ဖေဟောင်ရဲ့နာကျင်မှု....
Vol. 31 Ch. 434
"ပြီးပြီ...နင့်ရဲ့ အဆိပ်ပူဖောင်းတစ်ဝိုက်မှ အလင်းအမြှေးပါးအနည်းငယ်ကို ငါထားလိုက်တယ်။ ငါ့ရဲ့အလင်းစွမ်းအင်ရှိတဲ့ သန့်စင်မှုက အဆိပ်ပျံ့နှံ့မှုကို ရပ်တန့်ပေးနိုင်တယ်..."
ကျန်းချင်းအာက ဒေါသမပြေသေးသည့်အတွက် ခပ်ပြတ်ပြတ်ပြောလိုက်သည်။
ဤအလင်းအလွှာများသည် မြင်နေရသလောက် ပြုလုပ်ရန် မလွယ်ကူပေ။ သူမကိုယ်ခန္ဓာအပြင်ဘက်တွင် ထားခဲ့ခြင်းကြောင့် သူမ၏စွမ်းအင်များကို လီလော့ ၏ခန္ဓာကိုယ်ထဲသို့ ဦးစွာပို့ဆောင်ပြီးနောက် သေချာနေရာချထားရသည်။
၎င်းသည် လူတစ်ဦး၏ ပဲ့တင်ထပ်သံ စွမ်းအားကို ကောင်းစွာ ထိန်းချုပ်ရန် လိုအပ်သည်။
ထို့အပြင် အန္တာရယ်လည်း သိပ်များလွန်းလှသည်။အကယ်၍ အဆိပ်ပူဖောင်းသာ ထိခိုက်သွားလျှင် လီလော့သေဆုံးရလိမ့်မည်။
ဘေးကင်းရန်အတွက် အပိုအလွှာအနည်းငယ်ကို ဖန်တီးရန် ကျန်းချင်းအာ တစ်ညလုံး မရပ်မနား ကြိုးစားခဲ့ရသည်။
"နင် ကြိုးကြိုးစားစား လုပ်ခဲ့တယ်၊ ချင်အာ.."
လီလော့ ကျေးဇူးတင်စကားဆိုလိုက်သည်။ သူမသည် ဤအရာကို လုပ်ဆောင်ရန် ယုံကြည်ရမည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ သူမသာ အနည်းငယ်ချွတ်ချော်သွားပါက အဆိပ်ပျံ့နှံ့ပြီးသေဆုံးရလိမ့်မည်။
သာမာန်အားဖြင့်၊ အခြားသူတစ်ဦးအား ခန္ဓာကိုယ်အတွင်း ပဲ့တင်ထပ်သေံ စွမ်းအားများ ချန်ထားခဲ့ရန် မည်သူမှ ခွင့်မပြုပေ။
ဒါပေမယ့် လီလော့နဲ့ကျန်းချင်းအာ နှစ်ယောက်စလုံးက ဒါကို အန္တရာယ်တစ်ခုလို့ မခံစားခဲ့ကြပေ။
လီလော့က တောင်းဆိုခဲ့ပြီး ကျန်းချင်းအာ က ဖြည့်ဆည်းပေးခဲ့သည်...
"... နင်ဘာလို့ အဆိပ်နှစ်ခုကို ဆွဲထုတ်ဖို့ ကြိုးစားနေတာလဲ ငါသိပါတယ်၊ ဒါပေမယ့် ဒါက အစွန်းနှစ်ဖက်ပါတဲ့ ဓားတစ်လက်ဆိုတာ သိထားသင့်တယ်...ဒါကို တကယ်အသုံးမချနိုင်ရင် နင်ပဲအရင်ထိခိုက်ရမှာ.”
လီလော့သည် အဆိပ်နှစ်ခု၏ စွမ်းအားကြောင့် သွေးဆောင်ခံရကြောင်း သူမသိသော်လည်း ထိုကဲ့သို့ သေစေတတ်သော အရာများကို အလွယ်တကူ ထိန်းချုပ်နိုင်ဖို့မလွယ်ကူပေ။ လက်နက်တစ်ခုအနေနဲ့ စနစ်တကျ အသုံးချဖို့ ခက်ခဲ့လိမ့်မည်။
လီလော့ ခေါင်းညိတ်လိုက်သည်။
"စိတ်မပူပါနဲ့ .....ငါနားလည်ပါတယ်...ဘဝရဲ့တန်ဖိုးကိုကောင်းကောင်းနားလည်ပါတယ်..."
သူမက ခေါင်းညိတ်လိုက်ပြီး သမ်းလိုက်သည်။
"ငါအိပ်ချင်နေပြီ..အိပ်တော့မယ်..."
သူမသည် ကုတင်ပေါ်တွင် လှဲလျောင်းကာ တစ်ကိုယ်လုံး တုန်ခါသွားသည်အထိ ဆန့်ထုတ်လိုက်ပြီး စောင်အောက်ထဲသို့ တိုးဝင်လိုက်သည်။
လီလော့သည် သူမကို ကြောင်တောင်ငေးနေရာကနေ.....
"ဒါ...ဒါငါ့အိပ်ယာလေ...."
" ရပါတယ်...မျှသုံးရလို့လဲစိတ်မဆိုးပါဘူး...."
လီလော့ အိပ်ရာပေါ်သို့ ပြန်တက်သွားပြီး ...
"အရမ်းပင်ပန်းနေပြီမို့ ငါလည်းအိပ်တော့မယ်"
ရွှတ်....
ခေါင်းအုံးပေါ်တွင် ခေါင်းအုံးရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း ကြီးမားသောဓားတစ်လက်ကိုသာ တွေ့မြင်လိုက်ရသည်။
လီလော့ အေးခဲသွားပြီး နောက်ပြန်ထလိုက်သည်။
“အဲဒါက သိပ်ကို ယုတ္တိမတန်ဘူး....ဒါ ငါ့အခန်း! ငါ့အိပ်ရာ!"
ကျန်းချင်းအာက သူ့ကို လျစ်လျူရှုလိုက်သည်။
“ဒါဆို ရွှေနဂါးဘဏ်ကိုပဲ သွားတော့မယ်”
"အိုး?လုချင်းအာကိုသွားရှာတော့မယ်ပေါ့...."
ကျန်းချင်းအာ၏ ရယ်မောသံသည် စောင်အောက်မှ ထွက်ပေါ်လာသည်။ လီလော့ မျက်လုံးပြူးသွားသည်။
သူ့မိဘတွေထားခဲ့တဲ့အရာတွေကြောင့် ရွှေနဂါးဘဏ်ကိုသွားမှာလေ.... သိပ်မကြာခင် တတိယမြောက်ပဲ့တင်ထပ်သံကို ဖန်တီးရတော့မယ်....."
“အေးအေးဆေးဆေး အနားယူပါ” လို့နှုတ်ဆက်ပြီး တံခါးတွန်းဖွင့်ကာ အခန်းထဲက ထွက်လာခဲ့လိုက်သည်။
သူ့နောက်မှာ ကျန်းချင်းအာ ခေါ်သံကိုကြားလိုက်ရသည်။
"ဉီလေးယွမ်ကို နင်နဲ့အတူ ခေါ်သွား... ဒါဆို ခွေးကောင် ဖေဟောင် စွေ့စွေ့ခုန်နေလိမ့်မယ်....."
................
လော့လန်အိမ်တော်အပြင်ဘက်ရှိတည်းခိုခန်းတစ်ခုတွင်.....
ဖေဟောင်သည် ဌာနချုပ်တံခါးကို စိုက်ကြည့်နေရင်း ညစ်ကျယ်ကျယ် ပြုံးနေသည
"အဆိပ်နှစ်ခုက စစ်သူကြီးအဆင့်တွေကိုတောင်လှည့်စားနိူင်တယ်ဆိုတော့ သခင်လေး ထောင်ချောက်ထဲကို ကျမှာသေချာတယ်....ယွမ်ချင်း ဆီက မျက်နှာသာရဖို့ စိတ်အားထက်သန်နေမှာမှန်း ခန့်မှန်းလို့ရတယ်..."
“ကောင်းလိုက်တာကွာ....စစ်သူကြီးအဆင့်
တစ်ယောက်တောင် ဒီအဆိပ်နှစ်ခုကြောင့် ဆိုးဆိုးရွားရွား ချိနဲ့နေလိမ့်မယ်။ လီလော့မှာ ရေနဲ့ သစ်သားပဲ့တင်ထပ်သံနှစ်ခု ရှိကောင်းရှိနိုင်ပေမယ့် သူ့ရဲ့ အဆိပ်ဖြေနိုင်စွမ်းက သူ့ကို ဒီဘေးကနေ ကယ်တင်နိုင်မှာ မဟုတ်ဘူး... ပြင်းထန်တဲ့ နာကျင်မှုကို အချိန်အတော်ကြာအောင် ခံစားနေသင့်တယ်...သူ့ရဲ့ ပဲ့တင်ထပ်သံနှစ်ခုနဲ့ယှဉ်ပြီး ထိန်းထားဖို့ကလွဲလို့ရွေးချယ်စရာရှိမှာမဟုတ်ဘူး...."
"ရှောင်လွှဲလို့မရနိုင်တဲ့ အဆိပ်တစ်ခုပဲလေ... ဒါဆို လီလော့ ရှန့်ပိန်းတွေ့ဆုံပွဲမှာ ပါဝင်နိုင်မယ်လို့ မထင်ဘူး.. ကျန်းချင်းအာကတော့ သေချာပေါက် သွားမှာပါ... သူတို့နှစ်ယောက် လမ်းခွဲပြီးတာနဲ့ ငါတို့အတွက် အခွင့်အရေးရှိလာလိမ့်မယ်...."
မိုချန်း၏ တင်းမာသော မျက်နှာသည် ဆိုးယုတ်သေယ အပြုံးတစ်ခုကြောင့်ပို၍ပင်ကြည့်ရဆိုးနေသည်။
ဖေဟောင်ရဲ့ အစီအမံက ပြီးပြည့်စုံတယ်...ယွမ်ချင်း...လီလော့...သူတို့က စစ်တုရင်အပိုင်းအစလေးတွေလိုပဲ...ကြိုက်သလိုအကွက်ရွေ့လို့ရတယ်.....
"ဖေဟောင်၊ ကြီးမြတ်သူက မင်းကို ရွေးချယ်ခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူး.... ကြီးကျယ်ခမ်းနားတဲ့ အစီအမံပဲ"
မိုချန်းက ရယ်လိုက်သည်။
"ဘိုးဘေးမိုချန်းရဲ့ ပံ့ပိုးမှု အတွက် ကျေးဇူးတင်ပါတယ်..."
ဖေဟောင်က ဝိုင်ခွက်ကို ပေါ့ပေါ့ပါးပါး မြှောက်ကာ ခွက်ချင်းတိုက်လိုက်သည်။
"ကြီးမြတ်သူရဲ့ ဆန္ဒအတိုင်းပါပဲ"
မိုချန်းက ကြည်နူးစွာပြုံးကာ ပြောလိုက်သည်။
"အိမ်တော်စုဝေးပွဲ နီးလာပြီ။ အဲ့ချိန်မှာ မင်းအိမ်ရှင်အသစ်ဖြစ်လာလိမ့်မယ်..."
ဖေဟောင်၏ အပြုံး ပို၍ ကျယ်လာသည်။ မျက်လုံးတွေကိုမှိတ်ထားပြီး စိတ်ကူးယဉ်တဲ့ အခိုက်အတန့်လေးမှာ သူ့ကိုယ်သူ လွတ်လွတ်လပ်လပ် နေခွင့်ပြုလိုက်သည်။
နှစ်ပေါင်းများစွာ တောင့်တခဲ့ရတဲ့ အိပ်မက်....
လော့လန်အိမ်တော်ကို ပထမဆုံးဝင်ရောက်ခဲ့စဉ်က ထိုနေရာကို ကာကွယ်လိုခဲ့သည်။ အိမ်ရှင်နှစ်ယောက်ရပ်နေတဲ့ မြေကြီးကို ကိုးကွယ်ခဲ့သည်။
မိဘသဖွယ်ရိုသေလေးစားခဲ့သည်။
သူ့သဘောထားက ဘယ်တုန်းက စပြီး ပြောင်းလဲလာတာလဲ....
လီလော့ မွေးတုန်းကဆိုပါတော့.....
ထိုညကို သူကောင်းကောင်းမှတ်မိသည်။ ကလေးကို ပွေ့ချီလိုက်သောအခါ လီတိုင်ရွှမ်နဲ့တိုက်တန်လန်တို့ရဲ့ မျက်နှာပေါ်က ပျော်ရွှင်မှုကို သူမြင်လိုက်ရသည်။
သူတို့သည် သူ့အပေါ် တစ်ခါမျှ မပြဖူးသော ရွှင်လန်းမှုနှင့် မနာလိုမှုမျိုးစေ့များကို ထိုနေရာ၌ပင် ပေါက်ဖွားစေခဲ့သည်။
အရာရာ လိုတိုင်းရဘဝဖြင့်မွေးဖွားလာသောလီလော့ကို ထိုအချိန်ကတည်းက မနာလိုဖြစ်ခဲ့ရသည်။
ဒါ့ကြောင့်် သူ့ကိုမုန်းတယ်......
လီတိုင်ရွှမ့နှင့်တန်တိုင်လန်တို့၏ မျက်လုံးများတွင် လော့လန်အိမ်တော်သည်
ထိုကလေးငယ်၏ ဦးခေါင်းပေါ်မှ ဆံပင်တစ်ချောင်းလောက်ပင် အဖိုးမတန်ခဲ့ပေ။
ထိုအချိန်မှ စ၍ သူ၏ စိတ်ဆန္ဒ စတင်ယိုင်နဲ့ လာသည်။
“ဟူးးးး”
ဖေဟောင် လေပူများ မှုတ်ထုတ်လိုက်ပြီး ထိုအတွေးများကို ရှုထောင့်အမျိုးမျိုးမှကြည့်ကာ သူ့ကိုယ်သူ တရားမျှတစေရန် ကြိုးစားလိုက်သည်။
အိမ်တော်ကို ဂရုမစိုက်မှတော့ ကျွန်တော်လုယူသွားရင်လည်း စိတ်မကောင်းဖြစ်မနေကြနဲ့......
"အယ်?"
မိုချန်း၏ အလန့်တကြားအော်သံကြောင့်အတွေးစပြတ်တောက်သွားခဲ့သည်။
မိုချန်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်တော့.....
လက်နှစ်ဖက်နောက်ပစ်ပြီး ဌာနချုပ်မှ လမ်းလျှောက်ထွက်လာသည်မှာ လီလော့ ဖြစ်သည်။
ယွမ်ချင်းက သူ့ဘေးမှာ ရှိနေသည်။
ဖေဟောင်သည် လီလော့ အေးအေးလူလူ
လမ်းလျှောက်လာနေသည်ကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်နေခဲ့သည်။
သူ့ကြည့်ရတာ... မနေ့ကထက်တောင် ပိုကျန်းမာနေသလိုပဲ...ဘယ်မလဲအဆိပ်မိနေတဲ့လက္ခာ....
အခန်းထဲတွင် တိတ်ဆိတ်သွားသည်။
"ဘာတွေဖြစ်နေတာလဲ?" မိုချန်းက ခဏအကြာတွင် မေးလိုက်သည်။ "သူကြည့်ရတာ လုံးဝအဆင်ပြေတယ်။"
"သူ... လိမ်နေတာလား..."
ဖေဟောင် ရယ်မောလိုက်သည်။
"မဟုတ်လောက်ဘူးထင်တယ်..."
မိုချန်း ခေါင်းခါလိုက်သည်။ နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကြသည်။ သူတို့ရဲ့အကြံအစည်ပျက်သွားတာကို မယုံနိုင်ပေမယ့် သူတို့ရှေ့မှာ သက်သေအထောက်အထားတွေရှိတဲ့အခါ သူတို့ကိုယ်သူတို့ လိမ်လို့မရတော့ပေ။.
"အဆိပ်က တခြားသူရောက်သွားလို့လား...?"
ဖေဟောင် ခေါင်းယမ်းလိုက်သည်။
"ကျွန်တော်မှာ အထူးပြုလုပ်ထားတဲ့ အဆိပ်နှစ်ခုရှိတယ်...သစ်သားနဲ့ရေရဲ့ ပဲ့တင်ထပ်သံ စွမ်းအားတွေ တပြိုင်နက်တည်း ရှိနေတာကို တုံ့ပြန်တဲ့နိူင်တာ လော့လန်အိမ်တော်မှာ လီလော့တစ်ယောက်တည်းရှိတာ...."
သူသည် ဤကဲ့သို့သော ထူးခြားဆန်းပြားသော အဆိပ်ကို အခြားသူထံ ဖြုန်းတီးရန် ဆန္ဒမရှိခဲ့ပေ။ ထို့ကြောင့် ကုလင်းကို ရွေးချယ်ခဲ့သည်။ လီလော့ဘက်က ငါးစာမဟပ်လျှင်ပင် သင့်လျော်သောနှစ်သိမ့်မှုဆုဖြစ်သည့် ယွမ်ချင်းကို ခြိမ်းခြောက်နိုင်သေးသည်။
ဒါပေမယ့် အခုအချိန်မှာ အဆိပ်နှစ်ခုက ကုလင်းရဲ့ ခန္ဓာကိုယ်ကနေ ထွက်သွားပြီး လီလော့ကလည်း ကျန်းမာနေသေးတယ်....
ဖေဟောင်ပင်လျှင် ရုတ်ချည်း အေးစက်သွားသလို ခံစားလိုက်ရသည်။
ငါမြင်နေရတာ သရဲများလား
"ကျုပ်တို့ တခါတည်းအပြတ်ရှင်းလိုက်ကြမလား..."
မိုချန်းက ပြတ်ပြတ်သားသား မေးလိုက်သည်။
ဖေဟောင်သည် အသက်ပြင်းပြင်းရှူကာ စိတ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။
" သူ့ကို အခုတိုက်ခိုက်ရင် ကောလိပ်က သေချာပေါက် တုံ့ပြန်လိမ့်မယ်... သူတို့ကိုယ်သူတို့ ကြားနေလို့ ခေါ်ပေမယ့် ရှန့်ပိန်းတွေ့ဆုံပွဲက သူတို့အတွက် အရမ်းအရေးကြီးတယ်...ဒိအချိန်မှာ လီလော့က သူတို့အတွက် အရမ်းအဖိုးတန်နေတယ်...."
ကုလင်းကို အဆိပ်ခတ်ပြီး ယွမ်ချင်းကို တိုက်ခိုက်လိုက်တာက မျက်ကွယ်ပြုထားလို့ရပေမယ့် .... ဒီလို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှုမျိုးလုပ်လို့မရဘူး..."
ဖေဟောင် သက်ပြင်းချလိုက်သည်။
"ကျွန်တော် သတိလက်လွတ်နေခဲ့မိတယ်...အသုံးမကျတဲ့ မသန်မစွမ်းကောင်လေးက တစ်နေ့နေ့ မှာ ကောလိပ်ရဲ့ တန်ဖိုးကြီးရတနာတပါး ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး......"
***