← Chapters

ယွမ်ချင်း... *

Vol. 31 Ch. 429

ယွမ်ချင်း... *

Vol. 31 Ch. 429

လော့လန်အိမ်တော် အပြင်ဘက်ရှိ ရေကန်သည် နေနှင့်ကောင်းကင်တို့၏ အလင်းပြန်မှုကြောင့် အပြာရောင်နှင့် အဝါဖျော့ရောင်တို့ဖြင့် တမျိုးတဖုံလှပနေသည်။

ဘုန်းးးးး

ကျယ်လောင်သော ပဲ့တင်ထပ်သံစွမ်းအားပေါက်ကွဲသံမျာ ပြန့်ကျဲနေပြီး ရေကန်ကြီးတစ်ခွင် လှိုင်းလုံးကြီးများ ထွက်ပေါ်လာသည်။

မြေပြင်ပေါ်တွင် လူနှစ်ဦး တိုက်ခိုက်နေကြပြီး အပြန်ပြန်အလှန်လှန် ထိုးနှက်နေကြသည်။

လီလော့နှင့်ကျန်းချင်းအာတို့နှစ်ယောက်အကြိတ်အနှယ် တိုက်ခိုက်နေကြခြင်းဖြစ်သည်။

သို့သော်လည်း ကျန်းချင်းအာ သည် သူမ၏ ပဲ့တင်ထပ်သံ စွမ်းအားကို ပုံသဏ္ဍာန်ပြောင်းလဲခြင်းပထမအဆင့်သို့ ကန့်သတ်ထားသည်။ ဒါတောင် သူတို့နှစ်ယောက်ကြားမှာ သိသာထင်ရှားတဲ့ ခြားနားချက်တစ်ခု ရှိနေဆဲပင်.... လီလော့ အလိုအလျောက် နောက်ပြန်ဆုတ်သွားခဲ့သည်။ သူဘယ်လိုပဲ့တင်ထပ်ခြင်းပညာရပ်ကို အသုံးချနေပါစေ ကျန်းချင်းအာက သူ့ကို အလွယ်တကူ တွန်းလှန်နေစမြဲပင်...

ဤပြိုင်ပွဲတွင် လီလော့သည် ပျက်စီးခြင်း၏ အဓိပ္ပါယ်ကို ထပ်မံသိရှိခဲ့ရပြန်သည်။

ဖန်းးးးးးး

လီလော့သည် ပဲ့တင်ထပ်သံ စွမ်းအားနှစ်ခုလုံးကို တွန်းအားပေးရင်း ကျန်းချင်းအာ၏မျက်နှာဆီသို့ လက်သီးချက်များပစ်လွှတ်လိုက်သည်။

ကျန်းချင်းအာသည် လက်နှစ်ချောင်းကို ပူးကပ်ကာ အလင်းစွမ်းအားများကို လက်အိတ်သဖွယ်လွှမ်းခြုံလိုက်သည်။

ဖန်းးးးးး

ကျန်းချင်းအာ၏ ပါးလွှာသောပုံရိပ်သည် မြေပြင်ပေါ်သို့လှလှပပဆင်းသက်လာပြီးလီလော့ကတော့ ရေကန်မျက်နှာပြင်ပေါ်ထိရောက်အောင်အောင်နောက်ဆုတ်လိုက်ရသည်။

"အသန်မာဆုံး ကြယ်တစ်ပွင့်ခန်းမ ကျောင်းသားက ကန့်သတ်ချက်ရှိနေတဲ့ပုံပဲ..." ဟု သူမက တိုးတိုးလေးပြောလိုက်သည်။

"ကန့်သတ်ချင်?!"

လီလော့ ဒေါသထွက်သွားသည်။ ယောက်ျားတစ်ယောက်ကို တည့်တည့်ကြည့်ပြီး ဘယ်လိုတွေပြောလိုက်တာလဲ.....

ထို့နောက် ကျင်းစဲ့ယွီ့ရှန်းဓားကိုဆွဲထုတ်လိုက်ပြီး ရေစွမ်းအားများဖြည့်သွင်းလိုက်သည်။

လီလော့၏ မျက်နှာသည် ယခင်နှင့်မတူဘဲ လေးနက်လာသည်။

ယွီ့ရှန်းဓားသွားကို ဆွဲထုတ်လိုက်သောအခါ ကျန်းချင်းအာ ၏ မျက်ခုံးပင့်လိုက်မိသည်။

[ ကျင်းစဲ့ယွီ့ရှန်းဓားအစား ယွီ့ရှန်းဓားဟုသာ သုံးနှုန်းပါတော့မည်...ဖတ်ရတာထောက်လို့....]

"ယွီ့ရှန်းဓား၏ အဆင့်တစ်... မြင့်မြတ်သောဆင်စွမ်းအား!"

ဝုန်းးးးးး

အဝေးမှ လွင့်ပျံလာသော ဆင်အော်သံကြီးနှင့်အတူပြင်းထန်သောစွမ်းအားတစ်ရပ်က လီလော့ ဓားကိုင်ထားသည့်လက်ကိုလွှမ်းခြုံလာသည်။

သူ့ပတ်ဝန်းကျင်က ရေတွေက တစ်ထပ်ပြီးတစ်ထပ်ဖုံးလွှမ်းလာပြီး ရေဘောလုံးတစ်ခုလိုဖြစ်လာသည်။

ဘုန်းးးးးး

ရိုးရှင်းသော ခြေကန်ချက်နှင့်အတူ ရေဘောလုံး ပေါက်ကွဲထွက်ကာ ကျန်းချင်းအာ ကို ဓါးဖြင့် ခုတ်ပိုင်းလိုက်လေသည်။

ဓားသည် ဆင်တစ်ကောင်၏အလေးချိန်နှင့်အတူ လေထဲတွင် ပျံတက်သွားကာအလင်းတန်းများ ထွက်ပေါ်လာသည်။

ကျန်းချင်းအာ၏ ရွှေရောင်မျက်လုံးများတွင် အလင်းတန်းများ လင်းလက်လာသည်။ သူမ နောက်မဆုတ်ဘဲ ဖန်သားပြင်တစ်လွှာ ဖုံးလွှမ်းထားသည့် တောက်ပသော လက်သီးများဖြင့် ခုခံလိုက်သည်။

ကလန်....

ပါးလွှာသောဓားသည် တောက်ပသော အဝါရောင်လက်ကို ထိမှန်သွားကာ နှစ်ဦးစလုံးသည် လွင့်ထွက်သွားကြသည်။

သို့သော်လည်း ၎င်းတို့၏ ရိုက်ခတ်မှုမှ နောက်ဆက်တွဲ ငလျင်သည် မထင်မှတ်ဘဲ ရေကန်ကိုနှစ်ပိုင်းကွဲထွက်သွားစေခဲ့သည်။

လီလော့သည် နောက်ဆုတ်နေရေသော်လည်း ကျန်းချင်းအာကတော့ ခြေနှစ်လှမ်းသာနောက်ဆုတ်သွားခဲ့သည်။

"ငါ..နိုင်တယ်!"

လီလော့က သူ့ဓားကို ထုတ်ပြီး ဂုဏ်ယူစွာ ကြေငြာလိုက်သည်။

"ဘယ်လိုအနိုင်ရသွားတာလဲ...?"

"ငါ နင့်ကို ခြေလှမ်းနှစ်လှမ်းလောက် ဆုတ်အောင်လုပ်နိုင်ခဲ့တယ်လေ... အဲ့ဒါက အောင်ပွဲမဟုတ်ဘူး ...နင့်ရဲ့ ပဲ့တင်ထပ်သံစွမ်းအားကို ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့် နဲ့ကန့်သတ်မယ်လို့ပြောပြီး နတ်ဆိုးခန္ဓာကိုာ်ထည်ကိုယ်ကို ထုတ်သုံးခဲ့တယ်လေ... ဒါကြောင့်ငါအနိုင်ရတယ်လို့ပြောတာပေါ့.... "

"နင် ဘာတွေပြောနေတာလဲ ငါမသိဘူး...ဒါက ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပဲလေ.... ငါ့လက်ဗလာနဲ့ ဒီမှာရပ်နေရင်တောင် ငါ့ရဲ့ခံစစ်ကို နင် ဖြတ်လို့မရဘူး....."

လီလော့၏ ဒေါသထွက်လွန်းလို့ သွားတွေတောင်ယားယံလာသည်။

ကျန်းချင်းအာ ပြောသည်မှာလည်း မမှားပေ။ သူမသည် နတ်ဆိုးခန္ဓာအဆင့်ကို ကျော်ဖြတ်ပြီးဖြစ်သောကြောင့် သူမ၏ ရုပ်ပိုင်းဆိုင်ရာသည် မယုံနိုင်လောက်အောင် သန်မာနေပြီဖြစ်သည်။ ဒါဟာ သူ့လို ဆရာသခင့အဆင့်တစ်ယောက် ဖြိုခွဲနိုင်တဲ့ အရာမဟုတ်ခဲ့ပေ။ ပဲ့တင်ထပ်သံစွမ်းအားကို သူမ လုံးဝအသုံးမပြုခဲ့လျှင်ပင် သူမ၏ ခန္ဓာကိုယ်တစ်ခုတည်းနှင့်ပင် အလွယ်တကူ ခံနိုင်ရည်ရှိမည်ဖြစ်သည်။

ကွာဟချက်က အရမ်းကြီးမားလွန်းလှသည်။

"ဒါပေမယ့် ယွီ့ရှန်းဓားက ထူးခြားတယ်..ပထမအဆင့်နဲ့တင် ငါ့ကိုတွန်းလှန်နိုင်နေပြီ....."

"ပြီးခဲ့တဲ့ရက်အနည်းငယ်ကတည်းက ငါသေချာလေ့လာခဲ့တယ်...မြင့်မြတ်တဲ့ဆင်က အဆင့်သုံးဆင့်ရှိပေမယ့် ပထမအဆင့်ပဲသုံးနိုင်သေးတယ်.....

ယွီ့ရှန်းဓားသည် သူ၏ပထမဆုံး ရွှေမျက်လုံးအဆင့် အဖိုးတန်ရှေးဟောင်းပစ္စည်းဖြစ်ပြီး ၎င်းသည် တံလျှပ်မျက်လုံးသိမ်းငှက်လေးထက် များစွာပိုမိုအားကောင်းသည်။

"ဒါပေမယ့်....."

သူ့အင်္ကျီကို လှန်လိုက်သည့်အခါ သူ့လက်နှစ်ဖက်စလုံးမှာ ရှည်လျားပြီး နီရဲနေသော ဒဏ်ရာများဖြင့် အသားများ စုတ်ပြဲနေသည်ကိုမြင်လိုက်ရသည်။

"မြင့်မြတ်တဲ့ဆင်နတ်ဘုရားစွမ်းအားပ ငါ့အတွက် ပြင်းထန်လွန်းတယ်...နည်းနည်းလေးထုတ်သုံးလိုက်တာတောင် လက်နှစ်ဖက်စလုံး စုတ်ပြတ်သတ်နေပြီ....."

ကျန်းချင်းအာက သူ့လက်ဖျံတွေကို ညင်သာစွာ ပွတ်သပ်ရင်း အေးစက်နေတဲ့ လက်တွေက သူ့အရေပြားပေါ် တဆတ်ဆတ်တုန်နေသည်။

ကျန်းချင်းအာက သူ့ဒဏ်ရာကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။

“ရုပ်ပိုင်းဆိုင်ရာ အားနည်းလွန်းတယ်...ဒီပုံစံနဲ့ဒုတိယအဆင့်ကိုသာသုံးလိုက်ရင် နင့်လက်နှစ်ဖက်လုံး ဒုက္ခိတဖြစ်သွားလိမ့်မယ်....."

"ဆိုလိုတာက... ယွီ့ရှန်းဓားသွားက နင့်လက်ထဲမှာဆို အလဟသ ဖြစ်နေတယ်"

"ဟေးးးငါက အခုမှပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်ပဲရှိသေးတာလေ....ဟုတ်ပါတယ် နင့်ကို ငါမယှဉ်နိုင်ပါဘူး....."

သူမ မေးစေ့ကို ဟန်ပါပါပွတ်လိုက်ပြီး....

"တကယ်တော့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက ဆရာသခင့်တွေစဉ်းစားထားတဲ့ အရာမဟုတ်ဘူး...ဒါပေမယ့် နင့်ခန္ဓာကိုယ်ကို မြန်မြန်မသန်မာအောင်မလုပ်နိုင်ဘူးဆို မြန်မြန်ကုစားဖို့ ကြိုးစားနိုင်တယ်.. ဒါကလည်း နင့်ရဲ့ခွန်အားပဲမဟုတ်လား နင့်မှာ ကုသရေးအတွက်အသုံးဝင်တဲ့ ရေနဲ့သစ်သားပဲ့တင်ထပ်သံတွေရှိနေတယ်လေ....."

လီလော့ ကိုယ်တိုင်လည်း ထိုသို့ တွေးဖူးသည်။ ၎င်းသည် ပြဿနာကို ဖြေရှင်းရန် စွမ်းအားများကို အရိုးရှင်းဆုံး အသုံးချနိုင်သည့်နည်းလမ်းဖြစ်သည်။ ၎င်းသည် ရှင်သန်နိုင်စွမ်းကို တိုးမြင့်စေရန်အတွက် ခိုင်ခံသောပုံစံဟုခေါ်သော ကျွမ်းကျင်မှုကိုပင် ဖန်တီးခဲ့သည်။

သို့သော်လည်း လျင်မြန်သော ကုသနိုင်စွမ်းနှင့်ပင် ဆင်နတ်ဘုရား၏စွမ်းအားကိုလိုက်မှီမည်မဟုတ်ပေ။

"ဆင်နတ်ဘုရားစွမ်းအားက နင့်လက်တွေကိုပဲထိခိုက်စေတာမလား....ဒါ့ကြောင့် ကုသရေးကျင့်စဉ်တချို့သေချာစဉ်းစားထားသင့်တယ်...."

လီလော့၏ မျက်လုံးများ တောက်ပလာသည်။ ဤသည်မှာ ကျန်းချင်းအာ၏ ကောင်းသော အတွေးဖြစ်သည်။ အကျိုးသက်ရောက်မှုများကို အားကောင်းစေရန် ကုသရေးကျင့်စဉ်အချို့ကို အာရုံစိုက်ထားသင့်သည်။

"တစ်ကယ့်ကို အရှေ့ပိုင်းနတ်ဘုရားတိုက်ကြီးတစ်ခုလုံးရဲ့ အသန်မာဆုံး ကြယ်သုံးပွင့်ခန်းမ ကျောင်းသူပီသပါပေတယ်..." ဟု တုန်လှုပ်ခြောက်ခြားစွာ လက်မထောင်၍ ချီးကျူးလိုက်သည်။

သူမသည် ခြောက်ကပ်စွာ ပြုံးပြသော်လည်း သူတို့ဆီသို့ ပြေးလာနေသည့် လူတစ်ဦးကြောင့်စကားစဖြတ်လိုက်ရသည်။

"သခင်လေး...သခင်မလေး...."

ထိုသူသည် လော့လန်အိမ်တော်ဌာနချုပ် ၏လုံခြုံရေးကို ကြီးကြပ်နေသော အကြီးအကဲလဲ့ကျန်း ဖြစ်သည်။

"ဘာဖြစ်တာလဲ?"

ကျန်းချင်းအာသည် လဲ့ကျန်း၏ လေးနက်သောအမူအရာကို စိုးရိမ်စွာဖြင့် သတိပြုမိကာ မေးလိုက်သည်။

"သခင်မလေး၊ ဘိုးဘေး ယွမ်ချင်း ပြန်ရောက်နေပြီ..."

"ဘိုးဘေး ယွမ်ချင်း?"

ထိုနာမည်သည် လီလော့ ၏ မျက်လုံးများကို တောက်ပသွားစေသည်။ သူသည် လော့လန်အိမ်တော်၏ဘိုးဘေး သုံးယောက်ထဲမှ တစ်ဦးဖြစ်ပြီး ဖေဟောင် ကို မျက်နှာသာမပေးသောတစ်ဦးတည်းသောသူ ဖြစ်သည်။

ဤ ကောင်းကင်နစ်မြုပ်ခြင်းအဆင့် ဘိုးဘေးပြန်လာခြင်းသည် ၎င်းတို့၏ ရာထူးများအတွက် ထောက်ခံမှု တိုးမြင့်လာမှာ သေချာပါသည်။

ကျန်းချင်းအာ က ဝမ်းသာအားရ ပြုံးလိုက်သော်လည်း လဲ့ကျန်း၏ စိတ်မသက်မသာ အမူအရာကို သူမမြင်လိုက်သောအခါ အပြုံးများ ပျောက်ကွယ်သွားလေသည်။

"တစ်ခုခုဖြစ်လို့လား...?"

"ဘိုးဘေး ယွမ်ချင်းက အပြန်လမ်းမှာ ခြုံခိုတိုက်ခိုက်ခံရတယ်... သူက အန္တရာယ်မရှိပေမယ့် သူ့ရဲ့တစ်ဦးတည်းသောတပည့်က ထူးဆန်းတဲ့အဆိပ်မိသွားတယ်... ဖေဟောင့်လက်ချက်နဲ့တူတယ်..."

"သူက ဘိုးဘေးယွမ်ချင်းကို လော့လန်အိမ်တော်ကနေ ထွက်သွားဖို့ခြိမ်းခြောက်နေတယ်"

***

All Chapters