တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း စပါပြီ
Vol. 33 Ch. 493
“တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းလား၊ အဲ့ဇာတ်လမ်းကို လူတော်တော်များများက စိတ်မဝင်စားဘူးလေ၊ ဟုတ်တယ်မလား၊ နာမည်နဲ့တင် ပျင်းဖို့ကောင်းတယ်”
“ငါလည်း အဲ့လိုထင်တယ်၊ အဲ့ဒီ ဘဝသရုပ်ဖော် ဇာတ်လမ်းတွေက အမြဲတမ်း အတူတူပဲ၊ ညံ့မယ်ဆိုတာ သေချာတယ်”
“ဒီလို ဇာတ်လမ်းတွဲမျိုးက အရမ်း ပျင်းဖို့ကောင်းတယ်၊ ဘာတွေက အရမ်းကောင်းနေလဲ မသိဘူး”
“ငါ အဲ့ဒါတွေကို သိတယ်၊ ဒါပေမဲ့ ဒီဇာတ်လမ်းတွဲကို သရုပ်ဆောင်ဝိုင်က ထောက်ခံထားတာလေ၊ အရင်တုန်းက ဟော်ရန်ကျားကိုလည်း အထင်သေးခဲ့တာပဲ၊ ဒါပေမဲ့ နောက်ဆုံးကျတော့ အံ့ဩစရာတွေ ဖြစ်လာတယ်မလား၊ အနည်းဆုံးတော့ သူ့ရဲ့ ဇာတ်ညွှန်းရေးတဲ့ အရည်အချင်းက သိပ်ကောင်းတယ်၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ငါတို့ကို စိတ်မပျက်စေလောက်ဘူးလို့ ထင်တာပဲ”
“ဟော်ရန်ကျားက တစ်ခါစာတည်းပါကွာ၊ တကယ်လို့ သရုပ်ဆောင်ဝိုင်သာ သူ့မျက်နှာကို ပြပြီး ဝင်ရိုက်မယ်ဆိုရင် ငါ တစ်ခုခုကို မျှော်လင့်မိလောက်တယ်၊ မင်းက သူ့ကို ဖျာလိုလိပ်ပြီး ခေါင်းပေါ် တင်ထားတယ်လို့ ငါ ထင်တာပဲ”
“ဟုတ်တယ်၊ ရှောင်ဖေးဖေးကိုပဲကြည့်လေ၊ ရုပ်သံဇာတ်လမ်းတွဲ ဘုရင်မဆိုတဲ့ သူ့ရဲ့ နောက်ခံကို စွန့်လွှတ်ပြီးတော့ စင်နောက်ကို ဆုတ်သွားတယ်၊ သူ ထုတ်လုပ်တဲ့ ပထမဆုံး ဇာတ်လမ်းတွဲကလည်း လိုအပ်ချက်တွေနဲ့ ပြည့်နေမှာ သေချာတယ်၊ သူတို့အတွက် မကျဆုံးတာက ကံကောင်းနေပြီလို့ ပြောလို့ရတယ်”
“ဒါပေမဲ့ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ အဆင့်က မဆိုးလောက်ဘူးလို့ ငါ ခံစားနေရတယ်၊ ဘာပဲပြောပြော လီထိုက်လို ဒါရိုက်တာအပြင် ရှောင်ဖေးဖေးနဲ့ သရုပ်ဆောင်ဝိုင်ရဲ့ ကျော်ကြားမှုကိုပါ ပေါင်းလိုက်ရင် သူတို့ အနည်းဆုံး ၀.၆ လောက်တော့ ရလောက်တယ်မလား”
…
အမည်မသိ နေရပ်တစ်ခုမှ အမည်မသိ အိမ်တစ်လုံး၌ …
မိသားစုဝင် သုံးယောက်သည် သူတို့၏ ရှားပါးလှသော အေးချမ်းသည့် ပြန်ဆုံခြင်းအား ပျော်ရွှင်စွာ ခံစား၍ တီဗွီရှေ့၌ ထိုင်နေကြသည်။
“မား … ကျေးဇူးပြုပြီး လိုင်းပြောင်းပေးပါ၊ ကျွန်တော် ရှန်းကျောင်းရုပ်သံကို ကြည့်ချင်တယ်”
“ဘာလို့လဲ၊ အမေက ကိုယ့်အချစ်အတွက်ကို ကြည့်မလို့ကို”
“တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို အရင်ကြည့်ရအောင်လေ၊ အဲ့ဒါ သရုပ်ဆောင်ဝိုင်ရဲ့ လက်ရာ၊ ဝိုင်တွေရဲ့ လက်ရာတွေက အကောင်းဆုံးပဲလို့ ကျွန်တော်တို့အတန်းမှာ ဆိုရိုးစကား ရှိတယ်၊ အဲ့ဒါကို ကြည့်ရအောင် လေနော်”
“ဒီဝိုင်တွေဇက်တွေက ဘာတွေလဲ၊ သူတို့က ဘာတွေများ ကောင်းနေလို့လဲ”
“ကျွန်တော် ကြည့်ချင်နေလို့ပါ၊ ခဏလေးပါပဲ၊ ကောင်းချင်ကောင်းနေမှာပေါ့”
“ဒီနာမည်ကလည်း ချာလိုက်တာ၊ ဒါ ဘာဇာတ်လမ်းတွဲလဲ၊ ပြီးရော ပြီးရော အရေးမပါတာတွေ ပြောမနေနဲ့တော့၊ အမေ မင်းအတွက် ပြောင်းပေးမယ်”
…
ထုတ်လွှင့်ချိန် နီးလာသည်နှင့်အမျှ ဝေ့ပေါ်သည် ပို၍ ဆူညံနေသည်။
[နှစ်ကူးမှ ပြမယ့် ဇာတ်လမ်းတွဲတွေအားလုံးကို ငါ စာရင်းလုပ်ထားတယ်၊ အားလုံး ကြည့်ရှုသူ အဆင့်နှုန်းထား တွေကို လာခန့်မှန်းကြည့်ကြပါဦး]
[ရတယ်လေ လုပ်ကြည့်တာပေါ့]
[ကိုယ့်အချစ်အတွက်နဲ့ နန်းတော်က ၁ ရာခိုင်နှုန်းကို ကျော်ပြီး ၁.၁ ကို ရောက်လောက်တယ်လို့ ငါ ထင်တယ်၊ သူတို့က သေချာပေါက် အမြင့်ဆုံး ဖြစ်မှာ၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကတော့ ၀.၅ နဲ့ ၀.၇ ကြားလောက်နဲ့ အနိမ့်ဆုံး ဖြစ်လောက်တယ်]
[အပေါ်ကလူ၊ ငါ့အမြင်ကလည်း အတူတူပဲ၊ ရှန်းကျောင်းရုပ်သံရဲ့ အဆင့်ကလည်း အစကတည်းက အဲ့လောက် မကောင်းဘူး၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို အခြားသူတွေက အထင်မကြီးတာကိုပါ ပေါင်းလိုက်ရင် အဆင့်က အတော်လေး ဆိုးလောက်မယ်လို့ ငါ ထင်တယ်]
[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက လျိုလျန်ရုပ်သံမှာ ပြမှာလို့ ငါ ကြားဖူးတယ်၊ ဒါပေမဲ့ အဲ့ဒါကို ကိုယ့်အချစ်အတွက်နဲ့ အစားထိုးလိုက်တာတဲ့၊ သနားစရာပဲ]
[သေချာပေါက်ပဲလေ၊ ရုပ်သံလိုင်းတွေက ပရဟိတအသင်းမှ မဟုတ်တာ၊ သူတို့က ပိုကောင်းတာကိုပဲ ရွေးမှာပေါ့]
[ငါ သရုပ်ဆောင်ဝိုင်ကို တကယ် လေးစားတယ်၊ ပထမဆုံး သရုပ်ဆောင်တယ်၊ အခု ရုပ်ရှင်ရိုက်တယ်၊ သူ တစ်ခုတည်းကိုပဲ အာရုံစိုက်လို့ မရဘူးလား၊ အခု သူက ဇာတ်လမ်းတွဲကိုတောင်မှ ရိုက်နေပြီ၊ ပြီးတော့ အဲ့ဒါကလည်း ဘဝသရုပ်ဖော် ဟာသဇာတ်လမ်းတဲ့၊ ဒါ သူ့သေတွင်း သူ တူးနေတာ မဟုတ်ဘူးလား]
[သရုပ်ဆောင်ဝိုင်က ငါ့ကို စိတ်မပျက်စေဖို့ပဲ မျှော်လင့်တယ်၊ ငါ ဝိုင်ကို အတော်လေး စွဲလမ်းသလို ခံစားနေရ တုန်းပဲ]
[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း မအောင်မြင်တာနဲ့ သရုပ်ဆောင်ဝိုင်က သူ့လုပ်ရပ်ကို ပြန်သုံးသပ်ပြီး သူ့ကိုယ်သူ ဝိုင်အဖြစ်ကနေ ရုတ်သိမ်းမယ်လို့ ငါ မျှော်လင့်တယ်]
….
ချောင်မိန်ရုပ်သံ
ကျွီကျီရုပ်သံ
ထောင်ကျီရုပ်သံ
ရုပ်သံလိုင်းများအားလုံးက အွန်လိုင်းတုံ့ပြန်မှုများကို အာရုံစိုက်နေကြသည်။ သူတို့၏ ရုပ်သံအဆင့်က ၎င်းပေါ်၌ မူတည်နေ၏။
သူတို့သည် သူတို့၏ ဝန်ထမ်းများကို မှတ်ချက်ပေးသော ကဏ္ဍ၌ ဝင်ပါခိုင်းပြီး သူတို့၏ ရုပ်သံလိုင်းများနှင့် ပတ်သက်၍ အားသာချက်များ ဝင်ကြွားရေးရန် စီစဉ်ကြကာ အခြားသူများကပါ လိုက်ပါ ပြောဆိုရန် မျှော်လင့် နေကြသည်။
လျိုလျန်ရုပ်သံ၏ ဥက္ကဋ္ဌတင်သည် အချက်အလက်များကို နှိုင်းယှဉ်နေပြီး ပြုံးယော်သမ်းလာသည်။
“ငါ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာပဲ၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ကျော်ကြားဖို့ ကံမပါဘူး၊ ကိုယ့်အချစ်အတွက်လို အချစ် ဒဿနိက ဒရာမာကပဲ အောင်မြင်မှာ”
“ဟုတ်တယ်၊ ဒီတခါတော့ ရှန်းကျောင်းရုပ်သံက ရွေးချယ်မှု မှားသွားပြီ၊ သူတို့ မစဉ်းစားဘဲ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ရွေးခဲ့တာကိုး”
ညရှစ်နာရီအချိန်သို့ နီးကပ်လာသည်နှင့်အမျှ အားလုံးက သူတို့၏ တီဗွီရှေ့၌ ထိုင်၍ ဇာတ်လမ်းတွဲ စရန် စောင့်နေကြသည်။ ထိုစဉ် နောက်ထပ် ရေပန်းစားနေသော ရှာဖွေမှုတစ်ခု ပေါ်လာသည်။
ထိုရေပန်းစားနေသော ရှာဖွေမှုမှာ ကြော်ငြာနှင့် ပတ်သက်နေသည်။ ထိုဆောင်းပါးတွင် ကြော်ငြာကုမ္ပဏီများစွာ ပါဝင်နေ၏။
[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက မြင့်မြင့်မှန်းထားတာပဲ၊ ဒီလို ဇာတ်လမ်းတွဲမျိုးက ကြော်ငြာထည့်ခ သုံးသန်းတောင် တောင်းတယ်]
[ဟုတ်တယ်၊ ငါ့ရဲ့ သက်တမ်းရင့် ဘီယာကို သူတို့ သရုပ်ဆောင်တွေ ဇာတ်လမ်းထဲ သောက်ဖို့ လုပ်စေချင်တာကို သူတို့က ၂သန်း တောင်းတယ်လေ]
[ငါတို့ အန်းမူရှီလည်း အဲ့လိုပြဿနာနဲ့ ကြုံရတယ်၊ သူတို့ ဇာတ်လမ်းကို ငါတို့ ရွေးတာနဲ့တင် ကံကောင်းနေပြီကို သူတို့က ကြောက်စရာကောင်းတဲ့ ဈေးကို တောင်းတယ်၊ သူတို့နေရာကို သူတို့ မသိဘူးလား]
[အဲ့လိုဈေးနဲ့ ဘယ်ကုမ္ပဏီက အဲ့ကြော်ငြာခကို ပေးချင်မလဲ သိချင်လိုက်တာ]
[ဟားဟား ဟုတ်တယ်ဟေ့၊ ကြော်ငြာနေရာ သေးသေးလေးပဲကို၊ ကြည့်ရှုသူနှုန်းက ၁.၃ ကို ရောက်ရင်တောင်မှ အမြင့်ဆုံး ကြော်ငြာခက ငါးသန်းပဲ လိုအပ်တာလေ]
[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက သူတို့ယုံကြည်ချက်ကို ဘယ်ကနေ ရလဲ သိချင်လိုက်တာ၊ နှစ်သစ်ကူးကာလမှာတောင် အခြားသူတွေနဲ့ ရန်ဖြစ်ရဲရတယ်လို့]
…
ထိုကြော်ငြာ ကုမ္ပဏီများသည် ကြိုတင် စီစဉ်ထားသကဲ့သို့ ပြုမူပြီး တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းအား လှောင်ပြောင်ကြသည်။ သူတို့သည် ယခင်က လီထိုက်ကို ချဉ်းကပ်ပြီး ဇာတ်လမ်းထဲ၌ ကြော်ငြာအချို့ ထည့်ရန် မျှော်လင့်ခဲ့သည်။ ယင်းသည် လုပ်နေကြဖြစ်ပြီး နှစ်ဦးနှစ်ဖက်လုံး အကျိုးအမြတ် ရသည့် စပွန်ဆာ ပုံစံမျိုး ဖြစ်ပေသည်။
သို့သော် ရဲ့လင်းချန်က ဈေးကို ညှိနှိုင်းချင်စိတ် မရှိဘဲ သူ့နာမည်အတွက် ညှိနှိုင်းပေးချင်စိတ် မရှိပေ။ သူသည် အဆင့်မြင့် နယ်ပယ်ကို မှန်းထားသဖြင့် ဈေးကိုလည်း မြှင့်ထားကာ အပေးအယူ မလုပ်ချေ။ ပြောရမည်ဆိုလျင် ဈေးက အလွန် နည်းနေပါက ရဲ့လင်းချန်က ထိုပမာဏလေးကို အရေးပင် လုပ်မည် မဟုတ်ပါ။
ထိုသို့သော အခြေအနေ၌ ဈေးက ညှိနှိုင်းမရ ဖြစ်သွားသည်။ ထို့အပြင် ဈေးအပေါ် သူတို့အမြင်ကလည်း အလွန် ခြားနားနေ၏။
၎င်းက ကြော်ငြာကုမ္ပဏီများကို မခံမရပ်နိုင် ဖြစ်သွားစေသည်။ ဤသို့သော ဇာတ်လမ်းမျိုးအတွက် စပွန်ဆာ ရလျင်ပင် ကျေးဇူးတင်ရမည် ဖြစ်သော်လည်း သူတို့က ကြီးကျယ်မြင့်မြတ်သယောင် ဆောင်နေကြသည်။ တစ်ယောက်ယောက်က သူတို့အား ပြုစုခယလာမည်ကို သူတို့ မျှော်လင့်နေကြလေသလား။
*သူတို့ကိုယ်သူတို့ ထိပ်တန်း အစီအစဉ်လို့ ထင်နေတာလား။ သူတို့မှာ ကြီးကျယ်နိုင်ဖို့ အရည်အချင်းရော ရှိလို့လား*
အင်တာနက်ပေါ်မှ တစ်ဖက်သတ် မှတ်ချက်များကို မြင်ပြီးနောက် သူတို့အားလုံး ပိုမှားသလို ခံစားကြရသည်။ ယင်းက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းအပေါ် မကောင်းပြောသည့်ဘက်သို့ ပါသွားစေသည်။
ထိုသို့နှင့် အင်တာနက်ပေါ်တွင် သရော်မှုများ ပြည့်လာသည်။ ဇာတ်လမ်းတွဲကို အထင်သေးခြင်းမှ ရွံရှာခြင်းသို့ ပြောင်းလဲသွားလေသည်။
လူတစ်ယောက်သည် မိမိလုပ်ရပ်များကို အမြဲ ပြန်သုံးသပ်ခံစားသင့်ပေသည်။
*ဒီဇာတ်လမ်းတွဲက မလုပ်နိုင်လည်း အဆင်ပြေတယ်၊ ဒါပေမဲ့ သူတို့က သူတို့အမှားကို လုံးဝ မကြည့်ဘူး၊ လွန်လွန်းတယ်၊ သူတို့ကိုယ်သူတို့ အံ့ဩစရာကောင်းတဲ့ နှုန်းတွေ ရမယ်လို့ တကယ်ကြီး ထင်နေတာလား၊ အသစ်ထောင်ထားတဲ့ ကုမ္ပဏီကနေ သရုပ်ဆောင်အသစ်တွေနဲ့ ရိုက်ထားတဲ့ဟာကလေ၊ သူတို့က ဘယ်လိုလုပ် အခြားသူတွေကို ကြော်ငြာအတွက် အဲ့လောက် အများကြီး ပေးရမယ်လို့ သတ်မှတ်နေရတာလဲ”
*အနုပညာရှင်တွေနဲ့ ပြည့်နေတဲ့ ဝါရင့် ကုမ္ပဏီတွေတောင်မှ မအောင်မြင်နိုင်ချေ ရှိတာကို၊ ကုမ္ပဏီအသစ်လေးဆို ပြောမနေနဲ့တော့၊ ကြော်ငြာကုမ္ပဏီတွေက သားသတ်ခံရမယ့် သိုးတွေလို့ မင်းတို့ ထင်နေတာလား*
ညရှစ်နာရီ။
ရုပ်သံလိုင်းများစွာမှ ကြော်ငြာများအားလုံး ပြီးသွားလေသည်။
ရှန်းကျောင်းရုပ်သံ၌ ဖန်သားပြင်က ချက်ချင်း မြူးကြွသော ပုံစံသို့ ပြောင်းလဲသွားသည်။ ပျော်ရွှင်တက်ကြွသော နောက်ခံ တေးသံနှင့်အတူ ချောမောသော လူငယ်လေးများနှင့် လှပသော မိန်းမပျိုလေးများက ဖန်သားပြင်၌ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာသည်။ သူတို့၏ ပျော်ရွှင်နေသော မျက်နှာများက ကြည့်ရှုသူများအား သက်တောင့်သက်သာ ဖြစ်စေသည်။ သရုပ်ဆောင်များအတွက် မိတ်ဆက်စကားများလည်း ယှဉ်တွဲ ပေါ်လာ နေ၏။
ပင်တိုင်သီချင်းက အခြားဇာတ်လမ်းတွဲများနှင့် မတူသလို တက်ကြွလန်းဆန်းသော ခံစားချက်များနှင့် ပြည့်နေသည်။
“သန့်စင်တဲ့ အောက်စီဂျင်ကို ရှူရှိုက်ရင်း မျောလွင့်နေမယ်၊
ကောင်းကင်ပြာအောက်မှာ နတ်သားလို ကျင့်ကြံပြီး
ကိုယ့်ရဲ့ အမူအကျင့်ကို ထိန်းသိမ်းထားပါမယ်
ငါ့အနာဂတ်ရဲ့ အရှင်သခင်က ငါပဲ ဖြစ်ရမယ်၊
တစ်နေ့လုံး ကခုန်နေမယ်၊
ဖန်သားပြင်ရှေ့မှာ ပျော်ပါးမယ်၊
အဆက်မပြတ် ရှိနေတဲ့ အိပ်မက်ကလည်း မရပ်မနား ဆက်သွားနေမယ်၊
ငါ ဆွဲထားတဲ့ မြေပုံကို အနီးကပ် ကြည့်ကြည့်လိုက်ပါ
…”
တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း စပါပြီ။-