← Chapters

အထင်သေးခြင်း

Vol. 33 Ch. 492

အထင်သေးခြင်း

Vol. 33 Ch. 492

ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို ကြည့်၍ မေးလိုက်သည်။

“လင်းချန် ရှင့်ရဲ့ ခန့်မှန်းချက်က ဘယ်လောက်လဲ”

လူတိုင်းက သူ့ကို အာရုံစိုက်လာသောအခါ ရဲ့လင်းချန် ကူကယ်ရာမဲ့သွားလေသည်။ သူသည် တစ်ခဏမျှ အလေးအနက် တွေးပြီးမှ ပြောလိုက်သည်။

“ကိုယ့်အချစ်အတွက်ရဲ့ နှုန်းထက်တော့ ပိုမြင့်မှာ သေချာတယ်လို့ ငါ ထင်တယ်”

ရဲ့လင်းချန်သည် အငြိုးထားတတ်သော သူတစ်ယောက် မဟုတ်ပါ။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသည် ကိုယ့်အချစ်အတွက်ကြောင့် စာရင်းမှ ဖယ်ရှားခံရသော်လည်း ရဲ့လင်းချန် မမုန်းတီးပါ။ နာမည်ကို သူ မှတ်မိနေရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ထိုနာမည်က မှတ်ရလွယ်သောကြောင့် ဖြစ်သည်။

*အာ … အဲ့ဒါက တကယ် ပြောတာပါ*

“ကျုပ်လည်း အဲ့လိုထင်တယ်”

လီထိုက်က အလျင်အမြန် ခေါင်းညိတ်၍ ထောက်ခံသည်။

“လျိုလျန်ရုပ်သံက ငါတို့ကို ကိုယ့်အချစ်အတွက်နဲ့ စွန့်ပစ်ခဲ့တယ်၊ ဒီတခါတော့ သူတို့ သေချာပေါက် နောင်တရမှာ”

“ဟုတ်တယ်၊ ငါတို့ တစ်ချိန်တည်းလွှင့်တဲ့ အခြားဇာတ်လမ်းတွဲတွေကို အနိုင်ပိုင်းပြီး နှစ်သစ်ကူး ဇာတ်လမ်းတွဲ တွေထဲမှာ ထိပ်ဆုံး‌ရောက်ရမယ်”

“နှစ်သစ်ကူးရဲ့ ဇာတ်လမ်းတွဲတွေကို စိုးမိုးမယ်ကွ”

…

ယခင်က တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို အခြားသူများက အထင်မကြီးသော်လည်း ယခု အားလုံး၏ စိတ်က တစ်ရာ့ရှစ်ဆယ် ဒီဂရီ ပြောင်းလဲသွားလေပြီ။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ဟာကွက်ရှိသော ဇာတ်လမ်း ဖြစ်လိမ့်မည်ဟု သူတို့ မထင်ပါ။ ဘဝသရုပ်ဖော် ဟာသဇာတ်လမ်းတွဲက ၎င်း၏ ကိုယ်ပိုင် တစ်မူထူးခြားမှုများ ဖွံ့ဖြိုးလာအောင် လုပ်နိုင်ပါက အသက်အရွယ်တိုင်းက သဘောကျပြီး လက်ခံကြမှာ သေချာသည်။

ထို့အပြင် နောက်ပိုင်းအဆင့်များ၌ ရဲ့လင်းချန်၏ ပါဝင်မှုကြောင့် သူတို့၏ စံချိန်စံနှုန်းက ရှုထောင့်အမျိုးမျိုးမှ တိုးတက်လာခဲ့သည်။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းအပေါ် အားလုံး၏ ယုံကြည်မှုကလည်း တိုးလာ၏။ ဤဇာတ်လမ်းတွဲက မယုံနိုင်လောက်အောင် ပျော်စရာကောင်းမှာ သေချာသည်။ ထို့ကြောင့်ပင် သူတို့က ရဲ့လင်းချန်ကို ခန့်မှန်းစေလိုခြင်း ဖြစ်သည်။

ရဲ့လင်းချန်သည် သူ၏ ဇာတ်လမ်းတွဲနှင့် ပတ်သက်၍ ယုံကြည်မှု အပြည့်အဝ ရှိသည်။ သို့သော် ကြည့်ရှုသူနှုန်းအတွက် အသုံးပြုသော စံချိန်စံနှုန်းများကို သူ တကယ် လုံးဝ မသိပေ။ ထို့ကြောင့် သူ ကြုံရာ နံပါတ်တစ်ခုကို မပြောနိုင်ပေ။ သို့သော် တစ်ပြိုင်တည်း ပြသ‌သော အခြားဇာတ်လမ်းများထက် သာလိမ့်မည်ဟု သူ အတပ် ပြောနိုင်သည်။

အဖွဲ့သည် ပျော်ရွှင်စွာ စကားစမြည်ပြော၍ မဟာမြို့တော် စားသောက်ဆိုင်သို့ သွားကြလေသည်။ ဂုဏ်ပြုပွဲသည် ကြည်နူးဖွယ်‌ ကောင်းပေသည်။ ရဲ့လင်းချန်နှင့် ရှောင်ဖေးဖေးသည် အားလုံးကို ကြိုးစားအားထုတ် ပေးခဲ့သည့်အတွက် ကျေးဇူးတင်စကား ပြောခဲ့သည်။ သူတို့သည် ဆယ့်တစ်နာရီအထိ နေခြ့ကြသည်။

နောက်သုံးရက်တွင် ရှောင်ဖေးဖေးသည် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းအား ပိုစတာများ၊ ဝေ့ပေါ် ရေပန်းစားမှုများ စသဖြင့်တို့၌ ကြော်ငြာလျက် အလုပ်များနေ၏။ ချန်ချီချီနှင့် အခြားသူများသည်လည်း တရားဝင် ပွဲများအချို့၌ တက်ရောက်၍ သူတို့ကိုယ်သူတို့ အများပြည်သူထံမှ အားပေးမှုအချို့ရအောင် ကြိုးစားလျက် ရှိသည်။

ရဲ့လင်းချန်သည် ထိုလုပ်ငန်းစဉ်များ၌ တက်ကြွစွာ ပါဝင်ခြင်းမရှိသလို သရုပ်ဆောင်ဝိုင်၏ နာမည်ကိုသုံး၍ ဝေ့ပေါ်၌ အားပေးမှု ရရှိရန် ပြုလုပ်ခြင်းလည်း မရှိပေ။ ကြော်ငြာခြင်း၏ သက်ရောက်မှုများက အရေးကြီး သော်လည်း နောက်ဆုံး၌ အရည်အသွေးကသာ အဓိကပင်။

ရိုက်ကူးရေးအတွင်း၌ ရဲ့လင်းချန်က အလုပ်အများဆုံး လုပ်ခဲ့သူ ဖြစ်သည်။ သူသည် ဌာနတိုင်း၏ အလုပ်များတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး သူတို့အား မကြာခဏ ကိုယ်တိုင် ညွှန်ကြားခဲ့သည်။ ရိုက်ကူးရေး အဖွဲ့သားများက အချိန်ဖြင့် အနားယူသော်လည်း ရဲ့လင်းချန်က တစ်ကိုယ်တည်းသာ ရှိသည်။

သူက အိပ်ချိန်အနည်းဆုံးပင်။

သို့သော်လည်း သူသည် အားအင် ပြည့်နှက်နေသေး၏။ ချီသန့်စင်မှုနှင့် သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကြောင့် သူသည် ရက်များစွာ မအိပ်ဘဲ နေလျင်တောင်မှ အဆင်ပြေလောက်သည်။

သို့သော် သူသည် အလုပ်သရဲ မဟုတ်သလို သူ၏ အားလပ်ချိန်အား တတ်နိုင်သမျှ ပျော်ရွှင်စွာ အသုံးချမည် ဖြစ်သည်။

သူသည် ဘာမှလုပ်စရာ မရှိသဖြင့် ခုတင်ပေါ်၌ လှဲနေသည်။ ထို့နောက် သူ၏ လတ်တလော အမြတ်များကို စတင် တွက်ချက်လေသည်။

ရုပ်ရှင် ရိုက်ကူးနေသည့် အချိန်အတွင်း တန်ဖိုးကြီးအိတ်အား နိုင်ငံများစွာအား ပို့ဆောင်ခဲ့ပြီး ၎င်းတို့မှ ရရှိသော ငွေသည်လည်း တိကျသည်။ အိတ်ရှစ်ရာသည် စုစုပေါင်း ၃၂သန်း တန်ဖိုး ရှိသည်။ အစုံလေးရာမှ နောက်ထပ် ၃၂ သန်း ရရှိစေသည်။ ၎င်းကို ငါးဆယ်၊ ငါးဆယ်စီ ခွဲလိုက်သောအခါ သူသည် စုစုပေါင်း ၃၂ သန်း ရရှိလေသည်။

ရဲ့လင်းချန် လက်ရှိ ငွေသားကိုပါ ပေါင်းလိုက်လျင် သူသည် ယွမ် ၁.၁ ဘီလီယံ ပိုင်ဆိုင်နေလေပြီ။

၎င်းသည် အလွန် ကြီးမားသော ပမာဏပင်။ ၎င်းတို့က ပိုင်ဆိုင်မှု ပစ္စည်းများ မဟုတ်ပါ။ ၎င်းတို့က သူ၏ အကောင့်ထဲ၌ ရှိနေသော ငွေသားသက်သက်ပင်တည်း။

သန်းတစ်ရာဆိုလျင်တောင်မှ ဘဏ်မှ နှစ်စဉ်အတိုးက ငါးသန်း ဖြစ်လောက်သည်။ ဘာမှမလုပ်ဘဲ နေလျင်တောင်မှ သူ နေ့တိုင်း စားနိုင်သောက်နိုင်ပြီး ပျော်ပါးနိုင်ကာ ၎င်းတို့ကို အကုန် မသုံးနိုင်ချေ။

ရဲ့လင်းချန်သည် သုညများကို အကြိမ်အနည်းငယ်မျှ ရေတွက်ပြီးနောက် သူ့ဘဝက တစ်နည်းနည်းဖြင့် ပြည့်စုံ သွားသကဲ့သို့ ခံစားလိုက်ရသည်။

*ဒီပါရမီရှင်က ပေါ့တန်တန်လူစားမျိုး မဟုတ်တာ ဆိုးတာပဲ၊ ဒါက မစို့မပို့ ပိုက်ဆံသက်သက်ပဲ၊ ငါ့ရဲ့ ဖြူစင်တဲ့ နှလုံးသားကို အရောင်ဆိုးလို့ရမယ်လို့ ထင်မနေနဲ့*

သူ၏ ရေပန်းစားမှု အမှတ်မှာမူ ပြီးခဲ့သော မဲနှိုက်မှုပြီးကတည်းက ၂.၃ မီလီယံ ကျန်နေဆဲ ဖြစ်သည်။ သို့သော် anime ပွဲမှ ဂိမ်းပြိုင်ကစားခြင်း အဖြစ်အပျက်နှင့် တန်ဖိုးကြီး ပစ္စည်း မွေးဖွားလာမှုကြောင့် သူ၏ ရေပန်းစားမှု အမှတ်က ၂.၄ သန်းသို့ ပြန်ရောက်သွားသည်။

တစ်ခဏမျှ စဉ်းစားပြိးနောက် ရဲ့လင်းချန်သည် မဲနှိုက်ချင်နေသည့် စိတ်ဆန္ဒအား ထိန်းချုပ်လိုက်နိုင်သည်။

သူသည် ရေပန်းစားမှုအမှတ် ၁ ဘီလီယံ ရရှိအောင် မြန်မြန်လုပ်၍ စွမ်းရည်တစ်ခုအား အဆင့်မြင့်အဆင့်သို့ ရောက်အောင် လုပ်မှဖြစ်မည်။ ထိုအခါမှ သူ့ကိုယ်သူ ကာကွယ်နိုင်မည့် နည်းလမ်းကောင်းများ ပိုရလာပေမည်။

သူသည် တစ်နေ့ပြီးတစ်နေ့ နာမည်ရလာသည်။ သူသည် အလွန် အစွမ်းအစရှိနေပြီ ဖြစ်သော်လည်း လုံခြုံမှုအတွက် သူ၏ အရည်အချင်းများအား မြန်မြန်မြှင့်သည်က ပိုကောင်းပေသည်။ လက်ရှိတွင် သူ့တွင် အလယ်အလတ်အဆင့် ဤစွမ်းရည်များ ရှိလေသည်။ အလျင်အမြန်ပြေးခြင်း (အလယ်အလတ်အဆင့်)၊ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေး (အလယ်အလတ်အဆင့်)၊ သားရဲယဉ်ပါးခြင်း (အလယ်အလတ်အဆင့်)နှင့် အရဟာ လက်သီစွမ်းအင် (အလယ်အလတ်အဆင့်)၊တို့ ဖြစ်လေသည်။

ထိုလေးခုထဲ၌ ရှစ်ဆင်ပြင်းထန် သားရဲလေ့ကျင့်ခန်းအား အဆင့်မြင့်အဆင့်သို့ အဆင့်မြှင့်နိုင်မည် ဆိုပါက သူ၏ ခန္ဓာကိုယ်က လုံးဝ တစ်မူထူးခြားသော အဆင့်သို့ ရောက်သွားမှာ‌ သေချာသည်။ ထိုအခါ၌ သေနတ်များအား စဉ်းစားစရာပင် မလိုပါ။ ၎င်းတို့က သူ့အား ထိခိုက်နိုင်စေမည် မဟုတ်ပါ။

အလယ်အလတ်အဆင့်‌ လေခုသာ ရှိသဖြင့် ရရှိနိုင်သည့် အခွင့်အရေးကလည်း ပိုမြင့်ပေသည်။

…

ဒီဇင်ဘာ ၃၁ ည၌။

ညရှစ်နာရီနီးပါး ရှိနေလေပြီ။

အားလုံးက အိမ်ပြန်၍ သူတို့၏ နှစ်သစ်ကူးအား သက်တောင့်သက်သ ရှိစေရန် စီစဉ်ထားသည်။ ၎င်းသည် တစ်နစ်လုံးနေမှ အကြာကြီး အားလပ်ရက်ရသည်ည့ နေ့ဖြစ်သဖြင့် လူတိုင်း အံ့ဩသွားရသည်။

တစ်ချိန်တည်းမှာပင် တီဗွီရုပ်သံအားလုံးက ထိုအချိန်အတွက် ပစ်မှတ်ထားနေကြသည်။ နာမည်ပြီး အစီအစဉ် အချို့အား တစ်ပြိုင်တည်း လုပ်သင့်သည်။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း ထုတ်လွှင့်ချိန် နီးကပ်လာသည်နှင့်အမျှ လူတိုင်းနှင့် အင်တာနက်ပေါ်မှ ဆွေးနွေးချက်များက ရုပ်သံဇာတ်လ်းတွဲ၌ ပို၍ တက်ကြွနေ၏။

တီဗွီရုပ်သံအားလုံးက ယင်းအတွက် ပြင်ဆင်ထားမှန်းမိသည်။ ကုမ္ပဏီတွင် အမြင့်ဆုံး လူထူအမြင့်ရှိသည့်သူက တစ်ယောက်တည်း ဖြစ်သည်။

တီဗွီရုပ်သံအားလုံးက ထိုအတွက် ပြငဆင်ထားကြသည။ “အများ သဘောကျသည့် အမြင့်ဆုံး တီဗွီဇာတ်လမ်း နှစ်ခု ရှိတယ်။ တစ်ခုမှ အေအဆင့် အနုပညာရှင်များ ပွတင်သည့် ကိုယ့်အချစ်အတွက်နှင့် You are my everything ဆက်မဆိုတာလဲ၊ အဲ့ဒါက အေအဆင့် ရုပ်သံဇာတ်လမ်းတွဲကို နာမည်ကြီး အနုပညညရှင်များသဖွယ် စိုက်ကြည့်နေ၏။

အခြားရုပ်သံများမှ အစီအစဉ်များလည်း ပေါ်လာသည်။ နှိုင်းယှည်ကြည့်လျင် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ပို၍ ဆိုးသွားပုံရသည်။

ရှောင်ဖေးဖေးက နာမည်ကြီးသော်လည်း သူက ဇာတ်လမ်းထဲတွင် မင်းသမီးအဖြစ် မပါဝင်ထားပါ။ သူတို့၏ အဆင့်အတန်းသည် အသစ်ထောင်ထားသော အနုပညာ ကုမ္ပဏီနှင့် လူမသိသော လူသစ်သရုပ်ဆောင်များ ဖြစ်လေသည်။

အင်တာနက်ပေါ်မှ စကားများက အတူတူပင်။ ဇာတ်လမ်းတွဲကို ကြည့်ရှုသူ အချက်အလက်များ လုပ်ပြီးသောအခါ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက နိမ့်ကျသည်။

ကြည့်ရှုသူ ၂၉ ရာခိုင်နှုန်းမှာ ၂၉ *ရာခိုင်နှုန်း ရှိသည်။

ဇာမ်လမ်းတွဲများစွာအတွင်း၌ ၎င်းက အနိမ့်ဆုံး ကြိုးတန်း၌ ရှိသေည်။

…

ကားတစ်စီးပေါ်၌ အလုပ်ချိန်လောက် လူမများသော်လည်း လူတစ်ချို့က ထိုင်၍ စကားပြောနေ၏။

“နောက်ဆုံးတော့ ငါ့အချိန်ပိုအလုပ် ပြီးသွားပြီ၊ အခု ငါ ပျော်စရာကောင်းတဲ့ နှစ်သစ်ကို ခံစားနိုင်ပြီ”

“ဟုတ်တယ်၊ ဒီည ဇာတ်လမ်းတွဲ နည်းနည်းပဲ လွင့်မှာ ငါ စိတ်လှုပ်ရှားလာပြီ”

“အာ ငါ မေ့တော့မလို့၊၊ ကိုယ့်အချစ်အတွက်က စပြတော့မယ်၊ ငါ့နတ်သမီးလေး ပါတယ်”

“လခွမ်း အဓိကအချိန်လာဖို့ ဆယ့်ငါးမိနစ်ပဲ ပါလာတာလား၊ ငါ အချိန်မီလို့ တော်သေးတယ်”

“ငါ နန်းတော်ကို ကြည့်ချင်တယ်၊ ငါ နိုင်ငံရေး ဒရာမတွေကို ကြိုက်တယ်၊ အဲ့ဒါက ပုံမှန် ဇာတ်လမ်းတွေထက် စိတ်လှုပ်ရှားစရာ ကောင်းတယ်”

“မင်းတို့ထဲက ဘယ်သူမှ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို မကြည့်ကြဖူးလား”

…

All Chapters