← Chapters

ငါ့အတွက်ယူထားလိုက်....

Vol. 31 Ch. 432

ငါ့အတွက်ယူထားလိုက်....

Vol. 31 Ch. 432

လီလော့ ဝတ်ရုံလက်စကို လှန်လိုက်တဲ့အခါ အနီရောင် လိပ်ပြာတွေက သူ့အရေပြားအောက်မှာ ပျံဝဲနေကြသည်။

ဤနတ်ဆိုးအဆိပ်ကို မြင်လိုက်ရခြင်းကြောင့် ကျန်းချင်းအာ၏ မျက်နှာသည် ဒေါသကြောင့် စိမ်းညှို့သွားလေသည်။

ရှေ့ကို လှမ်းတက်လာပြီး လီလော့ရဲ့လက်မောင်းကို ဆုပ်ကိုင်လိုက်သည့်အခါ လှပတဲ့မျက်နှာလေးဟာ အေးစိမ့်နေတဲ့ ပန်းပုရုပ်အသွင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမ၏ရွှေရောင်မျက်လုံးများသည် ဒေါသနှင့်သတ်ဖြတ်လိုစိတ်များကြောင့် မီးတောင်ကဲ့သို့ တဟုန်းဟုန်းတောက်လောင်နေသော အလင်းလှိုင်းများကို မသိစိတ်မှ ဆင့်ခေါ်လိုက်သည်။

"ချင်းအာ.စိတ်အေးအေးထားပါ!"

လီလော့ သူမကို နှစ်သိမ့်ရန် ကြိုးစားရင်းလက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။

ကျန်းချင်းအာ ဒေါသကြောင့် မောဟိုက်တုန်ရီနေပြီး စိတ်ငြိမ်အောင် မျက်လုံးမှိတ်ထားလိုက်ရသည်။ ခဏအကြာတွင် သူမ၏မျက်လုံးများကို ပြန်ဖွင့်လိုက်ရာမျက်ဝန်းများမှေးမှိန်နေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူမ၏ ယခင်ဒေါသအကြွင်းအကျန်သည် အရိုးအေးစေသော အအေးဓာတ်များကိုထုတ်လွှတ်နေဆဲပင်...

"သခင်လေး..."

ယွမ်ချင်း၏အမူအရာသည်လည်း မည်းမှောင်နေလေသည်။ကုလင်းခန္ဓာကိုယ် အတွင်းရှိ ပြင်းထန်သော အဆိပ်ကို ထောင်ချောက်အဖြစ် မည်သူက မျှော်လင့်ထားမည်နည်း။ ဤအစီအစဥ်၏ စစ်မှန်သောပစ်မှတ်မှာ အံ့ဖွယ်ကောင်းသော လီလော့မှလွဲ၍ အခြားသူမဟုတ်ခဲ့ပေ။

ဖေဟောင်သည် လီလော့၏ အဆိပ်ဖြေနိုင်စွမ်းကို ထည့်သွင်းစဉ်းစားခဲ့သည်။

လီလော့သည် ကုလင်း၏အခက်အခဲကို ဖြေရှင်းရန် မလွဲမသွေကြိုးပမ်းမည်ကို သူ၏ကြီးမားသောအစီအစဉ်တွင် ထည့်သွင်းစဉ်းစားထားပြီးဖြစ်သည်။

သူ့အကြံအစည်က အခုမှ အောင်မြင်သွားခဲ့ခြင်းဖြစ်သည်။

တစ်ဖက်တွင်၊ ကုလင်း၏ အခြေအနေ ပိုဆိုးလာပြီး လီလော့လည်း ငြိစွန်းနေခဲ့သည်။

ဤကံဆိုးမှုရလဒ်သည် ယွမ်ချင်းကို နောင်တကြီးစွာရစေပြှး ကိုယ့်ကိုယ်ကိုယ် ရွံရှာစေသည်။ သူသာကြိုသိခဲ့ရင်...

အစွမ်းထက်လှသော စစ်သူကြီးအဆင့်တစ်ယောက်ကိုတုန်လှုပ်ချောက်ချားပြီး စကားမပြောနိူင်အောင်ဖြစ်စေခဲ့သည်။

သူ ဘာပြောရမှန်း မသိတော့ပေ။ သူ့စိတ်က ဗလာဖြစ်ပြီး ဒီပြဿနာအတွက် ဖြေရှင်းချက်မှန်သမျှကို မတွေးတောနိုင်တော့အောင်ပူထူနေလေပြီ။

"ဦးလေးယွမ်....ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့၊ ဖေဟောင်က ရှမြို့တော်ရဲ့ အရိပ်အောက်မှာ အမြဲတမ်း ပုန်းအောင်းနေပြီး ဒုက္ခပေးဖို့ အရေးကြီးတဲ့ အခွင့်အရေးကို ရှာနေတာ... ဉီးလေးမလာခဲ့ရင်တောင်မှ တခြားနည်းလမ်းကို ရှာတွေ့ဉီးမှာပဲ.... ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်က ပြောင်းလဲမှာမဟုတ်ဘူး..."

လီလော့က စိတ်ဆင်းရဲနေတဲ့ ယွမ်ချင်းကို ပြုံးပြီး နှစ်သိမ့်လိုက်သည်။

ယွမ်ချင်းသည် ဦးလေးပေါင်မှလွဲ၍ လော့လန်အိမ်တော်တွင် အသန်မာဆုံးသူအဖြစ် သတ်မှတ်ခံထားရသည်။ ထို့ကြောင့် လီလော့ သည် ထူးထူးခြားခြား အာရုံစိုက်ပြီး သူ့ကို ဂရုပြုရမည်ကို သိလိုက်သည်။

လီလော့၏ နှစ်သိမ့်သော စကားကိုကြားတော့ ယွမ်ချင်း ခါးသီးသော အပြုံးဖြင့်သာ တုံ့ပြန်နိုင်ခဲ့သည်။

"သွားရအောင်..နင့်​​ကို မင်းသမီး ခေါ်သွားပေးမယ်.... နန်းတော်မှာ အမြင့်ဆုံး အစွမ်းထက်တဲ့ ဆေးဆရာတွေရှိတယ်.. နင့်​ရဲ့ခန္ဓာကိုယ်ထဲက ဒီမကောင်းတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အဖြေကို ရှာတွေ့နိုင်လိမ့်မယ်..."

ကျန်းချင်းအာ လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

သို့သော် လီလော့က ဤအကြံပြုချက်ကို ရိုးရှင်းစွာ ငြင်းပယ်လိုက်သည်။

"တကယ်တော့ ဒါက ဆိုးတဲ့ကိစ္စတော့ မဟုတ်ဘူး...."

သူတို့သုံးယောက်စလုံး လီလော့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။

အဆိပ်ပြင်းလိပ်ပြာကို ကြည့်ရုံမျှဖြင့် စစ်သူကြီးအဆင့် ယွမ်ချင်းတောင် အတော် စိတ်မသက်မသာ ဖြစ်နေရသည်။ လီလော့သည် ဆရာသခင်အဆင့် တွင်သာရှိသဖြင့်၊ အဆိပ်မီးတောက်တစ်ခုသည် သူ့ဘဝလေးကို သနားစရာကောင်းလောက်အောင် အဆုံးသတ်စေလိမ့်မည်။

ဒါက "မကောင်းတဲ့ကိစ္စ" ဘယ်လိုဖြစ်နိုင်မလဲ။ အမှန်တော့၊ ဒါက လုံးဝကို ဘေးဒုက္ခတစ်ခုပဲ.....

လီလော့၏အကြည့်သည် လိပ်ပြာကောက်ကြောင်းကိုသာ အာရုံစူးစိုက်ထားသည်။

"ဒီငရဲအဆိပ်က အလွန်ပြင်းထန်ပေမယ့် ဒီအဆိပ်ကို ငါ့ကိုယ်ပိုင်ဖြစ်အောင် လုပ်နိုင်တဲ့နည်းလမ်းတွေ ရှိမရှိ ငါကြိုးစားနေပါတယ်... ဒီလိုရှားပါးတဲ့ အဆိပ်မျိုးကို ရွှေနဂါးဘဏ်တိုက်ရဲ့ ပင်မဘဏ်ခွဲမှာတောင် ရှာတွေ့ဖို့ခက်တယ်... ဒီရတနာကို ဖေဟောင် ရယူနိုင်ခဲ့တာ အံ့သြစရာပဲ....."

ယွမ်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

"သခင်လေး...လှည့်စားမနေပါနဲ့.... ဒီအဆိပ်က မယုံနိုင်လောက်အောင်ကို ကြောက်စရာကောင်းပြီး အမြန်ဆုံး ကုသရမယ်... မီးနဲ့မကစားဖို့အကြံပေးပါရစေ....."

ကျန်းချင်းအာ၏ နှုတ်ခမ်းများက ဒေါသကြောင့် တဆတ်ဆတ်တုန်ရီနေသည်။

"ဒီလို အန္တရာယ်ရှိတဲ့ လောင်းကစားကို မထောက်ခံနိူင်ဘူး... ဒါပေမယ့် နင့်​ရဲ့ ကန့်သတ်ချက်တွေကိုအကောင်းဆုံး နားလည်တယ်ဆိုတာ ငါသိတယ်... ဒါကြောင့် အောင်မြင်ဖို့ အခွင့်အလမ်းရှိတယ်လို့ နင်တကယ်ယုံလား..."

သူမပြန်ဖြေတာကိုကြားတော့ ယွမ်ချင်း ပါးစပ်အဟောင်းသားဖြစ်နေလေပြီ....

တလောကလုံးရူးကုန်ပြီလား... ကျန်းချင်းအာက လီလော့လို ဆရာသခင်အဆင့်နဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့အဆိပ်ကို ဆန့်ကျင်နိုင်မယ်လို့ ဘယ်လိုယုံကြည်လိုက်တာလဲ.... နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် မျက်စိစုံမှိတ်ယုံရင်တောင် ဒါက အရမ်းလွန်လွန်းတယ်....

"အင်း အနည်းဆုံးတော့ စမ်းကြည့်ရမှာပေါ့..."

လီလော့၏ချောမောသောမျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

ယွမ်ချင်း ခေါင်းကိုက်လာသည်။

ဒါက သိပ်အထင်ကြီးတာမဟုတ်ဘူးလား... ပြင်းထန်တဲ့ အဆိပ်က ကလေးကစားစရာမဟုတ်ဘူး.... မီးတောက်တစ်ချက်က သူ့ကို ကောင်းကောင်းအဆုံးသတ်နိုင်တယ်။

ကံမကောင်းစွာနဲ့ပဲ လီလော့က သူ့စိတ်ထဲရှိပြီးသားဖြစ်ပြီးရှင်းပြမနေတော့ဘူးလို့ ဆုံးဖြတ်လိုက်သည်။ကျန်းချင်းအာနဲ့ ထွက်သွားဖို့ လှည့်ကြည့်လိုက်တော့ ကုလင်း ကို ကောင်းကောင်းဂရုစိုက်ဖို့ ယွမ်ချင်းကို သေချာမှာကြားခဲ့သေးသည်။

"အဆိပ်တွေအကြောင်းရေးထားတဲ့ ရှေးဟောင်းစာအုပ်တစ်ခုထဲမှာ ငရဲပိုးကောင်းတွေအကြောင်း ဖတ်ဖူးတယ်... အဲ့ဒီနှစ်ခုကို ပေါင်းစပ်လိုက်တာကြောင့် သစ်သားနဲ့ ရေရဲ့ကုသနိုင်စွမ်းကို စားသုံးနိုင်တဲ့ အစွမ်းထက်တဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြစ်စေတယ်" လို့ လီလော့က ကျန်းချင်းအာနဲ့ ဝေးရာကို ထွက်ခွာသွားစဉ် ရှင်းပြခဲ့သည်။

"ဒီအဆိပ်က နှလုံးသားထဲကို စိမ့်ဝင်ပြီး ငါ့ရဲ့ဘဝကို ချုပ်ငြိမ်းစေဖို့အတွက် အဆိပ်ကို အစာကျွေးဖို့ သစ်သား ဒါမှမဟုတ် ရေစွမ်းအားတွေကိုစားသုံးလိမ့်မယ်... တဖြည်းဖြည်းနဲ့အဆိပ်ပြင်းထန်လာရင် ငါ့ကိုနတ်ဘုရားတွေတောင်ကယ်တင်နိုင်မှာဟုတ်တော့ဘူး......"

"ဒါဆို အဆိပ်က နင့်ကို အတိအကျ ပစ်မှတ်ထားနေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား..."

ကျန်းချင်းအာက မျက်ခုံးပင့်ကာ မေးလိုက်သည်။

လီလော့သည် ရေနှင့်သစ်သား ပဲ့တင်ထပ်သံ နှစ်ခုကို ပိုင်ဆိုင်ထားသည်မှာလျှို့ဝှက်ချက် မဟုတ်ပေ။ ဤရောဂါသည် ၎င်း၏ထူးခြားသောစွမ်းရည်များကို ပစ်မှတ်ထားရန် ရည်ရွယ်ချက်ထား​ကြောင်း ရှင်းလင်းနေသည်။ ဖေဟောင်သည် အမှန်တကယ် စိတ်ပိုင်းဖြတ်နှင့်ပြီဖြစ်သည်။

"ဒီအဆိပ်နှစ်ခုက နင်ပြောသလိုဖြစ်နေရင် နင့်ကိုကူညီဖို့ ဉီးလေးပေါင် အံ့ဖွယ်ဆေးအနှစ် သန့်စင်နေတာကို နှောက်ယှက်ဖို့ လိုအပ်နေပြီလို့ ငါထင်တယ်...."

လီလော့ဘက်က တော်ဝင်သစ်စေး အမြောက်အမြားရလာပြီးကတည်းက ပေါင်ပေါင်သည် အံ့ဖွယ်ဆေးအနှစ်သန့်စင်ရာတွင်သာအာရုံစိုက်နေခဲ့သည်။

ကျန်းချင်းအာသည် မူလက ဉီးလေးပေါင်ကို နှောင့်ယှက်လိုခြင်းမရှိခဲ့ဘဲ အံ့ဖွယ်ဆေးအနှစ်သည် ပို၍ပင်အရေးကြီးသောကြောင့်ဖြစ်သည်။ သို့သော် ဤစက်ဆုပ်ဖွယ်အဆိပ်သည် အခြားရွေးချယ်စရာမရှိဘဲ သူမ အကြပ်ရိုက်စေခဲ့သည်။ ဤအကျပ်အတည်းကိုဖြေရှင်းရန် သူ့ကိုဖိတ်ခေါ်ခြင်းသည် တစ်ခုတည်းသော နည်းလမ်းဖြစ်လိမ့်မည်။

"အလျင်မလိုနဲ့..."

လီလော့ လက်ဝှေ့ယမ်းလိုက်ပြီး တားဆီးလိုက်သည်။

"ဖေဟောင်က သူ့ရဲ့ပြင်ဆင်မှုတွေမှာ တကယ်ကို အားထုတ်ခဲ့တယ်...သူက ဦးလေးယွမ်ကို တိုက်ခိုက်ပြီး သူ့ရဲ့တစ်ဦးတည်းသောတပည့်ကို အဆိပ်ခတ်ခဲ့တယ်... တစ်ချိန်တည်းမှာပဲ ဉီးလေးယွမ်ကိုအိမ်တော်ကနေ နှင်ထုတ်ဖို့ ကြိုးစားခဲ့တယ်....ကုလင်းက ဉီးလေးယွမ်ရဲ့အားနည်းချက်မှန်းသိလို့ ကုလင်းကိုပစ်မှတ်ထားသလိုလိုနဲ့ ငါ့ကိုအပီတွယ်သွားတာ...အပေါ်ယံကြည့်ရင် သူ့အစီအစဉ်က လုံးဝကိုဟာကွယ်မရှိဘူး...ဒါပေမယ့် သူမသိသေးတဲ့အရာတွေရှိနေသေးတယ်....."

ဝတ်ရုံလက်စကိုပင့်တင်လိုက်သည်နှင့် နက်မှောင်သော လိပ်ပြာအကွက်များကို မြင်လိုက်ရသည်။ အတွေးတစ်ခုဖြင့် ပဲ့တင်ထပ်သံ စွမ်းအားနှစ်ခု တောက်ပလာပြီး အဆိပ်ဆီသို့ တိုးဝင်သွားလေသည်။

ငရဲလိပ်ပြာများသည် လီလော့၏စွမ်းအားများကို အငမ်းမရဝါးမျိုနေကြသည်။

ကျန်းချင်းအာ ထိုမြင်ကွင်းကို အာရုံစူးစိုက်စွာ စိုက်ကြည့်နေသည်။ သာမာန်အားဖြင့် ပြောရလျှင် သစ်သားနှင့်ရေစွမ်းအားကို ဝါးမြိုလိုက်လျှင် အဆိပ်အတောက်များပိုမိုပြင်းထန်လာသင့်သည်။ ထိုအစား အဲဒီမျှော်လင့်ချက်က မအောင်မြင်ခဲ့ဘဲ အဆိပ်ဟာ တကယ်ကို တုန်လှုပ်နေပုံပင်...

သူမ၏ မျက်လုံးများရှေ့တွင် အဆိပ်လိပ်ပြာအချို့ မှေးမှိန်ပျောက်ကွယ်ကုန်သည်။

ရလဒ်အနေဖြင့်၊ငရဲလိပ်ပြာအဆိပ်သည် အနည်းငယ် အားပျော့သွားပုံရသည်။

ဒါဟာ ကြီးမားတဲ့တိုးတက်မှုမဟုတ်ပေမယ့် ဒါဟာ လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ ခြေလှမ်းတလှမ်းဖြစ်မှာ သေချာနေပြီ...

"ဘယ် ဘယ်လိုဖြစ်တာလဲ..."

ကျန်းချင်းအာ ဤမြင်ကွင်းကြောင့် အံ့အားသင့်နေခဲ့သည်။ အကျိုးပြု ပဲ့တင်ထပ်သံစွမ်းအားကို စားသုံးပြီးနောက် ဤအဆိပ်သည် အားကောင်းမလာဘဲအဘယ်ကြောင့် အားနည်းသွားရသနည်း.....

ဇဝေဇဝါဖြစ်နေသော ကျန်းချင်းအာ ကိုကြည့်ရင်း လီလော့ အတွက် ပြီးမြောက်အောင်မြင်မှုကို ခံစားရစေသည်။

သို့သော် သူမ၏လက်ထဲတွင် တိတ်တဆိတ် ဓားရှည်ကြီးတစ်ခု ပေါ်လာသည်နှင့်အမျှ ဤအောင်မြင်မှုကိုကြာကြာမခံစားနိုင်တော့ပေ။

ကြောက်လန့်တကြား ပြန်ခုန်ချကာ လီလော့ ကမန်းကတန်း ရှင်းပြလိုက်သည်။

"ဟင့်အင်း! အဲ့ဒါကို ဖယ်ထားလိုက်ပါ... အမှန်က ငါ့ရဲ့ ပဲ့တင်ထပ်သဲစွမ်းအားမှာ သစ်သားနဲ့ ရေစွမ်းအားတွေမပါဘူး..."

သူမမြင်နိုင်စေရန် သရုပ်ပြရင်း လီလော့ သည် သူ့လက်အတွင်းမှ ရေပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

"နင် ကိုယ်တိုင် ခံစားပြီးရင် နားလည်လာမှာပါ"

လီလော့ ပြုံးလိုက်သည်။

ကျန်းချင်းအာ၏ ရွှေရောင်မျက်လုံးများသည် ပဲ့တင်ထပ်သံ စွမ်းအားကို အသေအချာ စူးစမ်းလေ့လာခဲ့သည်။ တောက်ပနေသော စွမ်းအင်လှိုင်းများသည် ၎င်းသည် ​ေ စွမ်းအားဖြစ်ကြောင်း အလွယ်တကူ နားလည်နိုင်စေသော်လည်း ထိုအထဲတွင် ပြင်းထန်သော အလင်းတစ်ခုလည်း ရှိနေပုံရသည်။

လီလော့၏ ရေစွမ်းအင်သည် အခြားသူများနှင့် နှိုင်းယှဉ်ပါက ပိုမိုကြည်လင်ပြီး တောက်ပနေပုံရသည်ကို သူမ သတိမထားမိခဲ့ပေ။

စမ်းတဝါးဝါးဖြင့် လှမ်းကြည့်ရင်း၊ သူမသည် သန့်စင်သော ပဲ့တင်ထပ်သံ စွမ်းအင်လုံးကို ပေါ့ပေါ့တန်တန် ဖြန့်လိုက်သည်။

အနည်းငယ်ကြာပြီးနောက် သူမ၏တောက်ပသောမျက်လုံးများ ထိတ်လန့်တကြားပြူးကျယ်လာခဲ့သည်။

ဒီစွမ်းအားကို ရင်းနှီးကျွမ်းဝင်နေတယ်...ဒါကအလင်းစွမ်းအားများလား....

အမှားအယွင်းမရှိခဲ့ပေ။ အလင်းစွမ်းအားသည် ရေစွမ်းအားနှင့် နှိုင်းယှဉ်ပါက ပြင်းထန်မှုလျော့သွားသော်လည်း အမှန်ပင်တည်ရှိနေသည်။

လီလော့ဆီမှာ ဘယ်လိုဖြစ်ပြီး အလင်းစွမ်းအားရှိနေတာလဲ.....

တည်ငြိမ်လွန်းသူကြီး ကျန်းချင်းအာ သည်ပင် မှင်တက်မိန်းမောနေရှာတော့သည်။

***

All Chapters