်၊ ငါ သဘောတူညီချက်ကို ပိုပြီး တိုးပေးနိုင်ပါတယ်...."

လီလော့က ခေါင်းသာခါနေလိုက်တော့သည်။

"ကောင်းပြီ ...ဒီတခါလည်း ကိုယ့်ကိုကိုယ်အထင်ကြီးမိပြန်ပြီ......"

ကုန်းရှန်ကျွင်းက ဒေါသတကြီး ပြုံးလိုက်ပြီး ကျန်းချင်းအာနှင့်မင်းသမီးကို ခေါင်းညိတ်ပြပြီးနောက် အမြန်ပြန်ထွက်သွားသည်။

လီလော့က ကုန်းရှန်ကျွင်းထွက်သွားတာကိုကြည့်ပြီး...

"ငါ့ရဲ့ငြင်းဆိုမှုအတွက် အကျိုးသက်ရောက်မှု ရှိလာမှာလား..."

မင်းသမီးက ရယ်မောလိုက်သည်။

"စိတ်မပူပါနဲ့။ ငါ့အစ်ကိုတော်က စိတ်ကို ချုပ်တည်းနိုင်စွမ်းရှိတယ်...နင့်မှာကျင်းစဲ့ယွီ့ရှန်းဓားထက် တန်ဖိုးပိုကြီးတဲ့အရာရှိနေတာမ်ု့ သူဘာမှလုပ်နိုင်မှာမဟုတ်ဘူး....."

"ကျင်းစဲ့ယွီ့ရှန်းဓားထက်တောင် ပိုတန်ဖိုးကြီးတယ်....."

လီလော့ ထပ်ခါထပ်ခါ အံသြသွားသည်။

ကျန်းချင်းအာဆီ ဦးတည်နေသော မင်းသမီး၏ အဓိပ္ပါယ်ရှိသော အကြည့်ကို မြင်လိုက်ရတော့မှာသာ......လီလော့ ရယ်မောလိုက်သည်။

"ဟင့်အင်း...မင်းသမီးမှားနေပြီ.... ကျွန်တော် သူ့ကိုမပိုင်ပါဘူး...သူကသာကျွန်တော့်ကိုပိုင်တာပါ......"

"ဘယ်လိုပဲဖြစ်ဖြစ်၊ ကုန်းရှန်ကျွင်း အတွက် စိတ်ပူနေစရာ မလိုပါဘူး။ သူကျောင်းမှာ နှစ်ပေါင်းများစွာ နာမည်ကောင်းရခဲ့ပြီးသားဆိုတော့ စွန်းထင်းခံမှာ မဟုတ်ဘူး.... တစ်စုံတစ်ယောက်ကို တန်ဖိုးထားရတဲ့ ရှေးဟောင်းပစ္စည်းကို လွှဲပြောင်းခိုင်းတာဟာ ဂုဏ်ယူစရာတော့ မဟုတ်ဘူးလေ..."

လီလော့ ခေါင်းညိတ်လိုက်သည်။

"အိုးးး နောက်ရက်အနည်းငယ်မှာ မင်းအချိန်ရရင် ငါနဲ့အတူ တော်ဝင်နန်းတော်ကို လာခဲ့ပါ..."

ဧကရာဇ်ကို ဆေးကုသပေးရဉီးမည်.....

လီလော့ ခေါင်းညိတ်လိုက်သည်။ ဝင်ခွင့်ပြိုင်ပွဲ ပြီးသွားတော့ ပင်မပွဲမစခင် အနားယူဖို့ နောက်ထပ် တစ်လခွဲလောက် အချိန်ယူရဉီးမည်။

လီလော့အနေနှင့်သူ့မှာ စဉ်းစားရမယ့် မေးခွန်းကြီးတစ်ခုရှိနေသည်။

ယခု သူသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်၏တွင် ရှိနေသောကြောင့် မကြာခင်စစ်သူကြီးအဆင့်သို့တက်လှမ်းရတော့မည်။

ဆိုလိုသည်မှာ သူသည် သူ၏ တတိယမြောက် ပဲ့တင်ထပ်သံအတွက်ကြိုတင်စဉ်းစားထားရတော့မည်။

***

All Chapters