← Chapters

မျိုးဆက်သစ်၏ အစွမ်းထက်ဆုံးတိုက်ခိုက်ရေးအင်အား

Vol. 34 Ch. 510

မျိုးဆက်သစ်၏ အစွမ်းထက်ဆုံးတိုက်ခိုက်ရေးအင်အား

Vol. 34 Ch. 510

ဒေသငယ်မြို့တော်၏ နံနက်ခင်းသည် နေရောင်တို့ အသာအယာဖြာကျလျက် ရှိသည်။ ချီယွဲ့ထုံနှင့် ကွာခြားသွားသည်ကတော့ ဤနေရာမှ လူများသည် ပိုမိုပြုံးရွှင်ကြသည်။

ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်နှင့်လည်း ကွဲပြားခြားနားသည်။ ဒေသငယ်မြို့တော်တွင် ဓာတ်နှောများ ပိုမိုနည်းပါးသည်။ ထို့အပြင် တားမြစ်ပင်လယ်မှ ထုတ်လွှတ်သော စိုထိုင်းမှု၊ အေးစက်မှုနှင့် ငါးညှီနံများလည်း ကင်းမဲ့သည်။

ဝတ်စားဆင်ယင်ပုံများမှာလည်း ကွဲပြားခြားနားကြသည်။

အလုပ်လုပ်ရန်စောစီးစွာ နိုးထလာကြသည့် သာမန်လူများ ဖြစ်စေ၊ ဆိုင်ရှင်များ ဖြစ်စေ အဝတ်အစားတို့မှာ ပိုမိုကောင်းမွန်ကြသည်။

အဓိအားဖြင့် အရောင်အသွေးများ စုံလင်ခြင်း ဖြစ်သည်။

နန်ဟွမ်ဒေသကြီး၏ မြို့များတွင် သာမန်သေမျိုးတို့၏ ဝတ်စုံများသည် တစ်ရောင်တည်းသာ ရှိတတ်ကြသည်။ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်တွင်လည်း ကွာခြားခြင်းများ သိပ်မရှိပေ။ ဤဒေသငယ်မြို့တော်တွင်တော့ အားလုံးက လန်းဆန်းတက်ကြွသည့် ရောင်စုံဝတ်စုံတို့ကို ဝတ်ဆင်တတ်ကြ၏။

သတင်းပို့ရန် အချိန်စောနေသေးသဖြင့် ရွှီချင်းနှင့် ခေါင်းဆောင်တို့က ပျံသန်းခြင်းမပြုရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုအစား အေးဆေးသော ခြေလှမ်းများဖြင့် လမ်းလျှောက်သွားလိုက်ကြသည်။

ရွှီချင်းသည် လဝက်ကြာ တံခါးပိတ်ကျင့်ကြံနေပြီး အပြင်သို့ သိပ်မထွက်ဖြစ်ပေ။ သူက ဤအခွင့်အရေးကိုအသုံးချကာ ပတ်ဝန်းကျင်နှင့် နေသားကျရင်းနှီးရန် တွေးထားသည်။

သူက တဖြည်းဖြည်းစည်ကားလာနေသည့် လမ်းမရှည်ကို ကြည့်လိုက်သည်။ အချိန်အတန်ကြာလျှင် ကောင်းကင်သို့ မော့ကြည့်လိုက်ပြန်သည်။

ထိုအချိန်တွင် ဓားကိုင်များစွာတို့သည် ဓားကိုင်ရုံးတော်သို့ ဦးတည်သွားနေကြ၏။ သူတို့၏ ဝတ်စုံများသည် ဆင်တူဝတ်စုံများ ဖြစ်ကြသဖြင့် လူသစ်လူဟောင်း ခွဲခြားရန်တော့ ခက်ခဲသည်။ သို့ရာတွင် သူတို့ တစ်ဦးချင်းစီမှ ထုတ်လွှတ်သော စွမ်းအင်အငွေ့အသက်များအရ သိသာထင်ရှားသော ထူးခြားမှုများ ရှိကြသည်။

ရွှီချင်းက အံ့သြမိခြင်း မရှိပါ။ ဤကား ဒေသငယ်မြို့တော် ဖြစ်သည်။ မျိုးစုံသော ပြည်နယ်တို့က ပါရမီရှင်တို့သည် ဤနေရာတွင် စုမိကြရာ အစွမ်းထက်သူများစွာ ရှိနေသည်မှာ ဓမ္မတာ ဖြစ်ပေသည်။

“ကြီးကျယ်တဲ့ခေတ်ကြီးတစ်ခု ကျရောက်လာပြီဖြစ်လို့ ကောင်းကင်လက်ရွေးစင်တွေလည်း ခဏတိုင်းထွက်လာနေပြီလို့ ဆရာကပြောဖူးတယ်။ ဒီတစ်ကြိမ်ပြည်နယ်တိုင်းက ဓားကိုင်လက်သစ်အရေအတွက်က ခါတိုင်းနဲ့ မတူအောင် များလာနေတယ်။”

ခေါင်းဆောင်သည် ရွှီချင်းဘေးတွင် ပန်းသီးစားရင်း ကောင်းကင်သို့ မော့ကြည့်သည်။

“ဒါပေမဲ့ ချင်းလေး မင်းက ဒီနေရာနဲ့ စိမ်းသက်နေမှာကို ပူစရာမလိုဘူး။ မင်းရဲ့အစ်ကိုကြီးဖြစ်တဲ့ ငါက အသေအချာ ပြင်ဆင်ထားတယ်။ ဒီအချိန်ပိုင်းအတွင်းမှာ ငါက ငွေတွေသုံးပြီး သတင်းတွေဝယ်ယူထားပြီးပြီ။ ပြည်နယ်မျိုးစုံက ကောင်းကင်လက်ရွေးစင်လက်သစ်တွေအကြောင်းကို ငါ့လက်ဖမိုးအတိုင်း သိနေပြီ။ ဂိုဏ်းသုံးဂိုဏ်း၊ မိသားစုတစ်ခုနဲ့ လူမဟုတ်မျိုးနွယ်ကြီးနှစ်ခု အကြောင်းကိုတောင် တော်တော်လေး သိထားပြီးပြီ။”

ခေါင်းဆောင်၏ အမူအရာသည် ကျေနပ်အားရနေပြီး သူ့ဝိညာဉ်ကျောက်တုံးတို့အား သတင်းအကြောင်းရာကောင်းများဝယ်ရန် သုံးခဲ့သည့်ဟန် ရှိသည်။

ရွှီချင်း ခေါင်းညိတ်လိုက်သည်။ သူက နေရာသစ်တွင် ပတ်ဝန်းကျင်မှ ရှုခင်းတို့အား ကြည့်ရသည်ကို နှစ်သက်သလို ခေါင်း‌ဆောင်ကလည်း နေရာသစ်တွင် သတင်းများစုဆောင်းရသည်ကို နှစ်သက်လေသည်။

“ဓားကိုင်ရုံးတော်က တာဝန်နေရာတွေမ‌ရောင်းတာဆိုးတာပဲ။”

တာဝန်နေရာတို့အကြောင်းကို ပြန်တွေးလိုက်ချိန်တွင် ခေါင်းဆောင်က နှမြောတသဖြစ်စွာ သက်ပြင်းချလိုက်သည်။

ရွှီချင်းက ခေါင်းဆောင်အား တစ်ချက်ကြည့်လိုက်ပြီး နှုတ်ဆိတ်၍သာ နေလိုက်သည်။

ခေါင်းဆောင်က စိတ်ဖိစီးဟန်ဖြင့် ပန်းသီးကို အားပါးတရကိုက်လိုက်သည်။

“ဒီဓားကိုင်ရုံးတော်က နေရာတိုင်းမှာ ကောင်းနေပေမဲ့၊ ဒါကတော့ နည်းနည်းလက်တွေ့မဆန်ဘူး။”

သူသည် ဆယ်ပေအလင်းသာရသဖြင့် ခေါင်းဆောင်သည် တာဝန်နေရာကောင်းရနိုင်ရန် ယုံကြည်ချက် ကင်းမဲ့နေသည်။

ရွှီချင်းကျင့်ကြံနေသည့် အချိန်ပိုင်းအတွင်း၌ သူသည် ချန်ထင်းဟောင်ထံသို့ ကြိမ်ဖန်များစွာသွားရှာပြီး ထိုကိစ္စနှင့်ပတ်သက်၍ လျို့ဝှက်နည်းလမ်းများရှိမည်လား ရှာဖွေသည်။ သူက တာဝန်နေရာကောင်းရရန်အတွက် သူ့အား လက်ဆောင်များပင် ပေးရန် ကြံရွယ်ထားသေးသည်။

သို့ရာတွင် မေးမြန်းကြည့်လိုက်ပြီးနောက်တွင်တော့ ထိုသို့သော အရာမျိုးက မဖြစ်နိုင်ကြောင်း သိလိုက်ရတော့သည်။ ဓားကိုင်ရုံးတော်က အခြားသောနေရာများနှင့် မတူပေ။ ၎င်းက ထိုနေရာတွင် လွန်စွာတင်းကြပ်ထားပေသည်။ တာဝန်နေရာအားလုံးကို အထက်ပိုင်းအကြီးအကဲများက ခန့်အပ်ခြင်းဖြစ်ပြီး အကဲဖြတ်ခြင်းများလည်း ရှိနေသေးသည်။

ခေါင်းဆောင်စိတ်ဖိစီးနေသည်ကို တွေ့သဖြင့် ရွှီချင်းက တစ်ခုခုပြောရန် ကြံရွယ်လိုက်သည်။ သို့ရာတွင် ထိုအချိန်၌ သူက ဖျပ်ခနဲ အဝေးသို့ကြည့်လိုက်ပြီး သူ့အမူအရာတို့ အနည်းငယ်ပြောင်းလဲသွားလေသည်။

ခေါင်းဆောင်လည်း လှမ်းကြည့်လိုက်လေသည်။

ကောင်းကင်တွင် ထူးခြားသော ကျင့်ကြံသူတစ်စု ပျံသန်းလာသည်။

သူတို့၏ ဝတ်စုံများမှာ လူသားမျိုးနွယ်နှင့် ကွဲပြားခြားနားသည်။ ၎င်းတို့မှာ တာအိုဝတ်စုံများ ဖြစ်ကြသော်လည်း လျော့ရဲပွယောင်းမှုမရှိဘဲ ကိုယ်ကျပ်များ ဖြစ်ကြသည်။

ထို့အပြင် ဝတ်စုံအပေါ်ပိုင်းအား ရွှေချည်များဖြင့် ယက်လုပ်ထားပြီး အောက်ပိုင်းကိုတော့ ငွေချည်တို့ဖြင့် ဖုံးအုပ်ထားသည်။

ထိုဝတ်စုံအသွင်အပြင်များမှာ အနည်းငယ် ထူးဆန်းကြသည်။ ထိုလူများ ထုတ်လွှတ်နေသည့် စွမ်းအားလှိုင်းမှာလည်း ပြင်းထန်ပြီး ပုံပန်းသွင်ပြင်တို့မှာလည်း ထူးခြားကြသည်။

သူတို့ထဲတွင် အမျိုးသားနှင့် အမျိုးသမီးများ ရောနှောပါဝင်ကြသော်လည်း သူတို့အားလုံး၏ အသားအရေများမှာ နှင်းကဲ့သို့ ဖြူဖွေးနေကြသည်။ ထို့အပြင် သူတို့၏ မျက်ခုံးနှင့် ဆံပင်တို့မှာလည်း အလားတူ ဖြူဖွေးကြသည်။ မျက်လုံးများသည်ပင် ထိုသို့ ဖြူဖွေးနေပြီး ၎င်းတို့မှ သန့်စင်မွန်မြတ်သော စိတ်ခံစားချက်အား ပေးစွမ်း၏။

နေရောင်သည် သူတို့၏ ရွှေရောင်ငွေရောင်ဝတ်စုံများ အပေါ်သို့ ကျရောက်သောအခါ ၎င်းတို့သည် တဖျပ်ဖျပ်လက်လျက် ဆန်းပြားထည်ဝါမှုနှင့် ဂုဏ်ယူဝင်ကြွားဟန်တချို့ကို ထပ်ပေါင်းထည့်ပေးလိုက်သည်။

“ကျမ်ရှင်းမျိုးနွယ်လား။”

ခေါင်းဆောင်က သိလိုစိတ်များ ဖြစ်ပေါ်လာသည်။ ထိုမျိုးနွယ်ကျင့်ကြံသူများအား ပထမဆုံးအကြိမ်အနေဖြင့် သူ မြင်တွေ့ရခြင်း ဖြစ်သည်။

ရွှီချင်းက သူတို့အား အကဲခတ်ကြည့်လိုက်သည်။

ထိုကျင့်ကြံများသည် လူမဟုတ်သည်ကတော့ အသေအချာ၏။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် ဖြူဖွေးသော မျက်လုံးနှင့် ဆံပင်များရှိနေကြရုံသာမက နောက်ကျောများတွင်လည်း အတောင်ပံများ ပေါက်နေကြ၏။ ထိုပုံပန်းသွင်ပြင်သည် ယခင်က ချန်ထင်းဟောင်ပြောပြဖူးသော ဖုန်းဟိုင်ဒေသထဲက လူမဟုတ်မျိုးနွယ်ကြီးနှစ်ခုထဲက ကျွမ်ရှင်းမျိုးနွယ်နှင့် တစ်ထေရာတည်း တူညီနေသည်။

ရွှီချင်းအား လေးနက်သွားစေရသည်ကတော့ ထိုကျွမ်ရှင်းမျိုးနွယ်ဝင်များထဲတွင် ပါဝင်နေသည့် လွန်စွာထူးခြားသော သဏ္ဌာန်ဖြစ်တည်မှုတစ်ခု ဖြစ်သည်။

၎င်းသည် အနက်ရောင်ချပ်ဝတ်နှင့် လူရိပ်သဏ္ဌာန်တစ်ခုဖြစ်သည်။

ထိုလူတွင်လည်း အတောင်ပံများရှိနေသည့်တိုင် ၎င်းတို့မှာ အနက်ရောင်များ ဖြစ်ကြသည်။ သူ၏ မျက်နှာအား မျက်နှာဖုံးဖြင့် ကာထားသဖြင့် အသေအချာမမြင်နိုင်ပေ။ သူ၏ ပြန့်လွင့်နေသည့် ဆံပင်တို့မှာလည်း အနက်ရောင် ဖြစ်သည်။

သူ့ခန္ဓာကိုယ်က အရှိန်အဝါတို့မှာ အခြားသော ကျွမ်ရှင်းမျိုးနွယ်ဝင်များနှင့် သိသာထင်ရှားစွာ‌ အားကောင်း၏။ ထို့အပြင် သူ့ထံမှ ဓာတ်နှောများလည်း ထုတ်လွှတ်နေသည်။

သူ့မျက်လုံးများကတော့ အသက်များကင်းမဲ့နေကြပြီး ရုပ်သေးရုပ်တစ်ရုပ်အလား ထင်မှတ်ရ၏။

“ဒီအနက်ရောင်နဲ့တစ်ယောက်က ကျွမ်ရှင်းမျိုးနွယ်ရဲ့ အထင်ကရအင်မော်တယ်ရုပ်သေးဖြစ်ပုံပဲ။”

ခေါင်းဆောင်ဝယ်ယူလာသော သတင်းစကားတို့မှာ ထိုနေရာ၌ အသုံးဝင်လာသည်။

“အင်မော်တယ်ရုပ်သေး ဟုတ်လား။”

ရွှီချင်း မေးလိုက်သည်။

“ဟုတ်တယ်။ ဒီကျွမ်ရှင်းမျိုးနွယ်က ရုပ်သေးရုပ်တွေလုပ်တဲ့နေရာမှာ အထူးသဖြင့် အနက်ရောင်အင်မော်တယ်ရုပ်သေးတွေ လုပ်တဲ့နေရာမှာ ထူးချွန်ကြတယ်။ ဒီရုပ်သေးက သူတို့မျိုးနွယ်ရဲ့ တိုက်ပွဲဝင်ထူးခြားရုပ်သေးပဲ။ ဒီရုပ်သေးလုပ်တဲ့နည်းလမ်းကိုတော့ မကြားဖူးသေးပေမဲ့ ဒီရုပ်သေးက တော်တော်အစွမ်းထက်တယ်လို့တော့ ကြားခဲ့ရတယ်။”

ခေါင်းဆောင်က ခပ်တိုးတိုး‌ပြောသည်။

ရွှီချင်းက အတွေးများသွားကာ ဒေသငယ်မြို့တော်၏ အလယ်ဗဟိုနေရာသို့ ဦးတည်သွားနေသော ကျွမ်ရှင်းမျိုးနွယ်ဝင်များအား အဝေးသို့ တဖြည်းဖြည်းပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်တော့သည်။

အင်မော်တယ်ရုပ်သေးထံက ခံစားချက်တို့မှာ မိစ္ဆာတစေထံမှရသည့် ခံစားချက်များနှင့် ဆင်တူသော်လည်း အနည်းငယ်ကွဲပြားသည်။

ရွှီချင်းက အတန်ငယ်လှမ်းနေခဲ့သေးသဖြင့် အသေအချာ သုံးသပ်နိုင်ခြင်းတော့ မရှိပါ။

နှစ်ဦးသား အကြည့်များ လွှဲလိုက်ကြပြီး ရှေ့ကို ဆက်လျှောက်လာကြ၏။ သူတို့က လမ်းတစ်လျှောက်တွင် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရင်း ဂိုဏ်းကြီးသုံးဂိုဏ်းက တပည့်တချို့အား တွေ့မြင်သည်။ သန့်စင်ဒီမွန်မျိုးနွယ်မှ ကျင့်ကြံသူများစွာကိုလည်း တွေ့မြင်ရသည်။

ကျွမ်ရှင်းမျိုးနွယ်ဝင်များသည် ဒေသငယ်မြို့တော်မှ သူတို့၏ ဘိုးဘေးနယ်မြေများတွင် နေထိုင်ရသည်ကို နှစ်သက်ကြပြီး အခြားသောမျိုးနွယ်များနှင့် ပတ်သက်ဆက်ဆံခြင်း သိပ်မရှိပါ။

သန့်စင်ဒီမွန်မျိုးနွယ်ကတော့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းကို နှစ်သက်သဘောကျကြသည်။

ဒေသငယ်မြို့တော်ထဲက ဆိုင်အားလုံး၏ လေးဆယ်ရာနှုန်းသည် သူတို့ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

သန့်စင်ဒီမွန်မျိုးနွယ်ဝင်များ၏ ကိုယ်ခန္ဓာသည် တုတ်ခိုင်ပြီး ပေနှစ်ဆယ်အထိ မြင့်မားကာ ဘီလူးငယ်တစ်ကောင်အလား ထင်မှတ်ရ၏။

သူတို့တွင် သာမန်ရှိနေတတ်သော မျက်နှာတစ်ခုအပြင် ဦးခေါင်းနောက်တွင်လည်း နောက်ထပ်မျက်နှာတစ်ခု ရှိကြသည်။ သူတို့စကားပြောချိန်တွင် မျက်နှာတို့မှာ ခဏခဏ ရှေ့နှင့်နောက် ပြောင်းနေတတ်သည်။ သူတို့နှင့် အကျွမ်းတဝင် မရှိသူများဆိုပါက ထိုသို့သော မြင်ကွင်းကိုကြည့်ကာ စိတ်မသက်မသာ ဖြစ်တတ်ကြသည်။

အထူးသဖြင့် တချို့သောသန့်စင်ဒီမွန်မျိုးနွယ်တို့တွင် ယောက်ျားမျက်နှာတစ်ခု၊ မိန်းမမျက်နှာတစ်ခု ပါရှိနေတတ်သည်။ သူတို့၏ ကိုယ်ခန္ဓာတွင် ထင်ရှားသည့် ဖိုမလိင်ကွဲပြားခြားနားမှုကို ရှာတွေ့ရန် ခက်ခဲ၏။

ရွှီချင်းက ထိုထူးဆန်းသည့်မျိုးနွယ်အား ခဏခဏ လှမ်းကြည့်ဖြစ်သည်။

သတင်းပို့ချိန် နီးကပ်လာသောအခါတွင် သူတို့နှစ်ဦးသည် ဓားကိုင်ရုံးတော်ထံသို့ ပျံသန်းလာကြ၏။

သူတို့ရောက်ရှိသွားချိန်တွင် ဓားကိုင်ရုံးတော်ပြင်ပ၌ ရပ်စောင့်နေသူတချို့ ရှိနေပြီ ဖြစ်သည်။

ထိုသူတို့သည် ပြည်နယ်မျိုးစုံတို့မှ ဓားကိုင်လက်သစ်များ ဖြစ်ကြသည်။ အမျိုးသားငယ်နှင့် အမျိုးသမီးငယ်များစွာတို့အား တွေ့ရပြီး အများစုသည် ဒေသငယ်မြို့တော်သို့ စောလျင်စွာ ကြိုတင်ရောက်နေကြသူများ ဖြစ်ကြသည်။

ဖုန်းဟိုင်‌ဒေသ၏ ပြည်နယ်မျိုးစုံတို့မှ ဓားကိုင်လက်သစ်အရေအတွက်သည် ကွဲပြားခြားနားပေသည်။ ပြည်နယ်တစ်ခုမှ အများဆုံးထွက်ပေါ်နိုင်သည့် ဓားကိုင်အရေအတွက်မှာ ခုနစ်ဦး ရှစ်ဦးခန့်ဖြစ်ပြီး အနည်းဆုံးကတော့ ယင်ဟွမ်ပြည်နယ်ကဲ့သို့ သုံးဦးဖြစ်သည်။

ထိုအချိန်တွင် ဤနေရာ၌ လူအယောက်သုံးဆယ်ကျော် ရှိနေပြီဖြစ်သည်။ သူတို့သည် ပြန့်ကျဲလျက်ရှိနေပြီး တချို့က သုံးဦးမှ ငါးဦးအထိ အုပ်စုများဖွဲ့ထားကြသည်။ သူတို့အားလုံးမှာ စောင့်ဆိုင်းနေသူများ ဖြစ်ကြသည်။

လူအုပ်ထဲတွင် ချင်းချိုးကို ရွှီချင်း မြင်တွေ့လိုက်သည်။

သူမက တစ်ဦးတည်းတော့ မဟုတ်ပေ။ သူမဘေးတွင် သာမန်ဖြစ်ဟန်တူသူ မိန်းကလေးငယ်တစ်ဦးသည် တစ်စုံတစ်ခုအား ဆုပ်ကိုင်ထား၏။

“မင်းကို ဝတ်စုံနီမပါတော့ မမှတ်မိဘဲနေတော့မလို့ပဲ။ ချင်းချိုး မဟုတ်လား။ ဝတ်စုံနီက အတွင်းမှာပဲ ဝတ်ထားတာထင်တယ်။ ဒီတော့မှ အဲဒီတံစဉ်းကြီးနဲ့ လိုက်ဖက်မှာလေ။”

ခေါင်းဆောင်က ပြုံးလျှက် နှုတ်ဆက်သည်။ သူအကြည့်သည် ချင်းချိုးဘေးမှ မိန်းကလေးငယ်ထံသို့ ဖြတ်သန်းသွားပြီး သူမကလက်ထဲကအရာကို ကွက်ကြည့်ကွက်ကြည့်လုပ်နေ၏။

ချင်းချိုးသည် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ထက် ဦးစွာထွက်ခွာသွားပြီး ဒေသငယ်မြို့တော်သို့ ရွှီချင်းနှင့် အခြားသူတို့ထက် လတချို့စောကာ ရောက်ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူမသည် အသိအကျွမ်းတချို့ကိုလည်း ရရှိထားခြင်းဖြစ်သည်။

သူမဘေးတွင် ရပ်နေသည့် မိန်းမပျိုငယ်လေးမှာ သူမ၏မိတ်ဆွေသစ်များထဲက တစ်ဦးဖြစ်သည်။

သူတို့နှစ်ဦးတွင် ဆင်တူမှုတချို့ ရှိကြသည်။ တစ်ဦးသည် တခြားလူများချဉ်းကပ်မှုကို တားမြစ်သည့် အရှိန်အဝါရှိနေပြီး မျက်နှာဖုံးအောက်တွင် အေးစက်စက်မျက်လုံးတစ်စုံ ရှိနေသည်။

နောက်တစ်ဦးကတော့ လက်ထဲတွင် ဖရုံစေ့တချို့လက်ထဲတွင် ကိုင်ဆောင်ထား၏။ ၎င်းဖရုံစေ့တိုင်းမှ နတ်ဘုရားအားလှိုင်းများ ထုတ်လွှတ်နေသည်။ အနီးကပ်ကြည့်ရှုလိုက်ပါက ၎င်းတို့သည် အသားစများဖြင့်ပြုလုပ်ထားဟန် ရှိသည်။

သူမက ၎င်းတို့ကို ဆက်လက်စားနေရင်း သူမ၏ပါးစပ်တွင် သွေးများဖြင့်ပြည့်လျက် အေးစက်သော အမူအရာဖြစ်သည်။

“မမချင်းချိုး သူတို့ကို သိနေတာလား။ သူတို့ထဲက တစ်ဦးက ရွှီချင်း မဟုတ်လား။”

မိန်းကလေးငယ်လေးက မေးသည်။

“ဟုတ်တယ်။ အရူးနှစ်ကောင်လေ။”

ချင်းချိုးက တည်ငြိမ်စွာ ပြောသည်။ သူမ၏ပုခုံးပေါ်ရှိ တံစဉ်းကြီးပေါ်က မိစ္ဆာတစေသည် သူမစိတ်ထဲတွင် အလျင်အမြန် စကားဆိုလာသည်။

‘ခွေးရူး ရောက်လာပြီ။ ဘာကြောင့်မှန်းမသိ သူက ပုံမှန်လိုပြောနေပေမဲ့ ငါ သူ့ကို ရိုက်ချင်နေတုန်းပဲ။ အခြားသူတွေအားလုံးက ဓားကိုင်တွေပဲ ဒါပေမဲ့ ဒီတစ်ကောင်ကတော့ ခွေးကောင်ဖြစ်နေတယ်။ အခွင့်ကောင်းရှာပြီးတော့ သူနဲ့အတူအသေခံတိုက်ပြီး ဓားကိုင်တွေအတွက် မိစ္ဆာကို နှိမ်နင်းပေးရမယ်။”

‘တစေလက်ကိုတော့ ရန်မစပဲ နေကြတာပေါ့။ သူက ရှင်းရလွယ်မယ် မထင်ဘူး။ သူနဲ့အတူ အသေခံတိုက်တာလည်း အကြံကောင်းမဟုတ်လောက်ဘူး။’

‘အလောတကြီးမလုပ်နဲ့။’

ချင်းချိုးက မိစ္ဆာတစေ၏ တတွတ်တွတ်မြည်တွန်မှုကို ကျင့်သားရနေပြီ ဖြစ်သည်။ ထိုအချိန်တွင် သူမသည် ဟန်မပျက်နေလျက် သူ့အား လွှတ်ထားလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ခေါင်း‌ဆောင်ကလည်း ရွှီချင်းထံသို့ အသံပို့လွှတ်သည်။

“ချင်းချိုးဘေးက တစ်ယောက်ကိုမြင်လား။”

“ဒီအမျိုးသမီးက မရိုးစင်းဘူး။ သူ့မှာ နာမည်အတည်တကျမရှိဘဲ အားလုံးက သူ့ကို ညဝိညာဉ်လို့ပဲ ခေါ်ကြတယ်။  သူ့လက်ထဲက ဖရုံစေ့တွေကလည်း ကိုယ်ခန္ဓာအားဖြည့်မှုအတွက် အကျိုးဖြစ်စေတဲ့ နတ်ဘုရားအဆင့်အသားတစ်မျိုးလို့ လည်း ပြောကြတယ်။ ပြီးတော့ သူက ဘယ်တော့မှ စားတာကို မရပ်ဘူး။ အဲဒါတွေက သူ့ရဲ့ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းဖြစ်လောက်တယ်လို့လည်း တချို့က ပြောကြတယ်။”

“ငါဝယ်ထားတဲ့ မိတ်ဆက်သတင်းတွေထဲမှာ ဒီအမျိုးသမီးအကြောင်းတွေ တော်တော်လေး ပါတယ်။ သူဟာ ငယ်ငယ်လေးကတည်းက တားမြစ်နယ်မြေထဲက ချောက်ကမ်းပါးကြီးထဲမှာ နေထိုင်တယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက အာကာသမိစ္ဆာအသွင်ပြောင်းဂိုဏ်းက ဘိုးဘေးတစ်ဦးဟာ သူ့ကို တွေ့ပြီး ဂိုဏ်းထဲကို ပျိုးထောင်ပေးဖို့ ခေါ်လာခဲ့တာပဲ။ ဒီအမျိုးသမီးဟာ အေးစက်တဲ့စရိုက်ရှိပြီး မိစ္ဆာကြီးအဖြစ်ပြောင်းလဲနိုင်တယ်လို့လည်း ဆိုကြတယ်။”

ရွှီချင်းက ခေါင်းဆောင်၏စကားတို့အား နားထောင်ရင်း အသားဖရုံစေ့များကို စား‌နေသည့် မိန်းကလေးအား ကြည့်သည်။ ထို့နောက် မျက်လုံးများမှိတ်ကာ တရားထိုင်နေသည့် လူငယ်တစ်ဦးထံသို့ အကြည့်အား လွှဲလိုက်၏။

သူအစောပိုင်းရောက်ရှိလာခဲ့စဉ်က ဘေးဘီသို့ ဝေ့ကြည့်သည်။ ထိုမိန်းကလေး၏ ထူးဆန်းသော အရှိန်အဝါမှလွဲလျှင် ထိုလူငယ်ထံမှလည်း အန္တရာယ်အငွေ့အသက်ခံစားသည်။

“သူ့နာမည် ရှန်ဟယ်လို့ခေါ်တယ်။”

ရွှီချင်းအကြည့်ကို ခေါင်းဆောင်က သတိပြုမိပြီး မိတ်ဆက်လိုက်သည်။

“သူကလည်း ထူးချွန်တဲ့ ကောင်းကင်လက်ရွေးစင်ပဲ။ သူက ဂိုဏ်းကြီးသုံးဂိုဏ်းထဲက သွေးမြူဂိုဏ်းဝင်တစ်ယောက်ပဲ။ သူ့မိသားစုဟာ သွေးမြူဂိုဏ်းထဲမှာ အင်အားကြီးအဖွဲ့တစ်ခုပဲ။ သူဟာ မွေးလာကတည်းက ခန္ဓာကိုယ်မှာ တောင်တွေနဲ့ မြစ်တွေရဲ့ပုံစံတွေ မွေးရာပါ ပါလာလို့ ‘ရှန်ဟယ်’ဆိုတဲ့နာမည်ကို သွေးမြူဂိုဏ်းရဲ့ ဘိုးဘေးက တာအိုကန်ပွန်းတပ်ခဲ့တာပဲ။”

“ဒီလူက ထူးချွန်တဲ့ပါရမီတွေရှိနေပြီး အင်ပါယာအဆင့်ကျင့်စဉ်ပညာရပ်နှစ်ခုလည်း ပိုင်ဆိုင်ထားသေးတယ်။”

ခေါင်းဆောင်ပြောနေစဉ်မှာပင် တရားထိုင်နေသည့် လူငယ်က မျက်လုံးများဖွင့်လိုက်ပြီး ရွှီချင်းအား အေးစက်စက်ကြည့်သည်။

ရွှီချင်းက ထိုသူတို့အား အာရုံခံမိချိန်တွင် သူတို့ကလည်း ရွှီချင်းအား အာရုံခံမိကြောင်း ထင်ရှားသည်။

နှစ်ဖက် အပြန်အလှန် ကြည့်လိုက်ကြသည်။ သူတို့ အကြည့်များ ပြန်၍ လွှဲဖယ်လိုက်ချိန်တွင် အဝေးမှ တစ်စုံတစ်ခု ပျံဝဲလာလေသည်။

၎င်းသည် အနက်ရောင်သစ်သားခေါင်းတလား တစ်ခုဖြစ်သည်။

၎င်းခေါင်းတလားပေါ်တွင် ဓားကိုင်တာအိုဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး လဲလျောင်းနေသည်။ ထိုဝတ်စုံမှာ တွန့်ကြေနေ၏။

သူ့မျက်လုံးများမှာ ကောင်းစွာနိုးကြားခြင်းမရှိသေးသည့်အလား မှေးကျဉ်းလျှက် သမ်းဝေနေသည်။

သို့ရာတွင် သူပေါ်ထွက်လာခြင်းကြောင့် ဤနေရာရှိဓားကိုင်အများစု သတိစိတ်တို့ နိုးကြားလာကြသည်။ ရွှီချင်းကလည်း အန္တရာယ်အငွေ့အသက်ကို အာရုံခံမိသည်။

“ဒီလူကတော့ ဝမ်ချန်ဖြစ်မယ်။ သူက ကမ္ဘာဦးမိုးကြိုးမျိုးနွယ်ရဲ့ လက်ရှိမျိုးဆက်ထဲမှာ ကမ္ဘာဦးမိုးကြိုးကိုယ်ခန္ဓာနဲ့ အနီးစပ်ဆုံးရှိသူတစ်ဦးလို့ ပြောကြတယ်။”

“စိတ်ဝင်စားစရာပဲ။ သူ့ဆီကနေ ချိပ်ပိတ်တံဆိပ်အငွေ့အသက်တစ်ခု ခံစားမိနေတယ်။ ချင်းလေး… အပြင်ကခန္ဓာကိုယ်က ဒီလူ့ရဲ့ပင်မခန္ဓာမဟုတ်ဘူး။ အခေါင်းထဲက ခန္ဓာကိုယ်ကမှ အစစ်ပဲ။”

ရွှီချင်းမျက်လုံးများထဲတွင် အနက်ရောင်အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် အခေါင်းထံမှ သက်စောင့်မီးအိမ်တစ်ခု၏ လှိုင်းများအား ခံစားရသည်။

နန်ဟွမ်ဒေသကြီးမှ ထွက်လာပြီး ယင်ဟွမ်ပြည်နယ်တွင် အတွေ့အကြုံများ စုဆောင်းရင်း ဒေသငယ်မြို့တော်သို့အထိ လျှောက်လှမ်းလာခြင်း၌ သူ့တွင် အတွေ့အကြုံနှင့် ဗဟုသုတများစွာ တိုးပွားလာပြီး ဖြစ်သည်။ သူက သက်စောင့်မီးအိမ်များကိုလည်း ထပ်မံတွေ့ရှိသေးသည်။

သက်စောင့်မီးအိမ်များမှာ ရှားပါးသော်လည်း နှိုင်းယှဉ်ပြောရန်အတွက်သာ အသုံးဝင်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်သည် ပို၍ သန်မာလေလေ သက်စောင့်မီးအိမ်များလစ်လပ်ရန် မဖြစ်နိုင်လေလေ ဖြစ်သည်။

“အစွမ်းထက်တဲ့သူတွေ အများကြီးပဲ။”

ရွှီချင်း စိတ်ထဲတွင် ကျိတ်၍ ရေရွတ်သည်။ ညဝိညာဉ်ဖြစ်စေ၊ ရှန်ဟယ်ဖြစ်စေ ဤဝမ်ချန်းဖြစ်စေ သူတို့အားလုံးမှာ အစွမ်းကြီးမားသူများ ဖြစ်ကြ၏။

ပတ်ဝန်းကျင်မှ တခြားသော ဓားကိုင်လက်သစ်များ၏ အရှိန်အဝါမှာလည်း သူတို့သုံးဦးကဲ့သို့ အားကောင်းမနေသော်လည်း အားလုံးမှာ ကိုယ်ပိုင်အစွမ်းအစများဖြင့် ဖြစ်ကြသည်။

အရှိန်အဝါများ အနည်းငယ်အားလျော့နေရုံမျှဖြင့် လျှော့တွက်၍ မရနိုင်ကြောင်းကို ရွှီချင်း နားလည်ထားသည်။ ဤကမ္ဘာတွင် သူတစ်ဦးတည်းသာ လက်သည်းဖွက်တတ်သူ မဟုတ်ပေ။

အသက်ဘေးကို ကြုံတွေ့ဖူးသူတိုင်းသည် အနိုင်ဝှက်ဖဲများကို မည်သို့သုံးရမည်ကို သိကြသည်။ အရေးကြီးအချိန်မရောက်သရွေ့ ထိုလက်သည်းများကို ထုတ်ပြမည် မဟုတ်ပေ။

“ဒီသုံးယောက်လုံးက သန်မာကြပေမဲ့ ချင်းလေး ဒီတစ်ကြိမ်ဓားကိုင်တွေထဲမှာ မိစ္ဆာကောင်ကြီးတစ်ကောင် ရှိနေသေးတယ်။”

ခေါင်း‌ဆောင်က သက်ပြင်းချလိုက်ရာ ရွှီချင်း စိတ်လှုပ်ရှားမိသွားသည်။

ခေါင်းဆောင်ကပင် မိစ္ဆာကောင်ကြီးဟု ပြောရလျှင် ထိုလူက ….ရိုးစင်းသူမဟုတ်နိုင်တော့ပေ။ ‘

သူက မေးရန်ပြင်လိုက်စဉ်တွင်ပင် အဝေးမှ အံ့မခန်းအရှိန်အဝါတစ်ခု တဟုန်းဟုန်းမြည်လာသည်။

ထိုအရှိန်အဝါ၏ အင်အားတွင် ဤနေရာမှ အားလုံးသောလူများ၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။

ညဝိညာဉ်က ဖရုံစေ့များစားခြင်းကို ရပ်တန့်လိုက်ပြီး နှုတ်ခမ်းထောင့်များမှ သွေးများကို ချက်ချင်းသုတ်သည်။ သူမ၏မျက်နှာမှ အေးစက်မှုများသည် ရိုသေလေးစားခြင်းသို့ ပြောင်းလဲလာသည်။

ရှန်ဟယ်က တင်ပျဉ်ခွေထိုင်နေရာမှ ရူးသွပ်ဟန်ဖြင့် ထရပ်သည်။

ဝမ်ချန်းကလည်း အခေါင်းပေါ်မှ ချက်ချင်းထရပ်လိူက်ပြီး ဝတ်စုံကို ပြင်ဆင်လျက် အရှိန်အဝါထွက်လာရာနေရာသို့ ဖားရားဟန်ဖြင့် ကြည့်သည်။

တစ်ချိန်တည်းမှာပင် ထိုအရှိန်အဝါရောက်ရှိလာပြီး ကောင်းကင်မှ သူရဲကောင်းဆန်သော အသံတစ်ခုမြည်ဟိန်းထွက်လာတော့သည်။

All Chapters