ထိန်းချုပ်နိုင်စွမ်းကင်းမဲ့လုနီးပါး...
Vol. 31 Ch. 433
စင်္ကြံရှိ မှိန်ဖျော့သောအလင်းရောင်သည် ကျန်းချင်းအာ၏ ထိတ်လန့်ဖွယ်ရာ မျက်နှာပေါ်တွင် လှပစွာဖြာကျနေသည်။
သူမ ပါးစပ်ကို အထပ်ထပ်အခါခါ ဖွင့်ဟနေသော်လည်းဘာပြောရမှန်းမသိတော့ပေ။
လီလော့ သူ့ကိုယ်သူ မယုံနိုင်လောက်အောင် ကျေနပ်နေမိသည်။ကျန်းချင်းအာကို ရွှေငါးအဖြစ် ပြောင်းလဲပေးနိုင်သည်မှာ နေ့တိုင်းမဟုတ်နိူင်ပေ။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အလင်းဘောလုံးထဲသို့ သစ်သားစွမ်းအင်ကို ဖြည့်သွင်းလိုက်သည်။
"ဒီမှာ ဒီလိုလည်း ခံစားရတယ်..."
ကျန်းချင်းအာက ပဟေဠိဆန်တဲ့ပုံပေါက်နေပေမယ့် သူမလက်ချောင်းတစ်ချောင်းကိုထုတ်ပြီး ဘောလုံးကိုထိလိုက်သည်။
လီလော့သည် သူ၏ ပဲ့တင်ထပ်သံစွမ်းအားကို လူသိရှင်ကြား အသုံးပြုသည့်အခါတိုင်း၊ အလင်းနှင့်မြေကြီး ပဲ့တင်ထပ်သံ စွမ်းအားကို သတိရှိရှိ ဖုံးကွယ်ရန် အမြဲ ဂရုစိုက်ခဲ့သည်။ ဤအကူပဲ့တင်ထပ်သံနှစ်ခုသည် မူလပဲ့တင်ထပ်သံများလို တူညီသောအဆင့်တွင်မဟုတ်သော်လည်း၊ ၎င်း၏ပြိုင်ဘက်များကိုရိုက်ချနိုင်လောက်သောအစွမ်းများကို ပေးစွမ်းနိုင်လောက်အောင် ကောင်းမွန်ပါသည်။
ယခုမူ သူသည် အကူပဲ့တင်ထပ်သံများကို တက်ကြွစွာ ထုတ်ပြနေသောကြောင့်၊ကျန်းချင်းအာသည် သေးငယ်သော မြေပဲ့တင်ထပ်သံ စွမ်းအားကို ရှာဖွေတွေ့ရှိရန် လွယ်ကူသွားသည်။
"မြေပဲ့တင်သံ စွမ်းအားလား?"
သူမ ပင့်သက်ရှိုက်လိုက်သော်လည်း မတည်ငြိမ်နိုင်သေးပေ။
"နင့်ရဲ့ပဲ့တင်ထပ်သံတစ်ခုစီမှာ အကူပဲ့တင်ထပ်သံတွေရှိနေတာလား...?"
လီလော့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ဒါဆို နင့်ရဲ့ ရေနဲ့ သစ်သားပဲ့တင်ထပ်သံတောရပ်တွေ အမြဲတမ်း အားကောင်းပြီး နည်းနည်း ထူးဆန်းနေတာ အံ့သြစရာမဟုတ်တော့ဘူး... အဲ့ဒါက တခြားပဲ့တင်ထပ်သံကြောင့်လို့ လူတိုင်းက ထင်ခဲ့ကြပေမယ့် တကယ်တော့ အဲဒါက သူတို့အပေါ် သက်ရောက်နေတဲ့ အကူပဲ့တင်ထပ်သံတွေကြောင့်ပဲ....."
"ရေနဲ့အလင်း၊ သစ်သားနဲ့ မြေကြီး... ဒါတွေက ကောင်းမွန်တဲ့ ပေါင်းစပ်မှုတွေပဲ...နင်ကောင်းကောင်းလျှို့ဝှက်ထားနိုင်ခဲ့တယ်...."
"ဟားးဟားးးကောင်းပြီ၊ ဒီလျှို့ဝှက်ချက်ကို နင် တစ်ယောက်တည်းပဲ သိတယ်"
ကျန်းချင်းအာ သဘောကျစွာ ပြုံးလိုက်သည်။ ဤသတင်းကောင်းကြောင့် သူမဘစိတ်အေးနိုင်ခဲ့ပြီ။ လီလော့ အစကတည်းက ထူးခြားကြောင်း သူမသိသည်။ သူ့မှာ ဗလာနန်းတော်တွေ ရှိတုန်းကတောင် ယုံကြည်မှုမပျက်ခဲ့ပေ။
"ငါတော်တယ်မဟုတ်လား?"
လီလော့က ဂုဏ်ယူစွာ ရင်ဘတ်ကိုပုတ်လိုက်သည်။
ဆင့်ပွား ပဲ့တင်ထပ်သံနှစ်ခုသည် သူအချိန်အတော်ကြာအောင် ဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ ဒီနှစ်ခုက မတူညီတဲ့ အဆင့်မှာ ရှိနေတဲ့အတွက် ကျန်းချင်းအာကို အခုမှသာ ထုတ်ပြောခဲ့ခြင်းဖြစ်သည်။ ဤလျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်ခြင်းသည် အိမ်ထောင်သည်တွေထက်ပင်ရင်းနှီးနေသည့်သဘောပင်.....
"ဆင့်ပွားပဲ့တင်ထပ်သံတွေက တကယ့်ကို ရှားတယ်။ ဒါပေမယ့် ဒါတွေက ကိတ်မုန့်ပေါ်က ချယ်ရီသီးတွေချည်းပါပဲ...ပဲ့တင်ထပ်သံ စွမ်းအားအရ၊ သူတို့က နင့်ရဲ့ မူလပဲ့တင်ထပ်သံတွေနဲ့ ဘယ်တော့မှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး" ဟု ကျန်းချင်းအာက သူ့ကို သတိပေးခဲ့သည်။
ဤအချက်ကို လီလော့ အပြည့်အဝ သဘောတူခဲ့သည်။
သူ၏ စွမ်းအားကို ရာခိုင်နှုန်းအဖြစ် ပိုင်းခြားပါက၊ သူ၏ မူလပဲ့တင်သံများသည် 70 မှ 80 ရာခိုင်နှုန်းအထိ ရှိနိုင်ပြီး အကူပဲ့တင်ထပ်သံမှာ 20 မှ 30 ရာခိုင်နှုန်းသာ ရှိမည်ဖြစ်သည်။
ဥပမာအားဖြင့်၊ လီလော့၏ ပဲ့တင်ထပ်သံပညာရပ်များသည် အမြဲတမ်း ရေနှင့် သစ်သားကိုသာ အခြေခံထားသည်။ အလင်းနှင့် မြေကြီး ပဲ့တင်ထပ်သံများသည် ထိုပညာရပ်များကိုသာ မြှင့်တင်ပေးနိုင်သည်။
လီလော့သည် အလင်းနှင့် မြေကြီးပဲ့တင်ထပ်သံပညာရပ်ကို သင်ယူရန် ကြိုးစားပါက၊သိသိသာသာ အားနည်းသွားမည်ဖြစ်သည်။
"နောက်ထပ် အကူပဲ့တင်ထပ်သံတွေက ရှားပါးပေမယ့် လုံးဝမရှိတာမျိုးတော့မဟုတ်ဘူး.... ရှပြည်ထောင်စုလို သေးငယ်တဲ့နိုင်ငံလေးမှာမရှိပေမယ့် အပြင်လောကမှာ နင့်လိုလူတွေရှိနေနိုင်တယ်....."
"ဟုတ် ...ဟုတ်ကဲ့ နားလည်ပါတယ်..."
ကျန်းချင်းအာ ပြုံးလိုက်သည်။
"ဒါဆို နင်က အဆိပ်နှစ်ခုကို ရေစွမ်းအားတချို့ ကျွေးခဲ့ပေမဲ့ အတွင်းထဲမှာ အလင်းစွမ်းအင်တွေပါ ပေါင်းထည့်လိုက်တယ်ပေါ့..."
သူမသည် ငရဲလိပ်ပြာအဆိပ်ကို သူမည်ကဲ့သို့ အားနည်းစေခဲ့သည်ကို အလိုလိုနားလည်ခဲ့သည်။
"နည်းနည်းလေးပါ... အလင်းစွမ်းအင်က သန့်စင်ပေးတဲ့ဂုဏ်သတ္တိရှိတယ်
..ဒါပေမယ့် သို့သော် အလင်းစွမ်းအင်နဲ့ တိုက်ရိုက်တိုက်ခိုက်လိုက်ရင် ငရဲလိပ်ပြာတွေ ခုခံပြီးဝရုန်းသုန်းကားဖြစ်ကုန်လိမ့်မယ်...."
ကျန်းချင်းအာ ခေါင်းညိတ်လိုက်သည်။
"အဆိပ်က ခုနက အဆိပ်ငွေ့တွေ မထုတ်သေးဘူးလား၊ ဘယ်ရောက်သွားတာလဲ...အဲဒါက မယုံနိုင်လောက်အောင်ကို သေစေနိုင်တယ်ဆိုတာ နင်သိထားသင့်တယ်။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ နည်းနည်းတော့ ပျက်စီးသွားနိုင်တယ်။"
လီလော့၏ လက်ကို ဆွဲယူပြီး စစ်ဆေးလိုက်သည့်အခါ ခန္ဓာကိုယ်ထဲတွင် ပဲ့တင်ထပ်သံပူဖောင်းဆယ်ခုရှိနေသည်ကိုတွေ့လိုက်ရသည်။
တစ်ခုစီသည် ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပနေပြီး လီလော့၏ ကိုယ်ပိုငိပဲ့တင်ထပ်သံ စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
သို့သော် ပူဖောင်းတစ်ခုသည် တခြားအရာတွေလို တောက်ပြောင်မဟုတ်ပေမယ့် ယုတ်ညံ့နက်မှောင်တဲ့ အနီရောင်အငွေ့တွေ ဝေ့ဝဲပြည့်နှက်နေသည်။
အထဲမှာ လိပ်ပြာတစ်ကောင် လွင့်နေပုံရပြီး ပိုးတစ်ကောင်လည်း တွားသွားနေသေးသည်။
လီလော့သည် ပဲ့တင်ထပ်သံ ပူဖောင်းထဲတွင် လွတ်မြောက်သွားသော အဆိပ်ဓာတ်ငွေ့ကို ပိတ်လှောင်ထားခဲ့သည်။
သူမ သဘောကျစွာ ခေါင်းခါရင်း မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒီလိုမျိုးကို နင်တစ်ယောက်တည်းသာ တွေးနိုင်တယ်"
လီလော့သည် ပိုမိုပြင်းထန်သောပြိုင်ဘက်ကို တိုက်ခိုက်ရန် လက်နက်အဖြစ် အဆိပ်နှစ်ခုကို အသုံးပြုရန် ရည်ရွယ်ထားကြောင်း သူမနားလည်ခဲ့သည်။
"အဆိပ်နှစ်ခုက နင့်ကို အစကတည်းက ပစ်မှတ်ထားနေတာလို့ ထင်ခဲ့တာလား?"
ကျန်းချင်းအယ ရုတ်တရက် သဘောပေါက်သွားသည်။ လီလော့ လုပ်လိုက်သော လှုပ်ရှားမှုတိုင်းသည် ပြီးပြည့်စုံလွန်းသည်။
"ငါ့ခန္ဓာကိုယ်ထဲကို အဆိပ်တွေစဝင်တုန်းက နည်းနည်းထိတ်လန့်သွားတယ်လို့ ပြောရမယ်။ တော်တော်ကို သေစေနိုင်တယ်... ဒါပေမယ့် နောက်တော့ ဒီနည်းလမ်းကိုချက်ချင်းစဉ်းစားလိုက်မိတာ....."
"ဟုတ်တယ်၊ သေစေနိုင်တဲ့နည်းလမ်းနှစ်ခုလုံးအလုပ်ဖြစ်တယ်... ငါကငါ့ကိုပေးတဲ့စွမ်းအားကိုကြိုက်တယ်"
စစ်သူကြီးအဆင့်ကို ခြိမ်းခြောက်ရန် လုံလောက်သော ဤအဆိပ်သည် သူ ဆိုးရွားစွာ လိုအပ်သော အရာဖြစ်သည်။
"လီလော့ ကိုယ့်ကိုကိုယ် အရမ်းတွန်းအားပေးနေစရာ မလိုပါဘူး..ငါရှိပါသေးတယ်...."
လီလော့သည် ဤအဆိပ်နှစ်ခုကို သူ့ကိုယ်ပိုင်ဖြစ်စေရန်အတွက် များစွာ စွန့်စားခဲ့ရသည်။
"ချင်းအာ... ငါနင့်ကို ဒီလိုဖိအားတွေအားလုံးကို တစ်ယောက်တည်းရင်ဆိုင်ခွင့် မပြုဘူး... လော့လန်အိမ်တော်အတွက် ငါတို့နှစ်ယောက်လုံးရှိတယ်......"
လေးနက်မှုနှင့် ရိုးသားမှုဖြင့် သူမသည် ရိုးရှင်းစွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ရှပြည်ထောင်စုကလူတွေ အားလုံးကို ထိတ်လန့်သွားအောင်အစွမ်းပြလိုက်ကြမယ်......"
"အင်း၊ ချင်းအာ... ဒါပေမယ့် မင်းရဲ့အကူအညီနဲ့ ငါလိုအပ်တာတစ်ခုရှိတယ် "
"ဟမ်?"
"ပဲ့တင်ထပ်သံ ပူဖောင်းက အဆိပ်ကို ကြာကြာထိန်းထားနိုင်မယ် မထင်ဘူး။ အခုတောင်အတော် အားနည်းနေတယ်၊ ဒါကြောင့် ပူဖောင်းအမြှေးပါးကို အားဖြည့်ဖို့ မင်းရဲ့ အလင်းစွမ်းအင်နဲ့ ငါ့ကို အားဖြည့်ပေးနိုင်မလား? ဒီနှုန်းနဲ့ဆို ပူဖောင်းဟာ တစ်ရက်အတွင်းပူဖောင်းကွဲထွက်ပြီး ငါသေသွားလိမ့်မယ်...."
ကျန်းချင်းအာသည် လျင်မြန်စွာ နီမြန်းနေသော မျက်နှာကို စိုက်ကြည့်ပြီးနောက် နားရွက်ကို လက်နှစ်ချောင်းဖြင့် ညှစ်လိုက်သည်။
"ဒါဆို နောက်ဆုံးတော့... အရာအားလုံးက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိသလောက်ဘဲပေါ့...ဟုတ်လား......?"
***