နန်းတော်....
Vol. 31 Ch. 428
ရှမြို့တော်၏ အလယ်ဗဟိုတွင် တော်ဝင်နန်းတော်တည်ရှိပြီး ခမ်းနားထည်ဝါသော အဆောက်အုံများကြားတွင် သာမညောင်ညအဆောင်တစ်ခုအား အစောင့်များစွာက ကြပ်ကြပ်မတ်မတ် ကင်းလှည့်နေပြီး ထိုအဆောက်အုံကို မမြင်နိုင်သောစွမ်းအားကွန်ယက်များဖြင့်ကာကွယ်ပေးထားသည်။
ဤသည်မှာ ကိုယ်စားအုပ်ချုပ်သူ၏နန်းတော်ဖြစ်ပြီး၊ သူကိုင်ဆောင်ထားသော အာဏာသည် ယခုအခါ တော်ဝင်နန်းတော်ထက်ပင် မြင့်မားနေသည်။
ကုန်းရှန်ကျွင်းသည် ရထားလုံးပေါ်မှ ဆင်းကာ လူသွားလမ်းအတိုင်း နန်းဆောင်ဆီသို့ ပြန်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် အစောင့်အကြပ်များက သူ့ကိုတလေးတစားဉီးညွှတ်အရိုအသေပြုနေကြသည်။
"မင်းသား..."
"မင်းသား..ပြန်လာပြီ..."
ဤစကားများကို ရိုးရိုးရှင်းရှင်းတုံ့ပြန်လိုက်ပြီး စိမ်းလန်းစိုပြေသော စင်္ကြံများကိုဖြတ်ကာ ရေကန်ကို အပေါ်စီးမှမြင်ရသည့် နန်းဆောင်တစ်ခုရှေ့ကိုလှမ်းမြင်နေရသည်။
ထိုနန်းဆောင်သည်သာမာန်စာကြည့်ဆောင်တစ်ခုဖြစ်သော်လည်း တော်ဝင်နန်းတွင်းထဲတွင်အစောင့်အကြပ်အထူထပ်ဆုံးနန်းဆောင်တစ်ခုဖြစ်သည်။
သာမန်မြို့စားတွေတောင် ချဉ်းကပ်ဖို့ မမျှော်လင့်နိုင်တဲ့ စာကြည့်ဆောင်ပင်....
ကုန်းရှန်ကျွင်း အခန်းရှေ့သို့ လှမ်းလာပြီး တံခါး မခေါက်ဘဲ တံခါးကို တိတ်တဆိတ် ဖွင့်လိုက်သည်။ အရှိန်အဟုန်မပျက်ဘဲ လမ်းလျှောက်လာရင်း ကိုယ်စားအုပ်ချုပ်သူသည် စားပွဲပေါ်ရှိ စာအုပ်နှစ်အုပ်မှ မှတ်စုများကိုဖတ်ရှုနေသည်ကို တွေ့လိုက်ရသည်။
ကုန်းရှန်ကျွင်းက ကိုယ်စားအုပ်ချုပ်သူရှေ့တွင် လေးလေးစားစား ဦးညွှတ်လိုက်ပြီး.။
"ခမည်းတော်..."
ကိုယ်စားအုပ်ချုပ်သူက ခပ်သော့သော့ ရယ်မောလိုက်သည်။
"အိမ်မှာ ဒီလိုခေါ်ဖို့မလိုပါဘူး..."
"ဝင်ခွင့်ပြိုင်ပွဲမှာ မင်းကောင်းကောင်းလုပ်ခဲ့တယ်" လို့ ချီးကျူးရင်း စာအုပ်တွေကို ဘေးဖယ်ထားလိုက်သည်။
ကုန်းရှန်ကျွင်း ခေါင်းခါလိုက်သည်။
"ကျွန်တော့်ရဲ့ပြိုင်ဘက်က သိပ်မသန်မာဘူး... လျန်ခွန်းကကျုံးနန်ထက် နည်းနည်းအားနည်းတယ်..အပြာရောင်ချောက်နက်ကောလိပ်ရဲ့ အကြီးကျယ်ဆုံး ဒိုင်းက သူတို့ရဲ့ အကြီးမြတ်ဆုံးလှံထက် အများကြီး သာတယ်...ဝမ်ချောင်တောင်သူ့ကိုယှဉ်နိုင်မှာမဟုတ်ဘူး....သူ့ရဲ့ ခံစစ်ကို အချိန်မီ မချိုးဖျက်နိုင်ခဲ့ဘူး...."
"ဟားးဟားးးဒါက ပြိုင်ဆိုင်မှုတစ်ခုပဲလေ.. အသေအကြေတိုက်ခိုက်နေတာမှမဟုတ်တာ... ခုခံကာကွယ်ရုံနဲ့ တကယ့်တိုက်ပွဲကို ဘယ်သူမှအနိုင်မယူနိုင်ဘူး... ဒီကောင်လေးက ကျောင်းတွင်းပြိင်ပွဲတွေလောက်ပဲ နိုကမဖူးတာဆိုတော့ တကယ့်ချိန်းခြောက်နိုင်မှာမဟုတ်ဘူး...."
ကုန်းရှန်ကျွင်းကို သူ့အနားလာဖို့ လှမ်းခေါ်ပြီး သူ့လက်ထဲက စာရွက်စာတမ်းကို စားပွဲပေါ်ကို ချလိုက်သည်။
ကုန်းရှန်ကျွင်း ကြည့်လိုက်တော့ "လော့လန်အိမ်တော်" လို့ရေးထားတာတွေ့လိုက်ရသည်။
"ဝင်ခွင့်ပြိုင်ပွဲမှာ ငါတို့ကို အံ့အားသင့်အောင်လုပ်နိုင်ခဲ့တဲ့သူက ကျန်းချင်းအာ မဟုတ်ဘူး...လီလော့ပဲ"
ကိုယ်စားအုပ်ချုပ်သူ စာအုပ်အဖုံးပေါ်က စာလုံးများကို တွေးတွေးဆဆငေးနေရင်း...
"အဖေ လွန်ခဲ့တဲ့ခြောက်လကတည်းက လော့လန်အိမ်တော်ရဲ့သတင်းတွေကိုစုဆောင်းနေခဲ့တာ.... လီလောက ခေသူတစ်ယောက်မဟုတ်ဘူး...အခုဆိုလော့လန်အိမ်ကတော်က မုန်တိုင်းကြားထားက လှေတစင်းလိုမဟုတ်တော့ဘူး... နန်ဖန်းမြို့တော်မှာကတည်းက သူ့ရဲ့တိုးတက်မှုတွေ ရပ်တန့်မသွားသေးဘူး...အခုဆို လော့လန်အိမ်တော်ကိုတည်ငြိမ်အောင်ထိန်းချုပ်နိုင်တဲ့အပြင် ရှီးယန်စံအိမ်ကိုလည်း မြင့်မားအောင်မြှင့်တင့်ပေးနိုင်ခဲ့တယ်.... ဒီအတိုင်းသာဆိုလော့လန်အိမ်တော်က လီတိုင်ရွှမ်တို့လင်မယားလက်ထက်ကထက်တောင်ပိုပြီးအောင်မြင်လာနိုင်တယ်....."
"ဒါတွေအားလုံးက လီလော့ကြောင့်ပဲဖြစ်လိမ့်မယ်....."
ကိုယ်စားအုပ်ချုပ်သူ အနည်းငယ် ပြုံးလိုက်သည်။
"လူတိုင်းက လော့လန်အိမ်တော်ရဲ့ဖီးနစ်ကိုအာရုံစိုက်နေပေမယ့်တိမ်မြုပ်နေတဲ့ နဂါးကလည်း တွက်ဆရမယ့် စွမ်းအားတစ်ခုပဲလေ.... အရူးတွေကသာ လီတိုင်ရွှမ်နဲ့တိုက်တန်လန်တို့ရဲ့သားကိုလျှော့တွက်နေကြတာ....."
"ဒါဆို လူတိုင်း ရူးနေတာပေါ့...."
ကုန်းရှန်ကျွင်းက လေးနက်စွာပြောလိုက်သည်။
ထိုစကားကြောင့် ကိုယ်စားအုပ်ချုပ်သူ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ဟားးးဟားးးဗလာနန်းတော်ရှိတဲ့မသန်မစွမ်းတဲ့......သေဒဏ်ချမှတ်ခံထားရသလိုသတ်မှတ်ချက်ကြီးလေ....
အဖြစ်က ငါးကို မီးဖုတ် ကြပ်တိုက်၊ဆားရည်စိမ်ပြီးကာမှ အရှင်လတ်လတ်ရေကူးပြနေသလိုပင်....အပိုင်တွက်ပြီးကာမှ မှန်းထားသလိုဖြစ်မလာခဲ့ပေ။
"လီလော့ကို မင်း ဘယ်လိုမြင်လဲ"
ကုန်းရှန်ကျွင်းသည် ထိုမေးခွန်းကို ခဏစဉ်းစားလိုက်သည်။
"သူ့ရဲ့ အလားအလာက အရမ်းကောင်းတယ်။ ဒါ့ပြင် သူက ကျန်းချင်းအာနဲ့သူ့မိဘတွေလို မဟုတ်ဘူး.... သူက သိုသိုသိပ်သိပ်နေတတ်တယ်... မဖြစ်မနေရှေ့ထွက်ရမှာမျိုးမဟုတ်ရင် မဆ်ိုင်သလိုနေတတ်တဲ့သူ....တကယ်ဆိုကျွန်တော်လည်း သူ့ကိုလျှော့တွက်မိခဲ့တဲ့အရူးတစ်ယောက်ပါပဲ....."
"သူနဲ့ ကျန်းချင်းအာတို့ လော့လန်အိမ်တော်ကိ ဦးဆောင်ဖို့ အချိန်တစ်ခုပဲလိုတယ်လို့ ကျွန်တော်ထင်တယ်...."
ကိုယ်စားအုပ်ချုပ်သူ ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် သူတို့မှာ အချိန်အလုံအလာက်မရှိဘူး....."
သူ ခေတ္တရပ်ပြီး ပြုံးလိုက်သည်။
"မင်း ကျန်းချင်းအာကို ကြိုက်နေတယ်မဟုတ်လား ...မင်းသာသူ့ကိုသေချာပိုးပန်းနိုင်ရင် ခမ်းခမ်းနားနား လက်ထပ်ပေးမယ်...."
ကုန်းရှန်ကျွင်း သက်ပြင်းချလိုက်သည်။
"လီလော့ ပေါ်လာပြီးကတည်းက အခွင့်ကောင်းတစ်ခုတောင် မရှိတော့ပါဘူး... သူတို့နှစ်ယောက်ကြားက ဆက်စပ်မှုကို အားလုံး လျှော့တွက်ခဲ့မိကြတယ်..သူတို့ရဲ့ စေ့စပ်မှုက အတုအယောင်မဟုတ်ဘူး....ဒါ့အပြင်၊ အရင်က လီလော့ကိုသာမန်လူတစ်ယောက်လို့ပဲ ထင်ခဲ့တာ... သူတို့နဲ့ ရင်းရင်းနှီးနှီးနေမယ်ဆို ကျန်းချင်းအာက ကျွန်တော်နဲ့လီလော့ကြားက ခြားနားချက်ကိုသေချာသိလာမယ်လို့ထင်ခဲ့မိတယ်...."
ထိုစကားများသည် အခြားသူများထံမှကြားရလျှင် မောက်မာသောစကားများဖြစ်သော်လည်း ကုန်းရှန်ကျွင်းက ၎င်းတို့အား မောက်မာမှုမရှိဘဲ အမှန်အတိုင်းပြောခဲ့ခြင်းဖြစ်သည်။သူသည် အမှန်တကယ်ပင် ထူးချွန်သူဖြစ်သည်။ အဆင့်အတန်း၊ အရည်အချင်း၊ ကြွယ်ဝမှု၊ ပေါင်းသင်းဆက်ဆံရေး...အစစအရာရာ လီလော့ထက် သာလွန်နေသည်မဟုတ်ပေလော။
သူသည် ရှပြည်ထောင်စုရှိ မျိုးဆက်သစ်များ၏ ရတနာဖြစ်သည်။
"ဒါပေမယ့် ကံမကောင်းစွာနဲ့ ပြီးခဲ့တဲ့ တစ်နှစ်ခွဲအတွင်း လီလော့ရဲ့ စွမ်းဆောင်ရည်က ထိပ်ဆုံးက မကျခဲ့ဘူး...ကျွန်တော့််အတွက် အခွင့်အရေးမရှိတော့ဘူးထင်တယ်....."
"ကျရှုံးတာကို လွယ်လွယ်နဲ့ ဝန်ခံလိုက်တာ၊ မင်းပုံစံမဟုတ်ဘူး...."
"အဖေ...လူတစ်ယောက်က အမှန်တရားကို အမြဲတမ်း တည့်မတ်စွာ ရင်ဆိုင်သင့်တယ်... နောက်ပြီး ကျရှုံးမှုကို ဝန်ခံတာက လုံးဝလက်လျှော့သွားပြီဆိုတဲ့အဓိပ္ပါယ်မှမဟုတ်တာ..."
ကိုယ်စားအုပ်ချုပ်သူသည် ပါးနပ်သော အပြုံးဖြင့် စားပွဲပေါ်ရှိ စာရွက်ကို ပွတ်သပ်လိုက်ပြန်သည်။
"ဒါဆို အဖေရဲ့အကူအညီလိုသေးလား။ ကျန်းချင်းအာရဲ့ အရည်အချင်းက ထူးခြားတယ်... ငါတို့အသိုက်ထဲကို ဖီးနစ်တစ်ကောင်ရောက်လာရင် ငါတို့အိမ်တော်ကို တောက်ပစေလိမ့်မယ်...."
ကုန်းရှန်ကျွင်း ပြုံးလိုက်သည်။
"ကျွန်တော် သူ့နှလုံးသားကို အရင်အနိုင်ယူနိုင်မလားကြည့်ချင်တယ်...."
"လူငယ်တွေများ ခေါင်းမာလိုက်ကြတာ...."
"ကျင်းစဲ့ယွီ့ရှန်းဓားကို ရမလာခဲ့ဘူးမလား...."
ကုန်းရှန်ကျွင်းက စိတ်တိုတိုနဲ့ ခေါင်းညိတ်လိုက်သည်။
"ဒါက ဖန်ချန်ယွမ် ရဲ့ ပိုင်ဆိုင်မှုဆိုပေ
မယ့် ဘုရင်အဆင့်ရဲ့လမ်းစဉ်ကို မျက်မြင်တွေ့လိုက်ရတယ်.... သူ့ရဲ့ စိတ်ဓာတ်က အရမ်းပြင်းထန်တယ်...အဖေတောင်သူ့ကိုဖိနှိပ်နိုင်မယ်မထင်ဘူး... ဒါကြောင့် ရတနာစံအိမ်ထဲမှာ ချိတ်ပိတ်ထားခဲ့တာပဲဖြစ်ရမယ်...."
"ဒါပေမယ့် လီလော့က ယူသွားပြီ..."
ကုန်းရှန်ကျွင်း၏ချောမောလှပသောမျက်နှာကိုသေချာကြည့်ရင်း ကိုယ်စားအုပ်ချုပ်သူ၏ မျက်လုံးများပြူးကျယ်သွားသည်။
"လီလော့... ယူသွားပြီ..ဟုတ်လား?"
"မယုံနိုင်စရာဆိုပေမယ့်... ဟုတ်တယ်..."
ကိုယ်စားအုပ်ချုပ်သူက သူ့လက်ချောင်းတွေကို စားပွဲရဲ့ မျက်နှာပြင်ပေါ်မှာ တုန်တုန်ယင်ယင်နဲ့ တီးခေါက်နေရင်း
"လီလော့က အခုအချိန်မှာ ပိုစိတ်ဝင်စားဖို့ကောင်းလာတယ်....."
သူ စကားမဲ့ လက်ဟန်ပြပြီး ကုန်းရှန်ကျွင်းကို ထွက်သွားခိုင်းလိုက်သည်။
အခန်းအတွင်း တဖန် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်သည်။
ကိုယ်စားအုပ်ချုပ်သူက မျက်လုံးမှိတ်ထားပြီး “အဖော်လက်နက် မရှိတော့ဘူးလား” ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ထိုအခါ စာကြည့်ခန်းအတွင်းရှိ အလင်းရောင်များ မှိန်ဖျော့သွားပုံရပြီး ထောင့်တစ်နေရာကနေ နက်မှောင်သော မျက်လုံးတစ်စုံ တောက်ပလာသည်။
“ပဲ့တင်ထပ်သံဆရာသခင်အဆင့်...."
"လီလော့က အာရုံစိုက်ဖို့ မထိုက်တန်ဘူး။"
ကိုယ်စားအုပ်ချုပ်သူက ခေါင်းယမ်းလိုက်သည်။
"ရှန့်ပိန်းတွေ့ဆုံပွဲက နီးလာပြီ...အခုဆို လီလော့က ကြယ်တာယာခရီးရှည်ကောလိပ ရဲ့ မျက်နှာသာပေးမှုကို ခံရလိမ့်မယ်... အခုချိန် သူ့သာ တစ်ခုခုဖြစ်သွားရင် ကောလိပ်က ငြိမ်ငြိမ်လေးထိုင်နေမှာ မဟုတ်ဘူး....စုံစမ်းစစ်ဆေးမှုတွေကြောင့် ဆက်ဆံရေးတွေ တင်းမာလာမှာ သေချာတယ်...အဲ့ဒါက ပိုကြီးတဲ့ အစီအစဉ်ကို ပျက်ပြားစေလိမ့်မယ်၊ ” ဟု ပြောကာ မျက်လုံးတစ်စုံကို တည့်တည့်ကြည့်လိုက်သည်။
မကျေနပ်သော တိတ်ဆိတ်မှုတစ်ခု လေထဲတွင် ပြည့်နှက်နေ၏။
"မင်းပြောတော့ ငါတို့ရဲ့ အစီအစဉ်က ပြီးပြည့်စုံတယ်ဆို ..အခုတော့မင်းရဲ့ မယိမ်းယိုင်တဲ့ဆုံးဖြတ်ချက်ကြောင့် လက်နက်တစ်ခုဆုံးရှုံးလိုက်ရပြီ......"
ကိုယ်စားအုပ်ချုပ်သူ၏ ခပ်ပြတ်ပြတ်စကားသံကြောင့် အရိပ်များတစ်ခုသည် လေထဲတွင် ဖယောင်းတိုင်မီးတောက်လို တဖျပ်ဖျပ် တုန်ခါကာ ရယ်မောသံများ လွင့်ပျံလာသည်။
"ထားလိုက်ပါ...ပျော်ကြပါစေ...မင်းကော ဘယ်လိုလဲ...ဒီနှစ်တွေထဲမှာ ငါတို့နဲ့ပူးပေါင်းဖို့ ဆုံးဖြတ်ချက်မချရသေးဘူးလား..."
ကိုယ်စားအုပ်ချုပ်သူ၏မျက်နှာသည် ဖယောင်းတိုင်မီးရောင်အောက်တွင်ဘပို၍အိုစာနေသလိုပင်.... သူသည် ရေနွေးအိုးကိုယူကာ လက်ဖက်ရည်နှစ်ခွက်ကို လောင်းချလိုက်သည်။ တစ်ခွက်ကို ဘေးဖယ်ထားပြီးရေနွေးကြမ်းသောက်သုံးရင်းတခုခုကိုတွေးတောနေသည်။
အခြားခွက်ကိုယူရန် အရိပ်ထဲမှာ လက်တစ်ဖက်က ထွက်လာသည်။ ၎င်း၏လက်ချောင်းတစ်ဖက်တွင် နီညိုရောင်လက်စွပ်တစ်ခုရှိသည်။ ထို့လက်စွပ်မျက်နှာပြင်ပေါ်တွင် မျက်လုံးတစ်လုံးရှိနေပြီး ထိုမျက်လုံးသည် သာမန်နှင့်မတူဘဲမျက်စံအဖြူ၊မျက်သားအနက် ဖြစ်နေသည်။
ထိုစဉ် အရိပ်လူသားထံမှ .....
"အလင်းနဲ့အမှောင်က အတူမွေးဖွားလာတယ်၊ အကောင်းနဲ့အဆိုးကလည်း အတူတူပဲ...."
***