← Chapters

ခရမ်းရောင်လနန်းတော်

Vol. 34 Ch. 509

ခရမ်းရောင်လနန်းတော်

Vol. 34 Ch. 509

ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့ပြဿနာသည် အောင်မြင်စွာပြေလည်သွားသည်။

ဂိုဏ်းခွဲ၏ ခြံဝင်းအိမ်ထဲတွင် ဂိုဏ်းခွဲသည် ရွှီချင်းနှင့် ဂိုဏ်းအဖွဲ့တို့အတွက် ကြိုဆိုဂိုဏ်ပြုပွဲ ကျင်းပပေးကြသည်။

ထိုအချိန်၌ ခေါင်း‌ဆောင်သည် လွန်စွာကျေနပ်မာန်တက်နေပြီး အခြားသောလူများနှင့် ခွက်ချင်းတိုက် ဆုတောင်းကာ တခြားဓားကိုင်များနှင့် ခင်မင်ရင်းနှီးလာ၏။

ယင်ဟွမ်ပြည်နယ်ရှိ ဓားကိုင်များထဲတွင် ဆယ်ပေအလင်းရခဲ့သူရှိကြောင်း အများစုက ကြားသိဖူးပြီး ဖြစ်သည်။

ယနေ့ခေါင်းဆောင်၏ သရုပ်ဆောင်မှုအရ မည်သူဖြစ်နိုင်ကြောင်း အားလုံးမှန်းဆနိုင်ကြသည်။ သို့ရာတွင် သူတို့အားလုံးသည် လောကဝတ်ကို နားလည်သူများ ဖြစ်ကြသည်။ ဝိညာဉ်ကျောက်တုံးများနှင့် ချန်ထင်းဟောင်၏ အားတက်သရော မိတ်ဆက်ပေးမှုတွင် ထိုအကြောင်းအား မည်သူမှ အစမဖော်ကြတော့ပါ။

ကျစ်ရွှမ်ကတော့ ကြိုဆိုပွဲတွင် ပါဝင်တက်ရောက်ခြင်းမပြုဘဲ ရွှီချင်းထံသို့ ဆေးလုံးတချို့သာ လူလွှတ်၍ ပေးလိုက်သည်။

ထိုဆေးလုံးတစ်လုံးချင်းစီတိုင်းသည် သူမ၏ ကိုယ်ပိုင်လက်စွဲဆေးများ ဖြစ်ကြပြီး လွန်စွာအစွမ်းထက် တန်ဖိုးကြီးကြသည်။

ရွှီချင်းသည် ထိုဆေးများကို လက်ခံရရှိချိန်တွင် နှုတ်ဖြင့်ထုတ်မပြောသော်လည်း စိတ်ထဲတွင်တော့ လှိုင်းထလှုပ်ရှားရသည်။

သို့ရာတွင် သူက စကားများစွာပြောတတ်သူမဟုတ်သဖြင့် မည်သို့ပြောဆိုရမည်မသိ ဖြစ်နေသည်။ အသံပို့လွှတ်၍သာ သူမအား ကျေးဇူးတင်ကြောင်း ပြောလိုက်၏။

“ကောင်လေး မင်းဘယ်တုန်းက ဒီလောက်ယဉ်ကျေးသွားတာလဲ။”

ကျောက်စိမ်းပေလွှာအသံလွှတ်မှု၌ ကျစ်ရွှမ်၏အသံတွင် ဆွဲငင်ဓာတ်များ ရောစွက်ပါနေသည်။ ထိုအသံသည် သူ့စိတ်ထဲတွင် မရိုးမရွဖြစ်အောင် လှုံ့ဆော်ကြ၏။

“ငါ ပထမဆုံးအ‌ဆောင်ထဲမှာရှိတယ်။ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီးတော့ အခက်အခဲတွေရှိရင် ငါဆီကို ခိုးလာခဲ့လို့ရတယ်။”

ကျောက်စိမ်းပေလွှာထဲက နောက်ဆုံးစကားတွင် ရွှီချင်း အသက်ရှူမှားသွားရသည်။ သူက ကျောက်စိမ်းပေလွှာကို တိတ်တဆိတ်သိမ်းလိုက်ပြီး စိတ်အား တည်ငြိမ်အေင် ထိန်းလိုက်၏။

သူ့ဒဏ်ရာတို့က ပြင်းထန်သော်လည်း နလန်ပြန်ထူရန် အချိန်သိပ်ယူစရာ မလိုချေ။ ထိုဒဏ်ရာတို့သည် အရိပ်လေးကိုသုံးကာ သူကိုယ်တိုင် လုပ်ခဲ့ခြင်းဖြစ်နေသည်။ သူ့အတိုင်းအဆကို သူ နားလည်၏။

ထို့အပြင် ယခင်ကကြုံတွေ့ခဲ့ရသော အသက်ဘေးများနှင့် ယှဉ်သော် သူ့လက်ရှိဒဏ်ရာတို့က အပျော့စားများ ဖြစ်ကြသည်။

ထို့ကြောင့် သူက ကြိုဆိုပွဲတွင် ပါဝင်ဆင်နွဲနိုင်၏။ ခေါင်းဆောင်က အခြားသူများနှင့် ဆုတောင်းက သောက်စားနေသည်ကို တွေ့လျှင် ရွှီချင်းက ချန်ထင်းဟောင်အား ယောင်ယွင်ဟွေ့အကြောင်းကို မေးမြန်းလိုက်သည်။

“အရင်က လူသားမျိုးနွယ်ရဲ့ မြင့်မြတ်တဲ့အဆင့်အတန်းတွေကို မျိုးရိုးအမွေဆက်ခံပိုင်ခွင့် ရှိခဲ့တယ်။ ဒါပေမဲ့ ဒီမျိုးဆက်လူသားအင်ပါယာက နန်းတက်ပြီးပိုင်း မျိုးရုံးဆက်ခံခြင်းစနစ်ကို ပယ်ဖျက်ခဲ့တယ်။ ဒါကြောင့် လက်ရှိ တာအိုအိမ်တော်ရဲ့ ခေါင်းဆောင်က ကောင်းကင်တမန်အမတ်မျိုးဆက်မဟုတ်တော့ဘူး။”

“ဒါပေမဲ့ သူတို့ရဲ့ ဘိုးဘေးတွေက လူသားမျိုးနွယ်ကို အကျိုးပြုခဲ့တာပဲဆိုတော့ ဒေသအကြီးအကဲနဲ့ ရုံးတော်သခင်ကြီးတို့ အားလုံးက ယောင်မိသားစုခေါင်းဆောင်ကို အမတ်ကြီးလို့ ခေါ်ကြသေးတယ်။ ဒီအမတ်ကြီးမှာ သားသမီးသုံးဦးရှီပြီး သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ဖြစ်တယ်။ ယောင်ယွင်ဟွေ့က အမတ်ကြီးရဲ့သမီးပဲ။”

“ယောင်ယွင်ဟွေ့က ဒေသမြို့တော်မှာ တစ်ချိန်ကလွှမ်းမိုးနိုင်စွမ်းရှိတဲ့သူတစ်ဦး ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ သူက မင်းတို့ ယင်ဟွမ်ပြည်နယ်က ထိုက်စီရှန်းမုန်ဂိုဏ်းထဲသို့ လက်ထပ်ဝင်‌ရောက်ခဲ့လို့ မြို့တော်မှာ ဆူဆူညံညံဖြစ်သွားသေးတယ်။ တာအိုအိမ်တော်အတွက် နှစ်ဖက်ရဲ့အဆင့်အတန်းက ကွာခြားလွန်းနေတယ်လေ။ သူတို့ သားတစ်ယောက် မွေးပြီး သိပ်မကြာခင်မှာပဲ သူ့ခင်ပွန်းသည် ဆုံးသွားတယ်။ ဒါကြောင့် သူက သားဖြစ်သူကို ထိုက်စီရှန်းမုန်ဂိုဏ်းထဲမှာ ချန်ထားရစ်ပြီး ယောင်အိမ်တော်ကို ပြန်လာခဲ့တော့တယ်။”

“သူ့နောက်ခံက ကြီးမားပြီး ‌ဒေသမြို့တော်ထဲမှာ အဆက်အသွယ်တွေ အများကြီးရှိနေတယ်။ သူက ထိုက်စီရှန်းမုန်ဂိုဏ်းကလာတဲ့ ဓားကိုင်ရုံးတော်ရဲ့ စီမံခန့်ခွဲရေးမှူးစစ်မာနဲ့ ရင်းနှီးမှုရှိတယ်လို့လည်း ပြောကြတယ်။ သူကလည်း တရားရေးရုံးတော် တတိယဌာနရဲ့ ဌာနမှူးတစ်ဦးပဲ။”

ချန်ထင်းဟောင်က ရွှီချင်းထံ ယောင်ယွင်ဟွေ့အကြောင်းတို့အား ပြောပြနေလိုက်သည်။

“ဒါပေမဲ့ ငါတို့ဓားကိုင်ရုံးတော်က တရားရေးရုံးတော်ကို မကြောက်ပါဘူး။ စီမံရေးမှူးစီမာကလည်း ဘက်လိုက်တတ်သူမျိုးမဟုတ်ပါဘူး။ ဒီအတွက်တော့ မင်းစိတ်ပူနေစရာမလိုပါဘူး။ ပြီးတော့…အမှန်ပြောရရင် ယောင်အိမ်တော်ကို ဘယ်သူမှ မကြိုက်ကြပါဘူး။”

ချန်ထင်းဟောင်က ဝိုင်အရက်ခွက်အား လက်လှမ်းလိုက်စဉ် တာအိုလက်တွဲဖော်က သူ့ထံလှမ်းကြည့်လိုက်သည်။ ချန်ထင်းဟောင် အိုးတိုးအမ်းတမ်းဖြစ်သွားပြီး သောက်ချင်သော်လည်း မသောက်ရဲ ဖြစ်သွားရသည်။ ထို့ကြောင့် ချောင်းဟန့်ကာ ရွှီချင်းအား ဆက်ပြောလိုက်၏။

“ငါတို့ဓားကိုင်ရုံးတော်နဲ့ ယောင်အိမ်တော်ရဲ့ လမ်းစဉ်တို့က ကိုက်ညီမှုမရှိဘူး။”

“ဒေသထဲက သန့်စင်ရေလှိုင်းမျိုးနွယ်နဲ့ လူမဟုတ်မျိုးနွယ်ကြီးနှစ်ခုကို ဟန့်တားကာကွယ်မှုမှာ ငါတို့ဓားကိုင်ရုံးတော်က ခြောက်လှန့်မှုကို အသားပေးပြီး တိုက်ခိုက်ဖို့ကို ဝန်မလေးဘူး။ ရုံးတော်သခင်က ဖုန်းဟိုင်ဒေသကို သန့်စင်ရှင်းလင်းပြီး သန့်စင်ဒီမွန်မျိုးနွယ်နဲ့ ကျွမ်းရှင်းမျိုးနွယ်တို့ကို ဖိနှိပ်ဖို့ အကြိမ်ကြိမ်အကြံပြုခဲ့တယ်။”

“ယောင်မိသားစုကတော့ ဒီကိစ္စကို အပြင်းအထန်ကန့်ကွက်တယ်။ သူတို့က သတ်ဖြတ်ခြင်းက ပြဿနာကို ပြေလည်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်ပြီး လူမဟုတ်မျိုးနွယ်တွေနဲ့ ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ လှုံ့ဆော်ကြတယ်။ ဒါကြောင့် ဒေသတစ်ခုလုံးမှာ ယောင်မိသားစုက သန့်စင်ဒီမွန်းမျိုးနွယ်နဲ့ ကျွမ်ရှင်းမျိုးနွယ်တို့နဲ့ ဆက်ဆံမှုအများဆုံးရှိကြတယ်။ အဖွဲ့ချင်းလက်ထပ်ထိမ်းမြားမှုတွေတောင် ရှိနေခဲ့ကြတယ်။ သူတို့က သန့်စင်ရေလှိုင်းမျိုးနွယ်ကိုလည်း အကြိမ်ကြိမ်သွားရောက်တွေ့ဆုံပြီး ကျွန်တွေလို သွားဖားရားနေကြသေးတယ်။”

ချန်ထင်းဟောင်မျက်နှာတွင် အထင်သေးရွံ့မုန်းမှုတို့ ပါလာသည်။

“ကောင်းကင်တမန်အမတ်ကြီးသာသိရင် အခေါင်းထဲက ထွက်လာပြီး ဒီကျောရိုးမဲ့မျိုးဆက်တွေကို မသေမချင်းပါးရိုက်မလားမသိဘူး။”

ထိုနေရာတွင်တော့ ချန်ထင်းဟောင်က မအောင့်နိုင်တော့ဘဲ ဝိုင်အရက်အိုးကို ယူကာ အားရပါးရသောက်လိုက်၏။

သူ့တာအိုလက်တွဲဖော်ကတော့ ထိုမြင်ကွင်းတွင် လက်မှိုင်ချကာ ခေါင်းခါနေ၏။ သို့သော် သူမ၏ မျက်လုံးထဲတွင်တော့ သိမ်မွေ့ချစ်ခင်မှုတို့ ထင်ရှားစွာ ရှိနေသည်။

ကြိုဆိုပွဲမှာ မကြာခင်ပြီးဆုံးသွား၏။ ရွှီချင်းနှင့် ခေါင်းဆောင်တို့က တခြားလူတို့အား ပို့ဆောင်နှုတ်ဆက်လိုက်ကြပြီး ခြံဝင်းထဲသို့လျှောက်လာခဲ့ကြသည်။

သူတို့နှစ်ဦး၏ ခြေထောက်အောက်က မြေပြင်တွင် တောက်ပသော လရောင်တို့ ဖြာကျလျက်ရှိသည်။ လေပြင်းတစ်ချက်သည် ရွှီချင်းနှင့်ခေါင်းဆောင်တို့၏ ဆံပင်များအား ပင့်မသွားကာ သူတို့ ခန္ဓာကိုယ်မှ အရက်နံ့တို့ကိုလည်း အရပ်မျက်နှာမျိုးစုံသို့ ပြန့်လွင့်သယ်ဆောင်သွားသည်။

“ချင်းလေး ငါတို့ ဒေသမြို့တော်ကို တကယ်ရောက်လာပြီ။”

ခေါင်းဆောင်က ပျော်ရွှင်ကျေနပ်စွာ ပြုံးလျက်ပြောလိုက်သည်။ ထို့နောက် ပန်းသီးတစ်လုံးထုတ်ကာ ကိုက်လိုက်သည်။

ရွှီချင်းက ခေါင်းမော့လိုက်ပြီး ရှေးဘုရင်ရွှမ်ယုံ၏ ရုပ်တုကြီးကိုကြည့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်လိုက်သည်။

“ငါအဲဒီအချိန်တုန်းက ပြောခဲ့တာကို မင်းမှတ်မိသေးလား။ ငါတို့ ဒီဘဝမှာ အတူတူလျှောက်သွားကြမယ်လို့။”

“ဒေသမြို့တော်က ငါတို့ခရီးဆုံးမဟုတ်သေးဘူး။ ခရီးအစပဲရှိသေးတယ်။”

“အခု ငါတို့က ဓားကိုင်နန်းတော်ထဲမှာ ခြေကုတ်အရင်ယူထားကြဖို့ပဲ လိုတော့တယ်။ ညီလေး ငါ ဒီနေရာမှာ ပတ်ဝန်းကျင်နဲ့ အသားကျအောင် လုပ်ပြီးရင် မင်းနဲ့အတူ ကိစ္စကြီးတွေလုပ်ကြတာပေါ့။”

“ငါတို့က ဖုန်းဟိုင်ဒေသမှာလိုပဲ လေနဲ့တိမ်တွေလှုပ်ခတ်ပစ်ကြမယ်။ ငါတို့ကြောင့် သန့်စင်ရေလှိုင်းဒေသတစ်ခုလုံး နာမည်ပြောင်းပစ်စေရမယ်။”

ရွှီချင်းက အလိုလိုထိတ်လန့်မိသွားပြီး ယခင်ဖြစ်နေကျပုံစံမှ ကွဲထွက်နေသော ခေါင်းဆောင်အား ကြည့်လိုက်၏။

“ငါတို့ပေါင်းလိုက်ရင် ပေတစ်သိန်းကျော်အလင်းရှိကြောင်းကိုလည်း အားလုံးသိအောင် ပြရဦးမယ်။”

“ငါတို့က တစ်ဦးအတွက်တစ်ဦး အစွမ်းကုန်လုပ်ဆောင်ပေးကြတဲ့ ညီအစ်ကိုကောင်းတွေဆိုတာ အားလုံးသိအောင်ပြကြရမယ်။”

ခေါင်းဆောင်က ထိုသို့ပြောရင်း ရွှီချင်းအား ကြည့်လိုက်သည်။

ရွှီချင်းက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

“ဒါကြောင့် နောက်လဝက်မှာလာမယ့် သတင်းပို့ခြင်းက အထူးအရေးကြီးတယ်။ ဒီကိစ္စက ငါတို့တာဝန်နေရာရွေးမှုချယ်မှုနဲ့ သက်ဆိုင်နေတယ်။ မတူတဲ့ဌာနတွေမှာ မတူတဲ့တာဝန်နဲ့ စစ်ရေးအကျိုးပြုမှတ်တွေ ရှိကြတယ်။ ငါတို့က သန့်စင်ရေလှိုင်းဒေသကို ပြောင်းလဲနိုင်မလားဆိုတာနဲ့ လူသားမျိုးနွယ်ကို မြှင့်တင်နိုင်မလားဆိုတာက ငါတို့ရဲ့ စမှတ်အပေါ် မူတည်နေတယ်။”

ခေါင်းဆောင်က ဆက်ပြောလိုက်သည်။ သူ့စကားလုံးတို့သည် လွန်စွာကြီးမားချဲ့ကားနေပြီး ထိုတာဝန်နေရာသည် လူသားမျိုးနွယ်၏ ကံကြမ္မာကိုပင် အဆုံးအဖြတ်ပေးတော့မည်အတိုင်းပင်။

“ပြီးတော့ရော။”

ရွှီချင်းက တည်ငြိမ်စွာမေးလိုက်သည်။ ဓားကိုင်လက်သစ်များ၏ သတင်းပို့ချိန်သည် နောက်လဝက်အတွင်းဖြစ်ကြောင်း ချန်ထင်းဟောင်ထံမှ သူ ကြားသိထားပြီး ဖြစ်သည်။

“ဒါဆို ငါတို့လုပ်စရာရှိတယ်။ ညီလေး ငါတို့ငွေသုံးမှ ရမယ်။ ပြီးတော့ ငါတို့နောက်ပိုင်းကျရင် ကိစ္စကြီးတွေလုပ်တဲ့အချိန်မှာ သတင်းတွေဝယ်ဖို့ ငွေသုံးရဦးမယ်။ ဒီတော့….ဟိုမိစ္ဆာမကြီးပေးမယ့်လျော်ကြေးတွေကို တဝက်စီခွဲယူကြရင် မကောင်းဘူးလား။”

“ဒါပဲလား။”

ရွှီချင်း အံ့သြသွားသည်။ သူက ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်နေသလားဟု တွေးထင်မိနေသေးသည်။

“ကိစ္စမရှိဘူး။”

ရွှီချင်းက ချက်ချင်းသဘောတူကာ အရေးမကြီးဟန်ပြုမူနေသည်ကို မြင်လျှင် ခေါင်းဆောင်ချက်ချင်း သတိစိတ်များလာသည်။

ရွှီချင်း၏အခြေအနေက သူ့ထက်အနည်းငယ်ပိုကောင်းနေသည်ဟု သူခံစားမိနေသည်။ ထို့ကြောင့်သူက နိုးကြားလာပြီး အာရုံစိုက်ရန်နှင့် အမြင်ကျယ်ရမည်ဟု သုံးသပ်လိုက်၏။

သူက လက်ယမ်းလိုက်သည်။

“ညီလေး မင်း ငါ့ကို ပေးရမယ့် ရှစ်သန်းထဲကနေ တစ်ဆယ်ရာနှုန်းလျှော့ပေးလိုက်မယ်။”

ရွှီချင်းကတော့ လစ်လျူရှုကာ သူ့ကိုယ်ပိုင်အခန်းသို့ ပြန်လာလိုက်သည်။

ခေါင်းဆောင်က ဝမ်းသာအားရ ရယ်လိုက်ပြီး ရွှီချင်းအား နှုတ်ဆက်ကာ သူ့အခန်းသို့ ပြန်သွားလိုက်သည်။ သူနေထိုင်သောနေရာသည် သူကိုယ်တိုင် အထူးရွေးချယ်ထားသောနေရာဖြစ်သည်။ ထိုနေရာအား ကျောက်တုံးကျောက်ဆောင်များ၊ သစ်ပင်များဖြင့် ဖုံးလွှမ်းနေသဖြင့် သူ့အခန်းထဲသို့ နေရောင်တိုက်ရိုက်ကျနိုင်ခြင်းပင်မရှိပေ။

နေလုံးကပင် ကြည့်မရနိုင်သည့်နေရာသည် သူ့ဓားကိုင်အဆင့်နှင့် ပို၍သင့်တော်သည်ဟု ခေါင်းဆောင် ခံစားရသည်။

ရွှီချင်းကတော့ ထိုကိစ္စတို့အား အာရုံမစိုက်ပေ။ သူက ပြန်လာသည်နှင့် ပတ်ဝန်းကျင်တွင် အတားအဆီးများ ပြင်ဆင်သည်။ ထို့နောက်တွင်မှ အခန်းတွင်းသို့ဝင်ကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး ဒေသမြို့တော်သို့ ရောက်ရှိလာပြီး ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်စဉ်းစားကြည့်လိုက်သည်။

ထို့နောက်တွင် သူက ဝါးပေလွှာကို ထုတ်ယူလိုက်ပြီး ၎င်းအပေါ်တွင် ကျန်းစစ်ယွင်နာမည်၏ဘေး၌ ယောင်ယွင်ဟွေ့၏ နာမည်ကို ထပ်မံရေးထွင်းလိုက်သည်။

ယောင်ယွင်ဟွေ့၏ ကိစ္စသည် ကြားဖြတ်ပြဿနာငယ်သာဖြစ်သည်။

၎င်းနာမည်အား ထွင်းပြီးနောက် ထိုသားအမိအား လျို့ဝှက်သတ်ဖြတ်ရန်အတွက် အခွင့်အရေးရှာရန် တွေးလိုက်၏။

“ဝတ်စုံမိန်းမပျိုနဲ့ နင်ယန်လည်း ကျန်သေးတယ်။”

ရွှီချင်းက ဝါးပေလွှာကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ဖျက်မထုတ်ရသေးတဲ့နာမည်တွေ အများကြီး ရှိနေတာပဲ။”

ခြစ်ဖျက်ခြင်းမပြုရသေးသည့်နာမည်များကို ကြည့်ကာ ရွှီချင်း စိတ်များ လေးလံလာသည်။ ထို့ကြောင့် သူက ခေါင်းမော့လိုက်ပြီး အပြင်ဘက်ရှိ အမှောင်ညကို ခဏတာကြည့်ကာ စဉ်းစားနေ၏။

“ငါ့ကျင့်ကြံဆင့်ကို အမြန်ဆုံးမြှင့်ပြီး သူတို့ကို တစ်ယောက်ချင်း ရှင်းပစ်ရမယ်။”

ရွှီချင်းက မျက်လုံးများမှိတ်လိုက်ပြီး ကျင့်ကြံလိုက်၏။

အချိန်တို့ ကုန်လွန်လာသည်။ လေးရက်ကြာသော တရားရေးရုံးတော်မှ ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများ၊ ဓမ္မရတနာသုံးစ၊ အစီအရင်များနှင့် ဓမ္မအသုံးအဆောင်တို့ကို ပို့ဆောင်လာသည်။ ဤသို့ဖြင့် ထိုပြဿနာလည်း အဆုံးသတ်သွား၏။

သူက ထိုပစ္စည်းများထဲက တချို့ကို ပဥ္စမသခင်ကြီးနှင့် နတ်မိမယ်ကျစ်ရွှမ်တို့ထံသို့ပင် ပို့ပေးလိုက်သေးသည်။

ကောင်းကင်နန်းတော်ဆေးလုံးတို့အပါအဝင် ကျန်ပစ္စည်းတို့ကိုတော့ သူ သိမ်းယူလိုက်သည်။

ထိုဆေးလုံးများက အစွမ်းထက်လှသည်။ ထိုဆေးသုံးလုံးကို သောက်ပြီးနောက်တွင် သူ့ကိုယ်ထဲရှိ စတုတ္ထနန်းတော်သည် ပို၍ စုစည်းဖြစ်တည်လာ၏။

သူ့ကိုယ်ထဲတွင် တဝုန်းဝုန်းအသံတို့ ပဲ့တင်နေပြီး ရွှီချင်းက သိစိတ်နယ်ပယ်ထဲတွင် အရောင်လင်းလက်နေသည့် စတုတ္ထနန်းတော်ကို ကြည့်လိုက်သည်။ သူက အတော်လေး ကြေနပ်အားရနေ၏။

“မိုဆာဆောအနှစ်သာရဖြစ်မလား ဒါမှမဟုတ်..ခရမ်းရောင်လဖြစ်မလား။”

ရွှီချင်း ကြာရှည်မစဉ်းစားလိုက်ရပဲ သူ့မျက်လုံးတို့တွင် ဆုံးဖြတ်လိုက်သည့် အရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။

“မိုဆာဆောအနှစ်သာရကတော့ ပြန်သွားလိုက်ဦး။”

ရွှီချင်းက ထိုသို့စဉ်းစားလိုက်ပြီး ခရမ်းရောင်လကို သိစိတ်နယ်ပယ်ထဲတွင် အစွမ်းကုန်တွန်းပို့လိုက်ပြီး စတုတ္ထကောင်းကင်နန်းတော်ထဲသို့ တဖြည်းဖြည်းပေါင်းစည်းသွားစေလိုက်သည်။ နောက်ဆုံးတွင် ၎င်းသည် နန်းတော်အတွင်းဘက်တွင် ငြိမ်သက်စွာအခြေတည်သွံားသည်။

နောက်တစ်ခဏတွင် သူစိတ်ထဲ၌ နှိုင်းယှဉ်မရအောင် တင်းကြပ်သော ဆက်သွယ်ချက်တစ်ခု ပေါ်လာသည်။

ထိုအချိန်မတိုင်ခင်ကတည်းက သူသည် ခရမ်း‌ရောင်လကို ထိန်းချုပ်ထားနိုင်ပြီး ဖြစ်သည်။ သို့ရာတွင် ခရမ်းရောင်လ၏ စွမ်းအားတို့က ကြီးမားကျယ်ပြန့်လွန်းသဖြင့် အသုံးပြုနိုင်ရန် ခက်ခဲနေသည်။ ကလေးငယ်တစ်ဦးက လှည်းကိုတွန်းနေသည့်အလားပင်။

သို့ရာတွင် စတုတ္ထနန်းတော်နှင့် ဆက်သွယ်နိုင်ပြီးနောက်တွင် ထိုထိန်းချုပ်မှုမှာ ပို၍ လွယ်ကူလာ၏။

ရွှီချင်းက ချက်ချင်းကြိုးစားကြည့်ခြင်းတော့ မပြုသေးပေ။ ထိုအစားက သူက မျက်လုံးများမှိတ်လိုက်ပြီး ၎င်းအား အားအင်များ ဖြည့်ပေးနေလိုက်သည်။ နောက်ဆယ်ရက်ကြာပြီးနောက် သူ၏စတုတ္ထနန်းတော်အခြေတည်သွားချိန်တွင်မှ မျက်လုံးများပြန်ဖွင့်လိုက်၏။

သူ့မျက်လုံးတို့ဖွင့်လာသည်နှင့် ၎င်းတို့ထံမှ ပြင်းထန်သော ခရမ်းရောင်အလင်းများထွန်းလင်းလာပြီး ဝန်းကျင်ရှိအရာအားလုံးအား ခရမ်းရောင်ပင်လယ်အတွင်းကျရောက်သကဲ့သို့ ဖြစ်စေ၏။

စတုတ္ထနန်းတော်သည်လည်း ခရမ်းရောင်အလင်းတို့ဖြင့် တောက်ပလာ၏။

နန်းတော်အတွင်းတွင် အဆက်မပြတ်လှုပ်ခတ်နေသည် ခရမ်းရောင်လကို ကြည့်လိုက်ပြီး ၎င်းအား အပြည့်အဝထုတ်သုံးနိုင်လျှင် သူ့ကိုယ်ပိုင်ဖြစ်သော နတ်ဘုရားအရှိန်အဝါတို့က တကိုယ်လုံးအပြည့် ချက်ချင်းဖြစ်သွားမည်ဟု ခံစားမိနေသည်။

တစ်နည်းဆိုရလျှင် ဓာတ်နှောများဟု ဆိုနိုင်သည်။

ထိုဓာတ်နှောတို့က ကျင့်ကြံသူအားလုံးအား ကျူးကျော်ကူးစက်နိုင်ပြီး ထိခိုက်နိုင်စွမ်း ရှိပေသည်။

တားမြစ်အဆိပ်ဆေး၏ အားဖြည့်မှုတို့ကို ဖြည့်စွက်လိုက်လျှင်တော့ မူလရင်းမြစ်က ပို၌အစွမ်းကြီးပေဦးမည်။ သိပ်သည်းဆများတိုးမြင့်လာပြီး အရာအားလုံးကို ကျူးကျော်ကူးစက်နှုန်းကလည်း အံ့မခန်းဖြစ်လာတော့မည်။

“ငါ အခုကျင့်ကြံလိုက်တာက တာအိုလား၊ နတ်ဘုရားလား။…”

ရွှီချင်းက တတိယနှင့် စတုတ္ထနန်းတော်တို့ကို ကြည့်လိုက်ပြီး ဆက်လက်‌ရွှေ့ဆိုင်းခံနေရသည့် မိုဆာဆောအနှစ်သာရကို ကြည့်လိုက်သည်။

“လက်ရှိ ငါ့မှာ အင်ပါယာကျင့်စဉ်ပညာကိုပါ ပေါင်းလိုက်ရင် နန်းတော်ငါးခုတိုက်ခိုက်ရေးအင်အားရှိနှင့်နေပြီပဲ။”

“အရိပ်လေးနဲ့ ပေါင်းစည်းလိုက်ပြီးရင် နန်းတော်ခြောက်ခုစာ ခန္ဓာကိုယ်သန်မာမှုခွန်အားကို ထုတ်နိုင်ပြီ။”

“တားမြစ်အဆိပ်နဲ့ ခရမ်းရောင်လကိုပါ ထည့်ပေါင်းလိုက်ရင် နန်းတော်ခုနစ်ခုနဲ့ပါ ယှဉ်တိုက်နိုင်ပြီ။ ပြီးတော့ နိုင်ဖို့ သေချာနေသေးတယ်။”

ရွှီချင်း၏ မျက်လုံးများထဲတွင် စူးရှသော အလင်းတို့ ထင်ဟပ်လာသည်။ သူ့လက်ရှိ တိုက်ခိုက်ရေးအင်အားတို့သည် ရွှေအမြုတေအဆင့်များထဲတွင် အထွတ်အထိပ်ဆုံးသို့ ရောက်ရှိနှင့်နေပြီ ဖြစ်သည်။

“ဘာကိုပဲကျင့်ကျင့် အရေးကြီးဆုံးကတော့ တိုက်ခိုက်ရေးအင်အားကို တိုးမြှင့်နိုင်ဖို့ပဲ။”

ရွှီချင်း ရေရွတ်လိုက်သည်။ သူက အချိန်ကို တွက်ကြည့်လိုက်ရာ တာဝန်သတင်းပို့ရန်အတွက် အချိန်တစ်ညသာ ကျန်တော့ကြောင်း တွေ့ရှိလိုက်၏။

မနက်ဖြန်မနက်သည် သတင်းပို့ရမည့်နေ့ဖြစ်ပေသည်။

“သတင်းပို့ပြီးရင် ဘယ်ကို တာဝန်ချခံရမလဲမသိဘူး။”

ရွှီချင်းက ကျောက်ရှာတောင်ကို ပြန်လည်သတိရလိုက်ပြီး ကျောက်ရှာတောင်သို့သွားရန် စစ်ရေးအကျိုးပြုမှတ်တို့ လိုကြောင်း ချန်ထင်းဟောင်ပြောခဲ့သည်ကို ပြန်အမှတ်ရလိုက်သည်။

“စစ်ရေးအကျိုးပြုမှတ်တွေ။”

ရွှီချင်း၏ မျက်လုံးများ စူးရှလင်းလက်သွားသည်။ အချိန်အတန်ကြာပြီးနောက်တွင် သူက မျက်လုံးများ ပြန်မှိတ်လိုက်ပြီး စူးရှမှုတို့ကို ပြန်ဖုံးကွယ်လျက် အချိန်ကုန်လွန်သည်ကို စောင့်နေလိုက်၏။

ထိုတစ်ည ကုန်ဆုံးသွား၏။

နောက်တစ်နေ့ နေထွက်လာချိန်တွင် ရွှီချင်းက ထရပ်လိုက်ပြီး အဖြူရောင်ဓားကိုင်တာအိုဝတ်ရုံကိုနှင့် ဝတ်ရုံရှည်စတစ်ခု ဝတ်လိုက်သည်။

ထို့နောက် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး တံခါးကိုဖွင့်လိုက်၏။

အပြင်ဘက်မှ နေရောင်တို့သည် ဖြာကျလာပြီး ရွှီချင်း၏ ခန္ဓာကိုယ်အား အလင်းထဲသို့ ပေါင်းစည်းလိုက်သည့်ပမာ ပတ်ပတ်လည်သို့ အလင်းများကျရောက်သွားသည်။ သူ့ဆံပင်များထဲသို့ ဖြတ်သန်းသွားသည့်အလင်းတို့သည် ရောင်စုံလင်းလက်နေသည့်ပမာရှိ၏။

အဝေးမှကြည့်လျှင် သူ့ကိုယ်တွင် တောက်ပသော မီးတောက်တစ်ခု လောင်ကျွမ်းနေသည့်ပမာပင်။

ဖြတ်သန်းသွားသော တပည့်များက သူ့ထံသို့ လှမ်းလှမ်းကြည့်ကြသည်။

နတ်မိမယ်ကျစ်ရွှမ်က သူမ နေထိုင်သော အ‌ဆောင်ဒုတိယအထပ်မှ ရပ်ကာ ရွှီချင်းထံသို့ ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တို့ ထင်ဟပ်သွားရသည်။

ဂိုဏ်းခွဲ၏ အခြားသော ခြံဝင်းတစ်နေရာ၊ ရွှီချင်း၏နေရာမှ မလှမ်းမကမ်းတွင်…။ ကျောက်တုံးကျောက်ဆောင်များနှင့် သစ်ပင်တို့က နေရောင်ကို ဖုံးကာထားသည့်နေရာတွင် ခေါင်းဆောင်က တံခါးကို ဖွင့်လိုက်သည်။

သူက အကြောဆန့်လိုက်ပြီး ထွက်လျှောက်ရန်ပြင်လိုက်စဉ် အလင်းထဲတွင်ရှိနေသည့် ရွှီချင်းအား မြင်မိပြီး မှင်တက်မိသွား၏။

“မင်းက ဒီလိုလုပ်နိုင်တာလား။”

ခေါင်းဆောင်က ပြန်လည့်လိုက်ပြီး သူ့အိမ်နေရာကိုကြည့်လိုက်ပြီး ရွှီချင်းထံ ပြန်ကြည့်လိုက်သည်။ သူအိမ်ခန်းသည် ဓားကိုင်ဖြစ်သော သူ့အဆင့်နှင့် မကိုက်ညီတော့ဟု ရုတ်တရက်ထင်မြင်မိလာသည်။

All Chapters