← Chapters

ပစ်မှတ်အစစ်အမှန်....

Vol. 31 Ch. 430

ပစ်မှတ်အစစ်အမှန်....

Vol. 31 Ch. 430

လော့လန်အိမ်တော်၏ ခန်းမတစ်ခုထဲတွင်....

လီလော့နှင့်ကျန်းချင်းအာတို့ ခန်းမထဲသို့ လျင်မြန်စွာ ဝင်လာသည့်အခါ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဉီးထိုင်နေသည် တွေ့လိုက်ရသည်။ သူသည် သန်မာတောင့်တင်းသူတစ်ယောက်ဖြစ်ပြီး ဆံပင်ရှည်များကို သပ်ရပ်စွာစည်းနှောင်ထားသည်။ရိုးရှင်းစွာဝတ်စားထားသောကြောင့်အေးဆေးတည်ငြိမ်သည်ဟုထင်ရပြီး မျက်လုံးများကတော့ စူးရှတောက်ပနေသည်။ ခြုံငုံသုံးသပ်ကြည့်ပါက ကြီးကျယ်ခမ်းနားသော ခြင်္သေ့တစ်ကောင်နှင့်ပင်တူနေသည်။

ထိုသူသည် စွမ်းအားကြီးမားသော ကောင်းကင်နစ်မြှုပ်ခြင်း စစ်သူကြီးအဆင့်ကျွမ်းကျင်သူဖြစ်သည်။

ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် လော့လန်အိမ်တော်၏ ဘိုးဘေးသုံးပါးအနက် လီလော့နှင့်ကျန်းချင်းအာတို့ကို သစ္စာစောင့်သိသည့် တစ်ခုဉီးတည်းသော ဘိုးဘေးယွမ်ချင်းသာပင်.....

ယွမ်ချင်း သူတို့ကို မော့ကြည့်လိုက်ပြီး လီလော့ကို မြင်သောအခါ သူ့မျက်လုံးများစိုစွတ်လာသည်။ ငယ်ရွယ်နုပျိုသော မျက်နှာသည် သူလေးစားရသောသူနှစ်ယောက်ကို အထူးသတိရစေခဲ့သည်။

"ယွမ်ချင်းက သခင်ငယ်လေးကို နှုတ်ဆက်ပါတယ်" ဟုပြောပြီး ထိုင်ခုံမှထကာ လီလော့ကို လက်သီးဆုပ်ကာအရိုအသေပြုလိုက်သည်။

လီလော့သည် လေးစားမှုကို ပြသခြင်းအတွက် အလွန်အံ့အားသင့်သွားသည်။

"ဦးလေးယွမ်၊ ဉီးလေးက လော့လန်အိမ်တော်ရဲ့ဝါစဉ်ကြီးတဲ့ပုဂ္ဂိုလ်ပါ..ကျွန်တော်မခံယူဝံ့ပါဘူး....."

ယွမ်ချင်း၏ တွန့်ကြေနေသော မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာပြီး....

" ကွဲကွာနေတဲ့ နှစ်တွေမှာ သခင်လေးတောင်အတော်အရွယ်ရောက်လာခဲ့ပြီပဲ...."

သူက ပြုံးပြုံးရွှင်ရွှင်နဲ့ ကျန်းချင်းအာကို လှည့်ကြည့်ပြန်သည်။

" သခင်မလေးကတော့ ငယ်ငယ်တုန်းကလိုပဲနော်... နိုင်ငံရပ်ခြားမှာတောင် သခင်မလေးရဲ့ထူးချွန်မှုတွေကို ကြားနေရတယ်....."

ကျန်းချင်းအာ က ခေါင်းညိတ်ပြလိုက်သည်။

"ကောလဟာလတွေက လေထက် ပိုမြန်တယ်၊ အဲဒါတွေက ပိုလို့တောင် အဓိပ္ပါယ်မရှိဘူးဆိုတာကို သက်သေပြနေတယ်...."

"ရိုးရိုးသားသားပြောရရင် ကျုပ် အိမ်တော်ကနေ အကြာကြီးထွက်မသွားခဲ့သင့်ဘူး....မဟုတ်ရင် ဒီခွေးမျိုးဖေဟောင် ဒီလောက် သတ္တိရှိနေမှာမဟုတ်ဘူး..."

ယွမ်ချင်းက တောင်းပန်စကားဆိုသည်။

ဖေဟောင် ၏ အမည်ကို ပြောသောအခါတွင် သူ့မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ထိန်းမရအောင်ထွက်ပေါ်နေသည်။

"ဦးလေးယွမ်...ဉီးလေး အပြန်လမ်းမှာ တိုက်ခိုက်ခံရတယ်လို့ ကြားတယ်"

လီလော့က စိုးရိမ်တကြီး မေးလိုက်သည်။

ယွမ်ချင်းက မည်းမှောင်နေသောမျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။

"မိုချန်းလည်း အဲ့အဖွဲ့ထဲမှာပါတယ်...ဒီလူက နာမည်နဲ့လိုက်အောင် နှလုံးသားမည်းနက်နေတဲ့သူ..... အိမ်တော်သခင်နှစ်ပါးသာ သူ့အတွက် လိုအပ်တဲ့ အရင်းအမြစ်အားလုံး မပေးဘူးဆိုရင် ဒီလူ ကောင်းကင်နစ်မြုပ်ခြင်းအဆင့်ကိုဘယ်တော့မှာရောက်မှာမဟုတ်ဘူး.... အခုတော့ သူတို့ ပျောက်ကွယ်သွားတော့ သူ့ကျေးဇူးတွေကန်းကုန်ကြပြီပေါ့....လော့လန်အိမ်တော်ကို ဖျက်စီးဖို့ ဖေဟောင့်ကို ကူညီပေးနေတာ ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ.. "

မိုချန်းသည် ဖေဟောင် အလိုအပ်ဆုံးသော ဘိုးဘေးဖြစ်သည်။

လီလော့နှင့်ကျန်းချင်းအာတို့ အကြည့်ချင်းဖလှယ်ကြသည်။

"သူတို့က ငါ့ကို ခြုံခိုတိုက်ခိုက်တာ မဟုတ်ဘူး၊ ဒါပေမယ့် ငါက သူတို့ရဲ့ ပန်းတိုင်မဟုတ်ဖူးလို့ ထင်တယ်၊ အဲ့ဒါ ငါ့တပည့်ပဲ။ သူတို့က ငါ့ကို ပထုတ်သွားပြီး ငါ့တပည့်ကို ထူးဆန်းတဲ့အဆိပ်ခတ်လိုက်တယ်"

ယွမ်ချင်းသည် ဆံပင်တိုတိုနှင့် ကောင်မလေးဆီသို့ လှည့်ကြည့်လိုက်သည်။ ကုလားထိုင်ပေါ်တွင် ထိုင်နေချိန်တွင် သူမ၏ လှပသောအသွင်အပြင်မှာ သူမ၏ဖြူနုသော အရေပြားပေါ်တွင် ပိုးကောင်သဖွယ် အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်နေသည်။ သူမ ချောင်းဆိုးလာသဖြင့် ယွမ်ချင်း ချက်ချင်းထကာ သူ့နံဘေးသို့ သွားခဲ့သည်။ သူမ သူ့ကိုကြည့်ကာ မျက်နှာဖြူဖျော့သွားသည်။

"ဆရာ.... မစိုးရိမ်နဲ့နော်"

လီလော့နှင့်ကျန်းချင်းအာတို့လည်း သတိထားပြီး ချဉ်းကပ်လာကြသည်။

"ဒါက ငါ့တပည့်... ကုလင်း"

ယွမ်ချင်းက သူတို့နှစ်ယောက်ကို တပည့်ဖြစ်သူနှင့်မိတ်ဆက်ပေးလိုက်သည်။

"... သခင်လေးနဲ့ သခင်မလေးကို ဂါရဟပြုပါတယ်.."

ကုလင်းက တိုးညှင်းသောလေသံဖြင့် ပြောသောအခါ လီလော့က ယဉ်ကျေးပျူငှာနေစရာမလိုကြောင်းလက်ခါပြလိုက်သည်။

"အဆိပ်၊ တကယ်ပဲ ဖေဟောင်ရဲ့ အကြိုက်ဆုံးနည်းလမ်းပဲ...."

အရင်တစ်ခေါက်ကလည်း ရှီးယန်စံအိမ်တခုလုံးကို အဆိပ်ခတ်ခဲ့သည်မဟုတ်လော....

"ညစ်ပတ်တဲ့ ခွေးကောင်.... ငါ သူ့ကိုခေါင်းကနေစပြီး အရိုးအားလုံး ချိုးပစ်မယ်"

ယွမ်ချင်း ကျိန်ဆိုလိုက်တာနဲ့ ထိန်းချုပ်မှု ဆုံးရှုံးခါနီးမှာ သူ့ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်သံ စွမ်းအားတွေ ဝုန်းကနဲထွက်ပေါ်လာသည်။

"ဖေဟောင်က သူ့စည်းကမ်းတွေကို ကြေငြာထားတယ်" လို့ လဲ့ကျန်းက တိုးညှင်းတဲ့ အသံနဲ့ဝင်ပြောလိုက်သည်။

"ဘိုးဘေးယွမ်ချင်းသာ လော့လန်အိမ်တော်ကနေနှုတ်ထွက်ပြီး ရှမြို့တော်က ထွက်သွားမယ်ဆို အဆိပ်​ဖြေဆေးပေးမယ်တဲ့....."

"လူတိုင်းကို သူ့လိုယုတ်မာတယ်များထင်နေတာလား...."

ယွမ်ချင်းက အေးစက်စွာ ရယ်မောလိုက်သည်။

လီလော့နှင့်ကျန်းချင်းအာတို့ အကြည့်ချင်းဖလှယ်ကြသည်။ ဖေဟောင်က အခွင့်ကောင်းကိုဘယ်လိုရွေးချယ်ရမလဲ သေချာသိနေသည့်ပုံပင်...

ရှန့်ပိန်းတွေ့ဆုံပွဲမတိုင်ခင် အချိန်တလခွဲသာကျန်တော့သည်။ ထိုအချိန်တွင် သူတို့နှစ်ဦးစလုံးရှမြို့တော်နှင့် ဝေးကွာနေပေလိမ့်မည်။ ဒါ့ကြောင့် လော့လန်အိမ်တော်ခံတပ်ကို ထိန်းထားဖို့ တစ်ယောက်ယောက်လိုလိမ့်မည်။နွားသိုးကြီးပေါင်ပေါင်က စံပြရွေးချယ်မှုဖြစ်ခဲ့သည်။သို့သော် သူသည် လီလော့အတွက် အံ့ဖွယ်ဆေးအနှစ်ကို ပြုလုပ်ရန် အလုပ်ရှုပ်နေသည်။

ယွမ်ချင်းသည် နောက်ထပ်အကောင်းဆုံးအဖြေဖြစ်ပြီး လီလော့နှင့်ကျန်းချင်းအာ သည် စိတ်အေးချမ်းသာစွာဖြင့် ပြိုင်ပွဲဝင်နိုင်ရန် လုံလောက်သော ခိုင်မာမှုတစ်ခုလည်းဖြစ်သည်။

ဖေဟောင်သည် တူညီသောအရာကို မှန်းဆထားပြီးဖြစ်သဖြင့် ယွမ်ချင်းကို ပြန်လည်ခေါ်ဆောင်မည့် အစီအစဉ်ကို ပျက်ပြားစေရန် ကြိုးပမ်းခဲ့သည်။

"ကျွန်တော်တို့တွေ မြွေပွေးခါးပိုက် ပိုက်ထားမိခဲ့တာပဲ....."

လီလော့ ငြီးတွားလိုက်သည်။

"ဦးလေးယွမ်....စိတ်မပူနဲ့.... ကုလင်းရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို သေချာစစ်ဆေးကြည့်ရအောင်... အရင်တစ်ခေါက်က ဖေဟောင် ရဲ့အဆိပ်ကို ကျွန်တော်​ဖြေရှင်းနိုင်ခဲ့တယ်...."

ပြီးခဲ့သောလအနည်းငယ်အတွင်း၊ ဧကရာဇ်ငယ်လေးအား ကုသပေးခြင်းဖြင့် အဆိပ်များအကြောင်းနားလည်မှုများ ပိုမိုနက်ရှိုင်းလာခဲ့သည်။ တစ်နည်းအားဖြင့် သူသည် အဆိပ်ဖြေဆေးပညာရှင်တပိုင်းပင်ဖြစ်နေလေပြီ။

အဆိပ်ကိုဆန့်ကျင်နိုင်သည့်​ဂုဏ်သတ္တိများပါရှိသော ရေနှင့်သစ်သားပဲ့တင်ထပ်သံများကိုအထူးကျေးဇူးတင်ရလိမ့်မည်။

ယွမ်ချင်းက သူ့ကို အံ့သြစွာ ကြည့်လိုက်သည်။ "

"သခင်လေး....သခင်လေးက အဆိပ်တွေကို ချေဖျက်နိုင်တယ်ပေါ့......"

"ကျွန်တော့်မှာ အတွေ့အကြုံတစ်ခုရှိတယ်"

ယွမ်ချင်းက ကျန်းချင်းအာဘက်သို့ လှည့်ကြည့်သည့်အခါ သူမက စိတ်ချလက်ချ ခေါင်းညိတ်ပြသည့်အတွက် သူ့သံသယတွေ ရှင်းသွားခဲ့သည်။

"ဒါဆို အစွမ်းကုန်ကြိုးစားပေးဖို့ တောင်းဆိုပါရစေ....."

"သူမကို အိပ်ခန်းထဲခေါ်သွားပါ"

လီလော့က အမိန့်ပေးကာ ကုလင်းကို အခန်းထဲခေါ်သွားလိုက်တော့သည်။

"သခင်လေး"

ကုလင်းက အိပ်ခန်းထဲမှာ နှစ်ယောက်တည်း အတူတူရှိနေချိန်မှာ တိုးတိုးလေးပြောပြီး.... "ကျေးဇူးပြုပြီး..." သူမက အနားကို တိုးလာဖို့ လက်ပြလိုက်သည်။

"အဆိပ်ကို မဖယ်ရှားနိုင်ရင် ကျေးဇူးပြုပြီး ကျွန်မကို သေခွင့်ပေးပါ....ဒါမှ ဆရာ့ကိုသူတို့ကျွန်မအသက်နဲ့မခြိမ်းခြောက်နိုင်တော့မှာ. ..ဆရာ လော့လန်အိမ်တော်ကိုဘယ်တော့မှသစ္စာ်မဖောက်ဘူးဆိုတာကျွန်မသိတယ်...."

လီလော့သည် သူမ၏စကားကြောင့် စိတ်လှုပ်ရှားသွားပြီး သူမအား စိတ်အေးစေရန်

ပြုံးပြလိုက်သည်။

"စိတ်မပူပါနဲ့ ငါမင်းကိုကူညီမယ်..."

..................

ရှမြို့တော်၏ တခြားနေရာက အခန်းတစ်ခုတွင်....

ဖေဟောင်သည် နေ့ခင်းဘက်ရှုခင်းကို ခံစားရင်း အုတ်ပြတင်းပေါက်ကို မှီလိုက်သည်။ ပူပြင်းသော နေရောင်သည် အောက်ဘက်ရှိ လမ်းများကို လင်းထိန်နေပြီး လမ်းသွားလမ်းလာများက အရိပ်ရလမ်းများတွင် ဟိုဟိုဒီဒီ သွားလာနေကြသည်။

သူသည် အခန်းထဲသို့ လှည့်ပြန်ကာ သူ့မျက်လုံးများကို အမှောင်နှင့်ကျင့်သားရအောင်ထိန်းညှိရန် ခဏနေလိုက်သည်။ ထို့နောက်စားပွဲဆီသို့ လျှောက်သွားကာ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး အနက်ရောင် ၀တ်စုံဝတ်ထားသည့် သက်ကြီးရွယ်အိုတစ်ဦးနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ ထိုသူသည် လော့လန်အိမ်တော်၏ဘိုးဘေးမိုချန်းဖြစ်သည်။

"မင်းသုံးလိုက်တဲ့ ငရဲကင်းခြေများအဆိပ်က တကယ်ရှားပါးတဲ့အဆိပ်နော်....ဒီအဆိပ်နဲ့ယွမ်ချင်းကို တိုက်ခိုက်လို့တောင်ရတာကို ဘာလို့ပါချီပါချက်တပည့်တစ်ယောက်အတွက်သုံးလိုက်တာလဲ....ဒါဖြန်းတီးနေသလိုပဲ....."

ဖေဟောင်က တိုးညှင်းစွာ ရယ်မောလိုက်သည်။

"ယွမ်ချင်းက ​​ပစ်မှတ်အဖြစ် ထိုက်တန်တယ်လို့ ခင်ဗျား ထင်လား"

"မင်းဘာတွေပြောနေတာလဲ၊ ဒီကလေးက ယွမ်ချင်း ထက်ပိုပြီး ဘယ်လိုထိုက်တန်မှာလဲ.."

မိုချန်းက အံ့အားသင့်စွာ မေးလိုက်သည်။

ဖေဟောင်က ထူးထူးခြားခြား ပြုံးလိုက်ပြီး...

"အစကတည်းက ကျူပ်ရဲ့ပစ်မှတ်က ယွမ်ချင်းရော သူ့တပည့်ရော ဘယ်တုန်းကမှမဟုတ်ခဲ့ဘူး"

" ယွမ်ချင်းတပည့်ကို အဆိပ်ခတ်ပြီး လော့လန်အိမ်တော်ကနေထွက်သွားဖို့ချိန်း​ခြောက်ချင်တာမဟုတ်ဘူးလား...."

ဖေဟောင် လက်ဖက်ရည်သောက်လိုက်ပြီး.....

"ယွမ်ချင်းက အနှောက်အယှက် ပေးပေမယ့် ဘာမှ ကြောက်စရာ မရှိဘူး... သူ့ရဲ့ ခွန်အားဟာ ကျုပ်တို့ရဲ့ တွက်ချက်မှုတွေထဲမှာ မက်လောက်စရာ မရှိဘူး...."

"ဒါပေမယ့် လီလော့..."

"သူက အဆိပ်တွေကို ချေဖျက်ရတာ ကြိုက်တယ် မဟုတ်လား...စမ်းကြည့်ခွင့်ပေးလိုက်စမ်းပါ....."

***

All Chapters