← Chapters

ပြီးပြည့်စုံသော အဆုံးသတ်

Vol. 33 Ch. 491

ပြီးပြည့်စုံသော အဆုံးသတ်

Vol. 33 Ch. 491

ရုပ်သံဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးရန် မည်မျှ ကြာမြင့်သနည်း။

ချမှတ်ထားသော စည်းမျဉ်း မရှိပေ။ မြန်ဆန်မှုအပေါ် မူတည်၍ လပိုင်း သို့မဟုတ် နှစ်ပိုင်း ကြာမြင့်တတ်သည်။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသည် ဘဝသရုပ်ဖော် ရုပ်သံဇာတ်လမ်းတွဲဖြစ်ပြီး မရှုပ်ထွေးပေ။ ထို့အပြင် အပိုင်း နှစ်ဆယ်တည်းသာ စီစဉ်ထားခဲ့သဖြင့် ရိုက်ကူးရေးက နှစ်လကျော်ကျော်လေးနှင့် ပြီးလုနီးပါး ဖြစ်လာသည်။ ထိုနှုန်းက အလွန် မြန်နေပြီ ဖြစ်သော်လည်း ရဲ့လင်းချန် ဝင်ပါလာသောအခါ လုပ်ငန်းစဉ်က ပိုမြန်လာခဲ့သည်။

အစွမ်းအစရှိသော စစ်သားတစ်ယောက်က တစ်ကိုယ်တည်း လုပ်ဆောင်နေချိန်တွင် အစွမ်းအစရှိသော တပ်မှူးက အဖွဲ့ကို ဦးဆောင်နိုင်သည်ဟူသော စကားလိုပင်။

ရဲ့လင်းချန်က ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့၏ အထူး လျှပ်စစ်ဓာတ်အားပေး စက်တစ်ခုလိုပင်။ စွမ်းရည်နှင့် အကျိုးသက်ရောက်မှုကပါ အကြီးအကျယ် တိုးမြင့်လာစေခဲ့သည်။ သုံးရက်တည်းနှင့် ကျန်ရှိသော အခန်းများအားလုံး ပြီးသွားခဲ့သည်။ ပိုနေသော အချိန်များတွင် သူတို့သည် အစမှအဆုံးတိုင် အသေးစိတ် ပြန်ကြည့်၍ သူ၏ စံချိန်စံနှုန်းနှင် မကိုက်ညီသော အပိုင်းများအားလုံးကို ပြန်ရိုက်ကြသည်။

ဆယ်ရက်သာသာ အချိန်အတွင်း သူသည် ရုပ်သံဇာတ်လမ်းတွဲအား အစမှအဆုံးအထိ ပြန်စီစဉ်ပြီးသွားခဲ့သည်။

ရိုက်ကူးရေး ပြီးသောအခါ တည်းဖြတ်ရန်သာ ကျန်ရှိလေသည်။ ရဲ့လင်းချန်က အပန်းဖြေရန် စိတ်မကူးပါ။ သူသည် ရိုက်ကူးရေးအဖွဲ့နှင့် ဆက်နေ၍ ကွန်ပျူတာရှေ့၌ ထိုင်ကာ စတင် တည်းဖြတ်လေသည်။

“အခန်းအားလုံးက အတော်လေး ကောင်းတယ်၊ အဲ့ဒါတွေကို ဒီလို ဖြတ်ထုတ်ရမှာက နှမြောဖို့ ကောင်းသလိုပဲ”

ရဲ့လင်းချန်က မှတ်ချက်ပြုသော်လည်း သူ့လက်များက အရှိန်လျော့မသွားဘဲ တစ်ပိုင်းချင်းစီကို ကြည့်နေသည်။

သူ့ဘေးမှ တည်းဖြတ်သူက စိတ်အားထက်သန်စွာ ကြည့်နေပြီး ရဲ့လင်းချန်၏ တည်းဖြတ်မှုမှ အားနည်းချက်များကို ထုတ်ပြနိုင်ရန် မျှော်လင့်နေပြီး သူ၏ တည်ရှိမှုကိုလည်း သိအောင် လုပ်ချင်နေ၏။ သူ့အကြံများအားလုံး အချည်းနှီး ဖြစ်သွားသည်က စိတ်မကောင်းစရာပင်။ ဖန်သားပြင်ကို ကြည့်နေလွန်း၍ သူ့မျက်လုံးများ နီရဲလာသော်လည်း ဘာပြဿနာကိုမှ သူ ထောက်မပြနိုင်ခဲ့ပေ။

“ပြီးသွားပြီ”

ရဲ့လင်းချန် ရပ်လိုက်သည်။ သူက နောက်လှည့်၍ တည်းဖြတ်သူကို မေးလိုက်သည်။

“တစ်ခုခု ထပ်ထည့်စရာများ ရှိဦးမလားလို့ လာကြည့်ပါဦးလား”

“အာ … အင်း”

တည်းဖြတ်သူက သူ့ကိုယ်သူ ပြင်ဆင်၍ နေရာယူလိုက်သည်။ သူသည် အစမှ စကြည့်လိုက်ပြီး သူ သိသမျှ အရာအားလုံးကို အသုံးပြုခဲ့သည်။ သို့သော် သူ ဘာတစ်ခုမှ အမှားမရှာနိုင်ခဲ့ပေ။ ၎င်းက ပြီးပြည့်စုံနေ၏။

သူသည် မကြာခင် အလုပ်ထုတ်ခံလိမ့်မည်ဟု တွေးမိပြီး သူ့စိတ်ထဲ၌ စိုးရိမ် ပူပန်လာသည်။ သူ့ရင်ထဲမှ မလုံခြုံစိတ်က ပြင်းထန်လာသည်။

ဤမျှ အံ့ဩစရာကောင်းသော သူဌေးနှင့် အလုပ်လုပ်ရခြင်းက သူ့အရည်အချင်းကို သံသယ ဝင်လာစေသည်။

ထိုသို့ ခံစားရသည်က သူ တစ်ယောက်တည်း မဟုတ်ပါ။ ကင်မရာသမား၊ လျှပ်စစ် ပညာရှင်နှင့် အခြားဌာနများလည်း ထိုနည်းတူ ခံစားရသည်။ ရဲ့လင်းချန် သူတို့ဆီ ဝင်လာကတည်းက သူတို့ အရည်အချင်းကို ပြသခွင့် မရခဲ့ပေ။ သူတို့ လုပ်နိုင်တာဟူ၍ ရဲ့လင်းချန်၏ ညွှန်ကြားချက်ကို နားထောင်နေရုံသာ ရှိသည်။ အထူးသဖြင့် ရဲ့လင်းချန်၏ အမိန့်များအားလုံးက ပြီးပြည့်စုံနေလေသည်။

လီထိုက်တောင်မှ သူ၏ ညွှန်ကြားမှုက အပိုလို ဖြစ်နေသည်ဟု ခံစားမိပြီး ဆွံ့အနေရသည်။

ရဲ့လင်းချန်က သူ့ကိုယ်သူ ကိုယ်ပွားမထုတ်နိုင်၍သာ သူတို့ ဝမ်းသာနေမိသည်။ သို့မဟုတ်ပါက သူတို့ အလုပ်ပြုတ် သွားလောက်သည်။

“ဟူး … နောက်ဆုံးတော့ ပြီးသွားပြီ”

ရဲ့လင်းချန် ပြုံးလိုက်သည်။ အားလုံး ပြီးသွားပြီးနောက် သူက ရက်ရက်ရောရော ကြေညာသည်။

“ဒီည ငါတို့ မဟာမြို့တော် စားသောက်ဆိုင်ကို သွားကြမယ်၊ ငါ ဒကာခံမယ်”

“ဝိုး … သခင်လေးရဲ့က အကောင်းဆုံးပဲ”

လုရှောင်ပုက ချက်ချင်း ဝမ်းသာအားရ ပြောသည်။

“ဒီညတော့ အိပ်ရေးပျက်တော့မှာပဲ”

“ကျွန်မတို့ ပါတီ လုပ်ကြမလို့လား၊ ရေး … ပါတီ၊ ပါတီ”

ချန်မိန်ကျားက ခုန်ပေါက်နေလေသည်။ လူတိုင်း စိတ်လှုပ်ရှားနေ၏။

“ရှင်က တော်တော် ဖြုန်းတီးတာပဲ”

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို စိတ်ပျက်သလို အကြည့်လွှဲလေသည်။ သူမ ရင်ထဲ၌ နာကျင်သလို ခံစားရသည်။

“ကျွန်မတို့ ရုပ်သံဇာတ်လမ်းတွဲ အောင်မြင်သွားပြီးမှပဲ အဲ့လို အဆင့်မြင့်တဲ့ နေရာမှာ အောင်ပွဲခံသင့်တာလေ”

“ဟားဟားဟား ကျွန်တော်က အောင်မြင်မှုကို ကြိုပြီး ဂုဏ်ပြုထားတာပါ”

ရဲ့လင်းချန်က အေးအေးလူလူ ပခုံးတွန့်ပြလိုက်သည်။ ရုပ်သံဇာတ်လမ်းတွဲ အောင်မြင်မလား၊ မအောင်မြင် ဘူးလား ဆိုသည်ကို သူ ကောင်းကောင်း သိပါသည်။

“သခင်လေးရဲ့၊ ကျွန်မလည်း ဂုဏ်ပြုပွဲမှာ ပါချင်တယ်”

ကျောက်လျန့်ရင်က ရဲ့လင်းချန်ဘေးမှနေ၍ အော်ပြောလာသည်။ ပြီးခဲ့သည့် တစ်ခေါက်ကတည်းက သူမသည် သူမ၏ ရောဂါ မပျောက်သေးဟုဆိုပြီး ရက်နည်းနည်း ကြာသည်နှင့် ရောက်ရောက်လာခဲ့သည်။

“မင်း ပါလို့ မရဘူး၊ မင်းက ငါတို့ အဖွဲ့သားတွေထဲက မဟုတ်ဘူးလေ”

ရဲ့လင်းချန်က ခေါင်းခါ၍ မညှာမတာ ပြောလေသည်။

“မင်းစရိတ်ကို မင်း အကုန်ခံရမယ်”

“ကျစ် … ကပ်စေးကုပ်လိုက်တာ”

ကျောက်လျန့်ရင်က မကျေနပ်သံ ပြု၍ စိတ်ပျက်ဟန်ဖြင့် အကြည့်လွှဲလိုက်ပြီးနောက် သိချင်စိတ်ဖြင့် မေးလာသည်။

“ကျွန်မ ဇာတ်ညွှန်းကို ကြည့်ပြီးပြီ၊ ဒီဟာရဲ့ပုံစံက ကျွန်မ ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲတွေနဲ့ တော်တော်လေး မတူဘူး၊ ဒါပေမဲ့ တကယ် ကောင်းတယ်၊ သခင်လေးရဲ့ အဆင့်နှုန်းထားက ဘယ်လောက် ဖြစ်မယ်လို့ ထင်လဲ”

“မင်း ဘယ်လိုထင်လဲ”

ရဲ့လင်းချန်က ပြန်မေးလိုက်သည်။ ကျောက်လျန့်ရင်က အလေးအနက် တွေးပြီးမှ ပြန်ပြောသည်။

“ရှင်က ရှန်းကျောင်းရုပ်သံမှာ ပြမှာမဟုတ်လား၊ အဆိုတော်ဝိုင်ကြောင့် အဲ့ရုပ်သံလိုင်းက နောက်ပိုင်း ကြီးထါားလာတာ၊ အကြမ်းဖျင်း ကြည့်ရှုသူနှုန်းက ၀.၄ ပဲ ရှိတယ်၊ ဒီဇာတ်လမ်းတွဲက ၀.၈ ကို ရောက်နိုင်မယ်လို့ ကျွန်မ ထင်တယ်၊ ရှန်းကျောင်းရုပ်သံတော့ ဒီတခါ ကံကောင်းတာပဲ”

“ငါတော့ အဲ့လို မထင်ဘူး၊ ရလဒ်က ဘယ်လို ဖြစ်မလဲ မသိပင်မယ့် ငါ့ဆဋ္ဌမအာရုံက အဲ့ဒါထက် ပိုလိမ့်မယ်လို့ ပြောလိုက်သည်။

လင်းဝမ်ယွီက ဝင်ပြောသည်။

ဆဋ္ဌမအာရုံတောင် မလိုဘူး၊ ဒါ ငါ့ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲလေ၊ အဲ့ဒါက သေချာပေါက် နာမည်ကြီးမှာ”

ချန်ချီချီက စိတ်လှုပ်ရှားစွာ ကြေညာသည်။ သူမ၏ ပထမဆုံးသော ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးပြီးသွားခြင်းက သူမအား အလွန် ကျေနပ်စေသည်။ သူမသည် အလွန်အမင်း စိတ်လှုပ်ရှားလျက် ရှိနေသည်။

“ဟုတ်တယ်၊ ငါ့ချောမောမှုနဲ့ ချန်ချီချီရဲ့ မကောင်းတဲ့ အကျင့်ပုံစံနဲ့ဆို ဒါက အားလုံးကို ရှင်းထုတ်နိုင်မှာ သေချာတယ်”

“ကျစ် … အရေးမပါတာတွေ ပြောမနေနဲ့၊ ဒီမိန်းမလှလေးက နင်တို့အတွက် စင်ကို ထိန်းထားပေးလို့ပဲ”

ချန်မိန်ကျားက ဝင်ပြောသည်။

“နင်တို့ ငါ့ကို မေ့နေတာလား၊ ဘုရင်မ ဟူရီဖေးကိုလေ”

သူတို့ အသည်းအသန် အငြင်းအခုန် လုပ်နေချိန်တွင် ရဲ့လင်းချန်၏ အသာအယာ ချောင်းဟန့်လိုက်သံက သူတို့ကို ချက်ချင်း ငြိမ်ကျသွားစေပြီး လေသံက ချက်ချင်း ပြောင်းလဲသွားသည်။

“သခင်လေးရဲ့က ကျွန်မတို့ရဲ့ အကောင်းဆုံး အာမခံပါပဲ၊ ကြည့်ရှုသူနျုန်းက တစ်ရာခိုင်နှုန်း ကျော်မှာ သေချာတယ်လို့ ကျွန်မ လောင်းရဲတယ်”

“သခင်လေးရဲ့စကားကို နားထောင်တာက မမှားနိုင်ဘူးဆိုတာ ကျွန်မ သိတယ်”

“ဒီဘဝမှာ ကျွန်တော် လုရှောင်ပုရဲ့ ချောမောမှုက လူတစ်ယောက်တည်းကိုပဲ ရှုံးဖူးတယ်၊ အဲ့ဒါက သခင်လေးရဲ့ပဲ”

မကြာခင်မှာပင် ရုပ်ရှင် ရိုက်ကူးရေးအဖွဲ့သားများကပါ ဝင်ပါလာလေသည်။ သူတို့သည် ကြည့်ရှုသူနှုန်းများကို စိတ်ဝင်စားနေကြသည်။ ယင်းက သူတို့၏ အားထုတ်မှု ရောင်ပြန်ဟပ်ခြင်း မဟုတ်ပါလော။

“ဘာပဲဖြစ်ဖြစ် ဒီဇာတ်လမ်းတွဲက သေချာပေါက် ပေါက်လိမ့်မယ်လို့ ငါ ခံစားမိတယ်၊ ဇာတ်လမ်းတွဲ ကြည့်ရတာ မကြိုက်တဲ့ ငါတောင်မှ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ခံစားမိတယ်”

“ငါလည်း အဲ့လိုထင်တယ်၊ ဒီဇာတ်လမ်းတွဲက အံ့ဩဖို့ကောင်းတယ်၊ ကောင်းတယ်”

“ဟုတ်တယ်၊ အားလုံး ကောင်းတယ်”

လီထိုက်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်သည်။

“ဒီရက်တွေမျာ ငါတို့ ကြိုးစားခဲ့တာတွေအားလုံးက အလကား ဖြစ်မှာ မဟုတ်ဘူး၊ ကြာမြင့်တဲ့ အလုပ်ချိန်တွေနဲ့ အိပ်ရေး ပျက်ခဲ့ရတဲ့ ညတွေ အားလုံးက ထိုက်တန်မှာ”

ရဲ့လင်းချန်၏ ခန္ဓာကိုယ် အခြေအနေက ကြောက်စရာ ကောင်းလှပြီး သူ့အား အလွန် ခံနိုင်ရည် ရှိစေသည်။ အမျိုးသမီး ရိုက်ကူးရေး အဖွဲ့ဝင်အချို့ဆိုလျင် သူတို့ သေမတတ် လုပ်ခဲ့ရသည့် နေ့များကို ပြန်အမှတ်ရပြီး ကြောက်စိတ်ကို ခံစားမိနေသေးသည်။ သူတို့ တောင့်ခံနိုင်၍ တော်ပါသေးသည်။

နောက်ဆုံးတွင် ဆုများကို ပြန်သိမ်းယူရမည့် အချိန် ရောက်လာလေပြီ။ သူတို့၏ နှလုံးသားများအားလုံး ကြည်နူးနေသည်။ အရာအားလုံး ထိုက်တန်ပေသည်။

မကြာခင်တွင် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ပါဝင်သူများစာရင်းတွင် သူတို့၏ နာမည်များ ပေါ်လာပေလိမ့်မည်။ အပိုင်းတစ်ပိုင်းချင်းစီ၏ အစ သို့မဟုတ် အဆုံး၌ ပေါ်လာလောက်သည်။ အကယ်၍ ၎င်းက ကျော်ကြားသွားပါက သူတို့က ဖန်တီးသူများ ဖြစ်ပေလိမ့်မည်။

ရဲ့လင်းချန်သည် အစ၌ ဘာမှမပြောဘဲ ငြိမ်၍ နားထောင်ရန် စဉ်းစားထားခဲ့သည်။

သို့သော် ရှောင်ဖေးဖေးက သူ့ကို လှမ်းကြည့်လာသည်။ သူမက ချစ်စရာကောင်းစွာ မျက်စိတစ်ဖက် မှိတ်ပြပြီး ပြုံး၍ မေးလာသည်။

“လင်းချန်၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ ကြည့်ရှုသူနှုန်းက ဘယ်လောက်ဖြစ်မယ်လို့ ရှင် ခန့်မှန်းလဲ”

“ကျွန်တော် တကယ် မမှန်းတတ်ဘူး”

ရဲ့လင်းချန်က မချိပြုံးပြုံး၍ ဖြေလိုက်သည်။

ထိုသို့သော အရာများကို သူ တစ်ခါမှ အာရုံမထားဘူးပါ။ သူသည် ကြည့်ရှုသူနှုန်းနှင့် ပတ်သက်၍ ဘာမှမသိသလို ကောင်းသလား၊ မကောင်းဘူးလားဆိုသည်ကို ဘာစံနှုန်းနှင့် တိုင်းတာသလဲ သူ မသိပေ။ ထို့ကြောင့် သူ မစဉ်းစားတတ်ချေ။

“ကျစ် … ဂဏန်းသာ ပြောလိုက်ပါ”

“ဟုတ်တယ်၊ သခင်လေးရဲ့ ပြောသာပြောလိုက်ပါ”

….

All Chapters